TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label Window 8. Show all posts
Showing posts with label Window 8. Show all posts

Windows 10 နှင့် Windows 8 အတွက် ဇော်ဂျီကီးဘုတ်နဲ့ ဖောင့် 32/64 bit

1.Windows 8 နှင့်အထက် Windows 10 တို့မှာ Zawgyi နေရာတိုင်းအဆင်မပြေတာလဲ အဆင်ပြေပါတယ်။ 2.ကီးဘုတ်ကို 32 နဲ့ 64 မိမိ system bit အတိုင်းနှိပ်သွင်းပေးပါ
3.Font နှင့် Size များကို လိုသလို Adjust လုပ်နိုင်ရန် Adjust Font ထည့်သွင်းပေးထားပါတယ်။ ဖောင့်များသွင်းပြီးတာနဲ့ ကွန်ပျူတာကို ပိတ်ပြီးပြန်ဖွင့်ပေးပါ

Download Link 1
Download Link 2

Window 8 , 8.1 Zawgyi Installer

Window 8 , 8.1 Zawgyi Installer

Window 8 , 8.1 အတွက် Zawgyi Font အဆင်ပြေစေမဲ့ Tool လေးပါ . 32bit ရော 64 Bit ရော Support လုပ်ပါတယ်။

လိုအပ်ရင် တော့ အောက်မှာ ရယူပါ။

Download > http://www.solidfiles.com/d/bef04f05c0/Win8_Zawgyi_Installer.exe
 
credit- Mobile Mother
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Windows 8 နဲ့ 8.1 မှာ Windows Store ဝင်မရတဲ့ပြဿနာ

ကျွန်တော်တို့ မြန်မာပြည်ကနေ Widnows 8 နဲ့ Windows 8.1 ကိုသုံးတဲ့သူတွေ အများစု ဒုက္ခအရောက်ဆုံး ကိစ္စကတော့ Windows Store ကို တရားဝင်သုံးလို့ရတဲ့ List ထဲမှာပါရဲ့သားနဲ့ ဝင်မရတဲ့ ပြဿနာပါ။ Store ဝင်မရတဲ့အတွက် Windows 8 နဲ့ 8.1 user တွေ တော်တော်လေး ဒုက္ခရောက်ပါတယ်။ Windows 8 မှာဆိုရင် 8.1 update free ပေးတာတောင် Store ဝင်မရတာနဲ့ update ကိုလက်လွတ်ရမလိုပါပဲ။ Windows Surface တွေတော့ တချိ့ဝင်လို့ရတယ်လို့ အွန်လိုင်းမှာတွေ့တယ်။ ကိုယ်တိုင်တော့ မသုံးကြည့်ဘူးဖူး။ ကဲ လိုမယ့် ဆော့ဝဲလေးကတော့ များများစားစားမရှိပါဘူး။ ဒီလင့်မှာ ဒေါင်းလိုက်ပါခင်ဗျာ။ ဘယ်လိုလုပ်မလဲဆိုတာ  အချုပ်အရင် ပြောမယ်နော်.. ရိုးရိုးရှင်းရှင်းလေးပါပဲ၊ မြန်မာပြည်က ဝင်မရလို့ တခြားနိုင်ငံကနေ ဝင်သလိုမျိုးလုပ်မှာပါ။ vpn ပေါ့ သုံးတဲ့ app ပေါ်မူတည်ပြီး နိုင်ငံရွေးချယ်မှုကွဲပါမယ်။ ဒီအောက်က လင့်ကတော့ အဆင်ပြေမှာပါ။ ကိုယ်တိုင်လည်း လက်ရှိသုံးနေတာဆိုတော့။
http://openvpn.net/index.php/access-server/download-openvpn-as-sw/357.html
PEN VPN Photo
ပုံထဲကအတိုင်း Windows ဖြစ်တဲ့အတွက် အပေါ်ဆုံးကဟာကို ဒေါင်းလိုက်ပါ။ တခြား vpn တွေလည်းရှိပါသေးတယ်.. ကိုယ်နဲ့အဆင်ပြေတာ သုံးကြည့်လို့ရပါတယ်။ ဒါလေးကတော့ အလကားရတဲ့ ဟာလေးပါ။ အင်စတောလုပ်ပြီးရင် နောက်တစ်ခု ဒေါင်းရပါအုံးမယ်.. http://www.vpnbook.com/  ဒီဆိုက်ဒ်ထဲမှာ
VPNBOOK Photo
ပုံထဲကအတိုင်း ၄ ခု ဒေါင်းလို့ရပါတယ်။ Recommend ပေးချင်တာက အောက်ဆုံးက US Server လေးပါ။ အပေါ်လေးမှာပဲ Username နဲ့ Password ကိုပေးထားပါတယ်။ Username   ကတော့ အမြဲတန်း vpnbook  ပဲ။ Password ကတော့ ၁၅ ရက်တစ်ခါလောက်ပြောင်းတယ်။ စိတ်မပူပါနဲ့ ပြောင်းသွားရင်လည်း ဒီဆိုက်ဒ်ထဲ ဝင်ပြီးပြန်ကြည့်လို့ ရပါတယ်။ ဒါဆို tools စုံသွားပါပြီ။ Openvpn Client ကိုပုံထဲကအတိုင်း ဖွင့်လိုက်ပါခင်ဗျား။
App Results for Ope Photo
OPENVPN Edit Profile Photo
စစချင်းဖွင့်ရင် Connection Profiles မှာ ဘာမှမရှိတဲ့အတွက် ဘေးက + လက္ခနာလေးကို နှိပ်လိုက်ပြီး Add ရမှာပါ။ ပြီးရင် Import Profile ဆိုတဲ့ box ကျလာပါလိမ့်မယ်။ အဲ့ထဲက Local file  ကိုရွေးပေးရမှာပါ။ Import ကိုနှိပ်ရင် ဖိုင်လမ်းကြောင်း တောင်းပါလိမ့်မယ်.. ပြီးရင် ဒေါင်းလုပ်ဆွဲထားတဲ့ ( USA Server) compressed ဖိုင်ကို ဖြည်ချထားတဲ့အထဲ သွားလိုက်ပါ။ ၄ ခုရှိပါတယ်. အောက်ဆုံးက udp25000 ဆိုတာလေးကိုရွေးလိုက်ပါ။ ဒါဆိုရင် Local file  ဝင်သွားပါပြီ။ အဲဒိအပေါ်ကိုနှိပ်လိုက်ပါ။ ဒီအောက်ကပုံလေး တက်လာပါလိမ့်မယ်။
OPENVPN Login Photo
ပုံထဲကအတိုင်း ဖြည့်ပေးလိုက်ပါ။ ပြီးရင် Login ပေါ့။ သေချာချင်လို့ရှင်ရင် Browser ကိုသွား http://www.ip-1.com/ ဒီလင့်မှာ ကိုယ့်ရဲ့ ip information ရလိမ့်မယ်။ Login မလုပ်ခင် ဒီလိုပြလိမ့်မယ်။ ( Myanmar )
ip-1 Photo
ပြီးရင် Login  လုပ်လိုက်ပါ။ ဒါဆိုရင် ဒီလိုမျိုးတဆင့်ချင်း ပေါ်လာပါလိမ့်မယ်။

နောက်ဆုံး ဒီလိုပေါ်လာရင်ရပါပြီ။ ခုနက ip information လင့်မှာ Refresh လုပ်လိုက်ပါ။ အောက်ကပုံလို ပေါ်ပြီဆိုရင်တော့ ရသွားပါပြီ။

ခင်ဗျားအခု အမေရိကန်ကသုံးနေတဲ့လူ ဖြစ်သွားပြီ။ ဒါဆို Store ကိုချိတ်ကြည့်မယ်။ အောက်ကပုံထဲကလို မြင်သေးရင်တော့

အဲဒါ Connection မကောင်းလို့ပါ။ Retry ပြန်လုပ်ပေးပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။

အောက်ကလိုပေါ်နေသေးရင်တော့

အဲဒါ Store က အရင် Myanmar ip နဲ့ပဲဖြစ်နေလို့။ Run Box ကနေပြီး WSReset.exe ကိုရိုက်လိုက်ရင်တော့ Store ထဲ Reset လုပ်ပြီးဝင်သွားပါလိမ့်မယ်။ ဒါမှမဝင်သေးရင်တော့ Control Panel ထဲက Region မှာ Myanmar ဖြစ်နေရင် United State ပြောင်းပေးရမှာပါ။ ( အရှေ့မှာ Server down တုန်းက တခြားနိုင်ငံဆိုရင် အဲဒိနိုင်ငံအမည်ကို ရွေးပေးပါ။ တူမှရမှာမိုလို့ပါ။) ပြီးရင် Restart ချပြီးမှ ပြန်ချိတ်လိုက်ပါ။ မချရင် တခါတလေ ချိတ်မရတာ ဖြစ်တတ်လို့ပါ။ Step တွေအကုန်လုံးမှန်ခဲ့ရင်တော့ စိတ်ရှည်ရှည်နဲ့ထိုင်စောင့်နေ လိုက်ပါ။ မြန်မာပြည်ကော်နက်ရှင်နဲ့ ဆိုတော့ ကော်ဖီသွားဖျော်လို့ မှီပါသေးတယ်.. ပျော်ရွင်ကြပါစေ။ ရသွားရင်တော့ ဒီလိုမြင်ကြရမှာပါ။
 (C) MMICT

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Windows 8ရဲ့ Default Appsကို Uninstall ပြုလုပ်နည်း

Windows 8 မှာ Default အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့ Apps များစွာ ပါရှိပါတယ်။ Bing Finance, Camera, Photos or Communication စတာတွေကို ထည့်သွင်းပေးထားပြီး Start Screenကနေ အသုံးပြုနိုင်ပါတယ်။ Microsoft က Windows 8.1 မှာ Reading List, Sound Recorder, Health & Fitness or Alarm စတဲ့ Apps များကို ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ App များကို Modern or Metro Appလို့ ခေါ်ကြပါတယ်။ အဲဒီ App များဟာ တက်ဘလက်နဲ့ ထိတွေ့မျက်နှာပြင် ပါတဲ့ Device များအတွက် ရည်ရွယ် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အခြား Device များမှာ Apps များ ကို အသုံးမပြုရင် Uninstall ပြုလုပ်နိုင်ပါတယ်။ Uninstall ပြုလုပ်ဖို့ Powershell ကို အသုံးပြုနိုင်ပါတယ်။ Powershell အသုံးပြုရင် Command Line များ ရိုက်ရတဲ့အတွက် အနည်းငယ် ရှုပ်ထွေးပါတယ်။ Graphical Interfaceကို အသုံးပြုချင်ရင် Win 8 App Removerကို အသုံးပြုနိုင်ပါတယ်။

Win 8 App Removerက Freeware ဖြစ်ပြီး Windows 8, Windows 8.1 , Windows 8.1 Update မှာ အသုံးပြုနိုင်ပါတယ်။ Windows 8, Windows 8.1 , Windows 8.1 Update မှ Modern Appများကို ဖြုတ်နိုင်ပါတယ်။ Win 8 App Removerကို ဖွင့်ရင် အောက်က Interfaceကို မြင်တွေ့ရမှာပါ။remove windows 8' default apps
ပထမဆုံး ဘယ်ဘက်အပေါ်ထောင့်မှာ Operating System ကို ရွေးချယ်ပေးပါ။ Windows 8, Windows 8.1 or Windows 8.1 Update 1 ထဲကမှ သင် အသုံးပြုနေတဲ့ OSကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Apps များကို ဖြုတ်ဖို့အတွက် List Apps ခလုတ်ကို နှိပ်ပါ။ Apps အားလုံး ကို ဖြုတ်ချင်ရင် Select All ခလုတ်ကို နှိပ်ပါ။ Apps အားလုံးကို မဖြုတ်ချင်ဘဲ ရွေးချယ် ဖြုတ်ချင်ရင် ဖြုတ်ချင်တဲ့ Appရဲ့ Checkbox မှာ အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးရင် Remove Apps ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ Operating System ကနေ Apps များကို ဖြုတ်နိုင်သလို .wim(Windows Imaging Format)ကို Mount လုပ်ပြီး Apps များကို ဖြုတ်နိုင်ပါတယ်။

Windows 8 မှာ ထည့်သွင်းပေးလိုက်တဲ့ Appsများဟာ ကွန်ပျု တာရဲ့ Storage မှာ နေရာယူထားကြပါတယ်။ နောက်ပြီး Live Tile များကလည်း အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုကြပါတယ်။ Apps များကို Start Screenမှာ ဖျောက်ထားလို့ ရပေမယ့် အသုံးမပြုဘူးဆိုရင် Uninstall လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီ Apps များကို တစ်ပြိုင်ထဲ Uninstall လုပ်ဖို့အတွက် Windows 8 Appက အသုံးဝင်ပါတယ်။ 
Download Windows 8 App Remover
 (C) MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက်



windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက်
====================================

windows 8 & 8.1 တွေမှာ

အဖြစ်များဆုံးပြသနာပါ......ဖြေရှင်းနည်းလေးကတော့ ..........

အဆင့်  ( ၁) ....control panel > network and shareing centre

>မိမိရဲ့ wifi > ကိုကလစ်ပြီး properties ကနေ>configure > power and

mangement ကိုသွားပြီးအမှန်ခြစ်ကလေးကိုဖြုတ်ထုတ်ပေးပါ။။။။။။။။။။။။

အဆင့် ( ၂ ) windows search bar ကနေ cmd ကို run as

administrator နဲ့  run ပြီး အောက်ပါတို့ ကိုရိုက်ထည့် ပေးပါ။။။။။

netsh int ip reset c:\resetlog.txt ကို ရိုက်ထည့် ပေးပြီး

entre ခေါက်ပါ.....

ipconfig /all ပြီးရင် entre နိုပ်ပါ။


ipconfig /release ပြီးရင် entre နိုပ်ပါ။

ipconfig /renew ပြီးရင် entre နိုပ်ပါ။။။။။။။။။။။။

အားလုံးပြီးစီးသွားပြီဆိုလျင်.......restart ချပေးလိုက်ပါ.....100 %

အိုကေပါ.....

credit=စိုင်းသူ
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Window 8 / 8.1 ကို Password ရေးထည့်စရာမလိုပဲ Automatic ပွင့်စေချင်ရင်

ခုနောက်ပိုင်းထွက်တဲ့ Window 8 / 8.1 တွေက အရင် Window 7,XP တွေလို မဟုတ်တော့ပါဘူး.. လုံခြုံရေးအတွက် Microsoft Account  တစ်ခု မဖြစ်မနေ ရှိရပါတယ်.. Window တင်ရင်လည်း Internet ကွန်နက်ရှင် ရှိဖို့လိုအပ်ပါတယ်.. Window တင်ပြီးတာနဲ့ Microsoft Account ဟာ စတင်အလုပ်လုပ်ပါတော့တယ်.. 
စက်ကို Shut Down / Restart ချပြီး ဝင်းဒိုးပြန်တတ်တာနဲ့ Login Password စ တောင်းပါတယ်.. အဲ့ဒီ Password ကို မရေးချင်ဘူး Auto ပွင့်စေချင်တယ်ဆိုရင်.. အောက်ပါနည်းလမ်းအတိုင်း ပြင်ဆင်ပေးလိုက်ပါ..။
Windows + R  > run box မှာ netplwiz ရေးပြီး Enter ခေါက်လိုက်ပါ..
 
ပုံထဲကအတိုင်း နံပါတ် (1) က အမှန်ခြစ်လေးဖြုတ်လိုက်ပါ...
နံပါတ် (2) နဲ (3) မှာ လက်ရှိသုံးနေတဲ့ Password ကို တူအောင် မှန်အောင် ရိုက်ထည့်ပါ..
(4) Apply 
(5) OK 
နှိပ်ပေးလိုက်ပါ..။
နောက်တစ်ခါ Shut Down / Restart လုပ်ရင် Password ရေးထည့်စရာမလိုတော့ပဲ Automatically ပွင်နေပါလိမ့်မယ်..။

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Windows 7, 8 မှာ WinKey Shortcut များပြုလုပ်နည်း


Mouse ကနေ ပြုလုပ်တဲ့ Commands အတော်များများ ကို ကီးဘုတ် ကနေ ခိုင်းစေနိုင်ပါတယ်။ Mouse Click များစွာ နှိပ်ပြီးမှ ခိုင်းစေရတဲ့ Commands တွေကို ကီးဘုတ် ကနေ ခိုင်းစေမယ်ဆိုရင် လွယ်ကူလျှင်မြန်စေပါတယ်။

WinKey Shortcuts

အသုံးဝင်တဲ့ Windows Key Shortcut or WinKey Shortcut များ ကို ဖော်ပြပေးလိုက်ပါတယ်။ WinKey ဆိုတာက ကီးဘုတ် ရဲ့ Ctrl နဲ့ Alt ကီးကြားမှာ တည်ရှိတဲ့ Windows Logo နဲ့ ကီးဖြစ်ပါတယ်။ WinKey Shortcut တွေကို Microsoft Keyboard Shortcuts လို့လည်းခေါ်ကြပါတယ်။ WinKey နဲ့ တွဲနှိပ်ရတဲ့ကီးတွေကို အကြီးရိုက်စရာမလိုပါဘူး။

အသုံးဝင်တဲ့ WinKey Shortcuts တွေကို အောက်မှာဖော်ပြထားပါတယ်။

WinKey: Open and close the Start Screen or Start Menu
WinKey + C : Open Charms bar
WinKey + D : Minimize all windows to the desktop. Press again to reverse action
WinKey + E : Open Computer in Windows File Explorer
WinKey + L : Lock the computer
WinKey + F : Open the Search window to find files and folders
WinKey + M : Minimize all windows
WinKey + Shift + M : Maxmize all windows after minimizing them
WinKey + R : Open the Run dialog box
WinKey + X : Open Windows Mobility Center
WinKey + U : Open Ease Of Access Center
WinKey + Pause : Opens the Systems Properties dialog box
WinKey + F1 : Opens Windows Help & Support
WinKey + B : Sets focus on the Task bar, Allows navigation using arrow keys; opens applications on pressing Enter key.

Windows 8 အတွက် WinKey Shortcuts များစွာ ကို Microsoft Website မှာ လေ့လာနိုင်ပါတယ်။

WinKey Shortcut ကိုယ်တိုင်ပြုလုပ်နည်း

ဝင်းဒိုးမှာ WinKey Shortcuts တွေကို အဆင်သင့် သုံးစွဲနိုင်ပေမယ့် ကိုယ်တိုင် လည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒီလိုပြုလုပ်ဖို့ WinHotKey ကို အသုံးပြုနိုင်ပါတယ်။ Application, Document, Folder တွေဖွင့်ဖို့အတွက် WinKey Shortcut တွေ ပြုလုပ်နိုင်ပါတယ်။ WinKey အပြင် Ctrl, Shift, Alt စတဲ့ ကီးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Post By MMICT

Windows 8 Activator For All Versions 100% Working


http://img15.hostingpics.net/pics/889142windows8activation.jpg

Window 8 အသုံးပြုသူများ လိုင်စင်အတွက် စိတ်မညစ်ရအောင် Windows 8 Activator လေးကိုတင်ပေးလိုက် ပါတယ်ဗျာ။ Window 8 Version အားလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ 100% Activate ဖြစ်ပါတယ်။ အသုံးပြုရတာလည်းလွယ်ကူပါတယ်။ Windows 8 Activator ကို Double Click နှိပ်လိုက်ရုံပါဘဲ။ ဒါဆိုရင် Auto Restart ကျသွားပါလိမ့်မယ်။ Window ပြန်တက်ရလာရင်တော့ သင့်ရဲ့ Window 8ဟာ Activate ဖြစ်သွားပါပြီ။ တစ်ခုဘဲသတိပြုရမှာက Activator ကို Double Click မနှိပ်ခင်မှာ ကွန်ပြူတာမှာ Program တစ်ခုမှ Run ထား လို့မရပါဘူးနော်။ အောက်မှာလည်း အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ အဆင်ပြေပါစေနော်။

 

 
How To Install:

1. Double Click  Windows 8 Activator

2. Rest all will be done Automatically

     (PC will Restart after this)

3.  You will see this message:

 Windows 8 Activator by TF
  
Enjoy stay tuned for more :)


 Let us know if you encounter any kind of problem


Suggestions:

 Close all other Applications Before Installing.
 After expiration Uninstall it with some uninstaller like Revo and install it again!


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


Window 7 ပေါ်မှာ Window 8 စတိုင်အသုံးပြုနိုင်တဲ့ - Win8.1 SkinPack 1.0 for Windows 7

http://www.crackszone.com/wp-content/uploads/2014/02/Win8.1.SkinPack.1.0.for_.Windows.7..jpg
အခုတင်ပေးလိုက်တဲ့ Window 8 Skin Pack လေးကတော့ တော်တော်လန်းတယ်ဗျ။ ကျွန်တော်အိမ်မှာ အခု Skin လေးကိုအုပ်ထားတာ Window 8 သုံးနေရတဲ့ပုံစံလေးပါ။ အသုံးပြုရတာလည်းလွယ်ပါတယ်။ Window 7 ပေါ်မှာဘဲ သာမန် Software တစ်ခု Install လုပ်သလိုမျိုး အခု Skin Pack လေးကို Double Click နှိပ်ပြီး Install လုပ်လိုက်ရုံပါဘဲ။ Install လုပ်နေတဲ့အချိန်မှာ Program တစ်ခုမှ Run မထားပါနဲ့။ Install လုပ်ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ Window ပြန်တက်လာရင်တော့ သင့်ရဲ့ ကွန်ပြူတာပေါ်မှာ Window 8 တစ်ခုလုံး ကိုအသုံးပြုရသလိုမျိုး မြင်နိုင် သုံးနိုင်မှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ Error မရှိဘဲအသုံးပြုနိုင်မှာပါ။ မသုံးချင် ဘူးဆိုရင်လည်း ပြသာနာမရှိပါဘူး။ သာမန် Software တစ်ခု Install လုပ်သလိုမျိုးဘဲ Control Panel ထဲကနေ ၀င်ပြီး Uninstall လုပ်ပေးလိုက်တာနဲ့ အရင်တင်ထားတဲ့ Window 7 ကိုပြန်သုံးနိုင်မှာဖြစ်ပါတယ်ဗျာ။ License မလိုပါဘူး။ နမူနာအနေနဲ့ အောက်မှာ Screen Shot တွေပြထားပါတယ်။

http://dl.irskinpack.com/dl/win7/win8.1%20SkinPack%20win7%20ver1.jpg 

http://www.crackszone.com/wp-content/uploads/2014/02/Win8.1-SkinPack-v1.0_Screenshot-1.jpg

http://www.crackszone.com/wp-content/uploads/2014/02/Win8.1-SkinPack-v1.0_Screenshot-2.jpg 


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Windows နှစ်ခု တင်လို့မရအောင် ပိတ်ထားတဲ့ Hard Disk ကို ဝင်ဒိုးနှစ်ခု တင်လို့ရအောင် လုပ်နည်း

 အခုနောက်ပိုင်း Windows 8 တင်ပြီးသား ပါလာတဲ့ ကွန်ပျူတာတွေမှာ Hard Disk ကို ဖေါ်မတ်တစ်မျိုးဖြစ်တဲ့ GPT (or) Read Only ဖေါ်မတ်နဲ့ Windows 8 တင်ပေးလေ့ရှိပါတယ်..။ ဒီဖေါ်မတ်နဲ့ဆိုရင် ဟတ်ဒစ်ကို တခြားအပိုင်းတွေခွဲလို့တော့ ရပြီး အဲ့ဒီအပိုင်းတွေမှာ တခြားဝင်းဒိုးတွေကို ပြန်တင်လို့ မရပါဘူး..။ ဒါကလည်း Windows 8 ကို တခြားဝင်းဒိုးတွေထက် ပိုမြန်အောင်၊ သွက်လက်အောင် ဒီ GPT Partition Style ဖေါ်မတ်ကို သုံးရခြင်းပါတဲ့..။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကွန်ပျူတာ တစ်လုံးထဲမှာ ဝင်းဒိုးနှစ်ခု၊ သုံးခုကို အတူ တလှည့်စီ တွဲသုံးလိုရင်တော့ ဒီဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းပြီးမှ တခြားဝင်းဒိုးတွေကို တင်လို့ ရမှာပါ..။ ဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့ မိမိတို့ကွန်ပျူတာထဲမှာ ရှိပြီးဖြစ်တဲ့ ဝင်းဒိုးအပါအဝင် တခြား ဆော့ဝဲလ်တွေ Video တွေ၊ ဓါတ်ပုံတွေ အားလုံး ပျက်ပါတယ်..။ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်သိမ်းထားဖို့ လိုပါတယ်..။ ဒီနည်းကို အသုံးပြုမှ မိမိတို့ကွန်ပျူတာမှာ ဝင်းဒိုးနှစ်ခု၊ သုံးခု တင်သုံးလို့ ရမှာဖြစ်တဲ့အတွက် Original Windows 8 တွေဆိုရင် Recovery အပိုင်းပါ ပျက်သွားမှာမို့ မလုပ်ခင် သေချာ စဉ်းစားသင့်ပါတယ်..။ 
ဒီလုပ်နည်းကို ဝင်းဒိုးတင်တတ်ခါစ လူသစ်များအပြင် ၊ Service သမားတွေပါ တတ်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ နောက်ပိုင်းထွက်လာတဲ့ Windows 8 နဲ့ စက်အသစ်တွေအားလုံးက ဟတ်ဒစ်ကို ဒီလိုဖေါ်မတ်မျိုးနဲ့ပဲ လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ..။ ဒါကြောင့် ဒီနည်းက မသိမဖြစ်နည်းတခု ဖြစ်ပါတယ်..။ အရင်က ကျနော်ကိုယ်တိုင် Original Windows 8 ပါပြီးသား စက်အသစ်ကို ဖေါ်မတ်ချပစ်လိုက်ပြီးမှ ဝင်းဒိုး ပြန်တင်လို့ မရတဲ့အတွက် ၂-ရက်လောက် အလုပ်ရှုပ်ခဲ့ရဖူးတဲ့ ဒီလုပ်နည်းကို အခုတော့ Microsoft ကုမ္ပဏီက 2013 December 9 ရက်နေ့က သူ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်..။ ကျနော် အရင်လုပ်ခဲ့တဲ့နည်းက ဟတ်ဒစ်ကို အပြင်ထုတ်ပြီးမှ လုပ်ရတဲ့နည်းဖြစ်လို့ အလုပ်ရှုပ်ပါတယ်..။ အခု Microsoft ကပေးတဲ့နည်းကတော့ ပိုလွယ်ကူတဲ့အတွက် အဲ့ဒီနည်းနဲ့ပဲ ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။
နောက်တခုကတော့ ဟတ်ဒစ်ကို ဖေါ်မတ်မျိုးစုံနဲ့ အသုံးဝင်ပုံတွေကို အသေးစိတ်သိဖို့ မလိုသေးပဲ ဒီပိုစ့်မှာ ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းလို့ရတဲ့ GPT , Dynamic , Basic စတဲ့ဖေါ်မတ်တွေမှာ ကျနော်တို့အတွက် ဝင်းဒိုးနှစ်ခု၊ သုံးခု တင်လို့ရတဲ့ Basic ဖေါ်မတ်ကိုပဲ ပြောင်းယူအသုံးပြုရမှာ ဖြစ်ပါတယ်..။ Basic ဖေါ်မတ်ကို ပြောင်းလိုရင်တော့ အရင်ဆုံး Dynamic ဖေါ်မတ်ဖြစ်ပြီးမှ Basic ဖေါ်မတ်ကို ပြန်ပြောင်းလို့ရတာပါ..။ Dynamic ဖေါ်မတ်နဲ့ဆိုရင်တော့ GPT ဖေါ်မတ်လိုပဲ ဟတ်ဒစ်မှာ ဝင်းဒိုးတစ်ခုပဲ လက်ခံပါတယ်..။ နောက်ထပ်ဝင်းဒိုး ထပ်တင်လို့ မရတော့ပါ..။ Basic ဖေါ်မတ်ကျပြန်တော့ Partition တွေမှာ ဝင်းဒိုးတွေ အများကြီးတင်လို့ ရပေမယ့် ဟတ်ဒစ်ကို အပိုင်း ၃-ပိုင်းပဲ ခွဲထုတ်ခွင့်ပြုပါတယ်..။ ၄/၅-ပိုင်းခွဲထုတ်လိုက်ရင်တော့ သူ့အလိုလို Dynamic Disk ဖေါ်မတ်ကို ပြန်ပြောင်းသွားတာဖြစ်လို့ တခြား ပါတေးရှင်းအပိုင်းတွေထဲက တခြားဝင်းဒိုးတွေကို ဝင်လို့မရတော့ပါဘူး..။ အဲ့ဒီဖြစ်သွားရင်တော့ AOMEI Partition Assistance Pro ဆော့ဝဲလ်နဲ့ Dynamic Disk ကနေ Basic Disk ဖေါ်မတ်ကို Data တွေနဲ့ တခြားဝင်းဒိုးတွေကို မပျက်စေပဲ ပြန်ပြောင်းယူလို့ ရတဲ့အတွက် အဲ့ဒီဆော့ဝဲလ်လေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ တင်ပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီရက်ထဲမှာ စက်အသစ်နှစ်လုံးနဲ့ ၎င်းတို့ရဲ့ ဟတ်ဒစ်တွေကို ဒီနည်းနဲ့ အပြန်အလှန် စမ်းသပ်နေတာဖြစ်လို့ ဒီရက်ထဲအလုပ်ရှုပ်ပါတယ်..။ အခုတော့ ဒီပိုစ့်ကို တင်ပေးဖို့ အတော်လေး ပြည့်စုံသွားပြီဖြစ်လို့ ကျနော်စမ်းသုံးရင်း ရရှိလာတဲ့ အတွေ့အကြုံလေးတွေကိုပါ ဒီပိုစ့်မှာ ဖြည့်စွက်ရေးပေးထားလို့ နောက်ပိုင်း ဝါသနာရှင်များထဲမှ လေ့လာလိုက်စားတဲ့သူများအတွက် အလွယ်တကူ သင်ယူလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။

ဒီနည်းကို အသုံးပြုပြီး ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်း၊ ဝင်းဒိုးအသစ်တင်မှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ Windows 8 (or) Windows 7 DVD သို့မဟုတ် Bootable USB Pendrive ကို မိမိတို့ အသုံးပြုမယ့် စက်မှာထည့်၊တပ်ထားလိုက်ပြီး စက်ကို Restart ပေးပါ..။ ပြီးရင်တော့ F2, Esc, Del, F10 စသဖြင့် မိမိတို့ စက်ရဲ့ Bios Setup ထဲဝင်တဲ့ကီးတွေကို ဆက်တိုက်နှိပ်ပြီး Boot နေရာမှာ DVD (or) USB သွားပြောင်းပြီး ဝင်းဒိုးတင်တဲ့ထဲကို ဝင်လိုက်ပါ..။ အသေးစိတ်ကို Windows 7 တင်နည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားခဲ့ပြီးမို့ မသိသေးတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ရင် အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 
ကျနော်ကတော့ Windows 8 နဲ့ အသုံးပြုထားတာဖြစ်လို့ အောက်ကပုံလေးအတိုင်း Windows 8 ရဲ့ Install now ကနေ သွားပါတယ်..။ ဒီနည်းကို Windows 7 အခွေနဲ့ပါ စမ်းသပ်ပြီး အဆင်ပြေပြီးသားဖြစ်တဲ့အတွက် Windows 8 (or) Windows 7 အဆင်ပြေရာနဲ့ အသုံးပြုနိုင်ပါတယ်..။


အောက်ကပုံကတော့ Windows 8 တခုသာရှိသေးတဲ့ စက်မှာ တခြားပါတေးရှင်းအပိုင်းတွေမှာ နောက်ထပ်ဝင်းဒိုးကို တင်လို့ မရတော့တဲ့အတွက် အနီဝိုင်းထားတဲ့ စာသားကို ကလစ်ပြီးကြည့်လိုက်တော့ မျှားနီပြထားတဲ့အတိုင်း GPT Partition Style ဖြစ်နေလို့ပါတဲ့..။ အခုဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်မှ တခြား ပါတေးရှင်းတွေမှာ နောက်ဝင်းဒိုးတွေကို တင်လို့ ရသွားပါတယ်..။ Basic ဖေါ်မတ်မပြောင်းခင် အရင်ဝင်းဒိုးနဲ့ ဆော့ဝဲလ်တွေ အားလုံး ပျက်ပါတယ်..။ ပြီးမှ ဝင်းဒိုးတွေ နှစ်ခု၊ သုံးခု တင်လို့ ရတာပါ..။



တခြားဝင်းဒိုးမတင်ရသေးတဲ့ စက်တလုံးမှာတော့ အပေါ်က ပုံအတိုင်း NTFS ဖေါ်မတ်ဖြစ်မှ ဝင်းဒိုးတင်လို့ ရမှာပါတဲ့..။ အဲ့ဒါမျိုးကတော့ ဖေါ်မတ်ချပစ်လိုက်ယုံနဲ့ ရပါတယ်..။ Basic Disk ဖေါ်မတ်ဖြစ်ဖို့အတွက် ပိုသေချာအောင် ဒီနည်းကိုပဲ အောက်ကပုံလေးတွေ အတိုင်း အသုံးပြုသွားလိုက်ပါတယ်..။
အရင်ဆုံး ကီးဘုတ်မှ Shift+F10 ကို တွဲနှိပ်ပြီး ဝင်းဒိုး External Command Prompt ကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ အောက်ကစာသားတွေကို တကြောင်းစီ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
ဒီစာသားတွေကိုရိုက်ထည့်ပါ
diskpart                          
list disk
select disk 0
clean
convert gpt
convert dynamic
convert basic
exit

Diskpart နည်းနဲ့ လုပ်ရမှာ ဖြစ်လို့ ကြည့်ရရှင်းအောင် အောက်ကပုံလေးတွေ အတိုင်း တကြောင်းစီ ပြပေးထားပါတယ်..။ ရိုက်ထည့်တဲ့ စာသား မှန်အောင် သတိပြုရိုက်ပါ..။ စာကြောင်း တစ်ကြောင်းရိုက်ပြီးတိုင်း Enter တချက်စီ ခေါက်သွားလိုက်ပါ..။
 


ဒီအဆင့်မှာ တချက်က မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ ဟတ်ဒစ်က စက်ထဲက ဟတ်ဒစ်ဆိုရင်တော့ Disk 0 (သုည) လို့ ပေါ်နေမှာဖြစ်ပြီး USB နဲ့ တွဲသုံးတဲ့ ဟတ်ဒစ် သို့မဟုတ် Pendrive တွေဆိုရင်တော့ Disk 1 လို့ ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီနေရာမှာ မမှားရအောင် သေချာရွေးယူတတ်ဖို့ လိုပါတယ်..။ ကျနော်ကတော့ စက်ထဲက ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းမှာ ဖြစ်လို့ မျှားအဝါပြထားတဲ့ Disk 0 ကို ရိုက်ထည့်ပါတယ်..။


Disk 0 is now the selected disk ဆိုတဲ့စာသား ပေါ်လာရင်တော့ နောက်စာကြောင်း တကြောင်းကို ဆက်ပြီး ရိုက်ထည့် Enter တစ်ချက် ခေါက်ပေးလိုက်ပါ..။


Clean စာသားရိုက်ထည့်ပြီးလို့ DiskPart succeeded in cleaning the disk ဆိုရင်တော့ နောက်စာကြောင်းဖြစ်တဲ့ ဖေါ်မတ်ပြောင်းတဲ့ စာသားကို ရိုက်ထည့်ပေးရမှာပါ..။ ဒီနေရာမှာ ကျနော်က တခါတည်း Basic ဖေါ်မတ်ကို ပြောင်းရိုက်ထည့်လိုက်တာ အောက်ကပုံအတိုင်း မျှားနီပြထားသလို Dynamic ဖေါ်မတ်ပြောင်းပြီးမှ Basic ဖေါ်မတ်ကို ပြောင်းလို့ရမှာပါတဲ့..။ ဒါကြောင့် အစဉ်လိုက်အတိုင်း အောက်ကပုံမှာ မျှားအဝါတွေနဲ့ ပြထားသလို Convert သုံးမျိုးပြောင်းလိုက်ပါတယ်..။ Successfully စာသားတွေ ပေါ်ပြီးမှ နောက်စာကြောင်းတွေကို ရိုက်ထည့်ပေးပါ..။ ပြီးရင်တော့ Exit ၂-ခါနဲ့ ထွက်ပြီး စက်ကို Restart ပေးလိုက်ပါ..။


အောက်ကမျှားအပြာနဲ့ ပြပေးထားတာကတော့ ဒီပါတေးရှင်းအပိုင်းထဲမှာ ဝင်းဒိုးတင်လို့မရသေးတာပါ..။ ဒါကြောင့် မျှားနီပြထားတဲ့အတိုင်း အားလုံးပိတ်ပစ်ပြီး Restart ပေးပြီးမှ ဝင်းဒိုးတင်လို့ ရမှာပဲ ဖြစ်ပါတယ်..။





အပေါ်ကပုံတွေ အတိုင်း အဆင့်ဆင့် ပိတ်ပစ်ပြီးသွားရင်တော့ စက်ပြန်တက်လာရင် ဝင်းဒိုးပြန်တင်တဲ့အတိုင်း ပြန်ဝင်လိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်း ပါတေးရှင်းအပိုင်းတွေ ခွဲပြီး ဝင်းဒိုးတင်လို့ ရသွားပါပြီ..။



ပါတေးရှင်းပိုင်းတွေကို အောက်ကပုံတွေအတိုင်း ကျနော် ရသလောက် ခွဲထုတ်ပါတယ်..။



အောက်ကပုံမှာ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း ၃-ပိုင်းခွဲပြီးတဲ့နောက်မှာတော့ ၄-ပိုင်းမြောက်အပိုင်းကို ခွဲထုတ်လို့ မရတော့ပါ..။ သူ့မှာရေးထားတဲ့ စည်းကမ်းချက်လေးကို အောက်ကပုံအတိုင်း ဖတ်ရှုနိုင် ပါတယ်..။



Basic Disk ဖေါ်မတ်မှာတော့ သတ်မှတ်ထားတဲ့ အပိုင်းတွေခွဲထုတ်လို့ ပြည့်သွားပြီဖြစ်လို့ နောက်ဆုံးအပိုင်းကိုတော့ ဆက်လက်အသုံးပြုလို့ မရပါဘူးတဲ့..။ ဒီအတိုင်းပဲသွားလိုက်ပါ..။ ကိစ္စမရှိပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ ပြန်ခွဲထုတ်လို့ ရပါသေးတယ်..။ ဒါကြောင့် ခွဲထုတ်ထားတဲ့ ပါတေးရှင်းအပိုင်းတွေထဲက မိမိတို့ နှစ်သက်တဲ့ အပိုင်းကို ကလစ်ပြီး အောက်ကပုံလေးအတိုင်း ဝင်ဒိုးတင်လို့ ရသွားပါပြီ..။



အောက်ကပုံတွေအတိုင်း ဝင်းဒိုးတင်လိုက်ပါတယ်..။




ဝင်းဒိုးတင်ပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်း အပေါ်မှာ ခွဲထုတ်လို့ မရခဲ့တဲ့ နောက်ဆုံးအပိုင်းကို ပြန်ပြီးခွဲထုတ်ပါတယ်..။ Computer >> Right Click >> Manage >> Disk Management ကနေ ဝင်ပြီး ပါတေးရှင်း မအောင်သေးတဲ့ အမဲရောင် အပိုင်းပေါ်မှာ Right Click >> New Volume ကနေ အဆင့်ဆင့် Next နှိပ်ပြီး သွားလိုက်ရင်တော့ အောက်ကပုံအတိုင်း Yes ပေးရမယ့် ဘောက်စ်လေး ကျလာမှာဖြစ်ပါတယ်..။ မျှားအစိမ်းရောင်နဲ့ပြထားတဲ့ စာသားတွေကတော့ ဒီအပိုင်းကို ခွဲထုတ်လိုက်မယ်ဆိုရင်တော့ ယခုလက်ရှိ Basic Disk ဖေါ်မတ်ကနေ အလိုလို Dynamic ဖေါ်မတ်ကို ပြောင်းလဲသွားပါလိမ့်မယ်တဲ့..။ Dynamic Disk ဖေါ်မတ်ဖြစ်သွားရင် ဒီလက်ရှိဝင်းဒိုးက လွဲလို့ တခြားဝင်းဒိုးတွေ တင်လို့ မရတဲ့အပြင် ၊ တခြား အပိုင်းတွေမှာ ရှိပြီးတဲ့ ဝင်းဒိုးပါ အသုံးပြုလို့ မရတော့ပါဘူးတဲ့..။ သေချာတယ်ဆိုရင်တော့ Yes ပေးလိုက်ပါတဲ့..။ ကျနော်က Yes ပေးလိုက်ပါတယ်..။ သူပြောတဲ့အတိုင်းပဲ ဟတ်ဒစ်တခုလုံး Dynamic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ တခြားစက်တလုံးမှာတော့ ဝင်းဒိုး၂-ခု တင်ပြီးမှ ပါတေးရှင်းထပ်ခွဲလိုက်တာ Dynamic Disk ဖြစ်သွားလို့ ဟိုဘက်ဝင်းဒိုးကို ဝင်သုံးလို့ မရတော့ပါဘူး..။ ဒီအောက်ကဆော့ဝဲလ်နဲ့ Basic Disk ပြန်ပြောင်းလိုက်မှ အဲ့ဒီစက်မှာ နောက်ဝင်းဒိုး တခုကို ပြန်ဝင်သုံးလို့ ရသွားပါတယ်..။


အောက်ကပုံအတိုင်း ပါတေးရှင်းတွေ အားလုံး Dynamic Disk ဖေါ်မတ်တွေ ဖြစ်ကုန်ပါတယ်..။ Dynamic Disk ဖြစ်ပြီးသွားမှ ကျနော် ပါတေးရှင်း နောက်တခုပါ အောက်ကပုံအတိုင်း ထပ်ခွဲထုတ်လိုက်ပါသေးတယ်..။ ခွဲထုတ်လို့ ရပါတယ်..။ Dynamic Disk အတိုင်းပါပဲ..။



အပေါ်ပုံအတိုင်း Dynamic Disk ဖေါ်မတ်နဲ့ ပါတေးရှင်း အပိုင်း ၅-ပိုင်း ခွဲထုတ်ပြီးမှ ဒီအောက်က ဆော့ဝဲလ်လေးနဲ့ Basic Disk ပြန်ပြောင်းလိုက်ပါတယ်..။ Data တွေ တခုမှ မပျက်ပဲ အဆင်ပြေပြေနဲ့ ပြောင်းယူလို့ ရသွားပါပြီ..။ ဒီဆော့ဝဲလ်လေးကို ကီးတွေ ထည့်ပေးပြီးမှ ဖူးသုံးလို့ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အရင်ဆော့ဝဲလ်ကို ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 8 MB ရှိပါတယ်..။ နောက်ဆုံး ဗါးရှင်းလေးပါ..။
(OR)



အပေါ်ပုံအတိုင်း ကီးတွေ ထည့်ပေးလိုက်ရင်တော့ ဒီကောင်လးကို ဖူးသုံးလို့ ရသွားပါပြီ..။


ပြီးရင်တော့ Dynamic စာသားကနေ ဝင်ပြီး ပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ..။




အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဝင်လာပြီးရင်တော့ အောက်ကပုံအတိုင်း Ok ပေးပြီး စက်ကို Restart ပေးလိုက်ရင် Dynamic Disk ကနေ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။


စက်ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း ပါတေးရှင်းအပိုင်တွေမှာ အပြာရောင်တွေနဲ့ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ ဒါဆိုရင်တော့ တခြားပါတေးရှင်းအပိုင်းတွေမှာလည်း နောက်ထပ် ဝင်းဒိုးတွေကို တင်ပြီး အသုံးပြုလို့ ရသွားပါပြီ..။

ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်လို့မရတတ်တဲ့ ဟတ်ဒစ်ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းလို့ ရသွားပါပြီ..။ နောက်တခုကတော့ ကျနော် မစမ်းသပ်ရသေးတဲ့ ဟတ်ဒစ်မှာ Password ပေးထားလို့ ဝင်းဒိုးတင်လို့ မရတဲ့ ပြဿနာကို ဒီ Diskpart နည်းနဲ့ စမ်းသုံးကြည့်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်..။ ဒါကတော့ ကျနော့်မှာ Password ပိတ်ထားတဲ့ ဟတ်ဒစ်မရှိသေးတဲ့ အတွက်ကြောင့်ပါ..။ စာဖတ်သူများထဲမှ ဒီ Diskpart နည်းနဲ့ Password ပိတ်ထားတဲ့ ဟတ်ဒစ်မျိုးရှိခဲ့မယ်ဆိုရင်တော့ ဒီနည်းနဲ့ စမ်းသပ်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီပိုစ့်ရဲ့ Comments မှာ အဆင်ပြေ၊ မပြေဆိုတာကို နောက်လူများ လေ့လာလို့ ရအောင် ဆက်လက်၍ ရေးပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေဗျာ..။
Aung Kyaw Pathein
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...