TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

iTools 158MB Offline File



Extract zip install all..

iTools သွင်းပြီးပေမယ့်လည်း 158MB ပြန်ပြန်ဒေါင်းနေရခြင်းအတွက် စိတ်မရှုပ်ရအောင် Offline ဖိုင်လေးတင်ပေးလိုက်ပါတယ် ပေးထားတဲ့ iTunes.zip ကိုဖြေချပြီး အထဲမှာပါသမျှ msi တွေကို install ပေးလိုက်ပါ ဒါဆိုရင် iTools ဖွင့်တဲ့အခါ ထပ်ဒေါင်းခိုင်းနေမှာမဟုတ်တော့ပါဘူး iTools သွင်းတိုင်း ထပ်ဒေါင်းနေရတဲ့ဒုက္ခက ကင်းဝေးပါပြီ :D :D :P
DL @ http://www.mediafire.com/file/3dd8coo3f8261hp/iTunes.zip
iTools en DL @ http://itoolsen.blogspot.com/

Custom Recovery အ​ကြောင်းနှင့်​ ဘာ​ကြောင့်​ အသုံးပြုသင့်​သလဲ

Image result for Custom Recovery

Custom Android ROM ကိုသင့်ဖုန်းမှာအင်စတောလုပ်ချင်သလား? တစ်နည်းအားဖြင့် Custom Android ROM များဟာCyanogenModလို Third-Party Android Operating System များ ဖြစ်ပါတယ်။ ဒီလို Custom Android ROM များကိုအင်စတောလုပ်ရင် Custom Recovery ကိုပါ အင်စတောလုပ်ခိုင်းပါလိမ့်မယ်။
Android Device အားလုံးမှာ Recovery Software ကိုထည့်သွင်းပေးထားပါတယ်။ အဲဒီ Recovery Software ဟာ Device ကို Factory Default Settings ကို Restore လုပ်ဖို့၊ Operating System ကို Update လုပ်ဖို့နဲ့ အခြားအလုပ်များ ပြုလုပ်နိုင်ပါတယ်။
Android Stock Recovery
----------------------------
Android Device များမှာ Stock Recovery လို့ ခေါ်တဲ့ Google ရဲ့ Recovery Software ပါရှိပါတယ်။ Recovery Software ကိုအသုံးပြုဖို့ စမတ်ဖုန်း၊ တက်ဘလက်များအတွက် သီးခြားခလုတ်များကိုအင်တာနက်မှာရှာဖွေပြီး နှိပ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကကွန်ပြူတာနဲ့ ဖုန်းကိုချိတ်ဆက်ပြီး ADB Command ကိုအသုံးပြုခြင်းဖြင့် Recovery Software ကိုသုံးနိုင်ပါတယ်။ Recovery Mode ထဲရောက်သွားရင် Menu ကနေသင့်ဖုန်းကို Factory Default အခြေအနေကို ပြန်လည်ရရှိအောင်ပြုလုပ်နိုင်သလိုဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ Android OS Update များကိုရရှိနိုင်ပါတယ်။ ROM အသစ်ကို Flash လုပ်ချင်ရင် ဒါမှမဟုတ် ထုတ်လုပ်သူရဲ့ နဂို ROM ကို ပြန်လည် Flash လုပ်ချင်ရင်လည်း Recovery Mode ထဲက ပြုလုပ်နိုင်ပါတယ်။
Stock Recovery မှာကန့်သတ်ချက်တွေ ရှိနေပါတယ်။ Stock Recovery များဟာယေဘုယျအားဖြင့် ဖုန်းထုတ်လုပ်သူက ဖြန့်ချီပေးတဲ့ ROM များနဲ့ Updates များကိုသာရယူနိုင်တာပါ။ အခြား ROM များကိုတော့ အင်စတောမလုပ်ပေးနိုင်ပါဘူး။
Custom Recovery
----------------------
Custom Recovery ဆိုတာ Third-Party Recovery Software တစ်ခု ဖြစ်ပါတယ်။ Custom Recovery ကိုသင့်ဖုန်းမှာ Flash လုပ်ရင် နဂိုပါတဲ့ Stock Recovery နေရာမှာအစားထိုးအလုပ်လုပ်မှာပါ။ ဒါဟာဘာနဲ့ တူသလဲဆိုရင် CyanogenModလို Custom ROM ကို Flash လုပ်သလိုပါပဲ။ ဒါပေမယ့် Android Operating System တစ်ခုလုံးကိုပြောင်းလဲတာမဟုတ်ဘဲ Recovery Software ကိုသာပြောင်းလဲတာပါ။
Custom Recovery ဟာ Stock Recovery လိုပဲအလုပ်လုပ်မှာပါ။ ဒါပေမယ့် Custom Recovery မှာစွမ်းဆောင်ချက်များပိုမိုပါရှိပါတယ်။ သူ့မှာဖုန်းကို Backup , Restore လုပ်နိုင်တဲ့ စွမ်းရည်ပါရှိပါတယ်။ နောက်ပြီး Custom ROM များကိုအင်စတောလုပ်ပေးနိုင်ပါတယ်။ ClockworkMod က Recovery Mode ထဲဝင်စရာမလိုဘဲ လက်ရှိသုံးနေတဲ့ Android System ကနေအဲဒီစွမ်းဆောင်ချက်တွေကိုသုံးနိုင်တဲ့ ROM Manager App ကိုတီထွင်ပေးထားပါတယ်။ အဲဒီ App ကိုသုံးဖို့ Custom Recovery ကိုအင်စတောလုပ်ထားရမှာပါ။
နာမည်ကြီး Custom Recovery များ
--------------------------------------
ClockworkMod Recovery (CWM) ဟာNANDroid Backups များကို Create, Restore လုပ်နိုင်ပါတယ်။ NANDroid Backups ဟာ Android Device ရဲ့ File System တစ်ခုလုံးကို Backup လုပ်တာပါ။ NANDroid Backup ပြုလုပ်နည်းကိုအရင်ဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။ ClockworkMod က ClockworkMod Recovery ကနေ Custom ROM များကိုအင်စတောလုပ်နိုင်ဖို့ File Browser ပါရှိတဲ့ ROM Manager App ကို ပြုလုပ်ပေးထားပါတယ်။ App ကနေ Backup များကိုစီမံခန့်ခွဲနိုင်ပြီး Restore လုပ်နိုင်ပါတယ်။ သူ့မှာ Custom ROM များကိုစမ်းသပ်ချင်သူများအတွက် အသုံးဝင်တဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များလည်းပါရှိပါတယ်။
Team Win Recovery Project (TWRP) က ထိတွေ့ အသုံးပြုနိုင်တဲ့ Recovery Software ဖြစ်ပါတယ်။ Volume နဲ့ Power ခလုတ်များကိုအသုံးပြုရတဲ့ Stock Recovery အပါအ၀င် အခြား Recovery Software များနဲ့ မတူတဲ့ အချက်က TWRP ဟာ On-Screen Button များကိုထိတွေ့ အသုံးပြုရတဲ့ User Interface ကိုအသုံးပြုထားတာပါ။ TWRP မှာ Themes များကိုတောင် ရွေးချယ်နိုင်ပါတယ်။ CWM လိုပဲ TWRP ဟာ Stock Recovery မလုပ်ပေးနိုင်တဲ့ Custom ROM များကိုအင်စတောလုပ်ဖို့နဲ့ Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်များပါရှိပါတယ်။
CWM နဲ့ TWRP ကတော့ နာမည်အကြီးဆုံး Custom Recovery နှစ်ခုပါ။ အချို့ Device များအတွက် Custom Recovery များလည်းရှိပါတယ်။
Custom Recovery ကိုဘယ်အချိန်၊ ဘာ့ကြောင့် အင်စတောလုပ်ရသလဲ?
Custom Recovery များဟာလက်ရှိသုံးနေတဲ့ Stock ROM ကို Backup , Restore လုပ်နိုင်ပြီး ROM များကို Flash လုပ်ပေးနိုင်တဲ့အတွက် Custom ROM များကိုအင်စတောလုပ်ရင် အလွန်အသုံးဝင်ပါတယ်။ Custom Recovery ကိုအင်စတောလုပ်ဖို့ သင့် ဖုန်းရဲ့ Bootloaderကို Unlock လုပ်ရမှာပါ။
Android မှာ Device တစ်ခုလုံးကို Backup လုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပေမယ့် လျှို့ဝှက်ပြီးကွန်ပြူတာကနေ ADB Command ကိုသုံးရတာပါ။ ဒီနည်းကိုသုံးရင် သင့်ဖုန်းရဲ့ Bootloaderကို Unlock လုပ်စရာမလိုသလို Root လုပ်ထားစရာလည်းမလိုပါဘူး။ ဒီနည်းလမ်းကိုအရင်တုန်းကဆောင်းပါးတစ်ပုဒ်မှာရေးပေးခဲ့ပြီးပါပြီ။
Custom ROM များကိုစမ်းသပ် အသုံးပြုချင်ရင် ဒါမှမဟုတ် Android System တစ်ခုလုံးကို Backup လုပ်ချင်ရင် Custom Recovery ကိုအင်စတောလုပ်ပါ။ Custom ROM များကိုအင်စတောမလုပ်ခင်မှာလည်း Custom Recovery ကိုအရင် အင်စတောလုပ်ရလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Custom Recovery ကိုအမြဲတမ်းသီးခြားအင်စတောလုပ်ဖို့ မလိုပါဘူး။ ဥပမာအားဖြင့် CyanogenMod Installer App ကနေCyanogenModကိုအင်စတောလုပ်ရင် ClockworkMod Recovery ကိုအလိုအလျှောက် အင်စတောလုပ်ပါလိမ့်မယ်။ အခြား Custom ROM များကိုအင်စတောလုပ်ရင်လည်း Custom Recovery ကိုအင်စတောလုပ်ဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။ Custom ROM များကိုမသုံးချင်ဘဲ Stock Android System ကိုသုံးချင်သူများအတွက် စွမ်းဆောင်ရည်မြင့် Backup Feature ကိုသာသုံးချင်ရင်လည်း Custom Recovery ကိုအင်စတောလုပ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် Custom Recovery များဟာ Custom ROM များကိုအင်စတောလုပ်မှသာလိုအပ်ပါတယ်။ Android အသုံးပြုသူအများစုက Stock Recovery နဲ့ Custom Recovery ရဲ့ ကွာခြားချက်ကိုမသိကြတဲ့အတွက် ရေးသားပေးလိုက်ပါတယ်။
Credit-Digital Life Journal

Error Code Collection For SP Flashtools



S_UNSUPPOPTED_OPERATION (1014)
ဒီ Errorကတော့ Scatter ကြောင့်ဖြစ်တဲ့ error ပါ။ ဥပမာအနေနဲ့ကတော့ ဖုန်းဟာ MT6572 သုံးထားတာကို MT6577 Scatter နဲ့တင်မိသလို ဖုန်းနဲ့ Scatter ဖိုင်မကိုက်တဲ့အချိန်မှာ ဒီ error အတက်များပါတယ်။

S_DA_EMMC_FLASH_NOT_FOUND (3144)
ဒီ 3144 error ကတော့ သုံးထားတဲ့ CPU ကြောင့်ဖြစ်တဲ့ error ပါ။ MTK မဟုတ်ပဲ MTD ကို MTK ဖုန်းအမှတ်နဲ့ firmware ပြန်ရေးတဲ့အခါတေါမှာ ဖြစ်တတ်ပါတယ်။

S_BROM_CMD_STARTCMD_FAIL (2005)
SP flashtool error ဖြစ်ပါတယ်။ flash tool ကို version ပြောင်းလဲသုံးသင့်ပါတယ်။ နောက်တစ်ခုက vol key နှိပ်တာ မှားနေရင်လဲဒီ error တက်ပါတယ်။ read back, Format, MemoryTest လုပ်တဲ့အချိန်တွေမှာ ဒီ error ကိုကြုံရတာ များပါတယ်။ Vol ခလုပ်ပြောင်းနှိပ်ပေးရုံနဲ့ ဒီ error ဖြေရှင်းလို့ ရနိုင်ပါတယ်။

S_FT_READBACK_FAIL (4009)
ReadBack လုပ်တဲ့အခါမှာ Storage မလုံလောက်တဲ့အချိန်မှာ တက်တဲ့ error ဖြစ်ပါတယ်။ တကယ်လို့ နာမည်တူဖိုင်တစ်ခုရှိနေပြီး overwrite မလုပ်နိုင်ရင်လဲ ဒီ error တက်ပါတယ်။

S_FT_NEED_DOWNLOAD_ALL_FAIL(4050)
PMT လို့ခေါ်တဲ့ Pertation Map Table မတူညီတဲ့အခါမှာ တက်တဲ့ error ဖြစ်ပြီးတော့ သူများတွေ ဘယ်လိုရှင်းတယ်မသိပေမယ့် ကျွန်တော်ကတော့ EMMC ကို Format ရိုက်ပြီးမှ ပြန်တင်ပါတယ်။ သူနဲ့အတူတွဲတတ်တဲ့ error ကတော့ (8038) Error ဖြစ်ပြီး Userdata ရဲ့ table ချိန်းခြင်းကြောင့်ဖြစ်တာပါ။ ရှင်းနည်းကတော့ အတူတူပါပဲ။

S_DL_PC_BL_INVALID_GFH_FILE_INFOR (5066)
ရွေးလိုက်တဲ့ Scatter ဖိုင်ထဲကလိုမဟုတ်ပဲ ဖိုင်တွေ မတူညီတဲ့အခါမှာ တက်တဲ့ error ပါ။ prepare block for flash tool မလုပ်ရသေးတဲ့ backup firmware ကို ပြန် တင်တဲ့အချိန်မှာ အဖြစ်များပါတယ်။

SP FLASH TOOL ERROR (8038)
အပေါ်မှာ ပြောခဲ့ပြီးသလိုပါပဲ PMT မကိုက်တဲ့အချိန်မှာ 8038 error တက်ပြီးတော့တကယ်တန်းကတော့ SP_FLASH_TOOL.log ထဲမှ ရေးထားတာနဲ့ ဖုန်းနဲ့မကိုက်ညီတော့တာပါ။ Scatter is out of date ပေါ့။

BROM_ERROR: S_FT_ENABLE_DRAM_FAIL (4032)
SP flashtool ဟာ DRAM ကို မဖတ်နိုင်တဲ့အချိန်မှာ ပြတဲ့ error ဖြစ်ပြီးတော့ ဖြေရှင်းဖို့အတွက်ဆိုရင် ဖုန်းကို power ပိတ် Process တစ်ခုလုံးပြီးသွားမှ ဘာမှ မနှိပ်ပဲ ကြိုးထိုးရေးကြည့် သင့်ပါတယ်။မရတဲ့အခါမှာ vol ခလုပ်ပြောင်းနှိပ်ကြည့် သင့်ပြီး နောက်ဆုံးအဆင့်မှာ EMMC တစ်ခုလုံးကို format ရိုက်ပြီးမှ ပြန်ရေးရင် ရတာ များပါတယ်။

BROM ERROR: S_DL_PMT_ERROR_NO_SPACE (5069)
ဖုန်းမှာပိုင်းထားတဲ့ partition ထက် rom partition size ကပိုမိုကြီးနေတဲ့အခါမှာ တက်တဲ့ error ပါ။ firmware ပြောင်းသင့်ပါတယ်။

S_FT_Download_Fail (4008)
ဖုန်းကို အားပြန် သွင်းပြီးမှ firmware ပြန်တင်ကြည့်ပါ။ Battery ရှိနေလျှက်မရတာ ဆိုရင် SP Flashtool နောက်ဆုံး ver ကို အသုံးပြုကြည့်ပါ။ မရတဲ့အဆုံးမှာတော့ EMMC format ရိုက်ပြီးပြန်တင်ပါ။

S_FT_DA_NO_RESPONSE (4001)
USB ကြိုးထိုးထားတဲ့ USB-port အပေါက်ပြောင်းကြည့်သင့်ပါတယ်။ EMMC မကောင်းတော့တာလဲဖြစ်နိုင်ပါတယ်။

BROM ERROR: S_DA_EMMC_FLASH_NOT_FOUND (3144)
EMMC ကို detected မသိတဲ့ပြဿနာဖြစ်ပြီးတော့ များသောအားဖြင့် HardWare error ဖြစ်ပါတယ်။

BROM ERROR: S_FT_NFB_DOWNLOAD_CODE_FAIL (4014)
ဒီ error ကတော့ ဖိုင်မှားတင်ထားတဲ့ဖုန်းကို firmware ပြန်ရေးတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။

Credit: Kurama Uchiha

NEW MI FLASH TOOL WITH USB BOOT REPAIR

 


NEW MI FLASH TOOL WITH USB BOOT REPAIR OPTION
---------------------------------------------
This tool loads the purpose to support and repair boot rom Xiaomi
When using this tool, the computer must install the drivers necessary full

Download Here
Share With Friends
Thanks to GSM Team!!!

Huawei Qualcomm Multi Download ဖွင့်မရခြင်း ၊ Password မေ့သွားခြင်းတို့ကို အလွယ်တကူဖြေရှင်းနည်း

Huawei Board Software တွေ Flashing လုပ်ဖို့အတွက်အသုံးဝင်တဲ့ Tool ဖြစ်တဲ့ Huawei Qualcomm Multi Download ကို
အကြောင်းအမျိုးမျိုးကြောင့်ဖွင့်မရခဲ့ရင် အောက်ပါနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
ပထမဆုံး မိမိ Computer ကနေ Window Key + R ကို နှိပ်လိုက်ပါ။
ပြီးရင် regedit လို့ရိုက်ပြီး ok နှိပ်လိုက်ပါ။

Screenshot - 4_21_2016 , 11_41_40 AM
Registry Editor ကျလာပါလိမ့်မယ်။
Screenshot - 4_21_2016 , 11_43_02 AM
ပြီးရင် HKEY_CURRENT_USER ကို ရွေးလိုက်ပါ။
Screenshot - 4_21_2016 , 11_44_17 AM
ပြီးရင် Software ကို ထပ်ရွေးပေးပါ။
Screenshot - 4_21_2016 , 11_45_24 AM
Software ထဲက Huawei ကို ထပ်ရှာပါ။
Screenshot - 4_21_2016 , 11_46_16 AM
Huawei ထဲကနေ QPBLFBML01 ကိုတွေ့ပါလိမ့်မယ်။
ပြီးရင် Settings ကို နှိပ်လိုက်ပါ။
Screenshot - 4_21_2016 , 11_47_42 AM
ဘေးမှာ ဖိုင်တွေတွေ့ပါလိမ့်မယ်။
အကုန်လုံးကို Select မှတ်ပြီး Delete လုပ်လိုက်ပါ။
Screenshot - 4_21_2016 , 11_49_09 AM
အပေါ်ဆုံးက တစ်ခုမပျက်ပဲကျန်နေပါလိမ့်မယ်။
ပြီးရင် Qualcomm Multi Download ကို ဖွင့်လိုက်ပါ။
Password က အစအကုန်လုံးအသစ်ပေးလို့ရပါပြီ။ အဆင်ပြေပါစေ။
Screenshot - 4_21_2016 , 11_50_40 AMScreenshot - 4_21_2016 , 11_50_56 AM

ရေးသားသူ – ဖြိုးချမ်း (MMSD)
ref -http://blog.regenerationmm.com/

QPST 2.7 Build 425

Qpst_load

QPST ဆိုတာကတော့ Qualcomm ဖုန်းတွေတော်တော်များများအတွက်အသုံးဝင်  Tool  လေးပါ။
QCN တွေ qloader 9008 to 9006 တွေ  Imei  တွေအစရှိတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။
အသုံးလိုသူများ  ဒီမှာ  Download  ရယူပါ။

QPST 2.7 Build 425

25 MB 562 downloads 
Download

Emmc Raw Tool v1.4

emmc_raw_tool_01
March 2015 ထွက် Tool လေးပါ။ ဒီ Tool ကဘယ်နေရာမှာအသုံးပြုနိုင်လဲဆိုရင်တော့ Qualcomm MMC Storage Mode
မှာအသုံးပြုနိုင်ပါတယ်။ Port အနေနဲ့ 9006 မှာအသုံးပြုရမှာပါ။ ဒီအတွက်လိုအပ်တဲ့ ဖိုင်ကတော့ Block 0 ကနေ Backup
ယူထားတဲ့ EMMC Rom ဖိုင်လေးလိုပါတယ်။ အသုံးပြုရလွယ်ကူတယ်။
လိုအပ်သူများဆောင်ထားလိုက်ပါ 🙂

EMMC Raw Tool (v1.4)

1.25 MB 246 downloads
Download

Password – Regeneration 


ref - http://blog.regenerationmm.com/

HDD Raw Copy 1.10 (Portable)

mflogin3t_backup_01
Qualcomm Port 9006 မှာသုံးတဲ့ EMMC Raw Tool နဲ့အတူတူပါပဲ
ဒီကောင်ကပိုရိုးရင်းတယ်။ သုံးရလ်ွယ်တယ်။
စမ်းကြည့်လေ 🙂

HDDRawCopy1.10Portable

1 MB downloads 
Download

Password – regeneration


ref - http://blog.regenerationmm.com/

Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲ...


Android မှာ Font File ( .ttf ) တွေကို system/fonts အောက်မှာထည့်ထားပါတယ်။ ဒါပေမယ့် system/fonts အောက်ကို font file သွားထည့်လိုက်ရုံနဲ့တော့ ၎င်း font ကိုမြင်ရမှာမဟုတ်ပါဘူး။ Android မှာ စာဖိုင်တွေကိုတွေ့ပြီးဆိုတာနဲ့ ပထမဆုံး system/etc ထဲမှာရှိတဲ့ system_fonts.xml ဆိုတဲ့ဖိုင်ထဲမှာ မှတ်တမ်းတင်ထားတဲ့ စာရင်းမှာပါမပါ စစ်ဆေးပါတယ်။ ၎င်း system_fonts.xml ထဲမှာမှတ်တမ်းတင်ထားတဲ့စာရင်းထဲပါရင် ၎င်း Font Style အတိုင်းပြပေးမှာဖြစ်ပါတယ်။ တကယ်လို့ system_fonts.xml စာရင်းထဲမှာမပါတဲ့ Font အမျိုးအစားဆိုရင်တော့ system/etc ထဲက fallback_fonts.xml ဆိုတဲ့ XML File ထဲက Font List မှာ ပါ မပါ ထပ်ပြီးတော့စစ်ဆေးပါတယ်။ အဲဒီလိုစစ်ဆေးတဲ့အခါမှာလည်း အပေါ်ကနေ အောက်ဘက် အထိ အစဉ်အတိုင်းစစ်ဆေးပါတယ်။ ၎င်းစာလုံးတွေကို ပြပေးနိုင်မယ် Font တွေ့ပြီဆိုတာနဲ့အဲ့ဒီ Font Style ကိုသုံးပြီးပြပေးပါတယ်။ ဒါက Android System မှာ Font တွေအလုပ်လုပ်ပုံကို အကြမ်းဖျင်းရှင်းပြတာဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာဖောင့်မြင်ရဖို့အတွက် ဘယ်လိုလုပ်မလဲ။
Android ကိုမြန်မာစာသွင်းတဲ့ အခါမှာ Method နှစ်မျိုးကို အသုံးများပါတယ်။

Replacing Method

ဒီနည်းက ခုနပြောတဲ့ system_fonts.xml စာရင်းထဲမှာပါတဲ့ system font တစ်ခုခုနဲ့နာမည်တူ Change ပေးလိုက်တာဖြစ်ပါတယ်။ ဒါကို Replacing Method လို့ခေါ်ပါတယ်။ system fonts ကိုနာမည်တူ Change ပေးရမယ်ဆိုတော့ ကျွန်တော်တို့သွင်းမယ့် Font File ကို ၎င်း System Font နဲ့နာမည်တူ ပြောင်းပေးရမှာပေါ့။ပြီးတော့မှာ ခုနက Font တွေထားတဲ့နေရာဖြစ်တဲ့ system/fonts အောက်ကို သွားပြီးထားပေးရမှာပါ။ အရင်ရှိပြီးသား System Font နဲ့ Repalce လုပ်ပေးရမှာပေါ့။

XML Method

ဒီ ဒုတိယနည်းကတော့ fallback_fonts.xml ကိုပြင်တာပါ။ဖုန်းတစ်လုံးနဲ့တစ်လုံး falllback_fonts.xml မှာပါတဲ့ Font တွေက အတိအကျမတူပါဘူး။ ကျွန်တော်ကတော့ ၎င်း fallback_fonts.xml ကို ADB Command သုံးပြီး PC ထဲဆွဲထုတ်၊ XML File ကို Notepad++ နဲ့ပြင်၊ပြီးတော့မှာ system/etc အောက်ကမူလ fallback_fonts.xml နေရာမှာပြန်အစားထိုးလိုက်တာပါ။တကယ်လို့စာဖတ်သူက fallback_fonts.xml ကိုဆွဲထုတ်ပြီးမပြင်ချင်ဘူးဆိုရင် ၎င်း fallback_fonts.xml ထဲက Font Family ထဲကို Font အသစ်ထည့်လို့ရပါသေးတယ်။ ဒါကတော့ /vendor/etc/ ထဲမှာ fallback_fonts.xml ဖိုင်တစ်ခုထည့်ပေးရမှာပါ။ ဒါပေမယ့် ဒီ fallback_fonts.xml ထဲက စာရင်းထဲမှာတော့ စာဖတ်သူထည့်မယ့် Font Family တစ်ခုပါရင် ရပါပြီ။ဒါပေမယ့် ၎င်း Font ကို system/etc/ ထဲက fallback_fonts.xml ထဲမှာဘယ်နှစ်ခုမြောက်မှာထည့်ချင်လည်းဆိုတဲ့ Order ကိုတော့သတ်မှတ်ပေးရပါတယ်။ XML တွေအားလုံးပြင်ပြီးမှ system/fonts ထဲမှာ စာဖတ်သူထည့်မယ့် Font အသစ်ကိုထည့်ပေးရမှာပါ။ နာမည်ပြောင်းစရာမလိုတော့ပါဘူး။

***************************************************************
ဒီ Post မှာ အမှားအယွင်းတစ်စုံတစ်ရာပါပါက စာရေးသူရဲ့ လေ့လာမှုအားနည်းချက်ကြောင့်ဖြစ်ပါလိမ့်မယ်။ Font သွင်းနည်းအသေးစိတ်နဲ့ XML File ပြင်နည်းကို စာရေးသူရဲ့ Android System စာအုပ်ထဲမှာ စာနဲ့အပြင် Video သင်ခန်းစာအနေနဲ့ပါရှင်းပြထားပါသေးတယ်။

အားလုံးအဆင်ပြေပါစေ။

credit: စည်သူပိုင်

Admin Sai

ROM Helper

ROM Helper လို့နာမည်ပေးထားတဲ့ တရုတ် tool လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ကျွန်တော်ကတော် ပေါက်ဖော်ကြီးတူးလို့ ခေါ်တယ် tongue emoticon
ဘာတွေလုပ်လို့ ရမလဲ ဘာတွေအသုံးဝင်မလဲဆို SYSTEM.IMG တွေပြင်လို့ရမယ် INSECURE BOOT လုပ်မယ်ဆိုလည်း အမြန်ဆုံး ကိုယ့်စိတ်ကြိုက်ပြင်နိုင်မယ် system.img ကို system.dat ပြောင်းနိုင်တယ် system.dat file ကိုလည်း system.img ပြောင်းနိုင်တယ် ခွဲကြည့်ချင် ခွဲကြည့်ပြီး ကလိလို့ရတာပေါ့
qualcomm firmware တွေမှာ system_1.img 2.img ဆိုပြီး system တွေခွဲထားတာကိုလည်း ပြန်ပေါင်းနိုင်တယ် fastboot က flashခွင့်ရတဲ့အခါ ဒီတူးလေးနဲ့ ပေါင်းပြီး flash လိုက်ပေါ့
အသုံးပြုနည်းလေး အခက်အခဲဖြစ်နေမှာစိုးလို့ ပုံလေးတွေနဲ့လုပ်ပြထားတယ်
တခြားတိုလီမုတ်စလေးတွေရောပါသဗျ စိတ်ဝင်စားတဲ့သူတွေကလိကြပေါ့
tool ကို ဖွင့်လိုက်မယ်
SYSTEM.IMG ပြင်မယ်
Unpack *.img ကိုသွား မြှားထိုးထားတဲ့အတိုင်း ၁ က select ကိုရွေးး ကိုဖြည်ချင်တဲ့ system.ကိုရွေးလိုက် running ဆိုပြီးး စာတန်းလေးပြပြီးးး
၃မိနစ်လောက်ဝန်းကျင်ဆို Succeed! ဆိုပြီး စာတန်းလေးပြရင် system.img ဖြည်ချင်းပြီးပြီ ပုံ ၂ ကအတိုင်း Open Dir ကိုနှိပ်လိုက် ဖြည်ထားတဲ့ system file တွေကိုပြလိမ့်မယ် ကျွန်တော်ကတော့
build.prop ကြည့်ပြီး firmware ရှာတဲ့အခါ ဒီတူးလေးကိုသုံးဖြစ်တယ်
(နောက်များ အဆင်သင့်ရင် MTK ဖုန်းများ build.prop ဖြင့် firmware ရှာနည်းတင်ပေးပါ့မယ်)
BOOT.IMG ပြင်မယ်
Edit boot.img ကိုသွား ပုံ ၄ က select ကိုနှိပ် ခနလေးပဲ စက္ကန့်ပိုင်းလောက်ပဲစောင့် ပုံ ၅ ကအတိုင်း file list လေး ပေါ်လာရင် ပြင်ချင်တာသာပြင်တော့ ဥပမာ adbd ကိုဖျက်ချင်ရင် adbd ဖိုင်လေးကို select ပြီးး Delete ကိုနှိပ်လိုက် ပြန်ထည့်ချင်ရင် Add a New File လေးကိုနှိပ်ပြီးထည့် အားလုံး စိတ်ကျေနပ်ပြီဆို Create ကိုနှိပ်လိုက် ခဏစောင့် ပုံ ၆ ကအတိုင်း Open Dir လေးပေါ်လာရင် နှိပ်လိုက် လုံးပြီးသား boot.img လေးး ရပါလိမ့်မယ်
ပေါက်ဖော်ကြီးးတူးကို
ဒီမှာဒေါင်းပါခင်ဗျာ
http://d-h.st/dXda
1

2
3

4



credit: firmware fix
အက်မင်စိုင်း

DC Phoenix Tool

ပါဝါဖွင့်လိုက်ရင် လိုဂိုတတ်ပြီးတာနဲ့
G6-U00 လေးး Boot Image Verify fail ဆိုပြီးပြပြနေတာလေးးး
မန်မိုရီကဒ်အထိုင်ကလည်းမကောင်းဘူး သိတဲ့တိုင်းပဲ G6 မန်မိုရီကဒ်အထိုင်က ထိလွယ် ရှလွယ်လေးးးလေ fastboot က flash ဖို့ bootloader ကလည်းး lock ဖြစ်နေတယ် DC Phoenix လေးကိုစမ်းချင်တာနဲ့ အတော်ဖြစ်သွားတယ် 
ကဲ စမယ် !!
phone ကို power key + vol down + vol up နှိပ်ပြီးးး dload နဲ့ တင်နေကျအတိုင်းဝင်လိုက် check sd update pkg is exit...
make sure usb cable has been inserted! ဆိုပြီးးစာတန်းလေးပေါ်လာရင် ကွန်ပျူတာနဲ့ချိတ်လိုက်
DC Phoenix tool လေးကိုဖွင့်လိုက် Username နဲ့ Password တောင်းလိမ့်မယ်
ဘာမှ ရိုက်စရာမလိုဘူး ဒီတိုင်း free userနဲ့ပဲဝင်လိုက်
ပြီးရင် Upgrade Mode ကိုရွေးး
Refresh ကိုနှိပ်လိုက် DBAdater Reserved Interface ဆိုပြီးး ပေါ်လာလိမ့်မယ် ဒါဆို ဖုန်းကို tool ကသိပြီ
ပုံ ၁ မှာမြှားထိုးထားတဲ့အတိုင်းး နှိပ်ပြီးး update.app ကို ရွေးပေးပါ
ပြီးရင် ပုံ ၂ ကအတိုင်း update ကိုနှိပ်လိုက်တာနဲ့ update.app တစ်ခုလုံးကို တင်နေပါလိမ့်မယ် အကယ်လို့ ပုံ၃ က extract all ကိုနှိပ်လိုက်ရင်
photo ထဲကအတိုင်း update.app ထားတဲ့နေရာမှာ update.app ကိုခွဲချပြီးသား တစ်ခါထဲ
folder ထဲမှာ img လေးတွေရယ် _fastboot.bat တွေကို fastboot က ဖလက်ဖို့ အဆင်သင့်ထုတ်ပေးပြီးသားလေးးရပါလိမ့်မယ်
fastboot mode ကနေ firmware တင်တာကို ကြည့်ချင်ရင် ဒီမှာကြည့်ပါ
bootloader unlock တော့ဖြစ်ရပါမယ်
https://www.youtube.com/watch?v=6-0OfH1cYBI
DC Phoenix Tool ကို ဒီမှာဒေါင်းပါ
https://my.pcloud.com/publink/show?code=hYectalK
free account လေး ရက်ပြည့်သွားလို့သုံးမရတော့ရင်
ဒီအကောက်လေးကိုသုံးပါ
Username - dcPhoenix
Password - freetest
-

-

-

-

-


credit: firmware fix
Admin Sai

Root မရှိတဲ့ MTK ဖုန်းတွေကို boot ဖိုင်ထုတ်ယူနည်း Video


http://www.4shared.com/video/4XSbrIBqce/boot.html
or
https://my.pcloud.com/publink/show?code=icPitalK


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

MTK Module Crack

NCK MTK Module Crack By Nokia Firmware


Image

Image

Password : Nokia.Firmware

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

New Tools By ( Nokia Firmware ) Create Shahzeb Khan

New Tools By ( Nokia Firmware ) Create Shahzeb Khan



Image



http://www.4shared.com/get/AS7UNrRgce/New_Tools_By__Nokia_Firmware__.html
or
https://drive.google.com/file/d/0B0VIaB_2-IOVMExQMGdNWWxQRnc/view?usp=sharing




Password : Hicham_Gsm

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

update.app မှ recovery,boot,system သုံးခုကို သီးသန့် ထုတ်ပေးတဲ့ exe


အမေများနေ့ အတွက် လက်ဆောင် အဖြစ် Ko Lwin Oo မှ ထုတ်ပေးလိုက်ပါတယ်
update.app မှ
recovery,boot,system သုံးခုကို
သီးသန့် ထုတ်ပေးတဲ့ exe လေးပါ။
update.app နဲ့ exe အတူတူထားပြီး
exe ကို run ရင်ရပါပြီ။
C8816 အထက်ပဲ ရပါတယ်။
mtk အတွက်ဆိုရင် recovery နဲ့ system ပဲ ရမှာပါ။
bootimg မထွက်ပါ။
MTK sp flash tool အတွက် MOF မှာ တင်ပါမည်။
Thank to Phyo Nyi Nyi

boot ဖိုင်ရပြီးပြီဆိုရင် insecure boot / superboot ဆောက်နည်းတွေကို ဒီလင့်တွေမှာလေ့လာပါ
=========================================================
==========================================================
http://newusersformobile.blogspot.com/2013/07/insecure-boot-image.html

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Android မှာ OTA Updates ပြုလုပ်ရင် Root ကို ထိန်းသိမ်းထားနည်းများAndroid မှာ OTA Updates ပြုလုပ်ရင် Root ကို ထိန်းသိမ်းထားနည်းများ














Android မှာ OTA (Over-The-Air) Updates ပြုလုပ်ရင် Root Access ကို ဖယ်ရှားလိုက်တဲ့အတွက် Root ပြန်လုပ်ရတဲ့ အလုပ်ရှုပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း Root ကို ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချို့ Device များမှာ Root ပြန်လုပ်ရတာ အလွန်လွယ်ကူပါတယ်။ 
Google က Update များ မကြာခဏပေးလေ့ရှိတဲ့ Nexus Device များမှာတော့ OTA Update လုပ်တိုင်း စိတ်ညစ်စရာ ကြုံရမှာ ဖြစ်ပါတယ်။
ဘာကြောင့် Root ဆုံးရှုံးရသလဲ
Android ဟာ Linux ကို အခြေပြုထားတာကြောင့် ၀င်းဒိုးရဲ့ Administrator User Account နဲ့ ဆင်တူတဲ့ Root User Account ဆိုတာ Android မှာ ပါရှိလာပါတယ်။ Default အားဖြင့် Android မှာ Root Account ကို အသုံးပြုခွင့် မပေးပါဘူး။ Root ပြုလုပ်ခြင်းဟာ Root Account ကို အသုံးပြုလို့ရမှာ ဖြစ်ပြီး SU Binary ကို အင်စတော လုပ်ပေးမှာပါ။ Apps များက SU ကို အသုံးပြုပြီး Android ရဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များကို သုံးနိုင်မှာပါ။ လုံခြုံရေး ပြဿနာများကြောင့် Android မှာ နဂိုအားဖြင့် Root ပြုလုပ်ပေးထားခြင်း မရှိတာပါ။ အထူးသဖြင့် နည်းပညာနဲ့ အကျွမ်းဝင်မှု မရှိသူတွေအတွက် ဖြစ်ပါတယ်။
Root ပြုလုပ်ရင် SuperSU or Superuser လို App များကို အင်စတော လုပ်မှာ ဖြစ်ပါတယ်။ အဲဒီ App ဟာ SU Binary ကို ထိန်းချုပ်နိုင်တဲ့အတွက် ဘယ် App ကို Root Access ပေးမလဲဆိုတာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Operating System Update ကို အင်စတော လုပ်ရင် Root Access ကို ဆုံးရှုံးလေ့ရှိပါတယ်။ OTA Update က SU Binary ကို ဖယ်ရှားပြီး Android System Partition ကို Factory State ကို ပြန်လည် ပြုပြင်လိုက်တာပါ။
Xposed Framework ကို အင်စတော လုပ်ထားရင် OTA Update ကို အင်စတော မလုပ်ခင် Xposed Framework ကို အရင် ဖြုတ်ထားရပါတယ်။ မဟုတ်ရင်တော့ အောက်က Error လိုမျိုးပေါ်လာမှာ ဖြစ်ပြီး Update လုပ်လို့ ရမှာ မဟုတ်ပါဘူး။
SuperSU’s OTA Survival Mode

OTA Update ပြုလုပ်ရင် Root မပြုတ်သွားအောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းများရှိပေမယ့် အမြဲတမ်း အဆင်ပြေတဲ့ နည်းလမ်းများ မဟုတ်ပါဘူး။ အဲဒီနည်းလမ်းများဟာ Minor Update များအတွက်သာ Root မပြုတ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ နောက်ပြီး အရင် Android Version များမှာသာ အဲဒီနည်းလမ်းများက အလုပ်ဖြစ်ပြီး နောက်ပိုင်း Android Version များမှာ အလုပ်မလုပ်နိုင်တော့ပါဘူး။
ဥပမာ အားဖြင့် SuperSU မှာ “ Survival Mode” ပါရှိပြီး OTA Update မလုပ်ခင် Enable ပြုလုပ်ထားခြင်းဖြင့် Root ကို ထိန်းသိမ်းနိုင်မှာပါ။ ဒါပေမယ့် ၂.၄၉ ဒေါ်လာ ကျသင့်တဲ့ SuperSU Pro မှာသာ အဲဒီ “Survival Mode” ပါရှိတာပါ။ နောက်ပြီး Root ကို ထိန်းသိမ်းထားမယ်လို့ အပြည့်အ၀ အာမ မခံပါဘူး။
OTA RootKeeper က အခမဲ့ ဖြစ်ပေမယ့် Android 4.3 နဲ့ အသစ် ဗားရှင်းများမှာ အလုပ်မလုပ်ပါဘူး။
SuperSU Pro ဟာ တကယ် အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်လိုက်ပါတယ်။ App ကို Android 4.4.3 အသုံးပြုထားပြီး Root လုပ်ပြီးသား Nexus 4 မှာ အင်စတော လုပ်လိုက်ပါတယ်။ Survival Mode ကို Enable လုပ်ပြီး OTA Update ကနေ Android 4.4.4 ကို အဆင့်မြှင့်ကြည့်တဲ့အခါမှာ Root ပြုတ်မသွားဘဲ ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။
Survival Mode က အလုပ်ဖြစ်ပေမယ့်လည်း ခြွင်းချက်ရှိပါတယ်။ Android 4.4.4 ဟာ Minor Update ဖြစ်တဲ့အတွက် Major Update များကို အင်စတော လုပ်ရင်တော့ Survival Mode က အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ အနာဂတ် Android Version များကို Update ပြုလုပ်တဲ့နည်းကို ပြောင်းလဲပစ်နိုင်ကောင်း ပစ်နိုင်ပြီး Survival Mode ကို အကျိုးမဲ့ ဖြစ်စေနိုင်ပါတယ်။ OTA RootKeeper ကိုလည်း ဒီနည်းအတိုင်း အသုံးမ၀င်အောင် ပြုလုပ်လိုက်တာပါ။ Google Play Store မှ SuperSU Pro ရဲ့ စာမျက်နှာမှာ “No Guarantees” လို့ သတိပေးထားပါတယ်။
Root ပြုလုပ်နည်း သုံးနည်း
သင့်ရဲ့ Android Device မှာ Root ပြုတ်သွားရင် ပြန်ပြီး Root လုပ်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။
• Unlock the Bootloader: Google နဲ့ Device ထုတ်လုပ်သူများက Root ပြုလုပ်ခြင်းကို တရားဝင် ပံ့ပိုးပေးထားခြင်း မရှိပေမယ့် အချို့ Device များမှာ Low-Level Access ရဖို့အတွက် နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ ဥပမာ အားဖြင့် Nexus Device များဟာ Developer များအတွက် ရည်ရွယ်ထားပြီး Command အနည်းငယ်ဖြင့် Bootloader ကို Unlock လုပ်နိုင်ပါတယ်။ အဲဒီနောက်မှာ SU Binary ပါတဲ့ .zip ဖိုင်ကို Recovery Screen ကနေ Flash ပြုလုပ်ခြင်းဖြင့် Root ပြုလုပ်နိုင်ပါတယ်။ Nexus Root Toolkit လို Tools များက အဲဒီဖြစ်စဉ်ကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ အခြား ဖုန်းထုတ်လုပ်သူများက အချို့ Device များရဲ့ Bootloader ကို Unlock လုပ်ဖို့ တရားဝင်နည်းလမ်းများကို ပံ့ပိုးပေးထားပါတယ်။
• Exploit a Security Vulnerability: အချို့ Device များမှာ Bootloader ကို Unlock လုပ်လို့မရအောင် ပြုလုပ်ထားတတ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ Device များရဲ့ လုံခြုံရေး ဟာကွက်ကို ဖော်ထုတ်ပြီး System Partition မှာ SU Binary ကို အင်စတော လုပ်ခြင်းဖြင့် Root ပြုလုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ Verizon သို့မဟုတ် AT&T မှ Galaxy S5 ကို ပထမဆုံး Root ပြုလုပ်နိုင်သူကို ဒေါ်လာ ၁၈၀၀၀ ဆုကြေးပေးတဲ့ ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ လုံခြုံရေး ဟာကွက်ကို တွေ့ရှိခဲ့ပေမယ့် နောက်ပိုင်း Update မှာတော့ အဲဒီ ဟာကွက်ကို ဖာထေးပြီး Root ပြုလုပ် မရအောင် ကန့်သတ်ထားမှာဖြစ်ပါတယ်။
• Flash CyanogenMod or Another Custom ROM: CyanogenMod လို Custom ROMs များမှာ ကြိုတင် Root လုပ်ထားတတ်ပါတယ်။ CyanogenMod မှာ Root Access ကို Enable or Disable ပြုလုပ်ဖို့ Settings မှာ အဖွင့်၊ အပိတ် ခလုတ်ပါရှိပါတယ်။ ROM မှာ Root ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရင် CyanogenMod ဗားရှင်းအသစ်ကို Upgrade ပြုလုပ်ရင် ဖြစ်ဖြစ် Custom ROM ကို အသုံးပြုရင် ဖြစ်ဖြစ် Root ကို မပြုတ်ပါဘူး။
Root ပြန်လုပ်ရတာ ခက်သလား
Nexus Device လို Bootloader ကို Unlock လုပ်ထားတဲ့ Device မှာဆိုရင် OTA Update လုပ်လိုက်လို့ Root ပြုတ်သွားရင်လည်း Root ပြန်လုပ်ရတာ လွယ်လွယ်လေးပါ။ Android Device ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အရင် နည်းလမ်းအတိုင်း Root လုပ်ပေးလိုက်ရုံပါပဲ။ ဥပမာ အနေနဲ့ Nexus Root Toolkit ကို သုံးနိုင်သလို adb command နဲ့ ကိုယ်တိုင် Root လုပ်နိုင်ပါတယ်။
လုံခြုံရေးဟာကွက်ကို ရှာပြီး Root ပြုလုပ်ရတဲ့ Android Device များမှာ ဆိုရင် OTA Update မယူခင် Root ပြုလုပ်နိုင်မယ့် နည်းလမ်းများကို အရင်ရှာဖွေထားသင့်ပါတယ်။ လုံခြုံရေးဟာကွက်ကို ဖာထေးထားတယ်ဆိုရင် နောက်ထပ် ဟာကွက်တစ်ခုကို ရှာမတွေ့ခင် Update မလုပ်သင့်ပါဘူး။ Root မလုပ်ချင်သူတွေအတွက်တော့ Update လုပ်နိုင်ပါတယ်။
Update ပြုလုပ်ပြီးတိုင်း Root မလုပ်ချင်ရင်တော့ Root Access ပါရှိပြီးသား CyanogenMod ဒါမှမဟုတ် Custom Android ROM များကို အသုံးပြုနိုင်ပါတယ်။
OTA Update ရယူပြီးလို့ Root ပြုတ်သွားပြီဆိုရင် ပြန်ပြီး Root လုပ်ဖို့အတွက် သင့်ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး မိနစ်အနည်းငယ်သာ ကုန်စေနိုင်သလို ရက်သတ္တပတ်များစွာ ဒါမှမဟုတ် လပေါင်းများစွာ အချိန်ကုန်နိုင်ပါတယ်။ ဒါကတော့ သင့်ရဲ့ Device အမျိုးအစား အပေါ်မူတည်ပါတယ်။
ref;http://www.myanmardigitallife.com/
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...