TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label IOS Apps. Show all posts
Showing posts with label IOS Apps. Show all posts

iPhone, iPod, iPad များတွင် Applications store များ







iPhone, iPod, iPad များတွင် အလွယ်ကူဆုံး နည်းဖြင့် Applications stores ကို install လုပ်နည်းလေးပါ သိပ်ကိုလွယ်ကူပီး အဆင်ပြေတဲ့နည်းလမ်းကို အားလုံးအဆင်ပြေရန်အတွက် share ပေးလိုက်ပါတယ်။
Safari browser ကနေ ဖွင့်ပြီး မိမိ နှစ်သက်တယ် Applications store ကို install လုပ်လိုက်ပါ၊
m.itools.cn
☆မှတ်ချက် jailbreak လုပ်ထားလဲ ရတယ် မလုပ်ထားလဲ ရတယ်☆

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Facebook က မိမိဘယ်သူမှန်းမသိစေဘဲ chatting ပြုလုပ်နိုင်မည့် Rooms app အားထုတ်ဝေ

Facebook-Rooms-app-download-error-problems

အင်တာနက် စတင်အသုံးများခဲ့ကြတဲ့ ၁၉၉၀ ပြည့်လွန်နှစ်များက သုံးစွဲသူများဟာ ဖိုရမ်များ၊ chat rooms များမှာ မိမိရဲ့ nick name နဲ့ ဝင်ရောက်စကားပြောဆိုခဲ့ကြပါတယ်။
ယခုတော့ facebook က စမတ်ဖုန်းများအတွက် ယင်းကဲ့သို့ မိမိမည်သူမည်ဝါမှန်းမသိစေဘဲစကားပြောဆိုနိုင်မည့် Room ဆိုသော apps ကို
ထုတ်လွှင့်ပေးလိုက်ပါပြီ။
မိမိတို့စိတ်ဝင်စားရာ အကြောင်းအရာများနှင့်ပတ်သက်ပြီးဆွေးနွေးစကားပြောဆိုနိုင်ရန်ကိုယ်ပိုင် Room ကိုတည်ဆောက်နိုင်ကာ members များကို ဖိတ်ခေါ်နိုင်ပါတယ်။
စာသားများသာမက ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များ၊ emoji icon များကိုပါတင်နိုင်မှာဖြစ်ပါတယ်။
မိမိရဲ့ email နဲ့ sign up လုပ်ရမှာဖြစ်ပေမယ့် Facebook နဲ့ချိတ်ထားမှာတော့မဟုတ်ပါဘူး။ဒါ့ကြောင့် သင့်ရဲ့ Rooms account ကသီးခြားစီရှိနေမှာဖြစ်ပါတယ်။
သင့်အနေဖြင့်အခြားသော room များကိုချိတ်ဆက်ဝင်ရောက်ကာ status များရေးသားနိုင်မှာလည်းဖြစ်ပါတယ်။
လတ်တလောအနေဖြင့် iOS အတွက် သာရရှိနိုင်သေးပြီး အောက်ပါ Link မှာ apps ကိုရယူနိုင်မှာဖြစ်ပါတယ်။


ref MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS 8 တွင်အသုံးပြုနိုင်သော မြန်မာကီးဘုတ်များ



IMG_0044

iOS 8 မှာ Third Party ကီးဘုတ်တွေကို အသုံးပြုခွင့်ပေးလိုက်တာနဲ့ မြန်မာကီးဘုတ်အများအပြား ပေါ်ထွက်လာပါတယ်။ လက်ရှိ ကျွန်တော်သိတဲ့ ကီးဘုတ်တွေအကြောင်းကို ပြောပြမှာဖြစ်ပါတယ်။ ကီးဘုတ်တစ်ခုစီမှာ ထူးခြားချက် အနည်းဆုံး ၁ မျိုးစီရှိကြပါတယ်။ အရင်ဆုံးထွက်တဲ့ keyboard ကနေ နောက်ဆုံး ထွက်တဲ့ အထိရက်စွဲအလိုက်စီစဉ်ထားတာပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ U.S Store ကဈေးနှုန်းတွေပဲဖြစ်ပါတယ်။
1) Black Keys ($0.99)
IMG_0047
Black Keys ဆိုတာကတော့ Apple ကနေတရားဝင် ကီးဘုတ်မပါတဲ့ အာရှနိုင်ငံတွေအတွက် ကီးဘုတ်တွေပါဝင်တဲ့ app ဖြစ်ပါတယ်။ မြန်မာဘာသာအတွက် Zawgyi နဲ့ Unicode နှစ်မျိုးလုံးပါဝင်ပါတယ်။ App Store မှာ $0.99 နဲ့ဝယ်ယူနိုင်ပါတယ်။
Download Black Keys







2) TTKeyboard (Free)
IMG_0045
TTKeyboard ကိုတော့ အားလုံးရင်းနီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ iOS 6 မှာထဲက cydia tweak အနေနဲ့ ထွက်ရှိထားပြီး iOS 8 မှာတော့ app store ပေါ်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ Smart Zawgyi ပါဝင်တဲ့အတွက် ကီးဘုတ်အသုံးပြုရတာ အလွန်လျှင်မြန်စေပါတယ်။ Android မှာ နာမည်ကြီး မြန်မာကီးဘုတ်တစ်ခုဖြစ်တဲ့ Bagan Keyboard က TTKeyboard ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ အခမဲ့ရရှိပြီး ကျွန်တော်အကြိုက်ဆုံးကီးဘုတ်တစ်ခုဖြစ်ပါတယ်။ App Store မှာ အခမဲ့ရရှိနိုင်ပြီး premium theme တွေကိုတော့ $0.99 နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Happy Free Theme ၃မျိုးကို အခမဲ့ပေးထားပါသေးတယ်။
Download TTKeyboard






3) Takaung (Free)
IMG_0051Takaung Keyboard ကတော့ အခမဲ့ရတဲ့ keyboard တစ်ခုပဲဖြစ်ပါတယ်။ Zawgyi Keyboard တစ်မျိုးထဲပါဝင်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကိုယ်အသုံးများတဲ့ စာကလုံးတွေကို မှတ်ထားနိုင်ပြီး ပြန်လည်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကိုယ်မှတ်ထားတာကိုသာ ပြပေးမှာဖြစ်ပြီး prediction သဘောမျိုး ခန့်မှန်းပေးတာမဟုတ်ပါဘူး။
Download Takaung Keyboard







4) Nexy Keyboard (Free)
IMG_0050
Nex က အသက်ငယ်ငယ် Developer ချောချောလေး နှစ်ယောက် ရေးသားထားတဲ့ မြန်မာကီးဘုတ်ပါ :-P ။ Zawgyi Unicode နှစ်မျိုးရပါတယ်။ Android L ရဲ့ Material White Theme နဲ့ဖြစ်ပြီး သူ့ရဲ့ထူးခြားချက်ကတော့ မြန်မာလက်ကွက် မသုံးတတ်သူတွေအတွက် Burglish နဲ့ရိုက်နိုင်မှာဖြစ်ပါတယ်။ ဥပမာ par လို့ရိုက်လိုက်ရင် ပါး၊ ပါ၊ ပါ့ လို့ သုံးခုဖော်ပြပေးမှာဖြစ်ပြီး ကိုရိုက်ချင်တဲ့ စာလုံးကို ရွေးချယ်လိုက်ယုံပါပဲ။ နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ Eng Keyboard ကိုပါထည့်သွင်းပေးထားတဲ့ အတွက် Keyboard တစ်ခုခုနဲ့တစ်ခုပြောင်းရင် မကြာတော့ပါဘူး။ App Store မှာ အခမဲ့ရနိုင်ပါတယ်။
Download Nexy Keyboard






5) Shwe Keyboard ($0.99)
IMG_0049Developer ကိုဇော်မင်းစိုးရဲ့ Initial Studio ကနေထုတ်လုပ်ထားတဲ့ Shwe Keyboard ပဲဖြစ်ပါတယ်။ Zawgyi တစ်မျိုးထဲ ပါဝင်ပါတယ်။ Shwe Keyboard မှာ smart zawgyi အပြင် function တွေအများကြီးပါဝင်ပါသေးတယ်။ Swipe Up Swipe Down တွေနဲ့ အသတ်၊ ရေးချ၊ ဝဆွဲ၊ အောက်ကမြင့်၊ စာလုံးဆင့် အစရှိတာတွေ ရေးနိုင်ပြီး အသေးစိတ်ကို App ထဲမှာ ဖော်ပြထားပါတယ်။ Double Tab လဲပါဝင်ပါတယ်။ အသုံးပြုတတ်ရင်တော့ တော်တော်မြန်တဲ့ ကီးဘုတ်တစ်ခုပါ။ App Store မှာ $0.99 နဲ့ဝယ်ယူနိုင်ပါတယ်။
Download Shwe Keyboard






6) MM Complex (Free)
IMG_0048Developer ကိုအောင်ခန့်မျိုးရဲ့ MM Complex Keyboard ဖြစ်ပါတယ်။ Android အတွက်လဲ ထွက်ရှိထားပါတယ်။ Zawgyi တစ်မျိုးထဲ အသုံးပြုနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ Keyboard က 5th Row Keyboard ဖြစ်ပြီး ဂဏန်းတွေကိုပါ တခါတည်း ရိုက်နိုင်ပါတယ်။ စာနဲ့ ဂဏန်းနဲ့တွဲရိုက်လေ့ရှိသူတွေအတွက်အသုံးဝင်နိုင်ပါတယ်။ Keyboard မှာ Allow Full Access မတောင်းတဲ့အတွက် Privacy အတွက် စိတ်ချရပါတယ် :P ။ App Store မှာ အခမဲ့ရနိုင်ပါတယ်။
Download MM Complex

ref : Myat Min Soe (MMAS)



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Android , iOS နဲ့ Windows ဖုန်းများအတွက် Skype မှထပ်မံထုတ်ဝေလိုက်တဲ့ “Skype Qik” app

s
Skype ကနေထပ်မံထုတ်ဝေလိုက်တဲ့ မိုဘိုင်း Application သစ်ဖြစ်ပါတယ်။ Skype Qik လို့အမည်ရပါတယ်။ “Skype Qik” application ကိုအသုံးပြုပြီး Group Chat ပုံစံပြောဆိုနိုင်မှာပါ။ ဒါပေမယ့် တခြား messaging ဆော့ဝဲတွေလိုမဟုတ်ဘဲ Video Group Chat ပုံစံသီးသန့်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဒီ app လေးထဲကနေ Skype Qik သုံးနေတဲ့သူငယ်ချင်းတွေကိုစုပြီး Group ထောင်နိုင်မယ် ၊ ဗီဒီယိုတိုက်ရိုက်ရိုက်ပြီး Group Chat မှာပေးပို့နိုင်မှာဖြစ်ပါတယ်။ Skype Qik app ကိုအသုံးပြုဖို့ Viber လိုမျိုးပဲ ဖုန်းနံပါတ်နဲ့ activate လုပ်ရမှာပါ။ Android , iOS Devices များအတွက် Skype မှထပ်မံထုတ်ဝေလိုက်တဲ့ “Skype Qik” app ကိုအောက်က link မှာရယူနိုင်ပါတယ်။
Skype Qik for iPhone
Skype Qik for Android


http://media.idownloadblog.com/wp-content/uploads/2014/10/Skype-Qik-1.0-for-iOS-iPHone-screenshot-001.png


ref MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Android ဖုန်းကိုင်သူများကို မနာလိုဖြစ်စေမည့် iPhone App တစ်ချို့ 


နာမည်ကြီး Application, Game အများစုသည် iOS အတွက်သာ အရင်ထွက်ရှိလေ့ရှိသည်။ iOS Platform အတွက် ထွက်ရှိပြီးမှသာ Android, Windows, စသည့် တစ်ခြား Mobile Plaform များအတွက် တဖြည်းဖြည်း ထွက်ရှိလာကြပါတယ်….

ယခုဖော်ပြမည့် iOS App များ မှာ တစ်ခြား မည်သည့် Platform အတွက်မှ ထုတ်လုပ်ထားခြင်းမရှိပါဘူး….. iPhone User များအတွက်သာ သီးသန့် ဖြစ်ပါတယ်…..

1. Manual
Manual App သည် Photography App အမျိုးအစားဖြစ်ပြီး သင်၏ iPhone Camera အား Professional Photographer များ ဓာတ်ပုံရိုက်သကဲ့သို့  ပြောင်းလဲပေးနိုင်ပါတယ်။
iTunes Link >> https://itunes.apple.com/app/id917146276

2. Paper
iPhone ဖြင့် Facebook အသုံးပြုသူများအတွက် အထူးထုတ်လုပ်ပေးပါတယ်။ တစ်မူထူးခြားတဲ့ User Expericene ကို မြင်တွေ့ နိုင်ပါတယ်။
iTunes Link >> https://itunes.apple.com/us/app/paper-stories-from-facebook/id794163692?mt=8

3. Next Glass
Next Glass App သည် ဘီယာနှင့် ၀ိုင်ပုလင်းများကို အိုင်ဖုန်းကင်မရာဖြင့် Scan ဖတ်နိုင်ပြီး အဆိုပါဝိုင်ပုလင်း၏ သက်တမ်း၊ အယ်လ်ကိုဟော ရာခိုင်နှုန်းမည်မျှပါသည် စသည့် အချက်အလက်များကို အသေးစိတ် ကြည့်ရှုနိုင်ပါသည်။
iTunes Link >> https://itunes.apple.com/us/app/next-glass-explore-craft-beer/id868322878?mt=8

4.Hyperlapse
Instagram မှ ထုတ်လုပ်ထားတဲ့ App တစ်ခုဖြစ်ပြီး Time-lapse Video များကို ကောင်းမွန်စွာ ရိုက်ကူးနိုင်ပါတယ်။
iTunes Link >> https://itunes.apple.com/app/id740146917

5. Dark Sky
Dark Sky App သည် သင့်အား ဘယ်အချိန် တွင် မိုးရွာမလဲ ဆိုတာကို အတိအကျ ဖော်ပြနိုင်ပါသည်။
iTunes Link >> https://itunes.apple.com/us/app/dark-sky/id517329357?mt=8

6. Clear
Clear App သည် နေ့ စဉ်လုပ်ဆောင်ရန် To Do List များကို အလွယ်တကူ သိမ်းဆည်းထားနိုင်ပါတယ်။ Drag & Drop ပုံစံမျိုး အသုံးပြုရသည့်အတွက် iPhone User များအတွက် အကောင်းဆုံး User Experience ကိုပေးနိုင်ပါတယ်။
iTunes Link >> https://itunes.apple.com/app/id493136154

7. Sky Guide
နက္ခတ္တဗေဒ App အမျိုးအစားတစ်ခုဖြစ်ပြီး မိမိ iPhone, iPad ကို ကောင်းကင်သို့ ချိန်ရွယ်လိုက်ရုံဖြင့် ထိုကောင်းကင်တွင် ကြယ်အရေအတွက် ၊ ဂြိုလ် အရေအတွက် မည်မျှ ရှိသည် စသည့်အချက်အလက်များကို ပြပေးပါတယ်။
iTunes Link >> https://itunes.apple.com/us/app/dark-sky/id517329357?mt=8
 
ref:IHouse Apple Services
Android မှာလည်း iOS ထက်သာတဲ့ App များစွာရှိပါတယ်လို့ ရန်ဖြစ်ကြနဲ့ညော် :D
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Mobile Data သုံးစွဲနှုန်းကို ၇၀ ရာခိုင်နှုန်းခန့် သက်သာစေသည့် Opera Mini Web Browser

Mobile ဖုန်းတွေနဲ့ အင်တာနက်သုံးတဲ့အခါ Data နဲ့ကောက်ခံတယ်ဆိုရင်  Data သုံးသလောက် ငွေကုန်ကျမှာဖြစ်လို့ Mobile Data သုံးစွဲနှုန်းသက်သာစေသည့် Opera Mini Web Browser ကိုသုံးစွဲသင့်ပါတယ်။ Opera Mini Web Browser ကိုအသုံးပြုပြီး Website တွေကြည့်တာ ၊ Facebook သုံးတာ ၊ Youtube ကြည့်တာတွေပြုလုပ်မယ်ဆိုရင် Mobile Data သုံးစွဲနှုန်းကို ပုံမှန်ထက် ၇၀ ရာခိုင်နှုန်းခန့်ပိုမိုချွေတာပေးနိုင်ပါတယ်။ Opera Mini Web Browser ကို iOS အတွက်ရော Android အတွက်ပါ ရရှိနိုင်ပါတယ်။ Opera Mini Web Browser ကို နိုင်ငံပေါင်း ၁၃၀ ခန့်က Users ပေါင်း သန်း ၃၀၀ ခန့်ကအသုံးပြုနေကြပါတယ်။ Mobile Data သုံးစွဲနှုန်းသက်သာစေသည့် Opera Mini Web Browser ကိုအောက်က link များမှာရယူနိုင်ပါတယ်။
iOS အတွက်ရယူရန် => https://itunes.apple.com/en/app/opera-mini-web-browser/id363729560?mt=8
Android အတွက်ရယူရန် => https://play.google.com/store/apps/details?id=com.opera.mini.android&hl=en

အားလုံးပဲအဆင်ပြေကြပါစေ ။
သက်နိုင်စိုး (Myanmar Mobile App Store)
http://www.facebook.com/thetnaing.mmas

Opera Mini – Fast web browser - screenshotOpera Mini – Fast web browser - screenshot

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

IOS 8 တွင် Nexy Keyboard ထည့်သွင်းနည်း





IOS 8   တွင် Nexy Keyboard  ထည့်သွင်းနည်း  လေးတင်ပေးလိုက်ပါတယ်။



 
1. Install ZawGyi Font.
(Note : Ignore the warning message for unsigned certificate)။
ZawGyi Font ကို Install ပြုလုပ်ပါ။
(မှတ်ချက် : Unsigned Certificate ဆိုပြီး Warning စာပြပါမည်။ အရေးမကြီးပါ။)

2. After Zawgyi font installation, go to Setting > General
Font Install ပြုလုပ်ပြီးလျှင် Setting > General အောက်ကိုသွားပါ။

3. And then, You should already be in General, Go for Keyboards.
ပြီးလျှင် General အောက်မှ Keyboards ထဲကို ထပ်သွားပါ။

4. In Keyboards Settings, You will find Keyboards again.
Keyboards ထဲဝင်ပြီးလျှင် Keyboard အမျိုးအစားရွေးချယ်ရသော Setting ကိုထပ်တွေ့ပါလိမ့်မည်။ ဝင်လိုက်ပါ။

5. You will find keyboards that you’re using currently, Go to “Add New Keyboard..” and Add “Nexy Keyboard”. You’re good to go!
သင်ယခုထည့်သွင်းထားသော Keyboard များကို မြင်တွေ့ရပါလိမ့်မည်။ Add New Keyboard တွင် Nexy Keyboard ကို ထည့်သွင်းပြီးပါက Nexy Keyboard ကို စတင်အသုံးပြုနိုင်ပါပြီ!


Download at    https://appsto.re/sg/azcJ3.i   

ref:http://www.zealot-mko.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

PhotoMath ဖြင့် သင်္ချာညီမျှခြင်းများကို ဖြေရှင်းခြင်း

 
 
PhotoMath ဟုခေါ်သည့် app သည် ကလေးငယ်များ၏ သင်္ချာအိမ်စာများကို ကူညီဖြေရှင်းပေးသည့် မိဘများ အတွက် အလွန်အသုံးတည့်စေမည့် app တစ်ခု ဖြစ်သည်။ Developer ကမူ ၎င်းကို ကမ္ဘာ့ ပထမဦးဆုံး ကင်မရာ ဂဏန်းတွက်ချက်စက်ဟု ခေါ်ဆိုထားသည်။ PhotoMath သည် သင်္ချာညီမျှခြင်း တစ်ခုကို ကင်မရာဖြင့် ဖမ်းယူရုံဖြင့် အဖြေကို ချက်ချင်း တွက်ချက်ပေးနိုင်သည်။ ထို့အပြင် သင်္ချာညီမျှခြင်းများကို မည်ကဲ့သို့ အဖြေရှာမည် ဆိုသည်နှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို တစ်ဆင့်ချင်းစီ ဖော်ပြပေးနိုင်သည်။ အသုံးပြုပုံက အောက်ပါအတိုင်း ဖြစ်သည်။

အဆင့် (၁)

သင်္ချာညီမျှခြင်းကို ကင်မရာ ဖရိန်၏ အတွင်းတွင်ထားပြီး scan လုပ်ပါ။ ဖရိန်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ကို drag လုပ်ကာ ချိန်ညှိနိုင်သည်။

အဆင့် (၂)

အဖြေကို screen ပေါ်တွင် အနီရောင်ဖြင့် တွေ့မြင်ရမည်။

အဆင့် (၃)

Steps ခလုတ်ကိုနှိပ်ပြီး အဖြေ တွက်ချက်ပုံကို ကြည့်နိုင်သည်။ တွက်ချက်ပုံ အဆင့် တစ်ဆင့်ချင်းစီကို ကြည့်ရှုရာတွင် arrow ခလုတ်များဖြင့် ကြည့်နိုင်သလို swipe up / swipde down ဖြင့်လည်း ကြည့်နိုင်သည်။

Screen အောက်ခြေတွင် History, Light, Steps, Help ဟူသည့် ခလုတ် လေးခု ပါဝင်သည်။ History ခလုတ်သည် လက်ရှိ scan လုပ်ထားသည်များကို ဖော်ပြပေးသည်။ Light ခလုတ်သည် အလင်းရောင် မရှိသည့် နေရာတွင် အိမ်စာလုပ်သူများတွက် ဖုန်း၏ LED ကို ဖွင့်ပေးနိုင်သည်။ Steps ခလုတ်က နောက်ဆုံး scan လုပ်ထားသည့် သင်္ချာညီမျှခြင်း မည်သို့ တွက်ချက်သည်ကို ပြသပေးသည်။ Help ခလုတ်မှာ PhotoMath အသုံးပြုပုံ အကျဉ်းချုပ်ကို ဖော်ပြပေးသည်။

PhotoMath ကို iOS နှင့် Windows Phone တွင် အခမဲ့သုံးနိုင်သည်။ Android version ကိုမူ ၂၀၁၅ ခုနှစ် အစောပိုင်းမှသာ ဖြန့်ချိမည် ဖြစ်သည်။

iOS ==> https://itunes.apple.com/us/app/photomath/id919087726
Windows Phone ==> http://www.windowsphone.com/en-us/store/app/photomath/1f25d5bd-9e38-43f2-a507-a8bccc36f2e6
 
www.thantoeaung.net
 
ref: Internet Journal
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS 8 အတွက် တကောင်း အမည်ဖြင့် iOS မြန်မာ ကီးဘုတ် ထွက်ရှိ

 

TaKaung Myanmar Keyboard

 
အသစ်ထပ်မံထွက်ရှိလာပါတယ် ။ ကီးဘုတ်ဒီဇိုင်းရှင်းလင်းလှပပြီး စာရိုက်ရလွယ်ကူမြန်ဆန်တဲ့ကီးဘုတ်တစ်ခုပါ။ AppStore ကနေ free download ရယူအသုံးပြုနိုင်မှာပါ။ အောက်က link မှာ ရယူနိုင်ပါတယ်။
https://itunes.apple.com/us/app/takaung-myanmar-keyboard/id918164885?mt=8




credit:MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

How To Fix ttKeyboard Error

iOS 8 အတွက် third-party မြန်မာကီးဘုတ် "ttKeyboard" ထွက်လာပြီးတဲ့နောက်မှာ မြန်မာစာတွေကို Jailbreak လုပ်စရာ မလိုတော့ပဲ အလွယ်တစ်ကူ ရေးသားနိုင်ပါပြီ..

"ttKeyboard" နဲ့ အစစအရာရာ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဖြစ်နေကြသေးတဲ့ သူအချို့လည်း ရှိနေပါသေးတယ်။ အခုရက်ပိုင်းအတွင်း အများဆုံး ဖြေရှင်းပေးနေရသော ပြဿနာမှာ "ttKeyboard" ကို သွင်းယူလိုက်ပြီးနောက် Keyboard မတက်ပဲ 'Blank' သာ ဖြစ်နေပြီး ဘာမှ ရိုက်လို့မရတဲ့ပြဿနာ ဖြစ်ပါတယ်..

ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့ပြီး အဆင်ပြေသွားစေတဲ့ နည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်..

နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဒါပေမယ့် သတိထားရမှာလေးတွေကို အရင်ပြောပါမယ်...

  • လက်တစ်လော မိမိ Device နဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးတွေရှိရင် iCloud နဲ့ BackUp လုပ်ပါ (သို့) Computer နဲ့ ချိပ်ဆက်ပြီး "DCIM" folder တစ်ခုလုံးကို copy ကူးယူထားပါ။
  • Mail, Contects အစရှိသည်တို့ကို iCloud နဲ့ BackUp လုပ်ပါ။
  • မိမိ Device Activation အတွက် Apple ID နဲ့ Password ကို မှတ်သား သိရှိထားပြီး ဖြစ်ရပါမယ်။
  • Wi-Fi connection (သို့) iTunes နဲ့ ချိပ်ဆက်ရန် Internet connection ရှိနေရပါမယ်။


**လုပ်ငန်းစဉ်**

အထက်ပါ အချက်အလက်များ အားလုံးပြီးပြည့်စုံပြီ ဆိုပါက...

Settings -> General -> Reset -> Erase All Content & Setting ကို နှိပ်ပြီး Reset ချလိုက်ပါ။



Apple Reset ချပြီးနောက် Activate လုပ်ပါ။ အားလုံးပုံမှန် ဖြစ်သွားပြီးနောက်တွင်

၁) မြန်မာစာဖောင့်ကို MyFont install လုပ်ပြီး သွင်းပါ။

၂) မြန်မာစာကီးဘုတ် ttKeyboard install လုပ်ပြီး သွင်းပါ။

>> How To Install Third-Party Keyboard

"ttKeyboard" ပြဿနာကို ဖြေရှင်းနိုင်သွားပါပြီ..





အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....  

ref: http://www.moethagyarr.info/
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ttKeyboard For iOS 8 (No Jailbrake Needed)

iOS 8 က Custom keyboard ကို install လုပ်ခွင့်ပေးလိုက်တဲ့အတွက် Myanmar developer များက မြန်မာ iOS user များအတွက် Keyboard App များကို ကြိုးစား ဖန်တီးခဲ့ကြပါတယ်...

အဲဒီကီးဘုတ်တွေထဲကမှ"Mogok" "LikeBook" "Tmusic Player" တို့ကို ဖန်တီးရေးသားခဲ့သူ iOS Developer ကိုဟိန်းသက်ခင်ဇော် ရဲ့ "ttKeyboard" App လေးကို ကြိုတင်ကာ မိတ်ဆက်ပေးလိုက်ပါရစေ..


"ttKeyboard" App လေးက ယခုစာရေးနေတဲ့ အချိန်ထိ Apple iTunes AppStore မှာ တရားဝင် တင်ပေးနိုင်ဖို့အတွက် Apple ရဲ့ approval ကို စောင့်နေဆဲ ဖြစ်ပါတယ်...

25.09.2014 : မှာတော့ "ttKeyboard" ကို တရားဝင် ထုတ်ပေးလိုက်ပါပြီ..

>> ttKeyboard Download

ပထမဦးစွာ "ttKeyboard" ကို စမ်းသပ်သုံးစွဲခွင့်ပေးခဲ့သော ကိုသန့်သက်ခင်ဇော် အား ကျေးဇူးအထူးတင်ပါတယ်..

ကျွန်တော် စမ်းသပ်အသုံးပြုခွင့် ရခဲ့တဲ့ "ttKeyboard" ဟာ version 1.1-2b(65) ဖြစ်ပါတယ်။
"ttKeyboard" မှာ "Zawgyi" နှင့် "Zawgyi (Non Smart)" option နှစ်ခုပါဝင်ပြီး "Zawgyi" သည် smart zawgyi ကီးဘုတ်ဖြစ်ပါတယ်...။


"ttKeyboard" ဟာ ကျွန်တော်တို့ ရေးသားနေကြ jailbreak keyboard ရဲ့ လက်ကွက်အတိုင်းဖြစ်လို့ သုံးရတာ လွယ်ကူသလို smart zawgyi လည်း ဖြစ်တာမို့ စာရိုက်ရတာ အလွန်လျှင်မြန်ပါတယ်။
အက္ခရာတွေ တော်တော်များများကို long-press နှိပ်လိုက်ရင် သက်ဆိုင်ရာ ဆက်စပ် စာလုံးတွေ ထပ်မံရွေးချယ်နိုင်ပါတယ်။ ပတ်ဆင့်များ ရေးသားဖို့အတွက် "အပြာရောင် (alt)" ကီးကို နှိပ်ပြီး ထပ်ဆင့်လိုသော စာလုံးကို ရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။
App ကို ဖွင့်လိုက်ရင် ရိုက်ရမည့် လမ်းညွှန်ချက်ကို ထည့်သွင်းထားပါတယ်..


ပြောင်းလဲသွားတဲ့ ကီးဘုတ်ပုံများကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်...


"ttKeyboard" ဟာ ဘာမှ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်မြန်ဆန်ပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ပြောရဲပါတယ်...

"ttKeyboard" ကို Free version အဖြစ် ထုတ်ပေးဖို့ % များတယ်လို့ ကိုသန့်သက်ခင်ဇော် က ပြောကြားခဲ့ပါတယ်...

"ttKeyboard" အမြန်ဆုံး Store ပေါ်ရောက်ပါစေလို့ ဝိုင်းဝန်းဆုတောင်းရင်း အတူတူ စောင့်လိုက်ကြရအောင်လား ခင်မျာ....





Credit to : သန့်သက်ခင်ဇော်  http://www.moethagyarr.info

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS 8 တွင် မြန်မာဖောင်. နှင်. ကီးဘုတ်သွင်းနည်း ( Non - Jailbreak)




iDevices အသုံးပြုရာအတွင် iOS 7 အထိ Jailbreak ရ မှ သာ မြန်မာကီး ဘုတ်ကို အသုံး ပြုလို.ရသော်လည်း iOS 8 တွင် Jailbreak လုပ်စရာ မလိုဘဲး ( Thard-Party Keyboard) မြန်မာဖောင်. နှင်. ကီးဘုတ် ကို အသုံးပြုလို.ရပါပြီ......Black Keys လို.အမည်ရသော Application ကို Apple Store တွင် $ ဖြင့်ဝယ်ယူအသုံးပြု.ရပါမည်။


အောက်ကလင်.တွင် ဝင်ပြီး ဝယ်ယူပါ။

https://itunes.apple.com/us/app/black-keys/id899894778?mt=8


 install လုပ်ပြီးပါက မြန်မာဖောင်.သွင်းရန် install missing fonts ကိုဝင်ပါ။




iPhone Screenshot 2



Myanmar Zawgyil ကို install လုပ်ပေးပါ။












ZawGyi  Font ကို install လုပ်ပြီးလျှင် Keyboard သွင်းရန် အတွက်   Setting > General > Keyboard > Keyboards > Add New Keyboard > Black Keys ကိုဝင်ပြီး  Burmese-Zawgyi ကို Enable လုပ်ပေးပါ ခင်ဗျ။






  ref:http://www.myanmaridroidappfree.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Facebook App မှာ ချက်တင်ဆင်ပြေစေရန် Messenger Download ပြီး Install လုပ်နည်း

ဖုန်းထဲမှာ ချက်ဖို့လုပ်ရင်အပေါ်ကလိုပုံ ကိုမြင်တွေ့ရင်တော့ မိမိဖုန်းထဲမှာ Messenger ကို Download ပြီး Install လုပ်ဖို့လိုအပ်ပြီပဲဖြစ်ပါတယ် ဘာလို့လဲဆိုတော့ Facebook ရဲ့အမြဲပြောင်းလဲနေတဲ့ စနစ်ကြောင့် အခုလဲ messeage စနစ်ကိုသူတို့ပြောင်းလဲလိုက်လို့ ပဲဖြစ်ပါတယ်။
 ပထမဦးစွာ messenger ကို Download ရန် 
https://www.facebook.com/mobile/messenger
ကိုသွားပါအပေါ်မှာပြထားသလိုပုံပေါ်လာပြီဆိုရင် အစိမ်းခလုတ်လေး Get Messenger ကိုနှိပ်ပါ
မိမိဖုန်း ဗားရှင်းလိုက် ပီး Android ဆို Android iPhone Windows နှိပ်ပါသက်ဆိုင်ရာ Store ထဲဝင်သွားပြီး Download နိုင်ပါပြီ
Download ပီးဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ Messenger ကိုဖွင့်လိုက်ပါ
 
Welcome to Messenger ဆိုတာနဲ့အောက်မှာ ကိုယ့် Facebook နာမည်နဲ့ ပေါ်နေပါမယ် အပြာနောက်ခံနဲ့ Continue ကိုနှိပ်ရင် Logging in ဆိုပြီးလည်နေပီးခဏစောင့်ပါ
 အပေါ်ကိုဆွဲတင်လိုက်ပါ အောက်ဆုံးက Sync Contacts အောက်က Not Now ကိုနှိပ်ပါ
ဖုန်းနံပါတ်ထည့်ဖို့နေရာပေါ်လာပါမယ် အဲကိုကိုလဲ အပေါ်ဆွဲတင်ပီး Not Now နှိပ်လိုက်ပါ
Skip hpone number? မေးလာရင်တော့ Skip ကိုနှိပ်ပါ

You're on Messenger လို့ပေါ်လာရင် Continue ကိုနှိပ်ပါ
ဒီလိုကိုယ့်သူငယ်ချင်းတွေပုံနဲ့စကားပြောထားတာလေးတွေပေါ်လာရင်တော့ Messenger Install လုပ်ခြင်းပြီးဆုံးပါပြီ Messenger အချင်းချင်းလည်း viber လို ဖုန်းပြောလို့ရပါတယ်
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...