TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Android ဖုန်း ကိုင်သူတိုင်း ဖတ်ဖြစ်အောင် ဖတ်ပေးပါ…..

Custom Rom က ဘယ်ဖုန်း အတွက် ပဲ ဖြစ် ဖြစ် ဘယ် လောက် ကောင်း တဲ့ rom ပဲ ဖြစ် ဖြစ် error အနည်း အများ ရှိ ကြပါတယ် ။ Android သုံး တဲ့ သူ တော်တော် များ များ က နောက် ဆုံး ဗားရှင်း သုံးချင် ကြ ပါ တယ် ။အများ စု က official မထွက် တော့ 2.3 Gb & 4.0 ics & 4.1 jb တင် ချင် ကြ တော့ custom rom ကို တင် ဖို့ ကြိုး စား လာ ပါ တယ် ။ ကိုယ် တိုင် တင် ကြ သလို ဆိုင် တွေ မှာ လဲ သွား တင် ကြ ပါတယ် ။ ဆိုင် တွေ က တော့ တချို့ လဲ စမ်း ပြီး သား အကောင်း ဆုံး error အနည်း ဆုံး Rom ရှာ ဖွေ ထား ပါတယ် ။တချို့ ဆိုင် တွေ ကတော
့ လာ မှ စမ်း ကြည့် ပြီး အကောင်ဆုံး ရှာ ပေး တာ တွေလဲ ရှိ ပါတယ် ။ဖုန်း တွေ က မော်ဒယ် တူ လဲ တစ် ခါ လေ ဗားရှင်း မကိုက် တာတွေ ရှိ တက် ပါ တယ် ။
ကောင်းချက် လေး စပြော ရမယ် ဆို ရင်
၁ ။ နောက်ဆုံး ဗားရှင်း သို့မဟုတ် ဗားရှင်း အမြင့် အသုံး ပြု ရခြင်း ။
၂ ။ နောက်ဆုံး ဗားရှင်း မှာ ပါတဲ့ apps အသစ် များ၊ နည်းပညာ အသစ်များ အသုံးပြု နိုင်ခြင်း ။
၃ ။ တချို့ ဖုန်းများ ရုပ်ထွက် ပိုမို ကောင်း မွန်လာ ခြင်း ။
၎ ။ တချို့ ဖုန်းများ ကင်မရာ ပိုမို ကောင်း မွန်လာ ခြင်း ။
၅ ။ တချို့ ဖုန်းများ မသိမသာ မြန်လာ ခြင်း စ တာတွေ ကောင်းပါတယ် ။
မကောင်းချက် တွေ က တော့
၁ ။ တချို့ ဖုန်း များ ကင်မရာ မရတော့ ခြင်း ။
၂ ။ တချို့ ဖုန်း များ wifi မရခြင်း ။
၃ ။ တချို့ ဖုန်း များ 3G အင်တာနက် မရခြင်း ။
၎ ။ တချို့ ဖုန်း များ bluetooth မရခြင်း ။
၅ ။ တချို့ ဖုန်း များ ဖုန်း လိုင်း မရခြင်း ။
အများ ကြီး ရှိ သေးတယ် ။ ဒါက အဓိ က အချက် တွေ ပါ ။
ဒါတွေ ကို Custom rom တင်ပြီး မရရင် တော်တော် များ များ က official firmware( စက် ရုံ ထုတ် နဂို Firmware ) ပြန်ရေး ရင်ကောင်းသွား တယ် ထင် ကြတယ် ။ကောင်းပါတယ် ၁၀ လုံး ၈ လုံးလောက် ထိ ပေါ့ ။ကျန် တဲ့ နှစ် လုံး က တော့ ကင်မရာ မရ တော့ လို့ ပြန် ရေးလိုက် လဲ ကင်မရာ က ပြန် မရ တော့ တာ မျိုး တို့ ။ ကျန်တဲ့ error တွေ နဂို Firmware ထိ ပြန် ပါ လာတက် တယ် ။ အဲ့ တော့ သေ ချာ စဉ်းစား ကြည့် ပေါ့ ။ကိုယ့် ဖုန်း ၁၀ လုံး ထဲ က နှစ် လုံး ဖြစ် သွား နိုင်တယ် ဆို တာ ။ ကိုယ် က ဆိုင် မှာ လက် တွေ့ ဖြစ် ခဲ့ ဖူး ပါတယ် ။ဆိုဒ် ထဲ တင် ဖို့ စမ်း ရင်း နဲ့ အကို ရဲ့ HTC နဲ့ ကျွှန်တော် ကိုင် တဲ့ galaxy s မှာ error ကျန် နေ ခဲ့ တာ မျိုး ပါ ။ HTC က တော့ နည်း လမ်း ရအောင် ရှာ ပြီး ပြင် လိုက် တာ Ok သွားတယ် ။ဟဲဟဲ ကိုယ့် ဖုန်း ကျ မှ ပဲ နည်းလမ်း ရှာ မရသေး ဘူး ။ အဲ့ ဒါ တွေဆို official firmware ပြန် တင် တဲ့ အလုံးတွေ ပဲ နော် ။
ခု အကြိုက် ဆုံး နဲ့ စိတ်အချမ်း သာ ဆုံး က တော့ official firmware လေး တွေ ပါ ပဲ ။
အားလုံး လဲ Custom Rom မတင်ပါ နဲ့ လို့ တိုက် တွန်း ချင် ပါတယ် ။
နောက် ထပ် အရေး ကြီးတာ က တော့ သိတဲ့ သူတွေ သိသလို မသိ တဲ့ သူ တွေ လဲ များ နေ လို့ သတိ ပေး လိုက်ပါတယ် ။
official Firmware ရေး ခြင်း ဖြင့် boot သေ နိုင် ပါတယ် ။ ၁၀ လုံး မှာ ၄လုံး လောက် သေတက် ပါတယ် ။မလုပ် တက် ပဲ ဖတ်ပြီး လုပ် ကြည့် ခြင်း ဖြစ် စေ သူ များ အထူး သဖြင့် မြန်မာ ဆိုဒ်တွေ မှာ ရေး ထား တာ တွေ ဖတ်ပြီး ဖတ် စေ ရေးခြင်း ဖြင့် Boot သေကြတာ များပါတယ် ။Boot သေ တယ် ဆို တာ အလွယ် တကူ ပြော ရရင် power မလာတော့ တာ ဖြစ် ပါတယ် ။ဖုန်း တော်တော် များများ Boot ပြန် ရေး လို့ မရသေး ပါ ဘူး ။ရတဲ့ ဖုန်း တွေ ဆို ရင် ၃၅၀၀၀ လောက် ကျ နိုင် ပါတယ် ။ကျွှန်တော် တို့ ဆိုင် မှာ လဲ Box နဲ့ ပြန် တင် ပေးပါတယ် ။ဖုန်း အမျိုး စား၃၀၀ လောက် တော့ ရပါတယ် ။သူ က hardware နဲ့ ဆော့ဝ် တွဲ လုပ် ရတာ ကြောင့် ဈေး လဲ ကြီးပါတယ် ။ပြင်မရ တဲ့ ဖုန်း ဆို သေ ပြီ ။လွတ်ပစ် လိုက် ရုံ ပဲ ထို့ ကြောင့် မသိ တဲ့ သူတွေ က ရဲရဲ ကြီး ကလိ နေ ပြီး ကပ်စီး ကုတ် တဲ့ သူတွေ က လဲ ကိုယ့် ဘာ ကိုယ် ဆော် နေ ကြ တာပါ ။ ကျွှန်တော် တို့ ကိုတိုင် တောင် ၂၀ လုံး ၁ လုံးလောက် သေတက် ပါတယ် ။ ထို့ ကြောင့် လုံး ၀ မစမ်း သပ် မကလိ ကြဖို့ တိုက် တွန်းလိုက် ပါတယ် ။
မှတ်ချက်။ ။ mobilehouse ဆိုဒ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ……
စိုင်းခိုင်တင့် (mrprincez.mmcyber@gmail.com)
လူကြီးမင်းတို့ရဲ့ ဝေဖန် အကြံပြုချက်တွေက ကျွန်တော်တို့ ရှေ့ဆက်ရမယ့် မနက်ဖြန်တွေအတွက် အားဆေးတစ်ခွက်ပါ….
by

Related Posts:

  • HUAWEI Y220T Firmware အကြောင်းသိကောင်းစရာ HUAWEI Y220T Firmware အကြောင်းသိကောင်းစရာ Huawei Y220t အတွက် လိုဂိုကနေ မတက်လို့ Firmware တင်ရမှာ လွယ်တယ်လို့ ထင်နေတယ် မှတ်လား ဒါပေမဲ့ သင်ပြောသလို … Read More
  • နှေးကွေးလေးလံတဲ့ Android ဖုန်းကို အမြန်ဆုံးဖြစ်အောင် လုပ်ကြမယ် (SuperCharger Method-- Rooted Phone) Android Phone သုံးသူတိုင်း သူ့ဖုန်းလေးကိုမြန်မြန်ဆန်ဆန်နဲ့ ချောချောမွေ့မွေ့လေး (ပြောရရင်တော့ သွက်သွက်ကလေးပေါ့) ဖြစ်နေစေချင်ကြပါတယ်။ ဒါပေမဲ့ခက်တ… Read More
  • Galaxy RFK tool အဟမ်းအဟမ်းး....မိုက်ခရိုဖုန်းးးအသံနဲနဲလောက်ကျယ်ပေးးးပါ.... အဲယောင်လို့.... :D ဘာမှမဟုတ်ပါဘူးးးဗျာ....ကျနော်ကလိထားတာလေးလာပေးတာ..... Tool လေ… Read More
  • Android Phone ADB Driver Collection MMAS က mobile users တွေအတွက် Android ဖုန်းအမျိုးအစားအစုံအတွက် ADB Driver တွေစုစည်းတင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာ မိမိတို့ဖုန်းနဲ့ကိုက်ညီမယ့်… Read More
  • Font Installer v1.2 Font Installer v1.2 လိုအပ်ချက်များး ROOTED USBDEBUGGING ON ADB သိ UNKNOWN SOURCE ON ဆိုရင်ရပါပြီ DOWNLOAD HERE >> http://d-h.st/joc <… Read More

19 comments:

  1. ကျွန်တော်လည်းcustom romတင်ဖို့လုပ်နေတာအစ်ကိုပြောတာနဲ့တော်ပါပြီ သူ့အတိုင်းလေးပဲကောင်းပါတယ်နော်။very very thanks.

    ReplyDelete
  2. များများကလိတော့ မြန်မြန်ပျက်၏

    ReplyDelete
  3. မြန်မြန်ပျက်တော့ အသစ်ရ၏ ။

    ReplyDelete
  4. မှတ်ပြီးလား

    ReplyDelete
  5. ဒါမှ သိတာ ကလိပါ

    ReplyDelete
  6. ဟိုက်........... ခုမှ သိတယ် တင်ပြီးလို့ reboot မတက်တော့လို့ ဆိုင်မှာလဲ မကယ်နိုင်ဖြစ်နေတယ် galaxy ace လေ ဒီကတော့ အတင်မှားတယ်ပဲ လို့ ထင်တာ firmwall တင်တာတော့ အစဉ်ပြေတယ် နောက်ထပ်တင်တာ ဂန့်တာပဲ မတက်တော့ဘူး ဘယ်လိုလုပ်ရမလဲ မသိဘူး ဗျာာာာာာာာာာ ကူညီပါအုံး

    ReplyDelete
  7. ဟိုက်........... ခုမှ သိတယ် တင်ပြီးလို့ reboot မတက်တော့လို့ ဆိုင်မှာလဲ မကယ်နိုင်ဖြစ်နေတယ် galaxy ace လေ ဒီကတော့ အတင်မှားတယ်ပဲ လို့ ထင်တာ firmwall တင်တာတော့ အစဉ်ပြေတယ် နောက်ထပ်တင်တာ ဂန့်တာပဲ မတက်တော့ဘူး ဘယ်လိုလုပ်ရမလဲ မသိဘူး ဗျာာာာာာာာာာ ကူညီပါအုံး

    ReplyDelete
  8. Logo တက်သေးလား

    ReplyDelete
  9. ကျွန်တော့်ဖုံးကလေpowerဖွင့်ရင်လာသေးတယ်
    ဒါပေမဲ့logကိုဆွဲလို့မရတော့ဘူးမှန်သေတာလား
    ပြန်ပြင်ရင်ဘယ်လောက်ကုန်နိုင်လည်းပြောပြပါအုံး

    ReplyDelete
  10. ကျွန်တော့်ဖုံးကလေpowerဖွင့်ရင်လာသေးတယ်
    ဒါပေမဲ့logကိုဆွဲလို့မရတော့ဘူးမှန်သေတာလား
    ပြန်ပြင်ရင်ဘယ်လောက်ကုန်နိုင်လည်းပြောပြပါအုံး

    ReplyDelete
    Replies
    1. ဘာဖြစ်တာလဲပဲမသိgameတစ်ခုကိုinstall၇ိုက်ရင်းကအားကုန်သွားလိုအားသွင်းလိုင်တာပွင့်လာလို့logကိုဖွင့်တာဆွဲလို့မရတော့တာပြီးရင်ပြန်ပိတ်သွားတယ်ဘာဖြစ်တာလဲပြောပါအုံးသြော်ကျွန်တော့အမည်ကလဲthan toe aungပဲနော်ပိတောက်ခင်ကေ၇တာရှည်မှ10တန်းတတ်နေတာ

      Delete
    2. ပြန်လာသေးလား ဘာWin လဲ

      Delete
  11. huawei y 210 3မိနစ် ကြာရင် power ပိတ်သွားလို့ ကူညီပါအုံးဂျာ

    ReplyDelete
  12. huawei တက်ပလက်တွေဝယ်ချင်လိုဈေးနှုန်လေးပြောပြပေးပါကူညီပါပိတောင်ခင်ကသန်းတိုးအောင်အတွင်ဆိုပြီးပုံလေးနဲ့သူများတွေကြည့်လို့လည်းရအောင်တင်ပေးပါthankyou

    ReplyDelete
  13. ကလိမှသိမကလိရင် ဘာမှမသိတော့ ဆိုင် အတွက်ပေါ့ တတ်သည့်ပညာ မ နေသာ ဖြန့်ကျဲပေးပေါ့ မင်းတို့ကြီးဘဲ ဝါးဘို့ချောင်းနေကြတာဘဲ

    ReplyDelete
  14. ဖုန်းတလုံးမှာဖျက်သင့်တဲ့ဆော့ဝဲနဲ့အသုံးဝင်တဲ့ဆော့ဝဲကိုသေချာစွာပြောပြနိုင်မယ့်ဆော့ဝဲကောင်းတခုလိုချင်ပါတယ်

    ReplyDelete
  15. အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးပါ.....။

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...