ထွက်လာတာမကြာသေးတဲ့ အလန်းဇယား Xperia P လေးကို Root ကြရအောင်
ပထမဦးဆုံး Unlock Bootloader အရင်လုပ်ရပါမည်..
အမ်…. Unlock မလုပ်ပဲ Binary Root Tool ကနေ Root လို့ရဘူးလားမေးနဲ့နော်.ခိခိ .ကျတော်လဲအပျင်းထူပြီးစမ်းကြည့်သေးတယ်…ဘီလိုမှရဘူးခင်ဗျ..အဲဒါနဲ့ပဲ Unlock လုပ်ပြီး အောက်ပါနည်းအတိုင်း လုပ်ရတော့တာပေါ့နော်.ပျင်းထူနဲ့ လုပ်လုပ်
Driver ရှိထားရပါမယ်..အဲဒီအတွက် Flash Tool ကို PC/Laptop မှာ install ပေးရပါမယ်
ပြီးရင်တော့…မိမိ window တင်ထားတဲ့ Drive ထဲမှာ flash tool ကိုရှာလိုက်ပါ ဥပမာ C:
Flash tool ထဲဝင်လိုက်ပါ..
Driver ထဲဝင်ပြီး Flash Tool ‘ Driver ကို Install ပေးပါမယ်.. Box ထဲမှာရှိတာအကုန်ထုတ် အဲ့..မှားလို့.အမှန်ခြစ်ပေးပြီး Install ပေးလိုက်ပါ
(Anti-virus ရှိရင် ပိတ်ထားလိုက်နော်)
Flash Tool မရှိသေးရင် ဒီမှာယူပါ… Flash Tool
ပြီးသွားရင်တော့ Unlock Bootloader လုပ်ပါမယ်
ဒီအောက်က Link မှာ ကြည့်ပါခင်ဗျ
Unlock Bootloader — > Unlock Bootloader
Unlock Bootloader ပြီးမြောက်အောင်မြင်သွားပြီဆိုရင်တော့…လိုအပ်တာလေးတွေဒေါင်းရအောင်
(1) Fastboot
(2) Kernel P.elf
အဲဒီ ၂ ခုစလုံး Down ပြီးသွားပြီဆိုရင်တော့.. Fastboot ကို Desktop ပေါ်မှာ Unzip (ဇစ်ဖြည်) လိုက်ပါ
ပြီးရင်တော့ Down ထားတဲ့ Kernel P.elf လေးကို Fastboot folder ထဲမှာ ကူးထည့်ထားလိုက်ပါ
စတင်ပါပြီခင်ဗျ ခုချိန်ကစပြီးတော့ ……ဟိဟိ
မိမိဖုန်းမှာ USB Debugging Mode နှင့် Unknown Sources ၂ ခုစလုံးကို ON ထားပေးပါ
ဖုန်းကိုပိတ်လိုက်ပါ..Fastboot ၀င်ပါမယ်……………….
Volume Up Key ကိုနှိပ်ပြီး USB ကြိုးထိုးလိုက်ပါ………
Fastboot Folder ကိုဖွင့်လိုက်ပါ………
အဲဒီထဲက လွတ်နေတဲ့နေရာလေးမှာ ကီးဘုတ်က Shift Key ကိုနှိပ်ထားပေးပြီး Right Click နှိပ်ပါမယ်
* open command window here * ဆိုတာလေးကို နှိပ်လိုက်ပါ….
CMD မှာ စာတမ်းလေးပေါ်လာပါလိမ့်မယ် ဒီလိုလေး

အဲဒါလေးပေါ်နေပြီဆိုရင်တော့ အဲဒီရဲ့နောက်မှာ ဒီစာကြောင်းလေးရိုက်ထည့်လိုက်ပါ.
မရိုက်ထည့်ချင်ရင်လည်း Copy လုပ်ပြီး CMD> edit ကနေ Paste လုပ်လိုက် ပေါ့ ..ပျင်းတယ်ဆိုရင်တော့ ဟိဟိ
ရိုက်ထည့်ရမည့်စာကြောင်းက >>> fastboot flash boot kernel.elf <<<
အဲဒီစာကြောင်းလေးထည့်ပြီးရင်တော့ Enter ကို ခပ်ကြမ်းကြမ်းရိုက်ထည့်လိုက်ပါ (ပါးစပ်ကလဲ လာစမ်းဟဲ့ Super User ဆိုပြီးတော့ ခိခိ
)
CMD မှာ ဒီပုံစံအတိုင်းလေးအတိုင်း finished လေး ပေါ်လာပြီဆိုရင်တော့ Finished ပြီပေါ့နော် ဟဲဟဲ

ပြီးသွားပြီဆိုရင်တော့ ဖုန်းကို Power ဖွင့်လိုက်ပါ… Super User လေးကိုရှာလိုက်ပါ…မတွေ့ရင်ပါးလာရိုက်..( အလကားနောက်တာနော် လုပ်ရဘူး
)
အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ
နောင်နောင် (Innocent Love)

Can't down kernel p elf....how to do.plz replay me....
ReplyDeleteပြန်ရပါပြီ
ReplyDeletehow to install recover for xp p:-) :-) :-) :-) plz....ကျေးဇူးဘဲ အကိုေ၇...
ReplyDelete