TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Samsung Galaxy Note 2 ကို အမြစ်တူးကြမယ်

http://i.telegraph.co.uk/multimedia/archive/02323/note_2323527b.jpg
Galaxy Note II ကို အသုံးပြုသူတွေ မြန်မာဖောင့် ရဖို့ တစ်ခုထဲအတွက် Root ကြပါတယ်…
ပြောရမယ်ဆိုရင်တော့ တစ်ခါတလေ Root နည်း မှားသွားရင် Firmware boot မတက်တော့ပါဘူး
ကျွန်တော်တို့ အဆိုကတော့ ဂန့် သွားပြီ ကြွ သွားပြီပေါ့
:P
ဒါ့အပြင် Firmware မတက်တာက ပြန်ရေးရင် ရပါသေးတယ် ပါဝါတက်မလာပဲ Death Boot ဖြစ်သွားခဲ့မယ်ဆိုရင်တော့ လွှင့်ပစ် ရကိန်းဆိုက်ပြီပေါ့…
မှန်မှန်ကန်ကန် Root နည်းတွေ ပေးဖို့ကတော့ အဓိကပါပဲ
ကျွန်တော်ကတော့ လက်ရှိလောလောဆယ် Galaxy Note 2 ၀ယ်ကိုင်မလို့
စဉ်းစားနေပါတယ် ဒါကြောင့် Root နည်းလေးကို သေချာတာ မှန်ကန်တာ လိုက်ရှာရင်း
ဒီနည်းလေးကိုရပါတယ် Root နည်းက ကျွန်တော်မထွင်ထားပါဘူး ကျွန်တော်က မြန်မာလို
ပြန်ပေးတာပဲရှိပါတယ် တကယ်လုပ်သွားတဲ့သူတွေကို အမြဲတမ်း နိုင်ငံကြီးသားပီသစွာ
ကျွန်တော် Credit ပေးသွားမှာပါ။

ကဲ! အခု စတော့မယ်ဆိုတော့ လိုအပ်တဲ့ Tools လေးတွေ အရင် Download ဆွဲကြရအောင်
ဒီနှစ်ခုရပြီ ဆိုရင်တော့ အရင်ဆုံး Samsung USB Drivers.exe ကို အရင်ဆုံး Run ပြီး Install လုပ်ပေးရပါမယ်..
ဒါမှ Odin ကိုသုံးပြီး Root တဲ့အခါမှာ Driver သိမှာဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Galaxy Note 2 Root.zip ကိုဖြေလိုက်ပါ။
အထဲမှာ CWM Root Note 2.tar ဆိုတဲ့ ဖိုင်လေးရယ်
Odin.exe ဆိုတဲ့ Software လေးရယ်ပါတယ်…
ဒါဆိုရင် လုပ်ငန်းစတာပေါ့နော်….
Step 1. အရင်ဆုံး ဖုန်းကို ပါဝါပိတ်လိုက်ပါ ၅ စက္ကန့်လောက်ကြာရင်တော့ down Volume Down, Center Home, နှင့် Power buttons သုံးခုကို တစ်ပြိုင်နက်တွဲနှိပ်ပါ။
Step 2. ယခုတွေ့မြင်ရတဲ့အတိုင်း သတိပေးစာတက်လာပါတယ်,ဒါဆိုရင်တော့  Continue လုပ်ဖို့အတွက် Volume up ကို နှိပ်ပေးပါ။
Step 3. ယခုပုံပါအတိုင်း Download Mode ကိုဝင်သွားတဲ့အတွက် USB ကြိုးကို ဖုန်းနဲ့ ကွန်ပြုတာအား ချိတ်ဆက်ပေးလိုက်ပါ Driver မသိခဲ့ရင် အထက်မှာပေးခဲ့တဲ့ Samsung USB Drivers အား Install လုပ်ပေးပါ။
(Driver မရှိလျင် အောက်မှာ Download ဆွဲပါ)
Step 6. Un Zip ဖြေထားတဲ့ Galaxy Note 2 Root ဖိုင် အတွင်းက Odin3 v1.85.exe အား Click နှိပ် ပြီး Run ပေးလိုက်ပါ။
Step 7. ယခု ဆိုရင် Download Mode ၀င်နေတဲ့ ဖုန်းကို Odin က သိနေတဲ့အတွက် ပထမ ID:COM လေးမှာ High Light လိုင်းလေး မှာ မီးဝါလေး လင်းနေပါတယ် (နောက်ပိုင်း Odin အမြင့်တွေမှာ အပြာရောင် အဖြစ်ပြောင်းလဲထားပါတယ် Odin အမြင့်သုံးလျင် သတိပြုပါ) ဒါဆိုရင်တော့ စတင် Root လို့ရပြီ ဖြစ်လို့ တစ်ခြားဘာကိုမှ ပြောင်းလဲစရာမလိုအပ်ပါဘူး PDA ဆိုတာလေးကိုနှိပ်ပြီးသာ Un Zip ဖြေထားတဲ့ Galaxy Note 2 Root ဖိုင်ထဲမှ cwm6-root-note2.tar ဖိုင်လေးအား သွားရောက်ရွေးချယ်ပေးပါ။
Step 8. အထက်ပါအတိုင်း ပုံလေးမှာ ပြသထားသလို Root.tar ဖိုင်အား ရွေးချယ်လိုက်ပါတယ် ပြီးရင်တော့ Start ကိုနှိပ်ကာ စတင် Root နိုင်ပါပြီ။
ယခုဆိုလျင် Start အား နှိပ်လိုက်သဖြင့် Odin မှ ဖုန်းအား Root နေတာ ဖြစ်ပါတယ်။
အားလုံးပြီးရင်တော့ Pass! ဆိုတဲ့ အစိမ်းရောင် အကွက်လေး ပေါ်လာရင် အောင်မြင်ပြီးစီးပါတယ် ဖုန်းမှာကတော့ ယခုလို Coding များ Run နေသည်ကို ဆက်လက်မြင်တွေ့ရမှာပါ ဖြစ်နိုင်ရင် ကြိုးကို မဖြုတ်ပဲ ဖုန်းပါဝါတက်လာသည် အထိစောင့်ဆိုင်းပေးပါ။
ယခုဆိုရင်တော့ သင်တို့ အလိုရှိနေတဲ့ Super Man လေး (Super User For Super SU) ကိုရရှိသွားပြီ ဖြစ်လို့
မြန်မာဖောင့် ပဲ ထည့်ထည့် Root Acess တောင်းတဲ့ App တွေ Game တွေကိုလဲ စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ
Credits – XDA,Galaxy Note 2 Root (www.thitsankhant.com)

Related Posts:

  • How to receive Android notifications & text messages on your PC ရုံးရောက်ရင် ဖုန်းက silent လုပ်ထားတော့ တစ်ခါတစ်လေကျ Missed Call တွေ အများကြီးဖြစ်တာတို့ Message တွေ ရောက်နေတာ မသိတာတို့ ခဏခဏဖြစ်တတ်တယ်ဗျ။ ဒီေ… Read More
  • Samsung Galaxy S4 မှာ Camera 13 MP အထိပါမယ် ၂၀၁၃ မတ်လ မတိုင်မီမှာ မိတ်ဆက်မယ့် Samsung Galaxy S4 မှာ ကင်မရာရဲ့ စွမ်းဆောင်ရည်ဟာ 13 Mega Pixel အထိ ရရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် resolution … Read More
  • Galaxy Mini ကို Root လုပ်နည်း cbox ကနေ အကိုတစ်ယောက်တောင်းထားလို့ လုပ်ရတာ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်။ အမြစ်တူးဖို့ အောက်ကဟာလေး ဒေါင်းပါ။ >> Download Root/ Unroot Pa… Read More
  • Sony အတွက် Myanmar Font Sony အတွက် Myanmar Font ဒါက Note သဘောလေးမျိုးလေးရေးထားတာပါ ။ အမှန်က Android ဖုန်းတိုင်းအတွက် အဆင်ပြေပါတယ် ။ ဒါပေမယ့် Sony အတွက်က အထိကပေါ့ ... So… Read More
  • Easy Tether Pro ဖုန်းကနေ အင်တာနက်သုံးနေကြသူများအတွက်ပါ။ Android Phone တွေမှာ PC နဲ့ချိတ် Setting ထဲမှာ တစ်ဆင့်ချင်းဝင်ပြီးမှ သုံးရမှာ စိတ်ပျက်စရာတစ်ခုပဲဗျ။… Read More

3 comments:

  1. အစ်ကိုရေ...
    ကျတော့ imobile istyle 4 (2.3.6)လေးလဲ မြန်မာစာထည့်ချင်လို့ပါဗျာ....ကျေးဇူးပြုပြီးရရင်တင်ပေးပါအုံးနော်။

    ReplyDelete
  2. အစ်ကိုရေ...
    ကျတော့ imobile istyle 4 (2.3.6)လေးလဲ မြန်မာစာထည့်ချင်လို့ပါဗျာ....ကျေးဇူးပြုပြီးရရင်တင်ပေးပါအုံးနော်။

    ReplyDelete
  3. Kingroot နဲ့Root ကြည့်ပါလား

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...