TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်သွင်းနည်း


ပထမဆုံးအနေနဲ့ ဖုန်းရဲ့
Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။
အဲ့ဒါက ဖောင့်အတွက်ပါ ။
ပြီးတာနဲ့ Setting -> Display -> Font မှာ Zawgyi-One ကိုရွေးပေးပါ။
Reboot ချခိုင်းရင်ချပေးလိုက်ပါ ။ပြန်တက်လာပြီဆိုရင်တော့ သူငယ်ချင်း ရဲ့စက်မှာ မြန်မာဖောင့်မြင်ရပါပြီ။
ဖောင့်မြင်ရပြီးတဲ့ အခါ မှာ ကျွန်တော်တို့ ကီးဘုတ်ကို တင်ကြပါမယ် ။ ကျန်နေသေးတဲ့ apk ဖိုင်သုံးခု MyanDroid-Soft-Keyboard-Zawgyi-Beta.apk ရယ် MyanmarKeyboard.apk ရယ် FrozenKeyboard_1.1.1 .apk ရယ် အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို install လုပ်လိုက်ပါ ။
သုံးခုစလုံးကို တင်လိုက် ရင်လည်းရပါတယ် ။ ကျွန်တော်ကတော့ MyanmarKeyboard ကို သဘောကျပါတယ် ။
သူကသုံးရတာလောလောဆယ်တော့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ ။ ပြီးရင်တော့ Setting -> Language and Keyboard -> မြန်မာကီးဘုတ် ကို အမှန်ခြစ်ခြစ်ပေးပါ ။
Myandroid Keyboard ကိုတင်ထားရင်တော့ Setting -> Language and Keyboard -> Myandroid Soft Keyboard ဆိုပြီး
မြင်ရမှာပါ ။ အဲ့လိုလုပ်ပြီးရင်တော့ သူငယ်ချင်းရဲ့ စက်မှာမြန်မာဖောင့်တင်လို့ပြီးသွားပါပြီ ။ စမ်းသပ်ကြည့်ဖို့ရာ Message boxတစ်ခုခုမှာ ကြာကြာလေးနှိပ်ထားပါ
Input Method ကို နှိပ်ပြီးရင် မြန်မာကီးဘုတ် တင်ထားတယ်ဆိုရင်မြန်မာကီးဘုတ် ကိုရွေးပေးပါ ။
Myandroid Soft Keyboard တင်ထားရင် Myandroid Soft Keyboard ကိုရွေးပြီးရင်မြန်မာလိုရိုက်လို့ရပါပြီ ။ ဒီနေရာမှာ တစ်ခုပြောချင်တာက Myandroid Soft Keyboard တင်ထား မယ်ဆိုရင် မြန်မာလိုရိုက်ရာကနေ အင်္ဂလိပ်လိုပြန်ပြောင်း
ရိုက်ချင် တယ်ဆိုရင် Input Method ပြန်ပြောင်းပြီးမှ ဖောင့်ပြောင်းလို့ရပါတယ် ။
မြန်မာကီးဘုတ်မှာကတော့ ကီးဘုတ်ရဲ့အောက်ခြေ ဘယ် ဘက်ထောင့်လေး မှာ အလံလေးတွေပါပါတယ် ။
အဲ့ဒီအလံလေးတွေနှိပ်ရုံနဲ့ဖောင့်ပြောင်း လို့ရတဲ့အတွက် သုံးရတာအဆင်ပြေပါတယ် ။
 
Download>>>mediafire (or)freehostina (or)zshare
Ref>>>http://myanmarplay.com/?p=3901

Related Posts:

  • Free Call & Free SMS Apk ဒီကောင်လေးကတော့ ဆောစ်ဝဲလ်မြို့တော်တွေ့လာလို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်  သူကတော့ ၀ိုင်ဖိုင် (သို့) 3G အင်တာနက်အသုံပြုပြီး နှစ်ဖက်စလုံမှထည… Read More
  • aTorrent Pro v2.0.1.6 for Android Torrent ဖိုင်တွေကို Android ဖုန်း/Tablet ကိုအသုံးပြုပြီး ရှာဖွေ download လုပ်ချင်သူတွေအတွက် aTorrent Pro v2.0.1.6 ကိုတင်ပေးလိုက်ပါတယ်။ Torrent ဖ… Read More
  • **********Photo Album Pro V1.0************* မိမိ၏ Photo များကို Album လှလှလေးလုပ်ထားပြီး အမှတ်တရသိမ်းထားချင်သူတွေအတွက်ပါ။ Album များကို မိမိကြိုက်သော background၊မိမိ စိတ်ကြိုက် နာမည်များကိ… Read More
  • Facebook & Twitter အပြင် အခြားကိုယ်စိတ် ဝင် စားတဲ့ နယ်ပယ် အားလုံးရဲ့  သတင်းစုံစုံလင် လင် မင်္ဂလာပါ ခင် ဗျာ ခု ပေးမဲ့ APK လေးက သူငယ်ချင်းတို့ အတွက် အရမ်းအသုံးဝင် မှာပါ။ Facebook & Twitter အပြင် အခြားကိုယ်စိတ် ဝင် စားတဲ့ နယ်ပယ် အားလုံးရ… Read More
  • FxGuru: Movie FX Director FxGuru: Movie FX Director ဆိုရင်သိပြီးသားဖြစ်မှာပါ မသိသေးဘူးဆိုရင်လဲသုံးကြည့်ပါ ပြီမှ ကောင်းမှန်းသိမယ် Downlaod … Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...