TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Softkey button ထည့်ကြမယ်

Galaxy Nexus က softkey ပုံစံလေးကိုအားလုံးသိကြမယ်ထင်ပါတယ် ။ အခုကျနော်တို့က တခြားစက်ရုပ်ဖုန်းတွေမှာ အဲဒီ softkey ကိုထည့်ပါမယ် ။ အရမ်းလွယ်ပါတယ် ။


root explorer ကိုသုံးပြီး system ထဲကိုသွားလိုက်ပါ။ ထို့နောက် build.prop ဆိုတဲ့ဖိုင်ကိုတွေ့ပါမယ် ။ အဲဒီဖိုင်ကိုဖိထားလိုက်ရင် menu တခုထပ်ထွက်လာပါမယ် ။ အဲဒီမီနူးအောက်နားကိုဆင်းသွားပီး open in text editor ဆိုတာကိုနှိပ်လိုက်ပါ ။ အဲဒီနောက်မှာ ဖိုင်ပွင့်လာပါမယ် ။ ဖိုင်ရဲ့ နောက်ဆုံးနားလေးကို သွားပြီး အခုပေးထားတဲ့ စာကြောင်းလေးကိုရိုက်ထည့်လိုက်ပါ ။


qemu. hw.mainkeys=0

ထို့နောက် back key နှိပ်လိုက်ပါ ။ save လုပ်မလားမေးပါက လုပ်မည်ဟုပြောလိုက်ပါ ။ ဒါဆိုရပါပီ ။ ဖုန်းကို ရီစတက်ချလိုက်ပါ ။ သင့်ဖုန်းပေါ်မှာ softmenu key လေးပေါ်လာပြီဖြစ်ပါတယ် ။

((( မကြိုက်တော့လို့ပြန်ဖြုတ်ချင်ရင် အဲဒီစာကြောင်းကိုဖျက်ပီး ဆေ့ပြန်လုပ်ပီးတော့ ရီစတက်လုပ်ပေးပါ )))


ဒီနေရာမှာ တခုရှိတာက ဒီဘားလေးကိုထည့်လိုက်ရင် နဂိုဖုန်းမှာပါတဲ့ hardkey နဲ့ဆို ၂ ခုဖြစ်သွားမှာဖြစ်ပါတယ် ။ ဒါကြောင့် ဖုန်းမှာပါတဲ့ hardkey ကို disable လုပ်လို့ရပါတယ် ။
အဲလိုလုပ်ဖို့အတွက် အောက်ပါအဆင့်အတိုင်းလုပ်ပေးပါ ။

1) root explorer ကိုဖွင့်ပါ ။
2) /system/usr/keylayout/ ထဲကိုသွားပါ ။
3) generic.kl ဆိုတဲ့ဖိုင်ကိုရှာပါ ။
5) ပီးရင်ဖိထားပီး မီနူးဘားပေါ်လာပါမယ် ။ အဲဒီမီနူးအောက်နားကိုဆင်းသွားပီး open in text editor ဆိုတာကိုနှိပ်လိုက်ပါ ။ အဲဒီနောက်မှာ ဖိုင်ပွင့်လာပါမယ် ။
 6) ပီးရင်

key 139 menu 
Key 158 back

အဲဒီနှစ်ခုကိုရှာပီး အောက်ကအတိုင်းပြောင်းပေးပါ ။

#key 139 menu
#key 158 menu

7) ထို့နောက် back key နှိပ်လိုက်ပါ ။ save လုပ်မလားမေးပါက လုပ်မည်ဟုပြောလိုက်ပါ ။ ဒါဆိုရပါပီ ။ ဖုန်းကို ရီစတက်ချလိုက်ပါ ။ သင့်ဖုန်းပေါ်မှ hardwarekey ဟာ disable ဖြစ်သွားပါပီ ။

((( တကယ်လို့ မကြိုက်တော့လို့ပြန်ဖြုတ်ချင်ပါက ။ မူလအတိုင်းလေးပြန်ပြင်ပေးပီး ဆေ့လုပ်ကာ ရီစတက်လုပ်လိုက်ရင်ရပါပီ ။ )))

Galaxy Note 1 , 2 , S3 , S2 ကွန်ဖန်းပါ ။ ကျန်တဲ့ဖုန်းတွေလဲအဆင်ပြေမယ်လို့ယူဆပါတယ် ။
ကိုယ့်ဒေါသနဲ့ကိုယ်ပါ :P ။ ဘာမှမဖြစ်ပေမဲ့ တခုခုဖြစ်လာခဲ့ရင် ပြန်လုပ်လို့ရအောင် မတင်ခင် ဘက်အပ်တော့လုပ်ပေးကြပါ ။
အမြဲ ကလိတတ်တဲ့သူများ တခုခုမလုပ်ခင် ဘက်အပ်လုပ်တဲ့အကျင့်လေးလုပ်ပေးပါခင်ညာ ။


Ko Kyawthettun

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...