CISCO iOS device တွေမှာ ပါဝင်တဲ့ အရာတွေ အကြောင်းလေး ပြောရအောင် နည်းပညာ No comments CISCO iOS device တွေမှာ ပါဝင်တဲ့ အရာတွေ အကြောင်းလေး ပြောရအောင် =================================== (၁). ROM ထဲမှာ cisco device တွေကို start လုပ်ဖို့ အရေးကြီးတဲ့ bootstrap နဲ့ POST နဲ့ ROM monitor ပရိုဂရမ်တွေ ပါဝင်ပြီး တမျိုးအားဖြင့် အားလုံးပေါင်း mini-IOS လို့ ခေါ်ဆိုနိုင်ပါတယ်။ Bootstrap(Program) bootstrap ကတော့ cisco device တွေရဲ့ ROM ထဲက Microcode မှာ သိမ်းဆည်းလေ့ရှိပါတယ်။ Router ကို Boot လုပ်ဖို့နဲ့ iOS ကို Loading ဆွဲတင်ပေးမယ့် Program လေး တစ်ခုဖြစ်ပါတယ်။ POST(Program) ဒီ program ကလဲ ROM ထဲက Microcode ထဲမှာပါပဲ။ POST ကတော့ ကွန်ပြူတာတုန်းက BIOS ရဲ့ POST အလုပ်လုပ်ပုံလိုပဲ iOS device တွေရဲ့ Hardware တွေကို စစ်ဆေးပေးပြီး interface(ports) တွေကိုလဲ ရှိ/မရှိ စစ်ဆေးပေးပါတယ်။ ROM Monitor Rom monitor က ဘာနဲ့ တူသလဲဆိုတော့ CMOS နဲ့ ခပ်ဆင်ဆင်ပါ။ သူက Testing နဲ့ troubleshooting အတွတ်ပါ။ ဒီကောင်လေးက အရေးကြီးတဲ့အတွတ် မှတ်သားထားစေချင်ပါတယ်။ Mini iOS ဒီကောင်က ဘာနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ windows OS မှာ ဆိုရင် NTLDR နဲ့ တူပြီး RX_Boot လို့လဲ ခေါ်ဆိုကြပါတယ်။ သူက iOS ကို Flash Memory ဆီသို့ load လုပ်ဖို့ရန်ဖြစ်ပါတယ်။ (၂). RAM(Temporary) နှင့် NVRAM(Permenent) **RAM ဆိုသည်မှာ packet buffer တွေ၊ ARP cache နဲ့ routing table တွေကို ခဏသိမ်းပေးတဲ့ နေရာဖြစ်ပြီး configuration တွေ ခဏသိမ်းပေးထားတဲ့ နေရာဖြစ်ပါတယ်။ သို့သော် power ဖြတ်ပစ်လိုက်ပါက configuration များ ပျောက်ကွယ်သွားမည်။ ခဏသိမ်းပေးထားတဲ့ config တွေ ကြည့်ချင်ရင် show running-config **NVRAM ဆိုသည်မှာ RAM ပေါ်မှာ သိမ်းထားတဲ့ configuration တွေကို သူ့ထဲ ပြောင်းသိမ်းလိုက်ရင် power ဖြတ်ပစ်လိုက်လည်း သိမ်းပေးထားမယ့် permenent storage ဖြစ်ပါတယ်။ perment config တွေကို ကြည့်ချင်ရင် show startup-config **RAM ထဲက config တွေကို NVRAM ထဲသိမ်းချင်ရင် အောက်က command နှစ်ခုထဲက ကြိုက်တဲ့ commad သုံးနိုင်ပါတယ်။ write memory copy running-config startup-config (၃). Flash Memory Cisco IOS firmware တစ်ခုလုံးကို သိမ်းထားတဲ့ နေရာဖြစ်ပါတယ်။ INTEL ရဲ့ EEPROM သုံးထားတယ်လို့ ဖတ်ထားဖူးပါတယ်။ တကယ်တော့ Flash ဖြစ်နေပြီး EEPROM ဘာလို့ဖြစ်နေလဲ နားမလည်ပါ။ iOS version နဲ့ flash အခြေအနေ ကြည့်ချင်ရင် command က show flash (၄). Configuration Register configuration register ဆိုတာ ကျွန်တော်တို့ ကွန်ပြူတာတွေမှာ BOOT Priorities နဲ့တူပါတယ်။ ဒါပေမဲ့ သူက value နဲ့သွားတာပါ။ ကွန်ပြူတာမှာကျတော့ Device တစ်ခုခုနဲ့ boot priority ထားတာပါ။ အဲဒါတော့ ကွာသွားပါတယ်။ ကျွန်တော် နောက်ပိုင်းမှာ configuration register အကြောင်းကို ပြောပေးပါမယ်။ ဒီအကြောင်းက ccna မှာတော့ မပါဝင်ပါဘူး။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းပါတယ်။ အကျဉ်းချုပ် ROM(mini IOS) =Bootstrap + POST + ROM Monitor RAM= Temporary configrations NVRAM = Permenent configuration Flash memory = Cisco IOS firmware Configuration Register = Boot Priorities Admin - Shine Track ref: Myanmar ITGroup
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်