TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Facebook အကောင့် လုံခြုံစေဖို့ နည်းလမ်း (၁) ခု

သတိမမူ ဂူမမြင် ဆိုသလိုပဲ သတိမထားမိ သေးတဲ့ မိတ်ဆွေတွေ အတွက် Facebook အကောင့်ကို gmail လို ပိုပြီး Secure ဖြစ်အောင် လုပ်ထား သင့်တဲ့
အကြောင်းလေး ပြောချင် ပါတယ်။ Facebook အကောင့်က ပုံမှန် ဆိုရင် HTTP Protocol (Port no 80) ကို အသုံးပြု ပါတယ်။ ခင်ဗျားတို့ gmail သုံးနေရင် သတိထား မိမှာပါ။ gmail က HTTPS Protocol (Port no 443) ကို အသုံးပြု ပါတယ်။ ဘာကွာလဲ ဆိုရင်တော့ လွယ်လွယ် ပြောရမယ် ဆိုရင် HTTPS ကို အသုံးပြု ခဲ့မယ် ဆိုရင် network ပေါ်မှာ Encrypting လုပ်ပြီး သွားပါတယ်။ HTTP ကတော့ not encrypted ပါ။ ဥပမာ Thura လို့ ရိုက်လိုက်တဲ့ စာကို Thura လို့သွားမဲ့ အစား @#(79 လွယ်လွယ် နားမလည်နိုင်တဲ့ encrypt method နဲ့ သွားတာက ပိုပြီး လုံခြုံမှု ရှိတာပေါ့။ အကယ်၍ ကိုယ့် network ကို စောင့်ကြည့်နေမဲ့ Hacker တစ်ယောက် ရှိခဲ့ရင်တောင် ကိုယ်က Encrypt Method နဲ့ သွားနေတာ ဆိုတော့သူ အလွယ်တကူ ဖောက်လို့ မရနိုင်တော့ ဘူးပေါ့။
How To Enable HTTPS To Your Facebook Account
Facebook အကောင့်ကို လုံခြုံမှုရှိဖို့ အတွက် HTTP ကို သုံးမဲ့အစား HTTPS ကို ပြောင်း အသုံးပြု နိုင်ပါတယ်။ မသိသေးတဲ့ သူတွေကတော့ အောက်မှာ ကျွန်တော်ပြောတဲ့ အတိုင်း လုပ်ထား လိုက်ပါ။
Step (1) ပထမ အဆင့်ကတော့ ရှင်းပါတယ် ။ ခင်ဗျား facebook အကောင့်ကို login ၀င်ထား လိုက်ပါ။
Step (2) Account Setting ကို ၀င်ပါ။
Step (3) Security Option ကို နှိပ်ပြီး ညာဘက်က Secure Browsing မှာ Browse Facebook on a secure connection (https) when possible ကို ရွှေးထား ပေးလိုက်ပါ။
Step (4) Save Setting ကို Click နှိပ်ပေး လိုက်ပါ။ အိုကေ သွားပါပြီ။ Facebook အကောင့်ကို နောက်ထပ် Login ၀င်တဲ့ အခါတိုင်း HTTPS ကို အသုံးပြု သွားပါ လိမ့်မယ်။
From : TRA Myanmar
မြ၀တီ

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...