Windows 8 Operating System ကို အသုံးပြု သူတွေဟာ Operating System ကို Shutdown ပြုလုပ်ဖို့
အတွက် Desktop Screen
ရဲ့ ဘယ်ဘက် အခြမ်းမှာ ရှိတဲ့ System Menu အောက်မှာ Shutdown, Restart အစရှိ
တာတွေကို ထည့်ပေးထား တာဖြစ်တဲ့ အတွက် Restart ပြုလုပ်ရတာ Shutdown
ပြုလုပ်ရတာ လွယ်ကူမှု မရှိဘူး ဆိုရင် Windows 8 ရဲ့ Metro Screen မှာ
Shortcut တွေကို ဖန်တီး ပြုလုပ် ထားနိုင်မှာ ဖြစ်ပါတယ်။ Windwos 8
Operating System ရဲ့ Metro Screen မှာ Shutdown Shortcut ကို ဖန်တီးဖို့
အတွက်ဆိုရင် Desktop ပေါ်မှာ Right Click နှိပ်လိုက်ပါ။ Right Click
နှိပ်လိုက်ရင် Popup Menu ကျလာ တာကို တွေ့ ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ New
အောက်က Shortcut ဆိုတာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Shortuct ဆိုတာကို
ရွေးချယ်ပြီးရင် Create Shortcut Box ရဲ့ Location Box မှာ shutdown/p
ဆိုတာကို ရိုက်ထည့် ရမှာ ဖြစ်ပါတယ်။ ဒီစာကို ရိုက်ထည့် ပြီးပြီ ဆိုရင်တော့
Next နဲ့ အရှေ့ကို ဆက်သွားရမှာ ဖြစ်ပါ တယ်။ ပြီးရင် Shortcut နာမည်ကို ပေး
ရမှာ ဖြစ်ပါ တယ်။ Shutdown အတွက် ပြုလုပ်တာ ဖြစ်တဲ့ အတွက် Shutdown ဆိုတဲ့
အမည်ကိုပဲ ပေးလိုက် ပါမယ်။ ပြီးရင် Finish ဆိုတဲ့ Button ကို ကလစ်
နှိပ်ရမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ သင့်ရဲ့
Desktop ပေါ်မှာ Shutdown Shortcut လေး ပေါ်လာပြီ ဖြစ်ပါတယ်။ Metro Screen
မှာ Pint တွဲဖို့ အတွက် အဲဒီ Shortcut ပေါ်မှာ Right Click နှိပ်ပြီး Pin to
Start ဆိုတာကို ရွေးချယ် ပေးရမှာ ဖြစ်ပါတယ်။ Shortcut ရဲ့ icon ကို
ပြောင်းပစ် ချင်တယ် ဆိုရင်တော့ Shortcut ပေါ်မှာ Right Click နှိပ်ပြီး
Properties ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Properties ကို ရွေးချယ်ပြီးရင်
Shortcut ဆိုတဲ့ Button အောက်မှာ Chaing Icon ဆိုတဲ့ Button ကို တွေ့ရမှာ
ဖြစ်ပါတယ်။ အဲဒီ Button ကို ကလစ်နှိပ်လိုက်ရင် icon တွေရှိတဲ့ Box တက်လာမှာ
ဖြစ်ပါတယ်။ အဲဒီမှာ သင်နှစ်သက်ရာ ရွေးချယ်ပြီး ထည့်သွင်း အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ Location Box မှာ ရိုက်ထည့်ရမယ့် စာသားကတော့ shutdown/r/t 0
ဆိုတာကို ရိုက်ထည့် ရမှာ ဖြစ်ပါတယ်။ အမည်ပေးတဲ့ အခါမှာတော့ Restart
ပြုလုပ်မှာ ဖြစ်တဲ့အတွက် Restart ကို အမည်ပေးပြီး Icon ကို
ချိန်းပစ်လိုက်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Metro Screen မှာ Pin
တွဲဖို့အတွက် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းအတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ Windows 8 Operating System ရဲ့ Metro Screen မှာ Shutdown
Shortcut နဲ့ Restart Shortcut ပြုလုပ်တဲ့ အဆင့်တွေ ပြီးသွားပြီ ဖြစ်ပါတယ်။
Metro Screen မှာ ရှိတဲ့ Shutdown, Restart Shortcut တို့ကို အသုံးပြုပြီး
Windows 8 Operating System ကို အလွယ် တကူနဲ့ Shutdown, Restart
ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
သီဟ
From : Yatanarpon
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်