TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Android ဖုန်း/Tablet တွေအတွက် မတ်လ ၂၉ ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.1.1




Frozen Keyboard Pro Developer – Ko Thiha Aye Kyaw
Frozen Keyboard Official Page - https://www.facebook.com/pages/Frozen-Keyboard/458051950900121?ref=ts&fref=ts
Android ဖုန်း/Tablet တွေအတွက် မတ်လ ၂၉ ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ Android မြန်မာစာကီးဘုတ် “Frozen Keybord Pro” version အသစ် 0.1.1 ကိုတင်ပေးလိုက်ပါတယ်။ Frozen Keyboard ကတော့ Android ဖုန်းအသုံးပြုသူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ယခု Pro version မှာတော့ ဒီဇိုင်းကလည်းအရင် Frozen keyboard ထက်ပိုပြီး သပ်ရပ်လှပတာကိုတွေ့ရပါတယ်။ Frozen Keyboard Pro ရဲ့အသွင်အပြင်ကို Android 4.0 အထက်ဖုန်းတွေရဲ့ Default Keyboard ဒီဇိုင်းမျိုးနဲ့ရေးသားထားတာကိုလည်းတွေ့ရပါတယ်။ ယခု Frozen Keyboard Pro မှာတစ်ချို့သော မြန်မာစာလုံးပေါင်းများကို shift key ရိုက်၍အချိန်မကုန်ရအောင် key တစ်ခုချင်းစီကို long press နှိပ်ထားရုံနဲ့ Shift နဲ့တွဲရိုက်ရမယ့် အက္ခရာများကို Pop-up key အနေနဲ့ပြပေးမှာဖြစ်ပါတယ်။ Frozen Keyboard Pro ကိုရေးသားသူကတော့ Android Developer ကိုသီဟအေးကျော် ပဲဖြစ်ပါတယ်။ Myanmar Android users များအတွက် Developer ကိုသီဟအေးကျော်ရဲ့ ကြိုးပမ်းမှုများက ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ Frozen Keyboard Pro ဟာ မြန်မာစာရိုက်ဖို့သာဖြစ်ပြီး မြန်မာလိုဖတ်ရှုဖို့ကတော့ မိမိတို့ရဲ့ Android ဖုန်း/Tablet များမှာ ဇော်ဂျီမြန်မာစာ font သွင်းထားဖို့လိုပါတယ်။ Frozen Keyboard Pro v0.1.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Frozen Keyboard Pro v 0.1.1 for Android အားရယူရန် (Upload by Ko Myo (MMUG))

Google Play မှ download ရယူချင်သူများကတော့ အောက်က link မှာရယူနိုင်ပါတယ်။
Frozen Keyboard Pro v 0.1.0 for Android အားရယူရန် (Google Play Link)


MMAS

Related Posts:

  • MMHub MyitTar MMHub မေတ္တာပို့ App သည် Android System သုံး Offline Application တစ်ခုဖြစ်ပါသည်။ ၄င်း App ကို အသုံးပြုခြင်းဖြင့် ဓမ္မတေးသံသာနှင့်တွဲဖတ်၍ မေတ္တာပွ… Read More
  • OfficeSuite Pro 6 + (PDF & HD) v6.5.966 Office Suit အသုံးပြုသူများအတွက် New Version လေးပါ။ Feature အသစ်လေးတွေပါ ပိုမိုပါဝင်လာခဲ့ပါတယ်။ ပြီးတော့ ဒါလေးက Android Version 1.6 … Read More
  • MMHub Horoscope MMHub ဗေဒင် App သည် Android System သုံး Online Application တစ်ခုဖြစ်ပါသည်။ ၄င်း App ကို အသုံးပြုခြင်းဖြင့် (၇) ရက် သားသမီးများ၏ ကံဇာတာများကို နေ့စ… Read More
  • Power AMP Music Player Full Version ဖြစ်အောင် လုပ်နည်း   ဒါလေးကတော့ Power AMP Music Player For Android ပေါ့ဗျာ။ mp3, mp4/m4a (including alac), ogg, wma*, flac, wav, ape, wv, tta, mpc, aiff… Read More
  • MMHub Payate MMHub ပရိတ် App သည် Android System သုံး Offline Application တစ်ခုဖြစ်ပါသည်။ ၄င်း App ကို အသုံးပြုခြင်းဖြင့် ပရိတ်တော်များကို ဖတ်ရှု့ ရွတ်ဆိုနို… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...