TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Bagan Keyboard Beta (Zawgyi+English)

Bagan Keyboard
Bagan Keyboard
Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (BETA) version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။
Bagan Keyboard Beta (Zawgyi+English) အားရယူရန်
http://www.bitmyanmar.com.mm/kanaung/bagankeyboard တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။
Bagan Keyboard ၏ ထူးခြားချက်များမှာ-
၁။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။
၂။ Bagan Keyboard ကိုအသုံးပြုရန်အတွက် phone အား root လုပ်ထားရန်မလိုပါ။
၃။ မြန်မာစာနှင့် English စာနှစ်မျိုးစလုံးအတွက် စာလုံးတွဲများကို အစအဆုံး ရိုက်နှိပ်စရာမလိုသည့် အကြံပေးစနစ် (Suggestion System) ပါရှိပါသည်။
၎။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။
၅။ စကားလုံးတွဲများကို မိမိစိတ်ကြိုက် ထည့်သွင်းရာတွင် User Dictionary တွင်သွားရောက်ထည့်သွင်းနိုင်သကဲ့သို့ စာရိုက်နေစဉ်တွင်လည်း စကားလုံးတွဲပေါ်တွင် Double Touch နှိပ် ၍ ဖြည့်သွင်းနိုင်ပါသည်။
၆။ သိမ်းဆည်းထားသော User Dictionary မှစကားလုံးတွဲများသည် software အား uninstall လုပ်ခြင်း၊ version upgrade လုပ်ခြင်းများပြုလုပ်ခြင်းဖြင့်ပျောက်ပျက်သွားခြင်းမရှိပဲ ဆက်လည်အသုံးပြုနိုင်ပါသည်။
၇။ စာရိုက်ရာတွင် Shift Key ကို အသုံးမပြုလိုပါက Pop-Up များကိုသုံးပြုကာ လျင်မြန်စွာ ရိုက်နိုင်ပါသည်။
၈။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။
၉။ ဘာသာစကားအသစ် (ဥပမာ- မွန်၊ရခိုင်)၊ လက်ကွက် Font (ဥပမာ- myanmar3) စသည်တို့ကို ထပ်မံထည့်သွင်းလိုပါက အသစ်ပြန် Install လုပ်စရာမလိုပဲ Language Package များကိုထည့်သွင်းရုံဖြင့် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
၁၀။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။
၁၁။ Bagan Keyboard သည် အသုံးပြုသူ အတွက် စကားတွဲအသစ်များကို အပေါ်မှာပေါ်လာသည့် စာလုံးကို
2 ချက်နှိပ်ရုံဖြင့်မှတ်သားထားနိုင်ပါသည်။ ထိုသို့ မှတ်သားထားခြင်းဖြင့် အသုံးပြုချိန် ကြာမြင့်လာသည်နှင့်အမျှ လျှင်မြန် လွယ်ကူစွာ စာစီနိုင်မည်ဖြစ်ပါသည်။
***Bagan Keyboard ၏ ရည်ရွယ်ချက်မှာ ဖုန်းမှတဆင့် SMS ပို့ခြင်း၊ Gtalk , Facebook Message များပို့ခြင်း တို့ကိုအဆင်ပြေစေရန် ရည်ရွယ်ပါသဖြင့် အသုံးနည်းသော ပါဠိစကားလုံးများနှင့် ပါဌ်ဆင့်အချို့ကို လက်ရှိ Version တွင် ခေတ္တချန်ထားပါသည်။
***စာလုံးပေါင်းအကြံပေးစနစ်တွင်လည်း ယခု BETA Version တွင် မပြည့်စုံမှုများရှိနေပြီး၊ မကြာမီထွက်မည့် Version အသစ်တွင် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပါသည်။ မကြာမီ အခြားသောတိုင်းရင်းသာား ဘာသာစကားများအတွက် ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါသည်။ အားပေးမှုအားအထူးကျေးဇူးတင်ရှိပါသည်။

device-2013-03-05-130613 device-2013-03-05-131259 device-2013-03-05-132021 device-2013-03-05-132827
MMAS

Related Posts:

  • Pixlr Express 2.2 Pixlr Express 2.2      Pixlr Express 2.2 ကင်မရာအလန်းလေးကို update အသစ်ထွက်တာတွေ့လို့တင်ပေးလိုက်ပါတယ်... Android ဖုန်းမှာသုံးခ… Read More
  • Smash the Office – Stress Fix! 1.4.6 Smash the Office – Stress Fix! 1.4.6      ဒီဂိမ်းလေးကတော်တော်မိုက်ပါတယ်...  တင်သာတင်လိုက်ရတာ...ဒီထဲကလိုတော့အပြင်မှာလိုက်လုပ… Read More
  • Camera ZOOM FX v5.0.1 APK Camera နဲ့ပက်သက်တဲ့ Application တွေအများကြီးရှိပါတယ်။ အဲဒီ အများကြီးထဲမှာမှ Camera Zoom က လည်းလူသုံးအများဆုံး Application ထဲမှာအပါအ၀င်ပါဘဲ။ သ… Read More
  • Viber က Message တွေကို Backup လုပ်ပေးနိုင်တဲ့ - Backup Text For Viber v.0.9.5 APK ခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့တင်ဘဲ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ကျွန်တော်တို့ Viber ကို သာသုံးနေကြတာပါ။ Message တွေကို Backup လုပ်လို့မ… Read More
  • Digital Blasphemy Wallpapers v1.1.7 APK Digital Blasphemy Wallpapers ကိုပြီးခဲ့တဲ့ နှစ်လလောက်တ တစ်ခါတင်ပေးဖူးပါတယ်။ လူကြိုက်များပြီး ဒေါင်း လုပ်ဆွဲတဲ့သူများတဲ့အတွက် အခု Version အသစ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...