TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



ကွန်ပျူတာကို ဝယ်ကာစလို မြန်စေချင်တယ်ဆိုရင်



Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင်ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုးတို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။ ဒါက ပြုပြင်ယူလို့ ရတဲ့ အခြေအနေဖြစ်ပါတယ်။ ကွန်ပျူတာ လုပ်ဆောင်ချက် နှေးသွားရတဲ့ အဓိကအကြောင်းအရင်း နှစ်ခု ရှိပါတယ်။
၁။ registery errors
Registery Errors က ပိုအဖြစ်များပါတယ်။ ကိုယ်က ကွန်ပျူတာမှာ ဂိမ်း တစ်ခုခုဆော့ခဲ့မယ်ပြီးတော့ ပြန်ပိတ်ပါတယ်။ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမယ့် အမှန်တော့ ကွန်ပျူတာဟာ ယင်း ဂိမ်းနဲ့ ပက်သက်တဲ့ အချက်အလက်များကို အလိုအလျောက် သိမ်းဆည်းပေးသွားပါတယ်။ ဂိမ်း ရယ်လို့မှ မဟုတ်ပဲ ကိုယ်သုံးလိုက်တဲ့ ပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ အချက်လက်/ Data အားလုံးကို အလိုအလျောက် မှတ်သားပါတယ်။ အချို့ ဟာတွေက မမှတ်သားအောင် Option ပေးနိုင်ပေမယ့် သတိမထားမိလိုက်တဲ့ အရာတွေ ပိုများပါတယ်။
ဥပမာ- ကိုယ်က ဓာတ်ပုံ တစ်ပုံကို ဖျက်လိုက်ပေမယ့် Recycle Bin မှာ ရှိပါတယ်။ Recycle Bin မှာ မရှိတော့ဘူးဆိုရင် လုံးဝ မရှိတော့ဘူးလို့ မထင်ပါနဲ့။ သူက သိမ်းဆည်းရ အနည်းနိုင်ဆုံး အနေအထား ထိ ကျစ်လိုက်ပြီး Chip / Hardware များရဲ့  တစ်နေရာရာမှာ Register လုပ် သိမ်းဆည်းထားပေးတတ်ပါတယ်။ တစ်ခါခါ စက်တွေ အဖွင့်များပြီး ခလုပ်အနှိပ်များရင်၊ Command အပေးများရင် ပြဿနာက စဖြစ်ပါတယ်။ ကိုယ် Register လုပ်ထားတာရော၊ သူ့အလိုအလျောက် Register လုပ်ထား တာရော အားလုံးပေါင်းပြီး ကမောက် ကမတွေ ဖြစ်ပါတော့တယ်။ ဒီတော့ အကျိုးဆက်က ကွန်ပျူတာ ထစ်ငေါ့ထစ်ငေါ့ဖြစ်ခြင်း၊ စက်ရပ်သွားခြင်းတို့မျိုး ဖြစ်ပါတယ်။
ဒါကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အဓိကကတော့ ကိုယ် Register လုပ်ထားတဲ့ ဟာတွေအားလုံး ပြန်ဖျက်ပေးဖို့ ရှိပါတယ်။ ဒါကို ဆော့ဖ်ဝဲ စီဒီ ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ အွန်လိုင်းမှာပဲ အခမဲ့ ဒေါင်းချင်တယ်ဆိုရင်လည်း Advanced Registry Optimizer ပါ
ref: http://www.maungpauk.com

Related Posts:

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...