TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Network ဆိုတာဘာလဲ

Network ဆိုတာ ကွန်ပျူတာအချင်းချင်း ( အုပ်စုလိုက် ) တစ်လုံးနှင့်တစ်လုံး အချင်းချင်းချိတ်ဆက် ထားတာကိုဆိုလို တာပါ။ ဘာကြောင့်ချိတ်ဆက် ထားရတာလဲဆိုတော့ ကွန်ပျူတာတစ်လုံးမှာရှိနေတဲ့ Resource တွေ Information တွေကို နောက်ကွန်ပျူတာတစ်လုံးဆီသို့ Sharing လုပ်ဖို့  အတွက်ပါပဲ။ ဒါဆိုရင် ဘာတွေကို Sharing လုပ်နိုင်ပါသလဲဆိုတော့ ဥပမာ။ ။ Data တွေ , File တွေ , Folder တွေ , logical ဆန်တဲ့ Hardware တွေကိုပါ။

ပထမဦးဆုံး Network ကဘာလဲ

ပထမဦးဆုံး Network ဆိုတာကွန်ပျူတာတစလုံးတည်းရှိနေစဉ်တုန်းကမပေါ်သေးပေမယ့်။ တစ်လုံး ထက်ပိုလာတဲ့ကွန်ပျူတာတွေမှာ Data တွေကို လွယ်လွယ်ကူကူ Sharing လုပ်နိုင်ဖို့ တီထွင်လာခဲ့ကြ ရ တဲ့နည်းပညာတစ်မျိုးပါ။ ပထမဦးဆုံး Network ကိုတော့ Sneaker net လို့ ခေါ်ပါတယ်။ ဒီ Sneaker net ဆိုတဲ့ Network မှာ Data တွေကို Communication လုပ်ဖို့ အတွက်သယ်ဆောင်ပေးရတဲ့ ကြားခံကတော့ လူကိုယ်တိုင်ပါပဲ။ ဆိုလိုတာက ကျွန်တော်တို့ က Data တွေကိုထည့်ထားတဲ့ Hardware ( ဥပမာ။ Harddisk , Floopydisk , CD/DVD , USB ) စတာတွေကို လူကိုယ်တိုင်သယ်ဆောင် ယူပြီးနောက် ကွန်ပျူတာတစ်လုံးမှာသွားကူးထည့်လိုက်တာပါ။
ဒါဟာအရိုးရှင်းဆုံးသော Sneaker net လေးတစ်ခုပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ သုံးနေကျ Network လေးတစ်ခုပေါ့ဗျာ။ အားနည်းချက်အနေနဲ့ ကတော့ Data တွေကိုသယ်ဆောင်လာစဉ်မှာ Hardware တွေပျက်စီးနိုင်ခြင်းပါပဲ။ ( ဥပမာ- ပြုတ်ကျတာတို့ ။ လက်လွတ်ကျတာတို့ ) ပေါ့။

Network Connection အမျိုးအစားများ

Network Connection အမျိုးအစားတွေကတော့
1. PAN ( Personal Area Network )
2. LAN ( Local Area Network )
3. MAN ( Metropolitan Area Network )
4. WAN ( Wide Area Network / Internet )
တို့ ဖြစ်ပါတယ်။ အခြားသော Network Connection အမျိုးအစားတွေအများကြီးရှိပါသေးတယ်။ Storage Ara Network ( SAN ) တို့ လိုမျိုးပေါ့။ကျနော်ကတော့အဓိကဖြစ်တဲ့ ဒီ ( ၄ ) မျိုးအကြောင်းကိုပဲ အရင် ရှင်းပြ သွားပါမယ်။

1. PAN ( Personal Area Network )

PAN - ဆိုတာကတော့ ကျွန်တော်တို့ Hand phone တွေမှာအသုံးပြုနေကြတဲ့ Bluetooth Device နဲ့ ချိတ်ဆက်တဲ့ Blue tooth Network ကိုပြောဖြင်းဖြစ်ပါတယ်။ သူ့ ရဲ့  အကွာအဝေးကတော့ 10 Meter ကနေ 100 Meter အထိရနေပါပြီ။ ဒီ Personal Area Network ( PAN ) ကို တနည်းအားဖြင့် Private Area Network လို့ လည်းခေါ်တွင်ကြပါသေးတယ်။


2. LAN ( Local Area Network )

LAN - ဆိုတာကတော့ လက်ရှိကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတဲ့ Network တစ်ခုပါ။ လုပ်ငန်း ခွင်ထဲမှာပဲဖြစ်ဖြစ် ၊ အင်တာနက်ကဖေးတွေ မှာပဲဖြစ်ဖြစ် LAN ကတကယ့်ကိုအခြေခံကျပါတယ်။ LAN မှာအဓိကအားဖြင့် Central Device လို့ ခေါ်တဲ့ HUB တို့ SWITCH တို့ ကိုအသုံးပြုပါတယ်။ အကွာ အဝေးအနေနဲ့ ကတော့ အဆောက်အဦး တစ်ခုအတွင်းပါ။

3. MAN ( Metropolitan Area Network )

MAN - ဆိုတာကတော့ LAN ဆိုတဲ့ Local Area Network ထက်လည်းကြီးပြီး WAN ဆိုတဲ့ Wide Area Network လောက်လည်းမရှိတဲ့ အလယ်အလတ် Network တစ်ခုပါ။ မြို့ တစ်မြို့ သာသာပေါ့ခင်ဗျာ Central Device တွေကိုအသုံးပြုပါတယ်။ အကွာအဝေးကိုချဲ့ ဖို့ အတွက Repeater လို Device တွေကိုအသုံးပြုကြရပါတယ်။ အကွာအဝေးအနေနဲ့ ကတော့ 20 Miles 30 Kilometers ပါ။ One City ပေါ့ခင်ဗျာ။

4. WAN ( Wide Area Network )

WAN - ဆိုတာကတော့ Wide Area Network လို့ ခေါ်တွင်တဲ့ ကျွန်တော်တို့ ကမ္ဘာပတ် ဖို့ အတွက်အသုံးပြုနေကြတဲ့ အင်တာနက် ( Internet ) ပါ။ WAN ထဲမှာ Network Device တွေအနေနဲ့ ပေါင်းစုံပါဝင်ပါလိမ့်မယ်။ WAN ဆိုတာ Network တွေအများကြီးကိုပေါင်းစည်းထားတာပါ။ ဒီနေရာမှာ တစ်ခုပြောချင်တာက မတူညီတဲ့ ဒီ Network တွေကိုပေါင်းစည်းပေးနိုင်ဖို့ အတွက် Router လို့ ခေါ်တဲ့ Device တစ်မျိုးကိုအသုံးပြုကြရပါတယ်။ WAN မှာအကွာအဝေးအနေနဲ့ တော့ Limitation မရှိပါဘူး။

Credits:မြန်မာချစ်သူ,သန်းထိုက်ဇော်

Related Posts:

  • INTERNET CAFE SOFTWARE INTERNET CAFE SOFTWARE Controls & secures your cyber cafe, gaming center & public computers Control your computers and gaming consoles… Read More
  • How to use cafezee Internet ဆိုင်တွေမှာ cafezee တွေတင်ထားတာကို တွေ့ကြရမှာပါ။ အဲဒီ cafezee တင်ပုံတင်နည်းနဲ့ အသုံးပြုပုံကို ရေးထားတဲ့ စာအုပ်လေးပါ။book ref: http://mmit… Read More
  • Easyhotspot (wifi billing plan) မှတ်မိပါသေးတယ်hotspot sever က ကျွန်တော် php နှင့် networking ပညာကိုပေါင်းစေတဲ့ software ပါ။ ဒီဆော့ဝဲလ်တွင်  PHP အခြေခံထားသည့် security မြင်… Read More
  • Basic Wireless Access Point Configuration ကျွန်တော်ဒီတခါတော့ Basic Wireless Access Point Configuration ကို ဖော်ပြပေးမှာဖြစ်ပါတယ် Cisco Product Aronet AP ကို အခြေခံပြီးရှင်းပြထားပါတယ် အ… Read More
  • Second Copy v8.1.2.0 Full Version ( 6 MB ) နက်ဝေါ့ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေထဲက Data တွေကို ကို Network ကနေ တစ်ဆင့် Backup ယူချင်သူများအတွက်ပါ...မည်သည်အချိန်မှာ Backup ယူမယ်..ဘယ်နေရာမှာ သိ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...