TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



ဂစ်တာ Tuner apk

GuitarTuna - Free Guitar Tuner

ကျွန်တော် ဂစ်တာ နည်းနည်းပါးပါးတီးတတ်ပါတယ်။ ဒါပေမဲ့ ဂစ်တာကို ကြိုးမညှိတတ်ဘူး။ ကြိုးညှိတတ်တဲ့သူတစ်ယောက်ယောက် အိမ်ကိုလာရင် ကြိုးညှိခိုင်းရပါတယ်။ ဂစ်တာကြိုးညှိပေးတဲ့ app တွေအများကြီး ရှိတယ်ဗျ။
အနည်းငယ်တော့ စမ်းခဲ့ဖူးတယ်။ ဒါမဲ့ သိပ်အဆင်မပြေပါဘူး။
ကြိုးညှိတတ်သူကတော့ အသံတွေက လွဲနေသေးတယ်ဆိုပြီးပြောတာနဲ့ အဲ့ဒီ app တွေကို မကလိကြည့်မိတော့ဘူး။ အခု Guitar Tuna ဆိုတဲ့ app ကိုတွေ့လို့ စမ်းကြည့်လိုက်တယ်။ မဆိုးဘူးဗျ။ ကျွန်တော့်ဘာသာ app ရဲ့ အကူညီနဲ့ ညှိကြည့်လိုက်တယ်။ နောက် ကြိုးညှိတတ်တဲ့ ဘော်ဒါကို
ခေါ်ပြလိုက်တော့ အသံမှန်တယ်တဲ့။ အရမ်းညီတာမဟုတ်ပေမယ့် သူ့အသံနဲ့သူ မှန်တယ်တဲ့။ ပျော်သွားတယ်။
တီးရတာလဲ အဆင်ပြေတယ်။ နောက်ဆို ကြိုးညှိဖို့လူရှာစရာမလိုတော့ဘူး။
ကိုယ်တိုင်စမ်းကြည့်ပြီး သဘောကျတာနဲ့ ကြိုးမညှိတတ်သေးတဲ့ ..
ဘော်ဒါတွေအတွက် ၀မ်းသာအားရ တင်ပေးလိုက်ပါတယ်။ ညှိကြဗျို့ :D
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (6.14MB)

Play Store -
https://play.google.com/store/apps/details?id=com.ovelin.guitartuna&feature=search_result#?t=W251bGwsMSwxLDEsImNvbS5vdmVsaW4uZ3VpdGFydHVuYSJd

dropbox -
https://www.dropbox.com/s/04do8rujdgxr883/Mr.AD%20-GuitarTuna%201.1_2.apk

1mobile -
http://www.1mobile.com/guitartuna---free-guitar-tuner-776352.html

အသုံးပြုပုံကလဲ လွယ်ပါတယ်။
အသေးစိတ်ကြည့်ချင်ရင် Youtube မှာ သွားကြည့်လိုက်ပါ။
https://www.youtube.com/watch?feature=player_embedded&v=CnwXizZVvt4

ပျော်ရွှင်ပါစေ

Mr.AD

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...