TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Mozilla Firefox ၏ မြန်မာ Version ထွက်ရှိ

Mozilla Firefox ၏ မြန်မာ Version ထွက်ရှိ
By Smart Pro

ယခုလက်တလော Web Broswer များ Website များတွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် ပြုလုပ်ခြင်းများ ခေတ်စားလာပါသည်။ ယခုအခါတွင် Mozilla Firefox ပေါ်တွင် မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ ထို Mozilla Firefox ပေါ်တွင် မြန်မာဘာသာကို မည့်သည့် Unicode Font များနှင့်မဆို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသညါ။ ယခုအချိန်တွင် မြန်မာစာ အသုံးပြု၍ ရသည့် Mozilla Firefox ကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း စမ်းသပ်သုံးစွဲသူ လူဦးရေပေါ် မူတည်၍ တရားဝင် ထုတ်ပြန်သွားမည် ဖြစ်သည်။ အဆိုပါ Web Browser ကို အသုံးပြုနေသူကို တင်အောင်လင်းမှ "လာမည့် ၂ လ အတွင်းမှာတော့ တရားဝင် ဖြန့်ချီတော့မယ် ထင်တယ်။ ကျွန်တော် အသုံးပြုနေတာ ၆ လလောက်ရှိပြီး သုံးလို့ အဆင်ပြေပါတယ်။ လူတော်တော်များများလည်း အသုံးပြုလာကြပါတယ်" ဟု ပြောကြားခဲ့ပါသည်။ ထိုမြန်မာစာ ဘာသာ အသုံးပြုလိုပါက mozillamyanmar.org တွင် Download ပြုလုပ်၍ စမ်းသပ်အသုံးပြုနိုင်ကြောင်း သတင်း ရရှိပါသည်။

အောင်ပြည့်အောင်

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...