TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



PS1 Game တွေကို Android ပေါ်မှာဆော့ကြရအောင်

ကျွန်တော်တို့ ငယ်ငယ်တုံးက ဆော့ခဲ့ကြဖူးတဲ့ Play Station 1 Game လေးတွေကို လွမ်းကောင်းလွမ်းနေကြမှာပါ။ အဲဒါတွေထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့ Harvest Moon Back to Nature လေးပဲ ဖြစ်ပါတယ်ဗျာ။ အခု အဲဒီ Game လေးကို ကျွန်တော် Android ပေါ်မှာဆော့နေတယ်ဗျ။ အဲလို ဆော့ချင်တဲ့သူများ အောက်မှာ ကျွန်တော် ရေးပြထားတဲ့ Instruction အတိုင်းလိုက်လုပ်လိုက်ရင် ဆောနိုင်မှာဖြစ်ပါတယ်ဗျာ။

- fpse and bios.zip ဆိုတဲ့ ဒီ File လေးကို အရင် ဒေါင်းလိုက်ပါ > https://docs.google.com/file/d/0B1Cpvolp1DX1cFlqNEZoWmhKZ28/edit?usp=sharing

- ဒေါင်းလို့ ရလာတဲ့ ထဲက FPse for android v0.11.44.apk ကို ဖုန်းမှာ Install လုပ်လိုက်ပါ။ ပြီးရင် မဖွင့်ပါနဲ့ဦး။

- Activator By zip5496.apk ကို Install ထပ်လုပ်လိုက်ပါ။ ပြီးရင် SCPH1001.BIN ကို ဖုန်းရဲ့ SD Card ထဲမှာ Folder တစ်ခု ဆောက်ပြီး ထည့်ထားလိုက်ပါဗျ။

- Play Station 1 Game ISO File တွေကို ဒေါင်းလုပ်ဆွဲဖို့ကတော့ဒီမှာပါ > http://www.freeroms.com/psx.htm အဲဒီမှာ နံမည်နဲ့ အစီအစဉ်တကျ စီထားပါတယ် လိုချင်တာကို ရှာဒေါင်းလိုက်ရုံပါပဲဗျာ။ ဒေါင်းလို့ရလာတဲ့ File ကို SD Card ထဲမှာ ထည့်ထားလိုက်ပါ။

- Phone ထဲမှာ fpse activator ကိုဖွင့်လိုက်ပါ။ Patch it! ဆိုတာလေးကို နှိပ်ပေးပါ။ Super User Permission တောင်းရင် Allow (or) Grant ကိုနှိပ်ပေးပါဗျ။ ဒါဆိုရင်တော့ရပါပြီ။

- fpse ကိုဖွင့်လိုက်ပါ။ SD Card ထဲမှာ သိမ်းထားတဲ့ SCPH1001.BIN ဆိုတဲ့ BIOS File ကို Load လုပ်ပေးရပါမယ်။

- ပြီးရင် Load Game ကိုနှိပ်ပြီး ကိုယ်ဆော့ချင်တဲ့ ဒေါင်းထားပြီးသား Game ISO File ကို ရွေးပေးလိုက်ရင် တစ်ကယ့် Play Station 1 အတိုင်းကစားလို့ရပြီဖြစ်ပါတယ်။

အဆင်ပြေကြပါစေဗျာ.... စာမလာသတင်းမကြာပဲ အချိန်တော်တော်ကြာအောင် ပျောက်ချင်းမလှပျောက်နေတဲ့ အတွက် တောင်းပန်ပါတယ်... နောက်နေ့တွေလဲ Post တွေကို ပုံမှန်လေး တင်နေနိုင်အောင်ကြိုးစားပါ့မယ်ဗျ... ကျူးဇ်တင်ဘာဒယ်

ပေသီး
Admin of Myanmar ITgroup

Related Posts:

  • Android မှာ ကျားထိုးမယ် ( Checkers Game for Android ) ဒီနေ့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဦးလေးကြီးနှစ်ယောက် .. အကြိတ်အနယ် ကျားထိုးနေကြတာ တွေ့ခဲ့တယ်။ သူတို့ကျားထိုးတာကြည့်ပြီး ကျွန်တော် စဉ်းစားမိတယ်။ … Read More
  • 3D Bowling 2.4 ကစားချင်သူများအတွက် Download 3D Bowling 2.4 .apk 10 MB or Download MF … Read More
  • မြန်မာ ဂိမ်းများနှင့် app များ  ပုံမှာတွေ့ရတဲ့ အတိုင်းပဲ မြန်မာ app and game များဒေါင်းနိုင်ပါတယ် http://www.jas.com.mm/ homePage http://www.jas.com.mm/welcome/games ဂိမ်းတေ… Read More
  • World of Goo Android Game ဒီဂိမ်းလေးကရေလယ်လန်းတယ်နော် ကွန်ပူတာမှာလဲ နာမည်ကြီးတယ် ခေါင်းလဲ နည်းနည်း စားတယ် Required Android O/S : 2.2+ Screenshots : D… Read More
  • Tiny Thief – v1.0.0 apk ဂိမ်းသစ်လေးနော်  July 11, 2013 အခုမှထွက်တာ .. playstore မှာလူကြိုက်များဂိမ်းလေးဖြစ်နေပြီဆိုက်လည်းသေးတယ် … ဆော့ရမှာတစ်မျိုးလေးဗျ တောင်မဆော့ရ… Read More

2 comments:

  1. ကျေးဇူး....
    Game download site က D တစ်မျိုးထဲလားဗျ..နောက် Site တစ်ခုလောက်များ ပြောပေးပါလားဗျာ..Please....

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...