TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Android ဖုန်းတွေမှာ Factory Reset လုပ်လိုက်ရင် တချို့ဖုန်းတွေ မှာ Gmail,Gtalk,Google Play တွေ ၀င်လို့ မရ ဘူး ဖြစ်တတ် ပါတယ်

Android ဖုန်းတွေမှာ Factory Reset လုပ်လိုက်ရင် တချို့ဖုန်းတွေ မှာ Gmail,Gtalk,Google Play တွေ ၀င်လို့ မရ ဘူး ဖြစ်တတ် ပါတယ်။
အဲဒီလိုဖြစ်ရင် ဖုန်းထဲက hosts file ကိုပြင်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်
။ဘယ်လိုလုပ်ရမလဲဆိုတာကို ကျနော် အောက်မှာ ရှင်းပြပါ့မယ်ခင်ဗျာ။

(၁) ဖုန်းကို အရင်ဆုံးအမြစ်တူးထားရပါ့မယ်။
(၂) Total commander ဆိုတဲ့ apk ဖိုင်လေးကို ဖုန်းထဲကို Install လုပ်လိုက်ပါ။
TotalCommander ကို ဒီလင့် မှာ ဒေါင်းပါ
http://www.mediafire.com/?7xg2daaks32e7av
(၃) TotalCommander ကိုဖွင့်လိုက်ပါ။
(၄) File system root\etc\hosts ကိုရှာပါ။
(၅ ) hosts file ကို ဖိထားပြီး edit file ကို ရွေး၊Totalcmd-Editor နဲ့ဖွင့်ပါ။
အဲဒီမှာ အောက်ကအတိုင်းပေါလာပါလိမ့်မယ်။
127.0.0.1 localhost
127,196,99.209 android.clients.google.com mtalk.
ဒုတိယစာကြောင်းရဲ့ ရှေ့မှာ # ထည့်ပေးပြီး အပေါ်မှာ save ကို နှိတ်လိုက်ပါ။
127.0.0.1 localhost
#127,196,99.209 android.clients.google.com mtalk.
(၆) ဖုန်းက Re-mount Drive? ဆိုပြီး ပေါ်လာပါလိမ့်မယ်။
Ok ကိုရွေးပေးလိုက်ပါ။
(၇) ဖုန်းကို Restart ချပြီး Gmail အကောင့် ကို ၀င်ကြည့်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။
A.T.Best
WLH
ref: MobileMother

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...