TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



သင့် Blogger site ကို မြန်ဆန်စေမယ့်နည်းလမ်းများ

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ ခုဒီနည်းလမ်းကတော့ သိပြီးသားသူတွေအတွက်မရည်ရွယ်ပါဘူး။ ပြီးတော့ ဒီပိုစ့်ဟာ တခြားဘာသာဝဘ်ဆိုဒ်ကနေ ဘာသာပြန်တာမဟုတ်ဘူးလို့ပြောထားစေချင်ပါတယ်။

လူအများစုကတော့ သူတို့ Blogger site လေးကိုလှစေချင်လို့ဆိုပြီး ဟိုဆိုဒ်သွား၊ ဒီဆိုဒ်သွားပြီး Widgets တွေသုံးကြပါတယ်။ သူတို့ Blogger site လေးသွားတာကိုမသိရှာပါဘူး။ ဘာလို့လေးလဲဆိုတာကို ကျွန်တော့်အတွေ့အကြုံအရပြောပြပါမယ်ဗျာ။ ပြီးတော့ ရှောင်ရန်တွေပေါ့။

ကျွန်တော်ဆိုလိုတာက Javascript လုံးဝမသုံးဖို့မဟုတ်ပါဘူး။ လိုတာထက်ပိုမသုံးဖို့ပါ။ ပိုသုံးမိရင် Warning ပေါ်လာပါတယ်။ အဲ့ဒီ Warning ပေါ်လာတာနဲ့ Continue တန်းကလစ်ဖို့မကြိုးစားပါနဲ့။ စက်ပါဟမ်းသွားပါမယ်။ Stop Script ကိုကလစ်ပါ။ Javascript လျှော့သုံးစေခြင်းဖြင့် လာလည်သူတိုးပွားစေပါတယ်။



ကျွန်တော်တို့မြန်မာနိုင်ငံမှာ အင်တာနက်ကွန်နက်ရှင်လုံးဝမကောင်းပါဘူး။ ပုံတွေအများကြီးသုံးရင် ကျွန်တော်တို့ရဲ့ အင်တာနက်စားစေပါတယ်။ ပြီးတော့ အင်တာနက်ကွန်နက်ရှင်ဒေါင်းသွားရင် ပုံတွေတစ်ဝက်တစ်ပျက်နဲ့ မမြင်ရဘဲဖြစ်နေပါလိမ့်မယ်။



Multiply တုန်းက ကိုသားသားလေး သတိပေးခဲ့တာလေးပါ။ Gif ပုံတင်တာနဲ့ site loading ဖြစ်တာတော်တော်ကြာနေပါတယ်။ ပြီးတော့ လာလည်သူတွေအတွက် အခက်တွေ့ပါစေတယ်။ လှတာတော့ တော်တော်လှပါတယ်ဗျာ။



Flash ကိုမသုံးနဲ့လို့မဆိုပါဘူး။ သုံးပါ။ နာရီတို့ သီချင်းတို့ Radio တို့ဆိုရင် flash ပဲအားကိုးနေဆဲပါ။ သုံးပါ။ သင့် Blogger ဆိုဒ်တွေအားလုံးမှာလိုက်သုံးမနေပါနဲ့။ အသုံးနည်းလေ Site load လုပ်တာပိုမြန်လေပဲဗျာ။



တချို့ Blogger Widgets လှလှပပတွေကြောင့် JQuery ကို template မှာပြန်မစစ်ဘဲ ထပ်ခါထပ်ခါတလဲလဲ ပြန်ထည့်မိတဲ့ Blogger site လေးတွေကို သတိထားမိပါတယ်။ မထည့်ရသေးရင်တော့ ထည့်ပေါ့ဗျာ။ မလွန်ကဲစေနဲ့။


Malware Script ဆိုတာက တချို့ဆိုရင် သူတို့ html ကိုခိုးမှာဆိုးလို့ဆိုပြီး encrypt လုပ်ထားတတ်လေ့ရှိပါတယ်။ ကုဒ်တွေ ကိုကာထားရင် ဆိုဒ်လေးလန်စေပါတယ်။ လာလည်တဲ့သူတွေ ဆိုဒ်ကို scanner နဲ့စစ်လို့ Malware တွေ့ရင်သွားပါပြီ။ code ကာရင် Blogger ဆိုဒ်က Malware လို့သတ်မှတ်ပါတယ်



Blogger Widgets စုပုံထားရင် အမှိုက်ကိုပုံထားသလိုပါပဲ။ အသုံးမလိုရင် ဖျက်လိုက်ပါ။ တချို့က သူတို့ Blogger site အောက်မှာ ပုံပြီးထားတတ်တာရှိပါတယ်။ ဒါဆိုရင် အောက်မှာ ဘာရှိနေမှန်းသိမှာမဟုတ်ပါဘူး။ အများကြီးလည်းမထားပါနဲ့။ သင့်ရဲ့ Blogger site ဟမ်းသွားပါလိမ့်မယ်။



တချို့ Blogger Templates တွေဆိုရင် Blogger Widgets တွေထည့်လိုက်တာနဲ့ Blog site ကြီး load လုပ်ရတာ အခက်တွေ့နေပါတယ်။ Blogger Templates ကလှရက်နဲ့ widget တွေကြောင့် ဟမ်းနေပြီး ကြည့်ရဆိုးတာကိုခဏခဏတွေ့ရဖူးပါတယ်။



Mobile မှာစာဖတ်သူတွေအတွက်အဆင်ပြေအောင် Custom နှင့်  No. Show desktop template on mobile devices. ကိုလုံးဝမသုံပါနှင့်။  No. Show desktop template on mobile devices.  ဆိုရင် ပိုဆိုးပါပြီ Mobile ကိုင်တဲ့သူတွေအတွက်အဆင်မပြေဖြစ်ပါလိမ့်မယ်။ Custom ဆိုရင် လှတော့မလှပေမယ့်  စာရင် No. Show desktop template on mobile devices. ပိုမြန်ဆန်ပါတယ်။
ref: http://techinblogging.blogspot.com

Related Posts:

  • Blog ရေးသားနည်းအခြေခံစာအုပ် ဟုတ်ကဲ့မင်္ဂလာပါအခုကျွန်တော်တင်ပေးမဲ့အရာကတော့viber ထဲမှာကိုနောင်မင်းထွန်းတောင်းထားတဲblogရေးသားနည်းအခြေံစာအုပ့်ကိုကျွန်တော်တင်ပေးလိုက်ပါ တယ်ဒီစာအုပ်ရေ… Read More
  • Blog မှာ ငွေ လဲ လှယ်နှုန်း Widget ထည်းသွင်းခြင်း Currency Converter var fm="USD";var ft="EUR";var hb="2D6AB4";var hc="FFFFFF";var bb="F0F0F0";var bo="2D6AB4";var tz="timezone";var wh="200x250";va… Read More
  • Blog လုပ်နည်း ညီလေးနေလင်းစိုးတောင်းထားလို့တင်ပေးရင်းနဲ့သူငယ်ချင်းတွေပါ Blog တစ်ခုကိုအဆင်ပြေပြေရေး နိုင်အောင်တင်ပေးလိုက်ပါတယ် မူရင်းစာရေးသူဇွဲကပင်မြေကိုအားလုံး&… Read More
  • မိမိဘလော့မှာ Mp3 Player ထည့်နည်လေးပါ ကိုလွမ်းဦးမောင်တင်ထားတဲ့Postလေးပါ။BlogထဲမှာMp3 နားထောင်လို့ ရတာကောင်းတယ်လို့ဆိုလို့ ရတယ်ဘာလို့လည်း ဆိုတော့ စာဖတ်တဲ့ ပရိတ်သတ်တွေကတစ်ချို့ ကြတော့စ… Read More
  • Blog Slider လုပ်နည်း (Popular Posts) အင်တာနက်တွင် ဘလော့နှင့် ပတ်သက်၍ Slider လုပ်နည်းတစ်ခုကို တွေ့မိ၍  တစ်ခြား ဘလော့များတွင်လည်း ထိုသို့ ပြုလုပ်နိုင်အောင် အောက်ပါအတိုင်း ရေးသားဖော်ပြ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...