TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Epson Printer များကို Reset လုပ်နည်း

Zeyar: ကိုပေါက်ရေ ကူညီပါအုံး Epson R390 Rester က အလုပ်မလုပ်ဖြစ်နေတယ် Counterဖြည်လိုက်တိုင်း Error တက်တက်လာတယ် Communication Error! Error Code : 20000010 ဆိုပြီးတက်လာတာ ကြိုးလည်းမလွတ်ဘူး ဘာဖြစ်တာလဲဟင် help

Zeyar ရဲ့ Error Code က Driver Crash ဖြစ်တာလို့သိရပါတယ်.. ကျွန်တော်က Printer Service မကျွမ်းကျင်ပါဘူး.. ဒါပေမယ့် လေ့လာမိသလောက် လုပ်နည်း ပြောပြပါမယ်..
Zeyar ရဲ့ Printer Driver ကို Uninstall လုပ်လိုက်ပါ.. ပြီးရင် Restart ချပြီး Driver ကို ပြန်တင်ပါ..
Driver ကိုသိပြီ.. ကြိုးတွေဘာတွေလည်း မလွတ်ဘူးကောင်းတယ်ဆိုရင်.. အောက်ကလင့်မှာ ကိုယ့် Printer နဲ့ ကိုက်တဲ့ Resetter ကို ဒေါင်းလိုက်ပါ... Printer ကို ပါဝါပိတ်ထားလိုက်ပါ...
Download Resetter Here ! or Here !
ရလာတဲ့ Resetter ကို မဖြည်ပါနဲ့အုံး...
ပထမဆုံး ကွန်ပျူတာရဲ့ System Date and Time ကို အရင် ပြောင်းရပါမယ်...
ပြောင်းရမယ့် Printer အမျိုးအစားနဲ့ Date တွေကတော့ -

1 Mar 2006 for Resetter Epson C67
24 Jul 2007 for Resetter epson C90
9 Nov 2006 for Resetter epson C58
10 Nov 2006 for Resetter Epson C79
18 Jan 2007 for Resetter Epson R270
1 jan 2007 for Resetter Epson R390
13 february 2007 for Resetter Epson RX650
23 january 2007 for Resetter Epson CX3900

ဖြစ်ပါတယ်.. ကို Zeya ရဲ့ Printer ကတော့ R390 ဆိုတော့ System Date ကို 2007 ခုနှစ်၊ ဇန်န၀ါရီလ 23 ရက်ကို ပြောင်းပေးရမှာဖြစ်ပါတယ်.. (ကွန်ပျူတာရဲ့ ညာဘက်အောက်ထောင့်နားက နာရီကို တစ်ချက်နှိပ်ပြီး ပြောင်းရပါမယ်.. ) ပြီးသွားရင် ..

ကိုယ့်ကွန်ပျူတာမှာ အရင်က Printer Resetter တွေတင်ဖူးခဲ့ရင် ဖြုတ်ပစ်ရပါမယ်.. သာမန်အားဖြင့်တော့ C:\Adjustments_Programs\Stylus ***  Folder တွေကို ဖျက်ပစ်ရပါမယ်... (*** ဆိုတာ Printer နံပတ်ဖြစ်ပါတယ်.. ဥပမာ R390) ....



ပြီးရင် Start>Run မှာ Regedit လို့ရိုက်ထည့်ပြီး Enter ခေါက်ကာ Registry Editor ထဲကို ၀င်ပါ..
HKEY_LOCAL_MACHINE \ SOFTWARE \ EPSON \ PTSG \ ကိုရောက်အောင်သွားပြီး Stylus နာမည်နဲ့ Folder တွေကို Delete လုပ်ပစ်လိုက်ပါ... (ဥပမာ- HKEY_LOCAL_MACHINE \ SOFTWARE \ EPSON \ PTSG \ Stylus R390).


ဒါတွေလုပ်ပြီးမှ-
1. ကိုယ် Reset လုပ်ချင်တဲ့ Resetter ကို ဖြည်ပါ.. ( ဥပမာ - R390 Resetter )
2. Printer ကို ပါဝါဖွင့်ပါ..
3. ဖြည်ထားတဲ့ Resetter Folder ထဲက AdjProg.exe ကို Run ပါ...
4. Particular adjustment mode ကိုရွေးပါ..
5. waste Ink pad counter ကိုထပ်ရွေးပြီး OK ကိုနှိပ်ပါ..
6. Waste Ink Pad counter  ကို 0 ရောက်အောင် initialization ဆိုတဲ့ button ကိုနှိပ်နှိပ်ပေးပါ...
( တစ်ချက်နှိပ်တိုင်း ဘယ်လောက် ရောက်တယ်ဆိုတာ ပြပေးမှာဖြစ်ပြီး Ok ကို နှိပ်ပေးရမှာဖြစ်ပါတယ်)
7. Status Counter ကိုဖတ်ဖို့အတွက် အနီရောင် Button ကိုနှိပ်ပေးရင် လက်ရှိ ကောင်တာ Value ကိုမြင်ရမှာဖြစ်ပါတယ်..
8. ပြီးသွားရင်တော့ Printer ကို ပါဝါပိတ်လိုက်ပါ.. 5/10 စက္ကန့်လောက်နေရင် Printer ကို ပါဝါပြန်ဖွင့်လိုက်ပါ...

အဆင်ပြေပြီလို့ ဆိုပါတယ်..

မောင်ပေါက်

Source : Trick-Collection

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...