TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Beini Software ဖြင့် Wifi ဟက်နည်း




 မေးနေကြတဲ့ သူငယ်ချင်းတွေ များနေတာနဲ့ အတော်ပဲဗျာ  အဝေးဆီက မလေးရောက် ခရီးသည် က တဆင့်ချင်း ရှင်းပြထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ (ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး)
အားလုံးပဲ မင်္ဂလာပါ။ ၁ရက်နေ့ က တင်ပေးထားတဲ့ အလွယ်ကူဆုံး wifi password ရယူနည်းက April Fools လုပ်ထားခြင်းဖြစ်တာကို ပထမဦးဆုံး ဝန်ခံပါရစေ။ အဲ့ဒီတုန်းက စာနဲ့ အတူ တွဲလျှက်ပါတဲ့ ပုံတွေကတော့ Realtex Wifi Adapter အတွက် သီးသန့် သုံးတဲ့ CDLinux Chinese Version Software ဖြစ်ပါတယ်။ ယခု အတည်ပေးမယ့် Software ကတော့ wireless adapter အားလုံးနဲ့ ကိုက်ညီတဲ့ Beini Software English Version ပဲဖြစ်ပါတယ်။

. Beini Software ကိုသုံးပြီး minidwep-gtk program ဖြင့် wifi password ရယူခြင်းကို တင်ပြချင်ပါတယ်။ ဆော့ဝဲလ်ကို မဒေါင်းခင် ပထမဦးဆုံး လိုအပ်တာကတော့ CD အလွတ်တစ်ချပ်ပဲ ဖြစ်ပါတယ်။ ရှိပြီဆိုလျှင်  Beini Software ကို ဒေါင်းလိုက်ပါ (or) >> Download Here<< ။ ဒေါင်းပီးရင်တော့ ထုံးစံအတိုင်း zip ကို ဖြည်လိုက်ပါ။ ဖြည်တဲ့အခါ ပြန်ရှာရ လွယ်ကူအောင် Desktop ပေါ်မှာ ဖြည်စေချင်ပါတယ်။
 
ဖြည်ပြီးပြီဆိုလျှင် ဖြည်ထားတဲ့ဖိုင်ကို CD တစ်ချပ် ပြုလုပ်ရပါမယ်။ CD ကို CD Rom ထဲ ထည့်ပါ။ Burning Software ရှိသူတွေက အလွယ်တကူ Burn နိုင်သလို Burning Software မရှိသူတွေအတွက်  Winiso Software ကို ဒီမှာ ရယူနိုင်ပါတယ် (or)>> Download Here<< ။  Winiso ကို ဒေါင်းပီးလျှင်တော့ ထုံးစံအတိုင်း အင်စတော လုပ်ရပါမယ်။ အင်စတောလ် လုပ်ပြီးလျှင် ထို Software ကို Run လိုက်ပါ။
( ၁ ) အောက်ပါပုံအတိုင်း ပေါ်လာလျှင် Cancel ကိုနှိပ်ပါ။

( ၂ ) ပြီးလျှင် Open File ကိုနှိပ်ပါ။



( ၃ ) ပြီးလျှင်တော့ ခုနက Zip ဖြည်ထားတဲ့ Beini ရှိရာကို အောက်ပါအတိုင်း အဆင့်ဆင့် ရွေးပေးရပါမယ်။ 1-> Desktop , 2-> Beini , 3-> Open


( ၄ ) ပီးလျှင်တော့ အောက်ပါအတိုင်း Burn ကိုနှိပ်လိုက်လျှင် Beini CD တစ်ချပ်ရပါပြီ။ သေချာအောင် CD ကို Checking လုပ်ချင် လုပ်နိုင်ပါတယ်။


CD ဖြစ်မြောက်ပြီဆိုလျှင် password ကိုရယူဖို့ အတွက် ၄င်း CD ဖြင့်စက်အား Boot လုပ်၍ ရယူရမည် ဖြစ်သောကြောင့် စက်အား Restart လုပ်ရန် လိုအပ်ပါတယ်။ Boot လုပ်တယ်ဆိုတာ သာမာန်အားဖြင့် စက်အား CD မှတဆင့် windows တင်ရန် Format လုပ်သလိုပါပဲ။ စက်ကို စစဖွင့်ဖွင့်ချင်း Esc, F2, F10 စသဖြင့် မိမိစက်အပေါ်မူတည်၍ နှိပ်ပေးရပါမယ်။ တချို့ စက်တွေကျတော့ ဘာမှနှိပ်စရာမလိုပဲ စက်ထဲ Boot CD ရှိသည်ဆိုလျှင်နှင့် စက်စစဖွင့်ချင်း auto boot လုပ်ပေးပါတယ်။ Boot မလုပ်ခင် မိမိစက်၏ CD Rom ကို Boot လုပ်ပေးနိုင်အောင် Bio Setup လုပ်ထားရပါအုန်းမယ်။ ထို့ အတွက် စက်စစဖွင့်ချင်း F12 ကိုနှိပ်၍ System Setup ထဲဝင်ပါ။ Boot Order မှာ Boot From CD Room ကို Enter Key နှိပ်ပြီး အပေါ်ဆုံးမှာ ထားပေးလိုက်ပါ။ ပြီးလျှင် Exit ( F10 ) ကိုနှိပ်၍ Save လုပ်ကာ ထွက်လိုက်လျှင် Setup ပြီးဆုံးပါပြီ။


( ၁ ) Boot လုပ်လို့  အောင်မြင်သွားလျှင် အောက်ပါပုံအတိုင်း ပေါ်လပါလိမ့်မည်။ ၄င်းမှ ဝိုင်းပြထားသည့် minidwep-gtk ကို ကလစ်နှိပ် ရွေးချယ်ပါ။


( ၂ ) OK ကိုနှိပ်ပါ။


( ၃ ) အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ ထိုအထဲမှ password ရယူနိုင်သည့် wifi မည်မျှရှိသည်ကို ဝိုင်းပြထားသည့် Scan ကိုနှိပ်၍ ရှာပါ။


( ၄ ) အောက်ပါပုံကတော့ Scan ရှာပြီး ရရှိသည့် လိုင်းအရေအတွက် ဖြစ်ပါသည်။ ထိုအထဲမှ မိမိ password ရယူချင်သည့်လိုင်းအား ကလစ်နှိပ်၍ Lanch ကိုနှိပ်ပါ။


( ၅ ) ထိုအခါ password hacking အလုပ်လုပ်နေသည်ကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မည်။ မျှားပြထားသည့်နေရာသည် IVS ဖြစ်ပြီး ဂဏန်းများ တက်နေသည်ကို တွေ့ ရပါမယ်။ ဂဏန်းအရေအတွက် ၃၀၀၀၀ ကျော်အထိ စောင့်ရန်လိုအပ်ပါတယ်။ ၃၀၀၀၀ နဲ့  ၅၀၀၀၀ ကြားမှာ password ထွက်လာနိုင်ပါတယ်။ password တစ်ခုကို ၁၅မိနစ်မှ မိနစ် ၂၀ခန့်  hack ရပါတယ်။ သတိပြုရန်မှာ hack နေချိန်အတွင်း keyboard မှ space bar ကို မနှိပ်မိစေရန်ပါပဲ။ space bar တစ်ခါနှိပ်လျှင် hack ခြင်းအား ရပ်နေစေပြီး space bar ထပ်မံ နှိပ်ပေးပါက hack ပြန်လုပ်ပေးပါတယ်။ IVS က ကိန်းဂဏန်းပြောင်းလဲရာမှာ ၅ မိနစ်အတွင်း ရပ်တန့် နေတယ်၊ ပြောင်းလဲမှု နှေးကွေးနေတယ်ဆိုရင်တော့ ထိုလိုင်းအတွက် hacking လုပ်ခြင်းကို ရပ်နားပေးလိုက်ပြီး နောက်တစ်ချိန်မှ ထပ် hack ဖို့ မှတ်သားထားပြီး တခြား wifi လိုင်းကို အရင် hack စေချင်ပါတယ်။


( ၆ ) hacking အောင်မြင်သွားပြီဆိုရင်တော့ အေက်ပါပုံအတိုင်း password ထွက်လာပါလိမ့်မယ်။ password ကို Hex key ဆိုပြီး ဖော်ပြထားပါတယ်။ ရေးမှတ်လိုက်ပြီး နောက်ထပ် wifi တစ်ခုကို အထက်ပါအဆင့်အတိုင်း ထပ်မံ hack နိုင်ပါတယ်။


minidwep-gtk ဖြင့် hack ရတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးဖြစ်ပါတယ်။ အားလုံးလဲ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်တွေ့ ပိုင်း ပိုအားသန်လို့  စာနဲ့ ရေးရှင်းပြတဲ့အခါ ဖတ်ရှုရတာ အဆင်မပြေဖြစ်ခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။ လောလောဆည် WEP ကိုပဲ hack နိုင်သေးပြီး WPA2-PSK ကိုတော့ လက်လျော့ထားပါတယ်။ တခြား hack နိုင်သူများရှိရင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။


*** Beini Software ဟာ မိမိကိုယ်ပိုင် wifi password ကို ထိုးဖောက်နိုင်ဖို့ အတွက် လေ့ကျင့်ခန်းအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ တခြားသူရဲ့ wifi ကို ထိုးဖောက်ခြင်းမပြုပဲ မိမိကိုယ်ပိုင်ကိုသာ ထိုးဖောက်ရန် အလေးအနက် သတိပေးထားခြင်ပါတယ်
သိတတ်လို့ မဟုတ်ဘဲ မသိတာ မရှိစေရန်  ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်....
မကောင်းသော ကိုယ်ကျိုးဆောင်ကျဉ်းမှုဖြင့်တော့  အသုံးမပြုစေလိုကြောင်း  
မေတ္တာရပ်ပါရစေ
http://bluenavyblog.blogspot.com/2013/06/beini-software-wifi.html

Related Posts:

  • Beini Software ဖြင့် Wifi ဟက်နည်း  မေးနေကြတဲ့ သူငယ်ချင်းတွေ များနေတာနဲ့ အတော်ပဲဗျာ  အဝေးဆီက မလေးရောက် ခရီးသည် က တဆင့်ချင်း ရှင်းပြထားတာကို ပြန်လည်မျှဝေပေး… Read More
  • virtual Router Plus Works on Windows 8 and Windows 2012 Solved the problem of “Virtual router could not be started” No installation needed Do not start background se… Read More
  • Maxidix Wifi Suite 13.5.28 Build 491 Final Full Version ( 7 MB ) မိမိ Laptop ကွန်ပျူတာကနေ Wifi ပြန်လွှင့်ချင်လို့ဘဲဖြစ်စေ..ကိုယ့်စက်ထဲမှာမိနေတဲ့ Wifi တွေရဲ့ Information တွေကိုဘဲဖြစ်စေ ကြည့်နိုင် လွှင့်နိုင်မယ့် အ… Read More
  • ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ ""Password""ကိုသိချင်ပါသလား ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ ""Password""ကိုသိချင်ပါသလား ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီလို့ သိရပါတယ်။ ပထမဦးဆုံးကိုယ့်… Read More
  • WiFi_Hacking_Basic_ ကျနော့်ရဲ့ညီငယ်လေး မင်းစိုးရာဇာရေးသားတဲ့ WiFi Internet Connection Hacking [WEP, WAP2 penetration Test] မြန်မာလိုစာအုပ်လေးဖြစ်ပါတယ်ခင်မျ...လေ့လာလ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...