TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



ကိုယ့်ရဲ့ Blog မှာ Mailware တွေ့တယ်ဆိုပြီးပြတဲ့ Google Mailware Warning ကို Remove လုပ်နည်း


ကိုယ့်ရဲ့ ဘလော့မှာ Mailware တွေ့တယ်ဆိုတော့ တော်တော်လန့်သွားမှာပဲခင်ဗျာ..
တကယ်တော့ ကိုယ့်ဘလော့ထဲကို သူများက Mailware နဲ့ တိုက်ခိုက်ဖို့ဆိုတာ သာမန်အဖို့တော့ တော်တော် မလွယ်သလို ကျွန်တော်တို့လို သာမန် ဘလော့လောက်ကိုလည်း မတိုက်ခိုက်ကြပါဘူး.. ဒီလို Warning ကြီးပေါ်လာရတဲ့ အဓိက ပြဿနာက ကျွန်တော့်တို့တွေ ဘလော့ကို အလှဆင်ချင်လွန်းလို့ သူများဆီက ကူးထည့်လိုက်တဲ့ ကုဒ်တွေ၊ Script တွေ ကြောင့် ဖြစ်ရတာပါ.. ကျွန်တော်တို့ ထည့်လိုက်တဲ့ ကုဒ်တွေ၊ Script တွေမှာ Google က မသင်္ကာစရာတွေပါလာလို့ ခုလိုသတိပေးခံရတာဖြစ်ပါတယ်.. ဒီအတွက် Google ကို တော်တော်ကျေးဇူးတင်ရပါမယ်.. ဘာလို့လဲဆိုတော့ Blogger ဆိုတာကို Sub Domain Name တစ်ခု၊ Unlimit Bandwidth နဲ့ Unlimited Host တွေကို အလကား Free ချထားပေးတဲ့အပြင် ကိုယ့်အလကားသုံးနေတဲ့ ဘလော့ကို တိုက်ခိုက်လာနိုင်၊ အန္တရာယ်ပေးလာနိုင်တာကိုတောင် သူက ကာကွယ်ပေးလို့ပါပဲ...
ကဲ ကိုယ့်ဘလော့မှာ The Website Ahed Contains Mailware ! ဆိုပြီးတော့များ ကြုံလာခဲ့ရင် ဖြေရှင်းနည်းလေး ပြောပြချင်ပါတယ်..

1. ပထမဆုံး အောက်က လင့်ကိုသွားပါ...
2. ကျလာတဲ့ဘောက်ထဲက http:// လို့ရေးထားတဲ့ဘောက်ကလေးထဲမှာ ကိုယ့်ဘလော့၊ ဒါမှ မဟုတ် ဘလော့နဲ့ချိတ်ထားတဲ့ ဒိုမိန်း ကိုရိုက်ထည့်လိုက်ပါ.. http:// ကို မဖျက်မိစေနဲ့နှော်.. ဖျက်မိရင်လည်း http:// ပါအောင်ထည့်ရမှာဖြစ်ပါတယ်.. ဥပမာ http://www.maungpauk.org ပေါ့ဗျာ.. ပြီးရင် Submit ကိုနှိပ်လိုက်ပါ..

3. ဒါဆိုရင်တော့ ကိုယ့်ဘလော့ကို စစ်ဆေးပြီးတော့ နောက် Page တစ်ခုထွက်လာပါတယ်.. အဲဒီမှာ အနီရောင်နဲ့ ဘယ်နားက ကုဒ်က ဖြစ်နေတာကိုဆိုတာကို ပြပေးပါတယ်.. တကယ်လို့ မပြေပေးသေးဘဲ စာမျက်နှာတိုတိုလေးပဲ လုပ်ထားရင်တော့ Located Here ဆိုတာကိုနှိပ်လိုက်ပါ...
 
4. ကိုယ့်ဘလော့ရဲ့ html Code တွေကြားထဲမှာ အနီရောင်နဲ့ပြထားတဲ့စာသားကြောင့်ပါတဲ့ခင်ဗျာ.. ကဲဒါဆိုရင် အဲဒီ အနီရောင်နဲ့ပြထားတဲ့စာသားကို ကော်ပီကူးလိုက်ပြီး ကိုယ့်ဘလော့ထဲက Template > Edit Html ထဲကို ဝင်ပြီး ကလစ်တစ်ချက်ချ Control + F နှိပ်ပြီး ကူးလာတဲ့စာသားကိုထည့် Enter ခေါက်.. ထပ်တူတွေ့တဲ့ ကုဒ်ကို ဖျက်လိုက်ရမှာဖြစ်ပါတယ်.. တစ်ခါတစ်လေ html Code တွေက ကျွန်တော်တို့ထည့်ထားခဲ့တဲ့ Page Element ထဲမှာလည်းရှိနေနိုင်ပါတယ်.. ရှာပြီး ဖျက်လိုက်ပါ..


http://www.maungpauk.org/2013/07/blog-mailware-google-mailware-warning.html

Related Posts:

  • Blog ရေးသားနည်းအခြေခံစာအုပ် ဟုတ်ကဲ့မင်္ဂလာပါအခုကျွန်တော်တင်ပေးမဲ့အရာကတော့viber ထဲမှာကိုနောင်မင်းထွန်းတောင်းထားတဲblogရေးသားနည်းအခြေံစာအုပ့်ကိုကျွန်တော်တင်ပေးလိုက်ပါ တယ်ဒီစာအုပ်ရေ… Read More
  • Blog hack ကာကွယ်ကြရအောင် (bolgger သမားတွေအတွက်) မင်္ဂလာပါဗျာ ဒီနေ့တော့ ကိုဝင်းစိုးနဲ့ ဖုန်းစကားပြောရင်hacker အကြောင်းရောက်သွားတာသူညတုန်းက အင်တာနက်မှာ ရှောက်မွှေတုန်းနတ်သားလေးဆိုဒ်က Bolg Hack အကြေ… Read More
  • Blog Slider လုပ်နည်း (Popular Posts) အင်တာနက်တွင် ဘလော့နှင့် ပတ်သက်၍ Slider လုပ်နည်းတစ်ခုကို တွေ့မိ၍  တစ်ခြား ဘလော့များတွင်လည်း ထိုသို့ ပြုလုပ်နိုင်အောင် အောက်ပါအတိုင်း ရေးသားဖော်ပြ… Read More
  • Blog လုပ်နည်း ညီလေးနေလင်းစိုးတောင်းထားလို့တင်ပေးရင်းနဲ့သူငယ်ချင်းတွေပါ Blog တစ်ခုကိုအဆင်ပြေပြေရေး နိုင်အောင်တင်ပေးလိုက်ပါတယ် မူရင်းစာရေးသူဇွဲကပင်မြေကိုအားလုံး&… Read More
  • မိမိဘလော့မှာ Mp3 Player ထည့်နည်လေးပါ ကိုလွမ်းဦးမောင်တင်ထားတဲ့Postလေးပါ။BlogထဲမှာMp3 နားထောင်လို့ ရတာကောင်းတယ်လို့ဆိုလို့ ရတယ်ဘာလို့လည်း ဆိုတော့ စာဖတ်တဲ့ ပရိတ်သတ်တွေကတစ်ချို့ ကြတော့စ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...