TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



bootloader status



မူးဟားဟားဟား ... သိပြီဟေး ... သိပြီဟ ...
အောင်မလေး .. ရှာလိုက်ရတာ။ နောက်ဆုံးတော့ မကြာခဏ ၀င်ကြည့်ဖြစ်နေတဲ့ huawei bootloader unlock code တောင်းတဲ့ website ထဲက instruction မှာ တွေ့တာပဲ။ ဒါကြောင့် ကျွန်တော်တို့ ကလေးဘ၀ စာသင်စာဖတ်ခါစ အရွယ်တုန်းမှာ လူကြီးတွေက ဆုံးမတာ ဖြစ်မယ်။ ငါ သိပြီးသား ငါ တတ်ပြီးသား ဆိုပြီး ဘယ်တော့မှ ကျော်မသွားပါနဲ့တဲ့။ သိပြီး တတ်ပြီးသားတွေကိုလည်း revision ပြန်တဲ့ သဘောနဲ့ ကြုံတိုင်း တွေ့တိုင်း ထပ်ခါတလဲလဲ ဖတ်ရှု လေ့လာပေးရမယ်တဲ့။ ဒါ မှန်တာပဲ။

ဟိုတစ်နေ့က android phone/tablet တွေရဲ့ bootloader status ကို lock (or) unlock သိချင်ရင် ဘယ်လို လုပ်ရမလဲလို့ မေးထားတာလေး ရှိတယ်။ ဒီမှာလည်း မေးထားရင်း ကိုယ့်ဟာကိုယ်လည်း ရှာရင်း အခုတော့ သိရပါပြီဗျာ။ bootloader status ကို သိချင်ရင် device ပေါ် မူတည်ပြီး ကြည့်ပုံကြည့်နည်း ကွဲပြားပါတယ်။ လူသုံးများတဲ့ samsung, htc, huawei, sony တွေမှာ ...

- samsung
samsung မှာ bootlader ကို ချုပ်ထားတာ မရှိလို့ bootloader အကြောင်း ထည့်ကို စဉ်းစားနေစရာ မလိုဘူးပေါ့ ခင်ဗျာ။ android device တွေထဲမှာ samsung က အလွတ်လပ်ဆုံးနဲ့ အတိုးတက်ဆုံးပါပဲ။

- htc
htc ဆိုရင် ...
> power off phone > volume down + power = hboot mode
့hboot mode ထဲ ရောက်သွားရင် ထိပ်ဆုံးမှာ bootloader status ကို တွေ့ရမှာပါ။ unlocked / reloced စသည်ဖြင့် ရေးထားပါတယ်။
htc က android devices တွေထဲမှာ အချုပ်အချယ် အများဆုံးပဲ။ ဥပမာ - android device မှန်ရင် file manager ပါကို ပါရမယ်ပေါ့။ htc မှာ မပါဘူး။ အရင်ကလည်း မပါခဲ့ဘူး။ အခုလည်း မပါသေးဘူး။ နောင်လည်း ပါလာဖို့ ရှိမယ် မထင်ဘူး။ သူ့ရဲ့ bootloader ကိုလည်း တခြား android devcie တွေထက် တစ်မူ ထူးပြီး စပယ်ရှယ်ကို ရေးထား ချုပ်ထားသေးတယ်။ hboot, fastboot, recovery, s-on/off ... ဟာဗျာ ရှုတ်လိုက်တာ ဆိုတာ။ htc မှာ stock firmware, stock recovery, bootloader lock, s-on ဆိုရင် တခြား android device တွေမှာလို recovery mode ထဲ ၀င်ပြီး factory reset, clear cache ဆိုတာတွေ လုပ်လို့ မရဘူး။ အဲ့ဒါလည်း တော်တော် ဂွ ကျတယ်။ htc မှာ အသာဆုံးက body design ပဲ။

- sony
sony ကတော့ ကြည့်ရတာ ပို အဆင်ပြေတယ်။ normal mode ကနေ သုံးနေရင်းနဲ့ပဲ ကြည့်လို့ ရတယ်လေ။ dial pad မှာ ...
dial *#*#7378423#*#* > Service Info > Configuration
Bootloader unlock allowed – Yes < အဲ့ဒါ ဆိုရင် > Bootloader is Locked
Bootloader Unlocked – Yes < အဲ့ဒါ ဆိုရင် > bootloader is unlocked
ဒါပဲ။ လွယ်လွယ်လေးရယ်။

- huawei
huawei ဆိုရင်တော့ fastboot ကို သုံးပြီး ကြည့်မှပဲ ရပါလိမ့်မယ်။ file ၄ ခု ပါတဲ့ fastboot folder ရှိရင် အဆင်ပြေပါပြီ။
phone > settings > developer options > usb debugging = check
phone > settings > fast boot = off
power off phone > volume down + power = fastboot mode
pc > fastboot folder ထဲမှာ > shift + right click > open command window here ...
အဲ့ဒါ ဆိုရင် cmd တစ်ခု တက်လာမယ်။ cmd ထဲမှာ ...
>fastboot devices ရိုက်လိုက်ရင် ကိုယ့် device ရဲ့ နံပါတ် ပေါ်လာမယ်။
>fastboot oem get-bootinfo ရိုက်လိုက်ရင် ...
bootloader lock state : locked/unlocked
system state OK!
bootloader version : xxxxxxxxx
အဲ့ဒါတွေ ပြပေးပါလိမ့်မယ်။
bootloader ကို unlock လုပ်ချင်ရင် ...
>fastboot oem unlock 1234567890xxxxxx <- ဒါက huawei ကနေ ပြန်ပို့ပေးထားမယ့် bootloader unlock လုပ်ဖို့ အတွက် 16 didgits code ပါ။ code တောင်းတဲ့ site တွေက ...
http://www.huaweidevice.com/cn/servicePolicy.do?method=preUnlock
http://www.huaweidevice.com/worldwide/servicePolicy.do?method=toApplyUnlock
bootloader ကို lock ပြန်ချချင်ရင် ...
>fastboot oem relock
ဒါပါပဲ။ command line တွေ ပါလို့ နည်းနည်းတော့ ရှုတ်တယ်ပေါ့။ ဒါပေမဲ့ စိတ်ချလက်ချ စမ်းလုပ်ကြည့်လို့ ရပါတယ်။ ဖုန်းကို ဘာမှ မဖြစ်သွားစေရပါဘူး။ ၁ လုံး ပျက် ၂ လုံး လျော် စနစ်နဲ့ အာမ ခံပေးပါတယ်။ ဟီးဟီး။ အလကား နောက်တာ။

တခြား brand တွေ LG တို့ lenovo တို့ china android device တွေကတော့ မသုံးဖူး မစမ်းဖူး မမြင်ဖူးတဲ့ အတွက် ဘယ်လို ကြည့်ရင် ရနိုင်မလဲ မပြောတတ်သေးပါဘူး ခင်ဗျာ။ သိရှိနားလည် သူများ ပြောပြပေးစေလိုပါတယ်။

fastboot folder မရှိသေးရင် ဒီက ယူလိုက်ပါ။
https://www.dropbox.com/s/i2t3glpgnj0ussm/Fastboot.rar
ဂယောင်ဂရင် ဖြိုး MMAS

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...