TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Huawei U8818 နဲ့ 8815 ကို 4.2.1 နဲ့ တင်ပြီး လန်းကြရအောင်.


ဒါကို မတင်ခင်. Custom ROM ကိုလက်ခံနိုင်၊ လက်မခံနိုင် အရင်စဉ်းစားပါ.. လက်ခံနိုင်မှ လုပ်ပါလို့ ကြိုတင် သတိလေး ပေးထားပါရစေ.. လက်ခံနိုင်တယ်ဆိုရင် လုပ်နည်းလေး ပြောပါမယ်.. ဒီကောင်က G 300 8815 အတွက်တင်ထားတာဖြစ်ပြီး 8818 နဲ့လည်း အဆင်ပြေလို့ တင်ပေးလိုက်ပါတယ်..

1. ပထမဆုံး. ဖုန်းအတွက် Driver တင်ထားပါ.. Hisuite ရှိတဲ့သူဆိုရင် Huawei အတွက် အဆင်ပြေပါတယ်..
2.  ပြီးရင် ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ထားပေးရပါမယ်..
3. ဖုန်းမှာ Android 4.0 နှင့်အထက်ဖြစ်ရင် CWM သွင်းရပါမယ်.. အောက်ကလင့်မှာဒေါင်းပါ..
4. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Down + Power ကိုနှိပ်ပြီး Fast Boot Mode ကိုဝင်ပါ.. ခုLogo မှာရပ်နေတာ. Fast Boot Mode ပေါ့ဗျာ..). ဒီအဆင့်မှာ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..
5. ဒေါင်းထားတဲ့ဖိုင်ကို ဖြည်လိုက်ပြီး RunMe1.bat ကို ညာကလစ်ထောက်ပြီး Run as administrator နဲ့ Run လိုက်ပါ.. RunMe1 နဲ့ အဆင်မပြေရင် RunMe2.bat ကို Run ပါ.. သူ့လိုလို အလုပ်လုပ်ပြီး CWM သွင်းသွားပါမယ်...
3. Firmware ဒေါင်းပါမယ်.. အောက်ကလင့်မှာ ဒေါင်းပါ.. 156.4 MB ရှိတဲ့အတွက် လင်သေရင်တော့ ပြန်တင်ပေးဖို့ အဆင်မပြေပါ..
4. ရလာတဲ့ Zip File ကို မဖြည်ဘဲ SD Card ထဲကိုထည့်ပါ.. ပြီးရင် ဖုန်းထဲကို SD Card ထည့်ပြီး ပါဝါပိတ်ပါ..
5. ဖုန်းရဲ့ Volume Up နဲ့ Power ကိုတွဲနှိပ်ထားပါ.. Custom Recovery Mode တင်လာပါမယ်.. အဲဒီထဲက Install From SD Card ဆိုတဲ့စာပေါ်ကို ရောက်အောင် Vol Up/Dwn ခလုတ်တွေသုံးပြီး ရွှေ့ပါ.. ရောက်ရင် Power ကို တစ်ချက်နှိပ်လိုက်ပါ..
6. SD Card ထဲမှာရှိတဲ့ ဖိုင်တွေကို မြင်ရပါမယ်.. ခုနက ဒေါင်းပြီးထည့်ထားတဲ့ Firmware .zip ဆိုတဲ့ဖိုင်စာတမ်းဆီကိုရွှေ့လိုက်ပါအုံး.. ပြီးရင် Power ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ.. ဒါဆိုရင်တော့ Firmware တင်နေပါပြီခင်ဗျာ..
7. ပြီးသွားချိန်မှာ Reboot System Now ကိုရောက်နေပါမယ်.. Reboot မချသေးပါဘူး.. အောက်ကစာကြောင်းတွေထဲမှာ Wipe Cache/Wipe Factory Reset ကိုရွှေ့ပြီး Power ခလုတ်နှိပ်ကာ Wipe လုပ်ပေးလိုက်ပါ..
8. ပြီးသွားရင်တော့ Reboot System Now ဆီကို ရွှေ့ပြီး Power  တစ်ချက်နှိပ်ပေးလိုက်ပါ.. ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Android 4.2.1 လေးနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပါပြီ...
ref: Maung Pauk

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...