TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Y511-T00 and U00 Firmware နှင့် တင်နည်းများ


Y511 ဖုန်းတွေမှာ မြန်မာစာအဆင်မပြေတာကြောင့် မြန်မာစာစမ်းရင်း ဖမ်းဝဲပြန်မတက်တာတွေ ကြုံတာများနေကြပါပြီ… ကျွန်တော်လည်းအပါအ၀င်ပေါ့… အခု စီးရီးနှစ်ခုလုံးအတွက် လိုအပ်တဲ့ ဖိုင်တွေနဲ့ တင်နည်းကိုပါ ဖော်ပြပေးလိုက်ပါတယ်…
အရင်ဆုံး Y511-T00 အတွက် တင်နည်းကို ဖော်ပြပေးပါမယ်..

၁။ T00 အတွက် အရင်ပြေပါမယ်...
လိုအပ်တဲ့ဖိုင်လေးတွေကို အရင်ဒေါင်းလိုက်ပါ။
Y511-T00 Firmware
လင့်ကိုဝင်လိုက်ရင် အောက်ကပုံမျိုးပေါ်ပါမယ်... တရုတ်လိုတွေဆိုတော့ မဒေါင်းတတ်မှာစိုးလို့ ပုံနဲ့ပြပေးလိုက်ပါတယ်.. ပုံမှာ မျှားပြထားတဲ့နေရာကိုနှိပ်ရမှာပါ။

ဒေါင်းလို့ပြီးပြီဆိုရင် ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပါ။ ဖိုဒါတစ်ခုရပါမယ်.. အဲ့ဖိုဒါကိုထပ်ဖွင့်လိုက်ပါ။ အထဲက dload ဆိုတဲ့ဖိုဒါကို ကော်ပီယူပြီး format ရိုက်ထားတဲ့ sd ကဒ်ထဲကို ကူးထဲ့လိုက်ပါ။ dload ဆိုတဲ့ ဖိုဒါထဲမှာ update.zip ပါပါတယ်.. အဲ့ဖိုဒါလိုက်ကူးထဲ့ခိုင်းတာပါ။ ပြီးရင် ရိုးရိုး Huawei တွေတင်သလိုပဲ.. vol up + vol down + power သုံးခုကိုနှိပ်ထားပေးလိုက်ပါ။  သူ့ဟာသူ update လုပ်သွားပါလိမ့်မယ်... ပြည့်သွားပြီဆိုရင် auto restart ကျပြီး ပြန်တက်လာရင်ရပါပြီ...
တစ်ကယ်လို့ အဲ့ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင် recovery ကနေ ၀င်တင်ပါ။ recovery ၀င်ဖို့ကတော့ power ကို ခဏဖိထားပါ... တစ်ချက် တုန်သွားပြီဆိုရင် လွှတ်ပြီး vol up + vol down နှစ်ခုကို စုံနှိပ်ပေးထားပါ... recovery ကိုဝင်သွားပါလိမ့်မယ်..
recovery ကနေ update zip from sd card ကနေ သွင်းရမှာပါ။

၂။ U00 အတွက်ပါ။ လိုအပ်တဲ့ဖိုင်တွေကို အောက်မှာဒေါင်းပါ။
Y511-U00 Firmware
ဖိုင်ကိုဒေါင်းပြီးရင် rar ဖြည်လိုက်ပါ။ ထွက်လာတဲ့ဖိုဒါထဲမှာ spflash tool ဖိုဒါရယ် ၊ driver ဖိုဒါရယ် ပါပြီးသားပါ။ driver သိအောင်အရင်လုပ်ပါ။ ဖုန်းကို battery ဖြုတ်ပြီးကြိုးထိုးလိုက်ပါ။ found new hardware ... run ပါလိမ့်မယ်.. driver သိပြီးသားဆို သူ့ဟာသူ တက်သွားမယ်.. မသိသေးဘူးဆိုရင် ခုန ဖိုဒါထဲမှာပါတဲ့driver ဖိုင်ကို device manager ကနေ လမ်းကြောင်းပေးပြီး တင်ပေးလိုက်ပါ။ ပြီးသွားရင် ဖုန်းကို ခဏပြန်ဖြုတ်ထားပါဦး...
sp flash tool ကိုဖွင့်ပါ။ အောက်ပုံမှာပြထားတဲ့ 1 - Scatter-Loading ကိုနှိပ်ပြီး 2 ပြထားသလို... MT6572_Android_scatter_emmc.txt ဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင် 3 ပြထားတဲ့ Firmware Upgrade ကိုနှိပ်လိုက်ပါ။

နှိပ်ပြီးပြီဆိုရင် ဖုန်းကို battery ဖြုတ်ထားတဲ့အတိုင်း ကြိုးထိုးပေးလိုက်ပါ။ အောက်က ဘားတန်းလေးမှာ အလုပ်လုပ်နေတာတွေ့ပါလိမ့်မယ်.... နည်းနည်းကြာပါတယ်... တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားတာကို စောင့်ပေးပါ။ နောက်ဆုံး popup ဘောက်လေးနဲ့ အစိမ်း ၀လုံးပုံလေးပေါ်လာမှပြီးမှာပါ။ အစိမ်းရောင် ၀လုံးလေးပေါ်လာပြီဆိုရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ....။ ဒီ firmware က root ပါပြီးသားပါ။ မြန်မာစာအတွက်ကတော့ ဒီဖိုရမ်ထဲမှာတင်ထားတာတွေ့ပါတယ်...
Y511 Recovery ဒါကတော့ u00 အတွက် recovery ပါ... လိုအပ်ရင်သုံးဖို့ယူထားပေါ့...
အခုနောက်ထွက်တဲ့ MMAS Smart Zawgyi v1.3 နဲ့ အဆင်ပြေပါတယ်... မရှိရင် တစ်ခါတည်း ဒေါင်းသွားနိုင်ပါတယ်... အားလုံးပဲ အဆင်ပြေကြပါစေဗျာ...
gold သတ်မှတ်လိုက်တာကတော့ ကျွန်တော့မှာ gold တစ်ခုမှမရှိလို့ပါ။ admin များအနေနဲ့လည်း သနားသဖြင့် gold လေး နဲနဲပါးပါး စွန့်ကြဲကြပါဦးလို့... ဒါမှ လိုချင်တာလေးတွေ ကြည့်လို့ရအောင်ပါ။
မှတ်ချက်။     ။ အနူးအညွတ်တောင်းပန်ခြင်း.... ကျွန်တော်အရင်တင်တဲ့ဟာက u00 အတွက်က ကိုယ်တိုင်စမ်းသပ်ထားတာမို့ အမှားအယွင်းမရှိသော်လည်း T00 အတွက်ကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ကနေ ကူးတင်လိုက်တာမို့ အမှားအယွင်းဖြစ်သွားပါတယ်... ဒီလိုဖြစ်သွားလို့လည်း အနူးအညွတ်တောင်းပန်ပါတယ်... အခု အားလုံး အဆင်ပြေအောင် ပြန်ပြင်ထားပါတယ်ဗျာ... ပထမတင်တုန်းက ကိုယ့်ဆီမှာ T00 အလုံးကမရှိတော့ ကိုယ်တိုင်မစမ်းသပ်မိဘဲ တင်လိုက်တာပါ။

02.jpg
http://www.mm-mpxteam.net

Related Posts:

  • Master Smart Phones Firmware Collection Master Smart Phones Stock ROM Firmwares Master A702 FIVE Master A702 INSPIRE Master A702 INSPIRE2 Master MS200 OPTIMA … Read More
  • Y600 U151 Firmware Download Download or http://download-c.huawei.com/download/downloadCenter?downloadId=25833&version=46950&siteCode=th အဆင်ပြေရင်အောက်ပါကြော်ငြာ… Read More
  • G520-T10 Firmware Download internet marketing or http://usersfiles.com/sfswmq6xfv0p အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ ++++++++++++++++++++++++++++… Read More
  • ASUS Fonepad Note 6 (ME560CG)  Version  JP_V11.2.1.39 DescriptionASUS Fonepad Note 6 (ME560CG) firmware version: JP_KK V11.2.1.39, this software is only availab… Read More
  • NEX Firmware Collection internet marketing NEX Mobile ဖုန်းတွေရဲ့ Firmware စုစည်းမှု ကဲ ဒီတစ်ခါနောက်ထပ် ထိုင်းကုမဏီအမည်းခံ တစ်မျိုဖြစ်တဲ့ NEX Mobile ဖုန… Read More

1 comment:

  1. y511 ငွေမျှင်ရောင် မှန်လဲလို.ရလား
    အဖြူတို.အနက်တို.နဲမတူဘူးမှန်က နဲနဲ ကြီးနေတယ် ကူညီပါ...

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...