TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



2014 ခုနှစ်ရဲ့ အကောင်းဆုံး Cydia Repo (11) မျိုး(1)

Jailbreak ပြုလုပ်ထားပြီးသော iOS အသုံးပြုသူများအတွက် Repo တွေကို မြောက်မြားစွာထည့်ထားတတ်ကြပါတယ်။ဟိုလူက ကောင်းတယ်ဆို ထည့်လိုက် ဒါလေးက Crack တွေထွက်တယ်ဆို ထည့်လိုက်နဲ့ နောက်ဆုံးပိတ်မှာတော့  ကိုယ်အသုံးပြုနေတဲ့ ဖုန်းက Repo များပိပြီး Cydia crash ဖြစ်တာမျိုးတွေ ကြုံဖူးကြမှာပါ။အဲဒီလို ဖြစ်တဲ့အခါမျိုးမှာ Tweaks တွေလည်း သွင်းလို့မရဖြစ်ကာ အဆင်မပြေတာတွေ တစ်ခုပြီးတစ်ခု ကြုံရတတ်ပါတယ်။အခုပြောပြပေးမှာကတော့ Jailbreak ပြုလုပ်ပြီးထားတဲ့ မိမိရဲ့ဖုန်းမှာ တကယ်လိုအပ်မယ့် Cydia Repo တွေ၊အထူးသဖြင့် ဖုန်းတိုင်းနှင့်သင့်လျော်စွာ အသုံးပြုနိုင်မယ့် အကောင်းဆုံး Cydia (11) မျိုးကို အခုမှစသုံးမယ့် သူတွေရော၊ကျွမ်းကျင်စွာအသုံးပြုနေသူတွေ အတွက်ပါ ဖောက်သည်ချပေးလိုက်ပါတယ်။အောက်မှာဆကလက်ကြည့်ရှုနိုင်ပါတယ်။
ပထမဆုံးအနေနဲ့ Repo များကို မိမိဖုန်းထဲသို့ ဘယ်လို ထည့်သွင်းမလဲ……….?
(1)ပထမဆုံးအနေနဲ့မိမိဖုန်းရဲ့ Cydia ကိုအရင်ဖွင့်ပါ။
(2)Menage Tab ကိုသွားပါ။
(3)Source ထဲကိုဝင်ပါ။ထိပ်ဆုံးညာဖက်ထောင့်မှ Edit ကိုနှိပ်ပြီး ဘယ်ဘက်ထောင့်က Add ကို နှိပ်ပါ။အဲမှာ Repo ထည့်ရမယ့် လင့်ပေါ်လာပါလိမ့်မယ်။အောက်ပါအတိုင်းပါ။
အပေါ်ကပေးထားတဲ့နေရာမှာ မိမိအသုံးပြုမယ့်၊သွင်းမယ့် Repo ရဲ့လိပ်စာကိုမှန်မှန်ကန်ကန်ရေးသားပေးရမှာဖြစ်ပါတယ်။မမှန်ဘူးဆိုရင် မရပါဘူး။မရှိဘူးပြောပါလိမ့်မယ်။အောက်မှာ အကောင်းဆုံး repo (11) မျိုးကို ဆက်ကြည့်ပါမယ်။
(၁)
ပထမဆုံးအနေနဲ့ကတော့ http://thethmuswe.myrepospace.com ဖြစ်ပါတယ်။မြန်မာနိုင်ငံကနေ မြန်မာလူမျိုးများအပြင် iOS crazy များအတွက်၊အထူးသဖြင့် အခုမှာ jailbreak လုပ်ပြီးစသုံးမယ့် End users များအတွက်အသုံးဝင်မှာသေချာပါတယ်။ဒီ Repo လေးကိုထည့်သွင်းခြင်းအားဖြင့် မိမိကြိုက်နှစ်သက်တဲ့ Tweaks များကို Description ဖတ်ပြီး ဖုန်းထဲကိုသွင်းနိုင်မှာဖြစ်ပါတယ်။မြန်မာလိုပါဖော်ပြထားတာကြောင့် သုံးသူတိုင်းအဆင်ပြေစေမှာ မလွဲပါဘူး။ဒါ့အပြင် မလိုအပ်တဲ့ Tweaks တွေကို ဖယ်ပြီး Users တွေ အတွက် တကယ်လိုအပ်မယ့် Tweaks ကို အချိန်နဲ့အမျှ တင်ပေးနေသလို update ထွက်လည်းတိုင်း မလွတ်စေအောင် သူရဲ့ Repo ကို မွမ်းမံနေသူပါ။
(၂)
http://test-cydia.bitesms.com
BiteSms လို့ဆိုလိုက်တာနဲ့ iOS အသုံးပြုသူတွေ စိမ်းလှတဲ့ စကားလုံးတော့မဟုတ်ပါဘူး။ BiteSms ဟာ နာမည်ကျော် message tweak တစ်ခုဖြစ်ပါတယ်။ ဖုန်းရဲ့ Message ပိုင်းနဲ့ပတ်သတ်ပြီး features တော်တော်များများကိုအသုံးပြုနိုင်မယ့် tweak လေးဖြစ်ပါတယ်။ Message ရဲ့ UI ကိုစိတ်ကြိုက်ပြင်ဆင်နိုင်သလို၊ Quick compose and reply စတဲ့ Feautes များစွာနဲ့ Apple ဖုန်းကိုင်သူတွေကို အံ့သြမှင်စေတဲ့ Tweak တစ်ခုပါ။အပေါ်မှာဖော်ပြပေးထားတာကတော့ သူရဲ့ Repo link လေးဖြစ်ပါတယ်။
(၃)

http://rpetri.ch/repo

Ryan Petrich ကကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ Repo မှာActivator, Overboard and DisplayRecorder.တို့လို  အကောင်းဆုံးTweaks များစွာကို ထုတ်ပေးနေတာဖြစ်ပါတယ်။သူ repo က တကယ့်ကို နာမည်ကြီးပြီး မိမိဖုန်းအတွက် အသုံးတည့်စေမှာဖြစ်ပါတယ်။
(၄)
http://cydia.qusic.me
ဒီကောင်လေးကလည်း BiteSms လိုမျိုး နာမည်ကျော် messaging repo ဖြစ်ပါတယ်။BiteSmS လိုမျိုး Stock message မှာ functions များစွာကို ပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။
(၅)
http://repo.pnre.co.vu
IOS7 မှာ jailbreak tool ထွက်ပြီးကတည်းက Evasion7 jailbreak tool ရဲ့ Bugs and issues များစွာအခုနောက်ဆုံးဗားရှင်းထိ တွေ့မြင်ခဲ့ရပါတယ်။အပြောအများဆုံးကတော့ StatusBar crash ဖြစ်တာပါပဲ။အထက်ပါ Repo ကတော့ မိမိဖုန်းရဲ့ statusbar crash  ကိုအဆင်ပြေစေ မှာဖြစ်ပါတယ်။
(၆)
http://exile90software.com/cydia
icleaner pro ဟာဖုန်းထဲမှာ ရှိနေတဲ့ bloatware များစွာကို ဖယ်ထုတ်ပေးနိုင်မယ့် repo လေးဖြစ်ပါတယ်။ဒါအပြင်မိမိဖုန်း သွက်လက်မြန်ဆန်ဖို့အတွက်ပါအထောက်အကူဖြစ်တာကြောင့် ဆောင်ထားသင့်ပါတယ်။
ဆက်လက်ဖော်ပြသွားပါမည်။

Related Posts:

  • Cydia ပျောက်သွားသူများအတွက် Cydia ပျောက်သွားသူများအတွက် ခုနောက်ပိုင်း ဂျေးဖရိတ်လုပ်ထားတဲ့ ပန်းသီးလေးတွေမှာ Cydia ပျောက်တာ ခဏခဏတွေ့နေရလို့ အလွယ်တကူရှာလို့ရအောင် ကို Thein Tun နဲ့… Read More
  • Cydia Sources များ စုစည်းတင်ပြခြင်း Cydia Sources များကို စုစည်း တင်ပေးလိုက်ပါတယ်။ Source ထည့်နည်းကတော့ Cydia >> Manage >> Edit >> Add ကို နှိပ်ပါ... Add မှာ ထည့်ချ… Read More
  • TT Key Board (For Jailbreak ios Devices) ဒီ Key Board လေးကတော့ iOS Developer Thant Thet Khin Zaw ရေးသားထားတဲ့ Keyboard လေးပဲဖြစ်ပါတယ်… ထူးခြားမူတွေတော်တော်များတဲ့ Keyboard လေးပါ…. Zawgyi… Read More
  • cydia app တွေကို pc ကနေဒေါင်းမယ် cydia app တွေကို pc ကနေဒေါင်းမယ်။ မြန်မာပြည်ကဆိုတော့ ဖုန်းကနေအင်တာနက်က ပြောသလောက်မမြန်တော့  Cydia app Sourceတွေဖုန်းကနေဒါရိုက် သွင်းမယ်ဆိုရင… Read More
  • evasi0n 1.5 evasi0n evasi0n 1.5: Mac – Windows – Linux evasi0n 1.4: Mac – Windows – Lin… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...