TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



ဝဘ်ဆိုဒ်တိုင်း ဦးတည်လာမယ့် Responsive Template



ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုသူရဲ့ တစ်ဝက် ဝန်းကျင် လောက်က မိုဘိုင်းဖုန်း တွေ ကနေ အသုံးပြုကြခြင်း ဖြစ်ပါတယ်။ Facebook ကို အသုံးပြုတဲ့ လူဦးရေ ၃ ပုံ ၁ ပုံတောင် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူများ ဖြစ်ပြီး နောင်ဆိုရင် မိုဘိုင်းဖုန်း ဖြင့် အသုံးပြုသူ အရေအတွက်က ပိုမို များပြားလာမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ မိုဘိုင်း Application များ တီထွင် ဖန်တီးလာကြသလို၊ ဝဘ်ဆိုဒ် များကိုလည်း မိုဘိုင်းဖုန်းကနေ ဝင်ကြည့်ရင် အဆင်ပြေအောင် ဖန်တီးလာကြ ပါတယ်။ အဲ့လို အဆင်ပြေဖို့ အတွက် အသုံးပြုတဲ့ Page/ Template ကို Responsive Template လို့ ခေါ်ပါတယ်။ http://html5up.net/ မှာလည်း ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာလည်း မိုဘိုင်းဖုန်းကနေ ဝင်ကြည့်လို့ရအောင် responsive ဖန်တီး ထားတဲ့ ဝဘ်ဆိုဒ်တွေ အများကြီး ရှိပါတယ်။ www.yoyarlay.com တို့လို သတင်း ဆိုဒ်မျိုး www.house.com.mm တို့လို အိမ် ခြံ မြေ ရောင်း ဝယ် ဝန်ဆောင်မှု ဝဘ်ဆိုဒ် မျိုးတွေကိုလည်း မိုဘိုင်းဖုန်းကနေ ဝင်ကြည့်လို့ ရအောင် ဖန်တီး ထားပါတယ်။ အဲ့လို Template များကို ပြည်တွင်းက Web Designer များလည်း ဖန်တီး နိုင်သလို Joomla, Word Press တို့ကနေလည်း ရရှိ နိုင်ပါ သေးတယ်။

Related Posts:

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...