TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



File များအား Remote URL Upload ကို အသုံးပြု၍ Dev Host(d-h.st) ပေါ်သို့ ပြောင်းခြင်း



Dev Host (http://d-t.st) ဟာ Free အသုံးပြုခွင့် ပေးထားတဲ့ File Hosting site တစ်ခုဖြစ်ပါတယ်။ Mediafire ထက် အားသာတဲ့အချက်များစွာ ရှိပါတယ်။ အဲ့ဒါတွေကတော့

-Remote Upload လို့ခေါ်တဲ့ file တွေကို hosting တစ်ခုကနေ dev host site ပေါ်ကို computer ထဲ download လုပ်စရာမလိုပဲ တိုက်ရိုက် တင်လို့ရခြင်း (Mediafire မှာလည်း ရပေမယ့် dev host မှာ remote upload အတွက် file size limit မရှိပါဘူး)
-Free Account အတွက် Storage Space က 20 GB ပဲ ပေးထားပေမယ့် Copyright အတွက် screening လုပ်တဲ့ဟာက Mediafire ထက် အများကြီး သက်သာပါတယ်။

ဘယ်လိုအချိန်တွေမှာ Remote Upload ကို အသုံးပြုဖို့လိုမလဲ???

-DHG ထဲမှာ အချို့ Helper တွေတင်ပေးထားတဲ့ Link တွေက ရက် အကန့်အသက် (သို့) Sharing ကန့်သက် ထားတာတွေ ရှိပါတယ်။ သတ်မှတ် ရက်အတွင်း download မပြီးနိုင်တာ (သို့) နောင်တစ်ချိန်မှာ ပြန်သုံးချင်လို့ သိမ်းထားချင်ရင် (သို့) အခြားနေရာမှာ ပြန် Share ချင်ရင် dev host ပေါ် ပြောင်းပြီး တင်ထားလို့ရပါတယ်။

-အချို့သော Internet လိုင်း သုံးတဲ့ User တွေဟာ(ဥပမာ skynet) အချို့ site တွေက download လုပ်ရင်(apple ipsws, mediafire) Resume မရပါဘူး။ အဲ့လိုဆိုရင် dev host ပေါ်တင်ပြီးမှ download လုပ်ရင် အချို့ resume ရပါတယ်။

Remote Upload နဲ့ ဘယ်လိုအသုံးပြုမလဲ???

1. အရင်ဆုံး ကိုယ် ပြောင်းချင်တဲ့ file ကို မူလ site ကနေ download လုပ်လိုက်ပါ။
2. Download စလုပ်ပြီဆိုရင် file ရဲ့ download link ကို copy ကူးယူပါ။ download link ကူးတဲ့ပုံစံက file ကို download လုပ်နေတဲ့software အလိုက် အနည်းငယ် ကွဲပြားပါတယ်။

For Firefox, Chrome Browser
Download Windows ကို Ctrl+J နှိပ်ပြီး ခေါ်လိုက်ပါ။
Upload လုပ်ချင်တဲ့ file ပေါ်မှာ Right Click နှိပ်ပြီး Copy Download Link (သို့) Copy Link Address လုပ်လိုက်ပါ။

For IDM
Upload လုပ်ချင်တဲ့ file ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲဝင်ပါ။
ပြီးရင် Address နေရာမှာ ပေါ်နေတဲ့ Link ကို Select ပေးပြီး Copy လုပ်ယူလိုက်ပါ။

3. Download link ကို ရပြီဆိုရင် http://d-t.st ကို သွားပြီး Remote URL Upload ကို ရွေးပြီး အောက်က box ထဲမှာ ခုနက Copy လုပ်ထားတဲ့ Link ကို Paste လုပ်လိုက်ပါ။ ပြီးရင် Upload ကို နှိပ်လိုက်ပါ။
(dev host မှာ account ထဲမ၀င်ဘဲ(သို့) account မရှိဘဲ file တွေကို upload လုပ်လို့ရပါတယ်။ ကိုယ်တင်ထားတဲ့ file တွေကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ account ထဲ Log in ၀င်ပြီးမှ Upload လုပ်ပါ)

Upload Successful ပြီဆိုရင်တော့ ဘေးက Link ကို သွားပြီး download လုပ်ယူလို့ရပါပြီ။

Remote URL Upload နဲ့ အားလုံးသော Link တွေကို upload လုပ်လို့တော့မရပါဘူး။ ကျွန်တော် သုံးဖူးတာကတော့ rapidleech site တွေက link တော်တော်များများ google drive, apple ipsw တွေ တော့အဆင်ပြေပါတယ်။

တကယ်လို့ ကိုယ်ထည့်လိုက်တဲ့ link က တင်လို့မရဘူးဆိုရင်တော့ status နေရာမှာ Error message ပြပါလိမ့်မယ်။

ကိုယ်အသုံးပြုလို့အဆင်ပြေတဲ့ site တွေ ကို Comment ပြန်လာပေးစေချင်ပါတယ်။ စမ်းကြည့်ကြပါ ရခဲ့ရင် အမြတ်ပေါ့……
thank-Thura Tun
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • WebcamMax 7.7.4.2 + keygen webcam ရှိသူများ ဓါတ်ပုံရိုက် video ရိုက် အခြာ effect တွေ အများကြီးနဲ့ သုံးကြည့်ပါ Download Form tusfiles.net အမှန်ခြစ်ကိုအရင်ဖြုတ်ပါ OR D… Read More
  • YouTube က Video တွေကို မထစ်ဘဲနဲ့ ကြည့်မယ်။ အရင်တုန်းက YouTube က Video တွေကြည့်ရင်  Buffer လုပ်တာကို စောင့်မနေချင်ရင် Pause လုပ်ခိုင်းထားပြီး Buffer ပြီးတော့မှ ကြည့်ရင် Video တွေကို မထစ်ဘ… Read More
  • Platinum Hide IP 3.2.7.8 full patch Ip Hide ချင်သူများအတွက် Platinum Hide IP 3.2.7.8 full patch Download or Download From tusfiles.net/ အမှန်ခြစ်အရင်ဖြုတ်ပါ … Read More
  • Gmail စာတစ်ခုကို အချိန်နဲ့သတ်မှတ်ပြီးပို့စေလိုလျှင် မင်္ဂလာပါ။ ကျွန်တော်အခု Gmail လှည့်ကွက်နဲ့ပတ်သတ်တဲ့ ခေါင်းစဉ်တစ်ခုတင်ပါမယ်။ ဥပမာ - သင့်သူငယ်ချင်းမနက်ဖြန်မွေးနေ့ကို Gmail နဲ့ မနက်အတိအကျပို့ချင… Read More
  • Flash Player Internet မှာ video ကြည့်ရင် flashplayer ထည့်ရပါတယ် Select version: 11.3.300.257 (IE) 64-bit 11.3.300.257 (Non-IE) 64-bit 11.8.800.149 Beta (IE… Read More

1 comment:

  1. http://d-h.st/dIK အဲလင့်က ဖိုင်ဒေါင်းမရလို့ ကူညီပါအုံး အကို

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...