TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



IOS 7 နှင့်အထက်မှာ မိမိစိတ်ကြိုက် Font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းခြင်း


iOS 7 နှင့်အထက်မှာ ဇော်ဂျီ font ကို Jailbreak မလိုဘဲထည့်သွင်းနိုင်ပြီဆိုတာကတော့ သိသူတွေများကြပါတယ်။
ဒါတင်မက မိမိစိတ်ကြိုက် font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းနိုင်ပြီဆိုတာ သိသူ နည်းနေပါသေးတယ်။
ဧပြီလကုန်လောက်မှာ AnyFont အမည်ရဆော့ဝဲလေးတစ်ခု iTunes ပေါ်ကိုရောက်ရှိလာပါတယ်။
ဒီဆော့ဝဲလေးက သင့်ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ စိတ်ကြိုက် font ဒီဇိုင်းကို device ထဲသို့ထည့်သွင်းပေးမှာဖြစ်ပါတယ်။
Installation profiles စနစ်ကိုအသုံးပြုပြီး font သွင်းစေတဲ့ AnyFont ဆော့ဝဲလေးကို ယခုအခါ iTunes Store မှာ ၀.၉၉ ဒေါ်လာနဲ့ဝယ်ယူလို့ရနေပါပြီ။
AnyFont ဆော့ဝဲကို free ရယူလိုသူများကတော့ Tongbu ဆော့ဝဲထဲကနေ free သွင်းယူနိုင်ပါတယ်။
OpenType (.OTF) သို့ TrueType (.TTF) စတဲ့ font format ၂ မျိုးကို ဒီဆော့ဝဲအသုံးပြုပြီး font ထည့်သွင်းနိုင်မှာပါ။
အသုံးပြုပုံအနေနဲ့ကတော့ Mail app , Dropbox , file manager စတဲ့ဆော့ဝဲတွေနဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ယင်း app တွေထဲမှာ ကိုယ်က ကြိုတင်ထည့်သွင်းထားခဲ့တဲ့ font ဖိုင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။
ဥပမာ mailbox ထဲမှာ သူများက (သို့မဟုတ်) ကိုယ့်ဘာသာ မေးလ်ပို့ထားတဲ့ font file ကိုဖွင့်ကြည့်ရမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ဖွင့်လိုက်ပါက Open in Anyfont ဆိုတာပေါ်လာပါမယ် ။
အဲဒါကိုနှိပ်လိုက်မှ font က AnyFont ဆော့ဝဲထဲမှာပွင့်လာပြီး font installation step များကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ချို့ဆော့ဝဲတွေမှာကျ Open in….. လို့ပဲပေါ်တာမျိုးရှိတတ်ပါတယ်။
အဲဒါကိုနှိပ်ပြီး Anyfont ကိုနှိပ်ရင်လည်းအပေါ်မှာပြောခဲ့တဲ့ step နဲ့အတူတူပဲဖြစ်ပါတယ်။ Font က AnyFont ဆော့ဝဲထဲကိုရောက်ရှိနေပြီဆိုရင်တော့ သွင်းလိုတဲ့ font file ကိုနှိပ်ပြီး install လုပ်နိုင်ပါပြီ။
Font သွင်းရန်Tap to install ကိုနှိပ်လိုက်လိုက်ရုံပါပဲ။
Font Install Profile ပေါ်လာပြီး Install ကိုနှိပ်လိုက်တာနဲ့ သွင်းလိုတဲ့ font ကိုသွင်းပြီးသွားပြီဖြစ်ပါတယ်။
Any Font နဲ့ စိတ်ကြိုက် font ထည့်သွင်းခြင်းကိုလက်တွေ့လုပ်ပြထားတဲ့ ဗီဒီယိုကျူတိုရီရယ်ကိုတော့အောက်မှာကြည့်ရှုပါ။ 
You Tube Link  
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:MMAS

Related Posts:

  • iTools 2012 Build 1224 ဒီ Tool လေးကတော့ နောက်ဆုံးထွက်လေးပါ.. ကျွှန်တော်အထင်သူတို့ Offical Page မှာ ဒီမနက်ပဲထွက်တာထင်ပါတယ်… iTool ကတော့သုံးရတာအဆင်ပြေပါတယ်.. သီချင်းပဲသွင… Read More
  • Apple iOS ရဲ့ သမိုင်းကြောင်း Smartphone သုံးသူ ၁၀၀ မှာ ၁၀၀ လုံးမဟုတ်တောင် ၉၉ ယောက်ဟာ Apple ရဲ့ iPhone ကို သိကြပါတယ်။ iPhone ဆိုတာ ယနေ့ ခေတ်စားနေတဲ့ Mulit Touch Smartphone တွေရဲ… Read More
  • iOS Apps များ Crack နည်း iOS Apps(.ipa) ကို Crack မယ်ဆိုရင်ပထမဆုံး သိရမယ့်တစ်ချက်က Crack လုပ်ထားတဲ့ ipa ကို Jailbreak ပြုလုပ်ထားတဲ့  iDevice ထဲမှာပဲ ဆော့လို့ရပါမယ်။ … Read More
  • iPhone ရဲ့ Carrier Logo ကို Jailbreak လုပ်စရာမလိုပဲပြောင်းလဲခြင်း iPhone ရဲ့ Carrier name ကိုပြောင်းလဲချင်တယ်ဆိုရင် ဒါမှမဟုတ် Carrier name နေရာမှာ မိမိကြိုက်ရာ logo လေးထည့်ချင်တယ်ဆိုရင် အရင်က Phone ကို jailbr… Read More
  • TeamViewer app - Mobile App for Android   … Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...