TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



iOS နှင့် Android ထုတ်ကုန်များအတွက် Video Callling ခေါ်ဆိုမှု ပါဝင်လာသည့် viber 5.0.0.4090 Version Download 9/12/2014



 
 
 
 
 
 
 
 
 
 
 
 
 
 
ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူအများစု အသုံးပြုကြသည့် Viber application ကို ယင်းကုမ္ပဏီမှ iOS နှင့် Android ထုတ်ကုန်များအတွက် 5.0 version ကို ယနေ့ စတင်ဖြန့်ချိလိုက်ပြီဖြစ်ပြီး ဗွီဒီယိုခေါ်ဆိုမှု (video calling) ခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုအသစ်တစ်ခုပါ ပါဝင်လာကြောင်း သတင်းရရှိသည်။




အသစ်ထွက်ရှိလာသည့် Viber 5.0 version ၏ ဗွီဒီယိုမှတစ်ဆင့် ခေါ်ဆောင်သည့် ဝန်ဆောင်မှုအသစ်အား iOS နှင့် Android ထုတ်ကုန်များအပြင် Windows, Windows 8 နှင့် Mac ကွန်ပျူတာများတွင်ပါ တစ်ပြိုင်တည်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Viber ကုမ္ပဏီမှ သတင်းရရှိသည်။



“ဗီဒီယိုခေါ်ဆိုမှု video calling ကို မိုဘိုင်းဖုန်းတွေမှာ အသုံးပြုလို့ရအောင် ဖန်တီးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ခဲ့ရပါတယ်” ဟု Viber ၏ CEO ဖြစ်သူ Talmon Marco က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားသည်။



ထို့အပြင် အသစ်ထွက်ရှိလာသည့် Viber 5.0 version တွင် iOS အသုံးပြုသူများအနေဖြင့် viber sticker များကို အဖွင့်၊ အပိတ်ခလုတ် အသုံးပြုထားရုံဖြင့် ပြန်လည်မှာယူမှု (reorder) ပြုလုပ်နိုင်မည့်အပြင် Photo Message များကိုပါ အလွယ်တကူ Forward ပြုလုပ် အသုံးပြုနိုင်မည်ဖြစ်သည်။

Android ထုတ်ကုန်များ အတွက် ရုပ်ပုံဒီဇိုင်းများကို အသစ်ပြန်လည် ရေးဆွဲထားပြီး Windows 8 version 3.2 တွင် emotion နှင့် notification များပါ ပါဝင်လာပြီဖြစ်သည်။ မိုဘိုင်းဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် ဗွီဒီယိုခေါ်ဆိုမှု အစရှိသည့် ဝန်ဆောင်မှုများကိုပေးနေသည့် Viber application ကို နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ မှတ်ပုံတင်ပြုလုပ်၍ သုံးစွဲသူပေါင်း ၆၀၈ သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင်မူ အသုံးပြုသူပေါင်း ငါးသန်း ကျော်လွန်နေပြီဖြစ်သည်။
Download For Android
Download For Ios
  credit http://internetjournal.com.mm 
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • Zawgyi-One Flip Font For Android-(V.1.1)(5Mb) Myanmar Mobile Developer ကိုမျိုးမင်းလတ်ရဲ့ဖန်တီးမှု့လေးပါ။ Samsung Brand အားလုံးမှာ Root မလိုပဲနဲ့ Font Styleလေးတွေပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပ… Read More
  • Google Play က ပိုက်ဆံပေးဝယ်ရတဲ့ App တွေကို Free ရယူပေးမယ့် Freedom Google Play APK 0.7.8 Freedom Google Play APK 0.7.8 ဟာ Google Play က ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ App တွေကို Free Download ချလို့ရမယ်လို့ သိရပါတယ်.. ဒီ App ကို မစမ်းရသေးကြောင်… Read More
  • Google Play Installer v1.1.2 Google Play Installer v1.1.2 by ChelpuS (Install Google play 4.02.6) Apk |  Requires Android:varies with device  Google play ဆိုတာကို သ… Read More
  • Nudibebe facebook uploader(b) ဒီ app လေးကတော့ facebook မှာ Status နဲ့ Photo တွေကို အလွယ်တကူ လှမ်းတင်ပေးပါမယ်။ facebook ကိုဖွင့်ပြီး .. တကူးတက တင်စရာမလိုတော့ပါဘူး။ widget … Read More
  • Dropbox 50GB For Android (rooted) Dropbox 50GB ရအောင်လုပ်နည်းကို ကိုညိုလင်းထက်တို့လဲတင်ပေးပြီးသွားပါပြီ အခုကျတော်ထပ်တင်ပေးလိုက်တယ်ဆိုတာက တချို့ဖုန်းတွေမှာ CWM သွင်းထားတာမရှိသလို… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...