TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



ttKeyboard For iOS 8 (No Jailbrake Needed)

iOS 8 က Custom keyboard ကို install လုပ်ခွင့်ပေးလိုက်တဲ့အတွက် Myanmar developer များက မြန်မာ iOS user များအတွက် Keyboard App များကို ကြိုးစား ဖန်တီးခဲ့ကြပါတယ်...

အဲဒီကီးဘုတ်တွေထဲကမှ"Mogok" "LikeBook" "Tmusic Player" တို့ကို ဖန်တီးရေးသားခဲ့သူ iOS Developer ကိုဟိန်းသက်ခင်ဇော် ရဲ့ "ttKeyboard" App လေးကို ကြိုတင်ကာ မိတ်ဆက်ပေးလိုက်ပါရစေ..


"ttKeyboard" App လေးက ယခုစာရေးနေတဲ့ အချိန်ထိ Apple iTunes AppStore မှာ တရားဝင် တင်ပေးနိုင်ဖို့အတွက် Apple ရဲ့ approval ကို စောင့်နေဆဲ ဖြစ်ပါတယ်...

25.09.2014 : မှာတော့ "ttKeyboard" ကို တရားဝင် ထုတ်ပေးလိုက်ပါပြီ..

>> ttKeyboard Download

ပထမဦးစွာ "ttKeyboard" ကို စမ်းသပ်သုံးစွဲခွင့်ပေးခဲ့သော ကိုသန့်သက်ခင်ဇော် အား ကျေးဇူးအထူးတင်ပါတယ်..

ကျွန်တော် စမ်းသပ်အသုံးပြုခွင့် ရခဲ့တဲ့ "ttKeyboard" ဟာ version 1.1-2b(65) ဖြစ်ပါတယ်။
"ttKeyboard" မှာ "Zawgyi" နှင့် "Zawgyi (Non Smart)" option နှစ်ခုပါဝင်ပြီး "Zawgyi" သည် smart zawgyi ကီးဘုတ်ဖြစ်ပါတယ်...။


"ttKeyboard" ဟာ ကျွန်တော်တို့ ရေးသားနေကြ jailbreak keyboard ရဲ့ လက်ကွက်အတိုင်းဖြစ်လို့ သုံးရတာ လွယ်ကူသလို smart zawgyi လည်း ဖြစ်တာမို့ စာရိုက်ရတာ အလွန်လျှင်မြန်ပါတယ်။
အက္ခရာတွေ တော်တော်များများကို long-press နှိပ်လိုက်ရင် သက်ဆိုင်ရာ ဆက်စပ် စာလုံးတွေ ထပ်မံရွေးချယ်နိုင်ပါတယ်။ ပတ်ဆင့်များ ရေးသားဖို့အတွက် "အပြာရောင် (alt)" ကီးကို နှိပ်ပြီး ထပ်ဆင့်လိုသော စာလုံးကို ရိုက်လိုက်ရုံပဲ ဖြစ်ပါတယ်။
App ကို ဖွင့်လိုက်ရင် ရိုက်ရမည့် လမ်းညွှန်ချက်ကို ထည့်သွင်းထားပါတယ်..


ပြောင်းလဲသွားတဲ့ ကီးဘုတ်ပုံများကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်...


"ttKeyboard" ဟာ ဘာမှ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်မြန်ဆန်ပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်စေလိမ့်မယ်လို့ ပြောရဲပါတယ်...

"ttKeyboard" ကို Free version အဖြစ် ထုတ်ပေးဖို့ % များတယ်လို့ ကိုသန့်သက်ခင်ဇော် က ပြောကြားခဲ့ပါတယ်...

"ttKeyboard" အမြန်ဆုံး Store ပေါ်ရောက်ပါစေလို့ ဝိုင်းဝန်းဆုတောင်းရင်း အတူတူ စောင့်လိုက်ကြရအောင်လား ခင်မျာ....





Credit to : သန့်သက်ခင်ဇော်  http://www.moethagyarr.info

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...