TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Facebook Account လော့ဖြည်ခြင်းအမျိုးမျိုး


===============================

Name Lock တွေ ဒီရက်ပိုင်းကျနေ တာများလာပါတယ်
အဓိက ကျရတဲ့ အကြောင်းအရင်းက Name Lock ဆိုတဲ့ အတိုင်း နာမည်ကြောင့်ကျရတာပါ
မိမိ အကောင့်လုပ်တုန်းက ပေးထားတဲ့ နာမည်ကြောင့်သော်လည်းကောင်း
( လူနာမည် မဟုတ်တဲ့ ပေါက်ကရ နာမည်တွေကြောင့် )
အရင်က တော့ နာမည်ရိုးရိုးပေးထားပါရဲ့ နောက်ပိုင်း နေရာအနှံ့ အပြားမှာ ရက် ၆၀ ကျော် ချိန်းကြတဲ့ လင့်တွေ နည်းတွေ ချပေးနေကြလို့ လွယ်လွယ်ပြောင်းလို့ရတာပဲဆိုပြီးသကာလ ပေးချင်ရပေး ပြောင်းချင်ရာပြောင်းကြလို့ သော်လည်းကောင်း ကျပါတယ်
ဟုတ်ကဲ့ Facebook Team ကိုယ်တိုင်က Real Name သို့မဟုတ် နေ့စဉ်အသုံးပြုနေတဲနာမည် ကိုသာသုံးစေချင်လို့ပါ
အဲမှာတင် သူတို့ သတ်မှတ်ထားတာနဲ့ ဆန့်ကျင်နေတဲ့ နာမည်တွေ ကို လုံးဝ လက်မခံတော့တာအသေအချာပါ ပဲ အဲဒါကြောင့်လည်း တချို့ အကောင့်တွေ သုံးရင်းတန်းလန်း Name လော့ကျကြရတာပါ
ရက် ၆၀ ပြည့်မှသာ နာမည်ချိန်းတာ အသင့်တော်ဆုံးပါခင်ဗျာ
နောက်ပြီး ရက် ၆၀ ပြည့်တာတောင် တချို့သော နာမည်တွေကို ချိန်းခွင့်မပေးပြန်သေးလို့ အဲဒါလေးကိုလည်း ဂရုပြုသင့်ပါတယ် ဥပမာတခုပြောပြရရင် ဟိုတလောက ဖုန်းကျော် ( အော်ဇီ ဖုန်းကျော် ) Phone Kyaw က မြန်မာပြည်မှာ Phone Kyaw က သူတယောက်ပဲ ရှိတယ်လို့ ကြွားလုံးထုတ်တုန်းက မရရအောင် လုပ်မယ် ဆိုပြီး လုပ်ကြည့်ပါသေးတယ် အကောင့်အသစ် ဖွင့်လုပ်တယ် မပေးပါဘူး ဒါနဲ့ အကောင့်ဟောင်းတခု Name lock ကျချင်လည်းကျကွာဆိုပြီး ရက် ၆၀ ပြည့်လို့ နာမည်ချိန်းခွင့်ရတဲ့ အကောင့် ကို ပြောင်းကြည့်ပါတယ် ရိုးရိုးချိန်းတာ မပေးပါဘူး Phone ဆိုတာ အင်္ဂလိပ် ဘာသာစကားအရ တယ်လီဖုန်း ဖြစ်နေတာကိုး သူက First Name နေရာမှာလာတော့ ဘယ်ပြောင်းခွင့်ပေးပါ့မလည်းခင်ဗျ
အဲဒါနဲ့ ရိုးရိုးပြောင်းမရခဲ့ပါဘူး ဒါကလည်း သတိပြုစရာတခုပါ လူတွေမှည့်လေ့မှည့်ထ ပေးလေ့ပေးထ မ ရှိတဲ့ နာမည်တွေ ကို ပြောင်းချင်ရင် တော်ရုံမရဘူးလို့ ဆိုရပါမယ် အဲ အိုင်ဒီ တခုခုအထောက်အထားပြနိုင်မှသာ ပြောင်းခွင့်ရတော့တာပါ
ဒီတော့ မိမိသုံးနေကြအကောင့်လေးကိုတန်ဖိုးထားရင်

နာမည်ကို ရိုးရိုးတန်းတန်းပေးကြပါ
ရက် ၆၀ ကျော်ချိန်းတဲ့လင့်တွေကနေ ရိုင်းရင်ခွင့်လွှတ်ကြပါ ဖင်မနိုင်ဘဲ ပဲကြီးဟင်းး စားပြီး နာမည်မချိန်းကြပါနဲ့
မဖြစ်မနေ မှ ပြောင်းချင်သပဆိုရင်

မိမိအကောင့်မှာ လူမျက်နှာပုံ ရှေ့တည့်တည့်က ရိုက်ထားတဲ့ပုံတပုံကို Profile picture တင်ပါ
Birthday ကိုလည်း မိမိတင်မယ့် အိုင်ဒီကတ်ထဲက နဲ့ တူပါစေ
နောက်ပြီး ချိန်းမယ့်နာမည် ထည့်ရာတွင်လည်း တင်မယ့် အိုင်ဒီ ထဲက နာမည်ကိုသာ ထည့်ပေးကြပါ
လို့ပြောပါရစေ

#သတိပြုဖို့ရာက

ရက်၆၀ ကျော်လင့်ကနေ ချိန်းထားကြသူများ ရုတ်တရုတ် နာမည်မပြောင်းသေးဘဲ ဆက်သုံးနေရင်း Facebook application က နေ ရုတ်တရက် Temporary Lock ကျခဲ့ရင်
သို့မဟုတ်
ရက် ၆၀ ပြည့်ပြီး နာမည်တခုခု ချိန်းပြီး တပတ် ဆယ်ရက်လောက် နာမည် အသစ်ဖြင့်သုံးရင်း
အပေါ်ကလို Facebook Application သုံးရင်း Temporary Lock ကျခဲ့ရင်
Browser တခုခုမှ Login ပြန်ဝင်ပါ
First Name =
Middle Name =
Last Name =
တို့မှာ တချို့ကတော့
First Name နဲ့ Last Name ပဲထည့်ရင် အဆင်ပြေပါတယ်
သာမန် Aung Kyaw Moe တို့လို နာမည်ရိုးရိုးလေး သာထည့်ပေးလိုက်ပါ
မြန်မာလို အချစ်အတွက်အသက်ဆက်ရှင်မယ့်လ
လို့သာထည့်လို့ကတော့ သေချာပါတယ် Name Lock က ဆီးကြိုနေမှာပါ ခင်ဗျာ

အပေါ်ကလို Aung Kyaw Moe လို နာမည်ရိုးရိုးလေး ပေးပြီးဆက်သွားတာနဲ့ ၁၀ ယောက်မှာ ၇ ယောက်လောက်ကတော့ Name lock မကျနိုင်တော့ပါ

ဒီရက်ပိုင်း Name Lock ကျတာတွေ များလာလို့ ပါခင်ဗျာ
--------------------------------------------------------------------------
ID lock
တချို့အကောင့်တွေမှာ ဝင်ဝင်ချင်း
For security reasons your account is temporarily locked ဆိုတာနဲ့
အောက်က
If this account reflects your real name and presonal information ,please help us verify it.

နဲ့ Continue ဆိုတာ ပဲပါတတ်ပါတယ် )****အဲဒီလိုအကောင့်တွေက
စာလိမ်ဖြည်ပြီး ဝင်ရင်
သူငယ်ချင်းပုံတွေ ရွေးခိုင်းတတ်ပါတယ် id မှတင်ချင်တယ် ဆိုရင်သူငယ်ချင်းပုံတွေကို မှားမှားမှန်မှန် ရွေးပေးလိုက်ပါ
အကုန်ပြီးသွားရင် id တင်တဲ့နေရာရောက်သွားပါလိမ့်မယ်

ခုရေးထားတာတွေက အမြည်းပါခင်ဗျ

ဒါက pdf လင့်ပါ

https://app.box.com/s/56s3kwjl2mdz99wzrlci

ဒါက ပုံတွေ Zip ဖိုင်နဲ့ ချုံ့ပေးထားတဲ့ လင့်ပါ

https://app.box.com/s/klzhhrc3l6oaexmbul37

-----------------------------------------------------------------------
Name Lock ဖြည်နည်း (၂)
ID lock
တချို့အကောင့်တွေမှာ ဝင်ဝင်ချင်း

ပုံ ( ၁ )

Thank you
ဆိုတာနဲ့ အောက်က

We'll take a look at your documents and let you know as soon as we've processed your request .
ဆိုတာပေါ်ပြီး
အောက်က
Okay နှိပ်ရင် logout ဖြစ်သွားတဲ့ အကောင့်များ အတွက် ရယ်

ပုံ ( ၂ )

အကောင့်ကို browser ကနေ ဝင်လိုက်တာနဲ့

ဘာမှမပေါ်လာတော့ပဲ

White screen ကြီးပေါ်လာပြီး loading ရပ်ကာ ဆက်လုပ်လို့မရတော့တဲ့ အကောင့်များ အတွက် Id တင်နည်းလေးပါ

၁။ Name
၂။ Email
၃။ Email password
၎။ Facebook Password
၅။ Birthday
၆။ မှတ်ပုံတင် Or ပတ်စပို့ Or ယာဉ်မောင်းလိုင်စင် Or အစိုးရရုံးဝန်ထမ်းကတ် တခုခု
လိုပါမယ် ခင်ဗျ
အရင်က fake id ကတ်တွေနဲ့လုပ်တာ ရခဲ့ပေမယ့်  အခု လွယ်လွယ်ပြန်မရတော့လို့ပါ အချိန်လည်း ကြာပါတယ်
အပေါ်က လိုအပ်တာတွေရရင်
Email ကိုဝင်ပေးထားပါ ခင်ဗျ

ပထမ ဦးစွာ အကောင့် login ဝင်မထားတဲ့
browser တခုကို ဝင်ပါ
ဒီလင့်လေးကို Copy ယူပြီး လော့ဖြည်မယ့် browser က address bar မှာ ထည့်ပေးပါ

http://www.facebook.com/help/contact/?id=197295393639994

ခုရေးထားတာတွေက အမြည်းပါခင်ဗျ

ဒါက pdf လင့်ပါ

https://app.box.com/s/zurwdnyhc6bevbpe7hiw

ဒါက ပုံတွေ Zip ဖိုင်နဲ့ ချုံ့ပေးထားတဲ့ လင့်ပါ

https://app.box.com/s/jm0pvrjgtc5qb8o3p3em
-------------------------------------------------------------
Name Lock ဖြည်နည်း (၁)

Name Lock ဖြည်နည်းလေးပါခင်ဗျာ
ကျနော်သိသလောက်လေးပဲ ပြောပြပေးပါတာ ပါ အမှားတစုံတရာပါရင် ကျွန်တော့်အပြစ်ပါ ခင်ဗျ
နောက်ပြီး အခု post နဲ့အတူ ပါတဲ့ ပုံလေးတွေ ကလည်း ကျနော် လော့ဖြည်တဲ့ အကောင့်တွေဆီက ဟိုတစ်စ ဒီတစ်စ စုထားလို့ browser မတူ တာတွေ အကောင့်မတူတာလေးတွေ ဖြစ်နေပါတယ် ကျေးဇူးပြုသည်းခံပေးကြပါ ခင်ဗျာ

ID နဲ့ ပတ်သတ်ပြီး ခုမှ စဖြည်မယ့် သူများ အဓိက သိထားရမှာတွေ
က

၁။ Name
၂။ Email
၃။ Email password
၎။ Facebook Password
၅။ Birthday
၆။ မှတ်ပုံတင် Or ပတ်စပို့ Or ယာဉ်မောင်းလိုင်စင် Or အစိုးရရုံးဝန်ထမ်းကတ် တခုခု
လိုပါမယ် ခင်ဗျ
အရင်က fake id ကတ်တွေနဲ့လုပ်တာ ရခဲ့ပေမယ့်  အခု လွယ်လွယ်ပြန်မရတော့လို့ပါ အချိန်လည်း ကြာပါတယ်
အပေါ်က လိုအပ်တာတွေရရင်
Email ကိုဝင်ပေးထားပါ ခင်ဗျ

ပုံ (1)
Browser တခုခု သတ်မှတ်ပြီး လော့ဖြည်မယ့် အကောင့်ကို ဝင်ကြည့်ပေးပါ

ပုံ (2)
Please Change Your Name ဆိုတာနဲ့ id တင်ဖို့ပြောရင်
အောက်က
Get Started နဲ့သွားပါ

ပုံ (3)
စောနက မှတ်ပုံတင်ကိုထည့်ပါ or ပတ်စပို့စ် or ယာဉ်မောင်းလိုင်စင် ကို ထည့်ပေးပါ
First Name
Middle Name
Last Name
ထည့်ပါ
( Name lock ဖြည်ရာမှာ မှတ်ပုံတင် တင်တာ က မူလ နာမည် မပျက် ပြန်ရနိုင်ပါတယ် ကျန်တဲ့ Id ကတ်တွေက english လို ဖြစ်လို့ အကောင့် လော့ပြည်ရင် တင်လိုက်တဲ့ id ကတ် အတိုင်း Name ချိန်းသွားတတ်ပါတယ် )

ပုံ(4)

You should receive an email
from us soon .Thanks for your patience.

ဆိုတာ မျိုးပေါ်လာပါမယ်

Okay ကိုနှိပ်ပေးပါ logout ထွက်သလိုဖြစ်သွားပါမယ်

ဒါပြီးရင် Email ကို ပြန်သွားကြည့်ပေးပါ
တခါတလေ ချက်ချင်း ဖေ့ဘုတ်က အကြောင်းပြန်လာတတ်သလို တခါတလေ လည်း တရက်ကြာမှ ပြန်လာတတ်ပါတယ်
လောလောဆယ်တော့ facebook က အကြောင်းပြန်ထားတာလေးသွားကြည့်ကြပါမယ်ခင်ဗျာ
ပုံ ၅ မှ ၂၂ ထိ သေချာလေးကြည့်ပြီးလုပ်စေလိုပါတယ်ခင်ဗျာ

Mail reply လုပ်ရာတွင်လည်းသက်ဆိုင်ရာ မေးလ်အလိုက် reply နှင့် image attach တွဲဖို့ရာမတူညီနိုင်ပါ ။ ကျနော်ကmail .ru apk နဲ့သုံးထားတာဖြစ်ပါတယ်ခင်ဗျ
Name
First Name
Middle Name
Last Name
Birthday တို့နဲ့ထည့်ရေးပါ
စာစီထားတာကတော့ နမူနာပါ ခင်ဗျ
ကျနော် english စာသိပ်မကျွမ်းလှပါ
အမှားတစုံတရာပါပါက သည်းခံပေးကြပါခင်ဗျာ
နမူနာ ပုံစံပါ

My name is Pyi Moe Aung
My First Name is Pyi
My Middle Name is Moe
My Last Name is Aung
My date of birth is 04/30/1992 30 April 1992
I will proved that name is my real name according to my Nationality Identity Card from Myanmar .
Please help me ,my dear lovely fafacebook communityTeam.

ခုရေးထားတာတွေက အမြည်းပါခင်ဗျ

ဒါက pdf လင့်ပါ

https://app.box.com/s/ke4ehq2gez6xqv8br3b8

ဒါက ပုံတွေ Zip ဖိုင်နဲ့ ချုံ့ပေးထားတဲ့ လင့်ပါ

https://app.box.com/s/pv7mjwrgmgw7s9mn0h5t
 
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

3 comments:

  1. ဒေါင်းလော့လင့်အသစ်ကလေးပြန်တင်ပေးပါလား...လင့်သေနေလို့

    ReplyDelete
  2. လင့်တွေက ဒေါင်းလို့မရဘူးဖြစ်နေတယ်ဗျ အသစ်ပြန်တင်ပေးပါလား ဆရာကျေးဇူးတင်ပါတယ်

    ReplyDelete
  3. Link​တွေဝင်​လို့မရဘူးခင်​ဗျ

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...