TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



မြန်မာအမ်ပီသရီး apk

မင်္ဂလာပါ။ နိုင်ငံတစ်ကာရှိ တေးချစ်သူများ အားလုံး မြန်မာအမ်ပီသရီး ၏ Android App ဗားရှင်းအသစ်ကို ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု ဗားရှင်အသစ်မှာ ပါဝင်တဲ့စနစ်သစ်တွေကတော့၊

၁) သီချင်းတွေကို အမျိုးအစားလိုက် လွယ်ကူစွာ ရှာဖွေနိုင်ခြင်း (ပေါ့၊ ရော့ခ်၊ မြန်မာသံစဉ်၊ ဟစ်ဟော့၊ တီးလုံး၊ ရေဒီယို ဇတ်လမ်းများ)

၂) မိမိတို့နားထောင်ခဲ့တဲ့ သီချင်းတွေကို အပတ်စဉ် သိမ်းဆည်းထားသော သီချင်း ဒိုင်ယာရီ စနစ်အသစ်

၃) သီချင်းတွေကို ပထမဦးဆုံး တစ်ခါ နားထောင်ပြီးလျှင် နောင်အခါများမှာ မိုဘိုင်း အင်တာနက်ကို အသုံးမပြုပဲ အလွယ်တကူ နားထောင်နိုင်ခြင်း

၎) လတ်တလော နားထောင်ထားသော သီချင်းများ နှင့် ဖုန်းပေါ်တွင် သိမ်းဆည်းထားသော သတင်းအချက်အလက်များကို လွယ်ကူစွာ ပယ်ဖျက်နိုင်ခြင်း နှင့်

၅) အဆိုတော်များကို အမျိုးသား၊ အမျိုးသမီး နှင့် အဖွဲ့အလိုက် လွယ်ကူစွာ ရှာဖွေနိုင်ခြင်း တို့ဖြစ်ပါတယ်။

မြန်မာအမ်ပီသရီး Android App ကို မိုဘိုင်းဖုန်များပေါ်မှာသာ အသုံးပြုနိုင်ရန်အတွက်သာ ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်တဲ့အတွက် Tablet များပေါ်မှာ အသုံးပြုမယ်ဆိုရင်တော့ လောလောဆယ်မှာတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ မြန်မာအမ်ပီသရီး App ကို Android ဗားရှင်း 4 နှင့်အထက် ဖုန်များမှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာလိုပြောင်းရန်အတွက် ဗားရှင်း 4.3 လိုအပ်ပါတယ်။ ဒီဗားရှင်း အသစ်မှာ ယခင်ကလိုအပ်ချက်များကို စုစည်းပြီး ပြုပြင်မှုများ ဆောင်ရွက်ထားသော်လည်း စမ်းသပ်ကာလဖြစ်တဲ့ အတွက် အခက်အခဲများကတော့ ရှိနေအုံးမှာ ဖြစ်ပါတယ်။ ကြုံတွေ့လာတဲ့ မပြေလည်မှုများကို တတ်အားသ၍ ကျေးဇူးပြုပြီး ယခု ဖေ့စ်ဘွတ် (သို့) မြန်မာအမ်ပီသရီး ဝက်ဆိုက်မှတဆင့် ပေးပို့ကူညီပေးနိုင်ပါတယ်။

Download: www.myanmarmp3.net/android/mplayer.apk
or
Download link 2
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...