TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



မြန်မာပြည်က လူငယ်တွေ ဖန်တီးတဲ့ Hush ဆိုရှယ်မီဒီယာ



Hush ဆိုတာ အင်္ဂလိပ်လို ဆိုရင် အသံတိတ်အောင် တားဆီးတဲ့ verb တစ်ခုအနေနဲ့ တိတ်ဆိတ်ငြိမ်သက်မှု ဆိုတဲ့ noun တစ်ခုအနေနဲ့ ကိုယ်စားပြုပေမယ့် မြန်မာပြည်မှာ Hush ဆိုတဲ့ ဆိုရှယ်မီဒီယာ ကတော့ ပြောချင်တာတွေ လွတ်လွတ်လပ်လပ်ပြောစေဖို့ ဖွင့်ပေးထားတဲ့ နေရာ ဖြစ်ပါတယ်။ တီထွင်သူများကတော့ Forbes မဂ္ဂဇင်းတို့မှာတောင် ပါဝင်လာတဲ့ လူငယ် အိုင်တီ ကုမ္ဗဏီ ဖြစ်တဲ့ Nex မှ ဖြစ်ပြီး မြန်မာတို့ သီးသန့်သုံးဖို့ App လေးတစ်ခုအဖြစ် တည်ရှိ လာပါတယ်။ 

သူက မိုဘိုင်းဖုန်းပေါ်မှာပဲ သုံးလို့ ရတာပါ။ အကောင့်ဖွင့်တဲ့အခါမှာလည်း ဖုန်းနံပါတ် သာ ထည့်ရပြီး အခြား information များ မလိုအပ် ပါဘူး။ မိမိရဲ့ အချက်အလက် များ, Privacy ကိုလည်း တီထွင်သူ Nex ကုမ္ဗဏီ အနေနဲ့ ဆိုရှယ်မီဒီယာတစ်ခုရဲ့ နည်းစနစ် အတိုင်း ထိန်းသိမ်း ပေးသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ 

သူက မိမိရဲ့ စိတ်ခံစားချက်များကို ဘယ်သူ့ကိုမှ ကြောက်စရာမလိုပဲ ဖွင့်ပြောပြ နိုင်တဲ့ နေရာလေး တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။ သူ့မှာ မိမိရဲ့ အမည် ဖုန်းနံပါတ်တို့ ပါမသွားပါဘူး။ သူများ ရင်ဖွင့်ထားတာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပြီး comment ပေးခြင်း၊ Like လုပ်ခြင်း၊ unlike လုပ်ခြင်း တို့ကိုပါ ထည့်သွင်းထား ပါတယ်။ Comment မှာလည်း Sticker များ သုံးလို့ရအောင် ဖန်တီးပေးထား ပါတယ်။ လက်ရှိမှာ အသုံးပြုသူ သောင်းဂဏန်းအထိ ရှိလာပြီ ဖြစ်ပါတယ်။ များသော အားဖြင့် လူငယ်များ အသုံးပြုနေတာကြောင့် လူငယ်များရဲ့ ယနေ့ ခံစားချက်၊ လုပ်ဆောင်ချက် များကို လေ့လာ စောင့်ကြည့်လို့ ရတဲ့ နေရာလေး တစ်ခု အဖြစ် မြင်မိ ပါတယ်။ 

Hush ကို Download ဆွဲရန် 


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • MyanKeyPro Beta 5(3).apk Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ စာရိုက်ရတာ အထူးကေ… Read More
  • Hacking Tutorials 1.15  ကိုယ့် phone ကို internet ချိတ်ထားသည်ဖြစ်စေ၊ internet မချိတ်ထားဘူးဖြစ်စေ သူများက wifi လွင့်ထားတယ်ဆိုရင် အဲဒီ wifi ကို အသုံးပြုချင်သူတွေချည်းပ… Read More
  • Air Call-Accept Function ပို့စ်ရေးသားသူ- ကိုစိုးကိုကို (Myanmar Mobile Users Group) Samsung Galaxy S4 မှာ ဖုန်းလာတဲ့အခါ ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ ဖုန်းမျက်နှာပြင်ပေါ်ကိုလက… Read More
  • Bar Launcher App For Android   Notification Bar မှာ မိမိကြိုက်နှစ်သက်ရာဆော့ဝဲများကို ထည့်သွင်းထားနိုင်ပါတယ်။ >>> DOWNLOAD <<< http://d-h.st/YCn re… Read More
  • ချစ်သူတွေ၊ မိဘတွေအတွက် ထောက်လှမ်းရေး Apk ဒီ Apk ကတော့ ချစ်သူအချင်းချင်း လှုပ်ရှားမှုတွေစောင့်ကြည့်ဖို့၊ မိဘတွေအတွက် သားသမီးကို စောင့်ရှောက်ဖို့။ ကိုယ့်သားသမီး ဘယ်လိုအဆက်အသွယ်ရှိနေတယ်ဆိုတာသိ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...