TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Huawei ဖုန်း Step 2 error ကို ဘယ်လိုရှင်းမလဲ ?

Huawei firmware တင်ရင် အကြီးမားဆုံးကြုံတွေ့ရတဲ့ step 2 faild error ကို အကောင်းဆုံးဖြေရှင်းတဲ့နည်းလမ်းလို့ ပြောလို့ရတဲ့ဒီနည်းလေးကို တဆင့်ပြန်လည်ဖော်ပြလိုက်ပါတယ်။တကယ်ကို အသုံးတည့်လွန်းလို့ပါ။
Huawei ဖုန်းတွေ အများဆုံးဖြစ်ပါတယ် firmware တင်ရင် step 2 မှာ fail ဖြစ်တာက ဘာကြောင့်ဖြစ်တယ်ဆိုတာကို တော့ ကျွန်တော်အတိအကျမသိပါဘူး
ကျွန်တော်က developer လည်းမဟုတ်သလို ပညာရှင်လည်းမဟုတ်ပါဘူး။ အခုမှလေ့လာနေဆဲပါ။ ဒါပေမဲ့ step 2 fail ပြရင် ကျွန်တော်ရှင်းနေကြ နည်းလမ်း
လေးတွေကို သူငယ်ချင်းများသိစေလိုသော သဘောနဲ့ တင်ပြလိုက်ပါတယ်။
1.step 2 fail ပြရင် ပထမဆုံးအနေနဲ့ကတော့ sd card ကိုလဲ စမ်းကြည့်သင့်တာပါပဲ။ sd card မကောင်းရင်လည်း step 2 မှာ fail ပြပါတယ်။
2.နောက်တစ်ချက်အနေနဲ့ firmware ရဲ့ build no ပါပဲ။ တစ်ချို့ဖုန်းတွေက build no အမြင့်ဆုံးပြန်တင်မှရပါတယ်။ အဲ့တော့ firmware တင်မယ်ဆိုရင်
lastest တွေတင်တာအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်(ကျွန်တော့်အထင်ပေါ့နော်)။ build no အမြင့်ဆုံးမဟုတ်ရင်လည်း fail ပြတတ်ပါတယ်။
3.နောက်တစ်ချက်အနေနဲ့ huawei flashing tool လေးကို အသုံးပြုပီးတင်ကြည့်ပါ။ တစ်ချို့လည်း အဆင်ပြေသွားတတ်ပါတယ်။
4.နောက်တစ်ခုက clockworkmod recovery(CWM) တွေကြောင့်ဖြစ်ပါတယ်။ အဲ့တာမျိုးဖြစ်ရင်တော့ အဲ့ cwm တွေကိုstock recovery ပြန်သွင်းပေးရပါတယ်။
stock recovery မသွင်းထားရင် firmware တင်မရတာ Ascend P1 ကိုင်တဲ့သူတွေ အများဆုံးကြုံကြရမှာပါ။
ok အာ့ဆို stock recovery ပြန်သွင်းမယ် but backup မလုပ်မိဘူး။ဘယ်လိုလုပ်မလဲ ?
stock recovery ကို orginal firmware ဖြစ်တဲ့ dload folder ရဲ့ updata.app ကနေခွဲထုတ်လို့ရပါတယ်။
ကဲခွဲထုတ်ချင်ရင်တော့ ဒီ ဖိုင်လေး
http://www.mediafire.com/?66baz1lpb71qmxb
ကိုဒေါင်းလိုက်ပါ။ မူရင်း ပိုင်ရှင် KO Myo ဖြစ်မယ်ထင်တယ်။ သေချာမမှတ်မိတော့လို့ သက်ဆိုင်ရာ အားလုံးကို creadit ပေးပါတယ်။
ပီးရင်ဒေါင်းထားတဲ့ ဖိုင်လေးကို zip ဖြည်လိုက်ပါ။ function အနေနဲ့ သုံးမျိုးပါပါတယ်။အောက်မှာကြည့်ပါ။
ပထမတစ်ခုက updata.app ကနေ img ဖိုင်တွေခွဲထုတ်တာပါ။
ဒုတိယတစ်ခုက တော့ firmware ပြန်တင်တာပါ။
ပထမတစ်ခုကိုလေ့လာရအောင်။ အယ်ပြောဖို့ကျန်သွားတယ် ။ အဲ့ tool လေးကို သုံးဖို့ ဒီကောင်လေးလည်းလိုပါတယ် computer မှာသွင်းထားဖို့။ ဒီကောင်လေးကို သက်ဆိုင်ရာ window အလိုက် ဒေါင်းလုပ်ချလိုက်ပါဦး။ ဒီမှာဒေါင်းပါ။
http://www.activestate.com/activeperl/downloads
ပီးရင် computer ထဲမှာ install လုပ်လိုက်ပါ။ ပြီးသွားရင်တော့ ကိုယ်ခွဲထုတ်ချင်တဲ့ updata.app ကိုခုနက ဒေါင်းထားတဲ့ zip ဖိုင်ကို ဖြည်ထားတဲ့ folder လေးထဲမှာ သွားထည့်လိုက်ပါ။
ပီသွားရင် အဲ့ folder ထဲမှာရှိတဲ့ runme.exe လေးကို run လိုက်ပါ ။ update.app ကိုခွဲထုတ်မှာဖြစ်တဲ့အတွက် နံပါတ် ၁ ကိုနှိပ်ပီး enter ခေါက်ပါ။
အာ့ဆိုရင် အောက်ကအတိုင်း updata.app ကိုခွဲထုတ်သွားတာမြင်ရပါလိမ့်မယ်။ အထဲမှာ output folder လေးတစ်ခုထွက်လာတာမြင်တွေ့ရပါလိမ့်မယ်။
တစ်ချို့firmware တွေက ဥပမာ C8600 ဆိုရင် updata.app ခွဲလိုက်ရင် recovery.img ဖိုင် တစ်ပါတည်းပါလာပါတယ်။အောက်မှာကြည့်ပါ။
တစ်ချို့ဟာတွေက မပါပါဘူး။ system.img ဖိုင်ပဲပါပါတယ်။
အာ့ဆိုရင် ဆက်ပြင်ရပါဦးမယ် ဒီအဆင့်နဲ့မပီးသေးပါဘူး။ ကဲ ဆက်ပြင်ဖို့အတွက် coding ကြည့်တဲ့ software တစ်ခုလိုပါတယ်။ ဒီမှာဒေါင်းလိုက်ပါ။
http://www.mediafire.com/?w37zjfhbtbmh6es
ပီးရင်တော့ အဲ့ကောင်လေးကို install လုပ်လိုက်ပါ computer မှာ ။ ခုနက output ထွက်ထားတဲ့ folder ထဲကိုသွားပါ ။ များသောအားဖြင့် boot.img ဖိုင်နဲ့ recovery.img ဖိုင်လေးက 11 နဲ့ 12 မှာပါ။
ဟုတ်မဟုတ် အဲ့ကောင်ရဲ့ coding တွေကို တစ်ချက်ဖွင့်ကြည့်ကြည့်ရအောင်။ နံပါတ် ၁၁ ပေါ်မှာ double click နှိပ်ပါ။ select the program form a list ကိုဝင်လိုက်ပါ။ ခုနကသွင်းထားတဲ့ program HxD ကိုရှာပါ။ မတွေ့ရင် browse ကိုတစ်ချက်နှိပ်ပါ။ program file ထဲရောက်သွားတာ တွေ့ရမှာပါ။ အဲ့ထဲက HxD ဖိုဒါထဲဝင်လိုက်ပါ။ HxD.exe ကိုရွေးပေးပါ။ open နှိပ်ပါ။ ok နဲ့ ပြန်ထွက်ပါ။ code လေးတွေ မြင်တွေ့ရမှာပါ။ အောက်ကပုံအတိုင်းပါ ။ ထိပ်အစမှာ android နဲ့စပါတယ်။ ကုဒ်အကြောင်းတွေတော့ မရှင်းပြတတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ developer မှ မဟုတ်တာ
အဲ့ code ပါတဲ့ဖိုင်နှစ်ခုကို rename ပြန်ပေးပါ ။ အဲ့လို code ပါတဲ့ ဖိုင် ၂ ခု မြင်တွေ့ရမှာပါ။ အာဆိုရင် file size ကို တစ်ချက်ကြည့်ပေးပါ။ ဖိုင်ဆိုဒ် သေးတဲ့ကောင်က boot.img ဖိုင်ဖြစ်ပြီး file size ကြီးတဲ့ ကောင်က recovery.img ဖိုင်ဖြစ်ပါတယ်။ အာ့ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ recovery.img ဖိုင်လေးရပါပီ။
recovery.img ဖိုင်ကို ဖုန်းထဲဘယ်လိုသွင်းမလဲ ?
ကျွန်တော်တို့ fastboot ကနေသွင်းပါမယ်။ဖုန်းကို fastboot ခေါ်လိုက်ပါ။ vol down + power ပါ။ logo မှာငြိမ်နေပီ ဆိုရင် ဖုန်းကို computer နဲ့ကြိုးထိုးပါ။ ဒီကောင်လေးကိုဒေါင်းလိုက်ပါ။
ဒေါင်းပီးရင် အဲ့ထဲမှာပါတဲ့ recovery.img ဖိုင်ကိုဖျက်ပါ။ ပီးရင် ခုနကခွဲထုတ်ထားတဲ့ recovery.img ဖိုင်ကို အစားထိုးပါ။ bat ဖိုင်လေးကို run လိုက်ပါ ။ recovery သွင်းသွားပါလိမ့်မယ်။
stock recovery သွင်းပီးရင်တော့ အထက်ပါ step 2 error ပျောက်ပီပေါ့ ထင်တာပြောတာနော် developer မဟုတ်ဘူး
အပေါ်က ခွဲထုတ်တဲ့နည်းအတိုင်း အကုန်လုံး မရပါဘူး။ တစ်ချို့ဟာတွေဆိုအဲ့ လို coding တွေ လုံးဝမပါပါဘူး။ အာ့မျိုးဆို android kitchen နဲ့ခွဲရတယ်လို့ ဆွာသမားတစ်ယောက်ကပြောပါတယ်။ ကျွန်တော်လည်းလေ့လာနေတုန်းပါ မသုံးတတ်သေးပါဘူး။
5.နောက်တစ်နည်း အာ့ကောင်ကတော့ firmware ပျက်သွားတယ် ပီးတော့ recovery ခေါ်မရတော့ဘူး။ firmware ပြန်တင်တယ် step 2 fail ဖြစ်တယ် ။ sd ချိန်းတယ် မကောင်းဘူး ? cwm တင်တယ် မ၀င်ဘူး? အာ့မျိုးဆို ဘယ်လိုလုပ်ကမလဲ ? အာ့တွေက ဘယ်မှာအဖြစ်များလဲ ? bootloader unlock လုပ်ကတဲ့ကောင်တွေမှာဖြစ်ပါတယ်။ list of booloader unlock
C8812
C8812E
C8813
C8813D
C8825D
C8950D
G510-0010
U8825D
U8950D
Y300C
Y300-0000
C8812 နဲ့ ဥပမာပေးပါမယ် ။ အဲ့ကောင်တွေမှာ အဖြစ်များပါတယ်။ အဲ့ကောင်မျိုးဆို unlock site မှာ ကုဒ်တောင်းပါ ။ တရုတ်ဆိုဒ်ကတောင်းပါ။ ပိုမြန်ပါတယ်(စိတ်ထင်တာပေါ့နော်) pacman emoticon unlock code ရပီဆိုရင် code ဖြည်လိုက်ပါ။
code ဖြည်ပီးရင် stock recovery ပြန်သွင်းပီး firmware ပြန်တင်ကြည့်ပါ ။ အဆင်ပြေသွားတာကို မြင်တွေ့ရမှာပါ။
ref : http://madmodder.co.uk/…/how-to-extract-and-identify-recove…
ကျွန်တော် ရေးသားထားသော ပို့စ်များက နိုင်ငံခြားဆိုဒ်တွေကနေ လေ့လာထားတာတွေပါ။ မြန်မာဆိုဒ်တွေကနေ ကူးယူဖော်ပြခြင်းလုံးဝမဟုတ်ပါ။ ကူးထားရင်လည်း creadit ပေးထားပါတယ်။
ပီးတော့ ပို့စ်ရေးတာမကြာသေးတဲ့အပြင် ထူးချွန်တဲ့သူ ၊ developer ၊ မဟုတ်တဲ့အတွက် အကုန်လုံး နားမလည် မရှင်းပြနိုင်တာပါရင် ဖတ်ရတာ အဆင်မပြေရင် နားလည်ပေးစေချင်ပါတယ် ။ အမှားပါရင်
ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Post By Hein Maung (MLN)
MMAS
အဆင်ပြေပါစေ
ref : Myartko Orange


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • Huawei G730 အတွက် မြန်မာ Font Installer V2                    Huawei G730 ဖုန်းများတွင် မြန်မာစာ နှင့် အင်္ဂလိပ်စာတွဲရိုက်၍မရခ… Read More
  • G730-u00 s4 rom and cwm G730-u00 s4 rom and cwm internet marketing Cwm http://d-h.st/3gM 1. Cwmကိုzipဖြေလိုက်ရင် recovery.img ဆိုတာရလာမယ်Sd cardထဲမှာ reco… Read More
  • G520-T10 Firmware Download internet marketing or http://usersfiles.com/sfswmq6xfv0p အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ ++++++++++++++++++++++++++++… Read More
  • Y600 U151 Firmware Download Download or http://download-c.huawei.com/download/downloadCenter?downloadId=25833&version=46950&siteCode=th အဆင်ပြေရင်အောက်ပါကြော်ငြာ… Read More
  • Huawei ဖုန်း Step 2 error ကို ဘယ်လိုရှင်းမလဲ ? Huawei firmware တင်ရင် အကြီးမားဆုံးကြုံတွေ့ရတဲ့ step 2 faild error ကို အကောင်းဆုံးဖြေရှင်းတဲ့နည်းလမ်းလို့ ပြောလို့ရတဲ့ဒီနည်းလေးကို တဆင့်ပြန်လည်ဖေ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...