TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



iOS 8 တွင်အသုံးပြုနိုင်သော မြန်မာကီးဘုတ်များ



IMG_0044

iOS 8 မှာ Third Party ကီးဘုတ်တွေကို အသုံးပြုခွင့်ပေးလိုက်တာနဲ့ မြန်မာကီးဘုတ်အများအပြား ပေါ်ထွက်လာပါတယ်။ လက်ရှိ ကျွန်တော်သိတဲ့ ကီးဘုတ်တွေအကြောင်းကို ပြောပြမှာဖြစ်ပါတယ်။ ကီးဘုတ်တစ်ခုစီမှာ ထူးခြားချက် အနည်းဆုံး ၁ မျိုးစီရှိကြပါတယ်။ အရင်ဆုံးထွက်တဲ့ keyboard ကနေ နောက်ဆုံး ထွက်တဲ့ အထိရက်စွဲအလိုက်စီစဉ်ထားတာပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ U.S Store ကဈေးနှုန်းတွေပဲဖြစ်ပါတယ်။
1) Black Keys ($0.99)
IMG_0047
Black Keys ဆိုတာကတော့ Apple ကနေတရားဝင် ကီးဘုတ်မပါတဲ့ အာရှနိုင်ငံတွေအတွက် ကီးဘုတ်တွေပါဝင်တဲ့ app ဖြစ်ပါတယ်။ မြန်မာဘာသာအတွက် Zawgyi နဲ့ Unicode နှစ်မျိုးလုံးပါဝင်ပါတယ်။ App Store မှာ $0.99 နဲ့ဝယ်ယူနိုင်ပါတယ်။
Download Black Keys







2) TTKeyboard (Free)
IMG_0045
TTKeyboard ကိုတော့ အားလုံးရင်းနီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ iOS 6 မှာထဲက cydia tweak အနေနဲ့ ထွက်ရှိထားပြီး iOS 8 မှာတော့ app store ပေါ်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ Smart Zawgyi ပါဝင်တဲ့အတွက် ကီးဘုတ်အသုံးပြုရတာ အလွန်လျှင်မြန်စေပါတယ်။ Android မှာ နာမည်ကြီး မြန်မာကီးဘုတ်တစ်ခုဖြစ်တဲ့ Bagan Keyboard က TTKeyboard ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ အခမဲ့ရရှိပြီး ကျွန်တော်အကြိုက်ဆုံးကီးဘုတ်တစ်ခုဖြစ်ပါတယ်။ App Store မှာ အခမဲ့ရရှိနိုင်ပြီး premium theme တွေကိုတော့ $0.99 နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Happy Free Theme ၃မျိုးကို အခမဲ့ပေးထားပါသေးတယ်။
Download TTKeyboard






3) Takaung (Free)
IMG_0051Takaung Keyboard ကတော့ အခမဲ့ရတဲ့ keyboard တစ်ခုပဲဖြစ်ပါတယ်။ Zawgyi Keyboard တစ်မျိုးထဲပါဝင်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကိုယ်အသုံးများတဲ့ စာကလုံးတွေကို မှတ်ထားနိုင်ပြီး ပြန်လည်ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကိုယ်မှတ်ထားတာကိုသာ ပြပေးမှာဖြစ်ပြီး prediction သဘောမျိုး ခန့်မှန်းပေးတာမဟုတ်ပါဘူး။
Download Takaung Keyboard







4) Nexy Keyboard (Free)
IMG_0050
Nex က အသက်ငယ်ငယ် Developer ချောချောလေး နှစ်ယောက် ရေးသားထားတဲ့ မြန်မာကီးဘုတ်ပါ :-P ။ Zawgyi Unicode နှစ်မျိုးရပါတယ်။ Android L ရဲ့ Material White Theme နဲ့ဖြစ်ပြီး သူ့ရဲ့ထူးခြားချက်ကတော့ မြန်မာလက်ကွက် မသုံးတတ်သူတွေအတွက် Burglish နဲ့ရိုက်နိုင်မှာဖြစ်ပါတယ်။ ဥပမာ par လို့ရိုက်လိုက်ရင် ပါး၊ ပါ၊ ပါ့ လို့ သုံးခုဖော်ပြပေးမှာဖြစ်ပြီး ကိုရိုက်ချင်တဲ့ စာလုံးကို ရွေးချယ်လိုက်ယုံပါပဲ။ နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ Eng Keyboard ကိုပါထည့်သွင်းပေးထားတဲ့ အတွက် Keyboard တစ်ခုခုနဲ့တစ်ခုပြောင်းရင် မကြာတော့ပါဘူး။ App Store မှာ အခမဲ့ရနိုင်ပါတယ်။
Download Nexy Keyboard






5) Shwe Keyboard ($0.99)
IMG_0049Developer ကိုဇော်မင်းစိုးရဲ့ Initial Studio ကနေထုတ်လုပ်ထားတဲ့ Shwe Keyboard ပဲဖြစ်ပါတယ်။ Zawgyi တစ်မျိုးထဲ ပါဝင်ပါတယ်။ Shwe Keyboard မှာ smart zawgyi အပြင် function တွေအများကြီးပါဝင်ပါသေးတယ်။ Swipe Up Swipe Down တွေနဲ့ အသတ်၊ ရေးချ၊ ဝဆွဲ၊ အောက်ကမြင့်၊ စာလုံးဆင့် အစရှိတာတွေ ရေးနိုင်ပြီး အသေးစိတ်ကို App ထဲမှာ ဖော်ပြထားပါတယ်။ Double Tab လဲပါဝင်ပါတယ်။ အသုံးပြုတတ်ရင်တော့ တော်တော်မြန်တဲ့ ကီးဘုတ်တစ်ခုပါ။ App Store မှာ $0.99 နဲ့ဝယ်ယူနိုင်ပါတယ်။
Download Shwe Keyboard






6) MM Complex (Free)
IMG_0048Developer ကိုအောင်ခန့်မျိုးရဲ့ MM Complex Keyboard ဖြစ်ပါတယ်။ Android အတွက်လဲ ထွက်ရှိထားပါတယ်။ Zawgyi တစ်မျိုးထဲ အသုံးပြုနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ Keyboard က 5th Row Keyboard ဖြစ်ပြီး ဂဏန်းတွေကိုပါ တခါတည်း ရိုက်နိုင်ပါတယ်။ စာနဲ့ ဂဏန်းနဲ့တွဲရိုက်လေ့ရှိသူတွေအတွက်အသုံးဝင်နိုင်ပါတယ်။ Keyboard မှာ Allow Full Access မတောင်းတဲ့အတွက် Privacy အတွက် စိတ်ချရပါတယ် :P ။ App Store မှာ အခမဲ့ရနိုင်ပါတယ်။
Download MM Complex

ref : Myat Min Soe (MMAS)



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • ttKeyboard for iPhone/Pad/Pod touch (include Smart Zawgyi+MyRoman) Apple iPhone/Pad/Pod touch တွေအတွက် အသစ်ထွက်ဇော်ဂျီကီးဘုတ်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကီးဘုတ်ရဲ့နာမည်ကတော့ ttKeyboard ဖြစ်ပါတယ်။ ttKeyboar… Read More
  • iFile ဆိုတာ ဘာလဲ..? ဘယ်လိုသုံးကြမလဲ..? iDevice တွေကို Jailbreak လုပ်ပြီး သုံးနေကြသူ၊ များသောအားဖြင့် "iFile" ဆိုတာလေးကို ကြားဖူးကြပါလိမ့်မယ် သို့ ပေမယ့် ဘယ်နေရာမှာ သုံးတာလဲ၊ ဘာအတွက် သံ… Read More
  • Cycloramic v2.1 for iPhone iTunes Store ရဲ့ 2012 ခုနှစ်အတွက်အကောင်းဆုံးတီထွင်မှုဆုကိုရရှိခဲ့တဲ့ iPhone application လေးဖြစ်ပါတယ်။ iPhone 5/4S/4 သုံးမျိုးလုံးမှာအသုံးပြုနိုင်… Read More
  • Easy Masure မိတ်ဆက်ပေးချင်တဲ့ Tweakအလန်းလေးက Easy Masureဆိုတဲ့ Tweakလေးပါ။ ဒီ Tweakလေးကဘာတွေစွမ်းဆောင်နိုင်လဲဆိုတော့ မြေပြင် ပေါ်မှာရှိနေတဲ့ရုပ်ဝတ္ထုပစ္စည်း ရဲ… Read More
  • MMSubPlayer v1.0 for iPhone/Pad/Pod touch MMSubPlayer’s Developer- Ko Khant Thu Linn iPhone/Pad/Pod touch တွေအတွက် အသစ်ထွက်မြန်မာဆော့ဝဲလေးတစ်ခုဖြစ်တဲ့ MMSubPlayer for iPhone,iPad နဲ့ မိတ်… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...