TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Note3 SM-N900 Software error ကြောင့် Baseband Unknow ဖြစ်ပြီး IMEI Null ဖြစ်သွားတာကိုရှင်းနည်း...

Note3 SM-N900 ကို Root ဖောက်လို့ ပဲဖြစ်ဖြစ်၊ Firmware တင်လိုက်
လို့ ပဲဖြစ်ဖြစ် Baseband Unknow ဖြစ်ပြီး IMEI Null ဖြစ်ခဲ့ရင် ကျွန်တော်
ရှင်းခဲ့တဲ့ နည်းလမ်းလေးကိုမျှဝေတာပါ။ဒီနည်းလမ်းရှာနေစဉ်အများကြီး
ကူညီပေးခဲ့တဲ့ ကျွန်တော်မိတ်ဆွေ ကို Hein Zaw ကိုအရင်ဆုံးကျေးဇူးတင်
စကားပြောပါရစေ။ကျွန်တော်ရှင်းခဲ့တဲ့ Note3 SM-N900 Baseband Unknow
ဟာ android 4.4.2 ပါ။
ပထမဆုံးလိုအပ်တာတွေကိုအောက်ကလင့်မှာ Download ဆွဲလိုက်ပါအုန်း။
Download ဆွဲပြီးရင် ကျွန်တော်ပေးထားတဲ့ clockworkmod recovery ကို
ဒေါင်းထားတဲ့ Odin 3.0.7 နဲ့ ကွန်ပျူတာကနေ Flash လိုက်ပါ။ပြီးရင်
UPDATE-SuperSU-v1.91.zipကို internal Storage ထည့်ပြီး clockworkmod
recovery ကနေ Flash ပါ။Recovery ၀င်နည်းက Power+Home+Vol+ ပါ။
ပြီးရင်ဖုန်းကို ပုံမှန်အတိုင်းပဲဖွင့်ပြီး SuperSu ကိုဖွင့် knox security ကို disable
လုပ်လိုက်ပါ။
ဖုန်းကို Recovery mod ပြန်ဝင်ပြီး ဒေါင်းထားတဲ့အထဲက Stock-4.4.2-kernel-NA6.zip
ကိုအရင် Flash ပါ။ပြီးမှ နောက်ဆုံးကျန်ရှိတဲ့ N900_XXUENE1_MODEM_CWM.zip
ကို Flash လိုက်ရင်တော့ Baseband version ပြန်ပေါ်လာပြီး မိတ်ဆွေစိတ်ချမ်းသာ
သွားပါလိမ့်မယ်။သိပ်အထူးဆန်းတော့မဟုတ်ပါဘူး ပြသနာတတ်လာရင်ဖြေရှင်းလို့ 
ရနိုင်အောင် Post တစ်ခုအဖြစ်တင်ပေးလိုက်တာပါ။ကျွန်တော်က မော်လမြိုင်မှ မောင်သု ပါ။


















credit - M.L.M Mobile Phone Professional Group

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • Unbrick The Soft-brick ( samsung devices ) Soft-brick ဖြစ်ခြင်းဟာ Custom ROM တွေမကိုက်ဖြစ်ခြင်း, odin နဲ့ flash နေတဲ့အချိန်မှာ usb ကြိုးပြုတ်သွားခြင်း နဲ့ တခြားသော ဖုန်းနဲ့ မကိုက်တဲ့ တခု… Read More
  • Hardware Tutorial ( Part_1 ) ဒီ Post ကို အတော်များများ နှစ်သက်လိမ့်မယ် ထင်ပါတယ်။ Hardware ကိုမစခင် အသုံးပြုတဲ့ Air Gun အကြောင်း ကစကျရအောင်ပါ။ Model တွေကအမျိုးမျိုးရှိပေမယ့် ကျွ… Read More
  • oftBrick ဖြစ်နေတဲ့ Samsung Galaxy Device တွေကို UnSoft Brick လုပ်ရအောင် S Softbrick ဆိုတာက Samsung Galaxy Device တွေမှာ ဖြစ်တတ်တဲ့ Case လေးပါ်Firmware အတင်မှားတာပဲဖြစ်ဖြစ် Odin ကနေ Firmware or Root လုပ်တဲ့အချိန… Read More
  • Riff Box ကိုဝယ်သင့်မသင့်စဉ်းစားပါ။ Riff Box ကိုတော်တော်များများက စိတ်ဝင်စားနေကျတာပေါ့နော်…. ဒီတော့ဝယ်ပြီးမှအလကားမဖြစ်ရအောင်သူလုပ်လို့ရတဲ့ Model တွေကိုလေ့လာဖို့တင်ပေးလိုက်ပါတယ်.. Riff … Read More
  • Repairing " Too Many Pattern attempts! " Repair " Too Many Pattern attempts! "No need to Factory resetdelete via cwm or adb/data/data/com.android.providers.settings/databases/settings.dbsucc… Read More

3 comments:

  1. clockworkmod recovery ကို odin နဲ့ Flash လို့မရဘူး ဖြစ်နေတယ် Bro

    ReplyDelete
  2. thank br ရှိတဲ့ modem ကို flash လိုက်တာ imei အတုပဲတက်နေလို့တိုင်ပတ်နေတာ

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...