TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Windows 10 တွင်ပါဝင်လာမည့် အကောင်းဆုံး feature သစ်များ


ဇူလိုင်လ ၂၉ ရက်တွင် ထွက်ရှိလာမည့် Windows 10 တွင် Microsoft သည် ပြောင်းလဲမှုများစွာ ပြုလုပ်ထားသည်။ Windows သည် Microsoft အတွက် အရေးပါသောအပြောင်းအလဲတစ်ရပ် ဖြစ်ပြီး ယခင် desktop နှင့်မိုဘိုင်း အတွေ့အကြုံများ ပေါင်းစည်းထားသော Windows 8.1 ကို အတိတ်တွင် ထားခဲ့နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Windows 10 တွင် အကြီးအကျယ်ပြောင်းလဲမှု ပြုလုပ်ထားသည့် အချက်များ ဖြစ်သည်။
Cortana
Microsoft ၏ တစ်ကိုယ်ရေ digital assistant ဖြစ်သော Cortana သည် Windows ဖုန်းများတွင်စတင် ပါဝင်လာသည်။ Windows 10 တွင် တိုးချဲ့ထားသော feature များနှင့်အတူ PC အတွက် Cortana ကို ထောက်ပံ့ပေးထားသည်။ Cortana သည် Siri နှင့် Google Now ကဲ့သို့ ထုတ်ကုန်များတွင် ညွှန်ကြားမှုကို ဖြေကြားခြင်းနှင့် တာဝန်များကို လုပ်ဆောင်နိုင်သည်။ ထို့အပြင် Cortana သည် ရှာဖွေမှုများပြုလုပ်သည့် လုပ်ဆောင်ချက်နှင့် အနီးစပ်ဆုံး ရှာဖွေမှုများ ပြုလုပ်နိုင်ပြီး ကုမ္ပဏီမှ ထောက်ပံ့ထားသော ဘာသာစကားဖြင့် ဖြေကြားပေးကာ ဖိုင်များကို ရှာဖွေပေးခြင်း သို့မဟုတ် မှာကြားချက်ကို ဖတ်ပြခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ သုံးစွဲသူက အီးမေးလ် သို့မဟုတ် နှုတ်ဖြင့် ရာသီဥတုအခြေအနေမေးမြန်းသည့်အခါ ရာသီဥတု အစီရင်ခံစာကို ပြသပေးမည် ဖြစ်သည်။
Task Switcher and New, Universal Apps
Apple ၏ OSX တွင် virtual desktop များ အသုံးပြုသကဲ့သို့ပင် Windows 10 ၌ desktop များစွာဖန်တီးပြီး app များရွေ့ပြောင်း အသုံးပြုနိုင်သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် app နှင့် ပရိုဂရမ်များစွာကို ဖွင့်ရန် virtual desktop များကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
Windows app များကို PC, tablet အပြင် ဖုန်းနှင့် Xbox One ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများတွင် Windows အမှတ်တံဆိပ် ထုတ်ကုန်များရှိပါက hardware များအားလုံးတွင် အဓိက app တစ်ခုကို အသုံးပြုထားနိုင်မည် ဖြစ်သည်။
Continuum
Windows 10 တွင် အသုံးပြုသည့် ထုတ်ကုန်ပေါ်မူတည်၍ app များကို အလိုအလျောက် ချိန်ညှိပေးနိုင်သည်။ သုံးစွဲသူများက two-in-one hybrid ကွန်ပျူတာ အသုံးပြုရာတွင် Desktop mode အတွင်း Microsoft Word အသုံးပြုနေစဉ် Tablet mode သို့ ချက်ချင်းပြောင်းလဲလိုက်လျှင် ၎င်း app သည် မျက်နှာပြင်ပြည့် ချိန်ညှိပေးကာ touch ဖြင့်အသုံးပြုနိုင်ရန် ခလုတ်များကိုလည်း ပြောင်းလဲပေးသွားမည် ဖြစ်သည်။
Windows 10 ကို ဖုန်း၊ ကွန်ပျူတာနှင့် tablet များတွင် အဓိက operating system တစ်ခုတည်းအဖြစ် အသုံးပြုနိုင်သည်။ Continuum ၏ အကူအညီဖြင့် desktop ကဲ့သို့ Windows 10 ဖုန်း ကို ကီးဘုတ်၊ mouse နှင့် display နှင့်ချိတ်ဆက်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့အသုံးပြုရန် ထုတ်ကုန် ကန့်သတ်ချက်များ ရှိနေသော်လည်း Word သို့မဟုတ် Outlook ကဲ့သို့ Windows app များကို အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် ဖုန်းကို desktop ကဲ့သို့ အသုံးပြုစဉ် text message များဝင်လာသည့်အခါ windows desktop app များမှတစ်ဆင့် ဖုန်းပေါ်တွင် clipboard သို့ ကူးယူနိုင်မည် ဖြစ်သည်။
Microsoft Edge
Edge သည်နှစ်သက်ရာ content အကြောင်းအရာကို အပြန်အလှန်ဖလှယ်နိုင်သည့် နည်းလမ်းများနှင့် အကြောင်းအရာ များကို ဖတ်ရှုနိုင်ရန် အကြီးအကျယ်ပြုလုပ်ထားသည်။ ၎င်း browser ကိုရိုးရှင်းသော ဒီဇိုင်းဖြင့် ဖန်တီးထားသည်။
Microsoft အနေဖြင့် browser အတွင်း Cortana ကိုထည့်သွင်းထားပြီး စကားလုံးအနက်များ ရှာဖွေခြင်း၊ မြေပုံတွင် နီးစပ်ရာ အိမ်လိပ်စာရှာဖွေခြင်း သို့မဟုတ် ကျော်ကြားသူများ၏ ယေဘုယျအချက်အလက်များကို ရှာဖွေခြင်းတို့ ပြုလုပ်နိုင်သည်။ စာသားကို highlight ပြုလုပ်ကာ right click ဖြင့်ထောက်၍ အချက်အလက် များကို “Ask Cortana” ကိုရွေးချယ်ကာ copy နှင့် paste ပြုလုပ်၍ လွယ်ကူစွာ ရှာဖွေနိုင်သည်။
ကျွမ်းကျင်အဆင့်ရှိ ကွန်ပျူတာသုံးစွဲသူများသည် ဝက်ဘ်တွင် စီမံခန့်ခွဲမှုများ အဆင့်မြှင့်တင် ပြုလုပ်နိုင်ရန် ဝက်ဘ် extension များအသုံးပြုကြသည်။ သို့ရာတွင် Edge သည် ၎င်း extension တစ်ချို့ကို ဖယ်ရှားရန် Annotations နှင့် Reading Lists feature များထည့်သွင်းပေးထားသည်။ Annotation သည်ဝက်ဘ်စာမျက်နှာ ၏ screenshot ကိုမှတ်သားပေးပြီး အခြား Windows 10 သုံးစွဲသူများကို ဝေမျှရန် စာသားများ highlight ပြုလုပ်ခြင်း၊ ပုံဆွဲခြင်း သို့မဟုတ် ရေးသားထားသော မှတ်စုများကို ပေးပို့နိုင်သည်။ Evernote သို့မဟုတ် Pocket တို့ကဲ့သို့ ဆောင်းပါးများကို အချိန်အတန်ကြာမှ ပြန်လည်ဖတ်ရှုရန် Reading List feature ကိုလည်း အသုံးပြုနိုင်သည်။
Edge ၏အကြီးမားဆုံး feature များမှာ Reading View ဖြစ်ပြီး ကြော်ငြာများ သို့မဟုတ် ဗွီဒီယိုများကဲ့သို့ ဝက်ဘ်စာမျက်နှာတွင် ပိတ်ပင်ထားသည့် အရာများကို ဖယ်ရှားပေးနိုင်သည်။
Gaming
Windows 10 သည် Xbox One အပါအဝင် Microsoft ထုတ်ကုန်များအားလုံးသို့ ထောက်ပံ့မှုပေးထားသည်။ ဂိမ်မာအများစုအနေဖြင့် အသုံးပြုမည့် feature သစ်များသည် OS သစ်တွင် ပါဝင်လာသည်။
ထုတ်ကုန်များကို Windows 10 အထိအဆင့်မြှင့်တင်ပြီးလျှင် Windows 10 ကွန်ပျူတာ သို့မဟုတ် tablet များသို့ Xbox One ဂိမ်းများ ပြန်လည်ထုတ်လွှင့်၍ ကစားနိုင်သည်။
Windows 10 အသုံးပြုထားသော Xbox နှင့် ကွန်ပျူတာများသည် platform တစ်ခုစီမှနေ၍ ဂိမ်းတစ်ခု တည်းကို ကစားနိုင်မည် ဖြစ်သည်။ ၎င်း feature သည် မည်သည့်ဂိမ်းကိုမဆို ထောက်ပံ့ပေးထားခြင်း မရှိသော်လည်း Montiga ကဲ့သို့ developer များမှ ထုတ်လုပ်သော Gigantic ဂိမ်းနှင့် ပူးပေါင်းမှုပြုလုပ်ထားသည်။
ထို့အပြင် Microsoft သည် Xbox app သစ်တွင် မိတ်ဆွေစာရင်းကို စီမံခန့်ခွဲခြင်း၊ ဂိမ်းနှင့်သက်ဆိုင်သည့် အချက်အလက်ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာမှ ဂိမ်းဗွီဒီယိုများ ကြည့်ရှုခြင်းတို့ ထည့်သွင်း ထောက်ပံ့ထားသည်။
Start Menu
Windows 10 ၏ feature များအနက် အကောင်းဆုံးတစ်ခုမှာ ယခင်က ထွက်ရှိခဲ့ဖူးသော OS အများစုတွင် ပါဝင်ခဲ့သည့် Start Menu ပါဝင်လာခြင်း ဖြစ်သည်။ Microsoft သည် Windows 10 တွင်ပြင်ဆင်မှု အနည်းငယ်ပြုလုပ်ထားသော Start Menu ကိုပြန်လည် ထည့်သွင်းခဲ့သည်။
Microsoft သည် Start Menu ကို Windows 8 လုပ်ဆောင်ချက်များနှင့်အတူ Windows 7 မှ ရိုးရှင်းသော Start Menu ကိုပေါင်းစပ်၍ ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားသည်။ Start Menu တွင် Windows 8 ၏ Live Tiles များ ဆက်လက် ပါဝင်လာသော်လည်း ၎င်းတို့သည် ပိုမိုသေးငယ်ကာ ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာသည်။ ၎င်း၏ ဘယ်ဘက်ခြမ်းတွင် အသုံးအများဆုံး app နှင့် Setting ကဲ့သို့အရာအပြင် File Explorer ကိုပြပေးမည် ဖြစ်သည်။ အဆိုပါ Start Menu ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး အရွယ်အစားကို ပြောင်းလဲနိုင်ကာ နှစ်သက်သော app များကို pin ပြုလုပ်ထားခြင်းနှင့် desktop wallpaper အလိုက်အရောင်များလည်း ပြောင်းလဲနိုင်သည်။

Ref: Reviewed internetjournal

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Related Posts:

  • Windows 8 Download Before download windows 8, please check the minimum Windows 8 system requirements: Where can I Download Windows 8 Full Version There are l… Read More
  • How to make an OS (using suse studio)  OS တစ်ခုကို ဖန်တီးချင်တဲ့ developer တွေအတွက်ထင်ပေးလိုက်ပါတယ်။ ဘာ coding မှလိုပါဘူး။ နည်းပညာကို လျှိုထားလို့မရတော့ပါဘူး ကြိုစားချင်သူမ… Read More
  • Software’s List According To Category.. Software’s List According To Category.. PC Tools Adobe Reader (2013)PC Tools Performance Toolkit V2.1.0.2151Driver Genius Professional 11.0Adva… Read More
  • Solaris 11.1 (x86/x64) The new release features more than 300 improvements and performance optimizations. The changes are mainly related to increased integration with… Read More
  • Microsoft Windows 8 Professional (X86|X64) Final Retail AIO Update Link download (19-01-2013)   Mirror via  Fileuplo.de Microsoft Windows 8 Professional (x86/x64) Final Retail AIO - (3.83GB) … Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...