မိတ်ကပ်ပြင်ပေးမယ့် ဖုန်း app လေး “MakeupPlus” Android Apps No comments Online ပေါ်မှာ ခေတ်စားနေတဲ့ မိုဘိုင်းဖုန်း application လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ MakeupPlus လို့ခေါ်တဲ့ မိတ်ကပ်ပြင်တဲ့ဆော့ဝဲလေးပါ။ သင့်ရဲ့ဓာတ်ပုံတွေကိုအကောင်းဆုံးမိတ်ကပ်ချယ်မှုန်းပေးနိုင်မှာပါ။ အမှောင်ထဲမှာရိုက်ထားတဲ့ဓာတ်ပုံကိုတောင် လင်းထိန်သွားအောင် လုပ်ပြီး မိတ်ကပ်ပြင်ပေးနိုင်ပါတယ်။ မျက်ခုံးမွှေး နှုတ်ခမ်းမွှေးအတုတပ်တာတို့လည်းလုပ်လို့ရပါတယ်။ ပြင်ပမှာမိတ်ကပ်ပြင်သလိုမျိုးအကုန်လုပ်လို့ရတာကိုတွေ့ရပါတယ်။ ပြည်တွင်း နဲ့ နိုင်ငံခြားက နာမည်ကြီးအနုပညာရှင်တစ်ချို့ကတောင် ဒီ app လေးကိုသုံးပြီး အပျော်သဘောမျိုးနဲ့ဓာတ်ပုံတွေပြင် တင်လာကြတာကိုတွေ့ရပါတယ်။ မိတ်ကပ်ပညာရှင်တွေကတောင် ချီးမွမ်းခန်းဖွင့်ထားရတဲ့ app လေးပါ။ အရင်ထွက်ရှိထားတဲ့ ဓာတ်ပုံပြင် app တွေနဲ့မတူဘဲကွဲထွက်လာတဲ့ app ကောင်းလေးတစ်ခုလို့ဆိုရမှာပါ။ MakeupPlus app ကို iOS အတွက်ရော Android အတွက်ပါ ရရှိနိုင်ပါတယ်။ မိမိတို့ဖုန်းတွေမှာ MakeupPlus app ကိုစမ်းသုံးချင်တယ်ဆိုရင်တော့ အောက်က link များမှာရယူနိုင်ပါတယ်။ MakeupPlus app for iPhone အားရယူရန် MakeupPlus app for Android အားရယူရန် ref : MMAS Related Posts:အခုလက်ရှိခေတ်စားနေတဲ့ လူပုံလေးတွေဖန်တီးလို့ရတဲ့ FaceQ app Download Android FaceQ ကိုအသုံးပြုပြီးမိမိစိတ်ကြိုက်လူပုံလေးတွေကိုဖန်တီးနိုင်မှဖြစ်လို့အရမ်းပျော်စရာကောင်းမည့် app လေးတမျိုးပဲဖြစ်ပါတယ် လိုအပ်ပါက အောက်ကလင့်… Read MoreCDMA800 MHz နှင့် GSM/WCDMA ဖုန်းများအတွက် ဖုန်းထဲမှာတင် အင်တာနက် လျှောက်နိုင်မည့်ဆော့ဝဲလ် Android OS အသုံးပြုကာ CDMA 800 MHz ဟန်းဆက်အသုံးပြုသူတွေ အတွက် ပြီးခဲ့တဲ့တစ်ပတ် အင်တာနက် လျှောက်လိုသောအခါ အရင်တုန်းကလို ဆက်သွယ်ရေးရုံးများသို့… Read MoreApplication အများကြီးထည့်လို့ ဖုန်းလေး နေသူများအတွက် App Freeze Application အများကြီးထည့်လို့ ဖုန်းလေး နေသူများအတွက် App Freeze ကျနော့်မှာ သုံးနေတဲ့ Huawei ဖုန်းတစ်လုံးရှိပါတယ်။ ဟိုစမ်းဒီစမ်းနဲဆိုေ… Read MoreTTPod ( ဘာသာပြန် ) ! ” TTPod ” ဆိုတာနဲ့  ဘာလုပ်တဲ့ကောင်လေးလည်းဆိုတာလူတိုင်းသိမယ်ထင်ပါတယ်ဗျာ…. ဒီကောင်လေးနဲ့  သီချင်းလေးတွေကို သံစဉ် လေးတွေ ကာရာအိုကေပုံစံမျိုး နားထေ… Read MoreVideo Call စနစ်ပါပါဝင်လာခဲ့တဲ့ Viber 5.0 Download For Android Video Call စနစ်အပြင် UI ပါအရမ်းလန်းသွားတဲ့ Viber 5.0 ကိုဒီနေ့ပဲ Viber ကနေ Update ပေးလိုက်ပါတယ် Download Link မျာကိုအောက်မှာပေးထားပါတယ် … Read More
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်