TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Error Code Collection For SP Flashtools



S_UNSUPPOPTED_OPERATION (1014)
ဒီ Errorကတော့ Scatter ကြောင့်ဖြစ်တဲ့ error ပါ။ ဥပမာအနေနဲ့ကတော့ ဖုန်းဟာ MT6572 သုံးထားတာကို MT6577 Scatter နဲ့တင်မိသလို ဖုန်းနဲ့ Scatter ဖိုင်မကိုက်တဲ့အချိန်မှာ ဒီ error အတက်များပါတယ်။

S_DA_EMMC_FLASH_NOT_FOUND (3144)
ဒီ 3144 error ကတော့ သုံးထားတဲ့ CPU ကြောင့်ဖြစ်တဲ့ error ပါ။ MTK မဟုတ်ပဲ MTD ကို MTK ဖုန်းအမှတ်နဲ့ firmware ပြန်ရေးတဲ့အခါတေါမှာ ဖြစ်တတ်ပါတယ်။

S_BROM_CMD_STARTCMD_FAIL (2005)
SP flashtool error ဖြစ်ပါတယ်။ flash tool ကို version ပြောင်းလဲသုံးသင့်ပါတယ်။ နောက်တစ်ခုက vol key နှိပ်တာ မှားနေရင်လဲဒီ error တက်ပါတယ်။ read back, Format, MemoryTest လုပ်တဲ့အချိန်တွေမှာ ဒီ error ကိုကြုံရတာ များပါတယ်။ Vol ခလုပ်ပြောင်းနှိပ်ပေးရုံနဲ့ ဒီ error ဖြေရှင်းလို့ ရနိုင်ပါတယ်။

S_FT_READBACK_FAIL (4009)
ReadBack လုပ်တဲ့အခါမှာ Storage မလုံလောက်တဲ့အချိန်မှာ တက်တဲ့ error ဖြစ်ပါတယ်။ တကယ်လို့ နာမည်တူဖိုင်တစ်ခုရှိနေပြီး overwrite မလုပ်နိုင်ရင်လဲ ဒီ error တက်ပါတယ်။

S_FT_NEED_DOWNLOAD_ALL_FAIL(4050)
PMT လို့ခေါ်တဲ့ Pertation Map Table မတူညီတဲ့အခါမှာ တက်တဲ့ error ဖြစ်ပြီးတော့ သူများတွေ ဘယ်လိုရှင်းတယ်မသိပေမယ့် ကျွန်တော်ကတော့ EMMC ကို Format ရိုက်ပြီးမှ ပြန်တင်ပါတယ်။ သူနဲ့အတူတွဲတတ်တဲ့ error ကတော့ (8038) Error ဖြစ်ပြီး Userdata ရဲ့ table ချိန်းခြင်းကြောင့်ဖြစ်တာပါ။ ရှင်းနည်းကတော့ အတူတူပါပဲ။

S_DL_PC_BL_INVALID_GFH_FILE_INFOR (5066)
ရွေးလိုက်တဲ့ Scatter ဖိုင်ထဲကလိုမဟုတ်ပဲ ဖိုင်တွေ မတူညီတဲ့အခါမှာ တက်တဲ့ error ပါ။ prepare block for flash tool မလုပ်ရသေးတဲ့ backup firmware ကို ပြန် တင်တဲ့အချိန်မှာ အဖြစ်များပါတယ်။

SP FLASH TOOL ERROR (8038)
အပေါ်မှာ ပြောခဲ့ပြီးသလိုပါပဲ PMT မကိုက်တဲ့အချိန်မှာ 8038 error တက်ပြီးတော့တကယ်တန်းကတော့ SP_FLASH_TOOL.log ထဲမှ ရေးထားတာနဲ့ ဖုန်းနဲ့မကိုက်ညီတော့တာပါ။ Scatter is out of date ပေါ့။

BROM_ERROR: S_FT_ENABLE_DRAM_FAIL (4032)
SP flashtool ဟာ DRAM ကို မဖတ်နိုင်တဲ့အချိန်မှာ ပြတဲ့ error ဖြစ်ပြီးတော့ ဖြေရှင်းဖို့အတွက်ဆိုရင် ဖုန်းကို power ပိတ် Process တစ်ခုလုံးပြီးသွားမှ ဘာမှ မနှိပ်ပဲ ကြိုးထိုးရေးကြည့် သင့်ပါတယ်။မရတဲ့အခါမှာ vol ခလုပ်ပြောင်းနှိပ်ကြည့် သင့်ပြီး နောက်ဆုံးအဆင့်မှာ EMMC တစ်ခုလုံးကို format ရိုက်ပြီးမှ ပြန်ရေးရင် ရတာ များပါတယ်။

BROM ERROR: S_DL_PMT_ERROR_NO_SPACE (5069)
ဖုန်းမှာပိုင်းထားတဲ့ partition ထက် rom partition size ကပိုမိုကြီးနေတဲ့အခါမှာ တက်တဲ့ error ပါ။ firmware ပြောင်းသင့်ပါတယ်။

S_FT_Download_Fail (4008)
ဖုန်းကို အားပြန် သွင်းပြီးမှ firmware ပြန်တင်ကြည့်ပါ။ Battery ရှိနေလျှက်မရတာ ဆိုရင် SP Flashtool နောက်ဆုံး ver ကို အသုံးပြုကြည့်ပါ။ မရတဲ့အဆုံးမှာတော့ EMMC format ရိုက်ပြီးပြန်တင်ပါ။

S_FT_DA_NO_RESPONSE (4001)
USB ကြိုးထိုးထားတဲ့ USB-port အပေါက်ပြောင်းကြည့်သင့်ပါတယ်။ EMMC မကောင်းတော့တာလဲဖြစ်နိုင်ပါတယ်။

BROM ERROR: S_DA_EMMC_FLASH_NOT_FOUND (3144)
EMMC ကို detected မသိတဲ့ပြဿနာဖြစ်ပြီးတော့ များသောအားဖြင့် HardWare error ဖြစ်ပါတယ်။

BROM ERROR: S_FT_NFB_DOWNLOAD_CODE_FAIL (4014)
ဒီ error ကတော့ ဖိုင်မှားတင်ထားတဲ့ဖုန်းကို firmware ပြန်ရေးတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။

Credit: Kurama Uchiha

Related Posts:

  • wellcom w3121 MT6253 Firmware Download internet marketing အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ ++++++++++++++++++++++++++++++++++++++++++++++++++++ internet mark… Read More
  • MTK Module Crack NCK MTK Module Crack By Nokia Firmware Password : Nokia.Firmware အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ… Read More
  • Error Code Collection For SP Flashtools S_UNSUPPOPTED_OPERATION (1014)ဒီ Errorကတော့ Scatter ကြောင့်ဖြစ်တဲ့ error ပါ။ ဥပမာအနေနဲ့ကတော့ ဖုန်းဟာ MT6572 သုံးထားတာကို MT6577 Scatter နဲ့တင်မိသလိ… Read More
  • Mtk Extractor 2.6.2 MTK ဖုန်းတွေရဲ့ System,Boot,Recovery အစရှိတာတွေ Edit လုပ်လို့ရတဲ့ Tool  လေးပါ။ ဒီTool  နဲ့ တော်တော်များများအကျိုးရှိတာလေးတွေလုပ… Read More
  • MTK ဖုန်းများကို Frp (Google Account) အလွယ်တကူဖြုတ်နည်း MTK FRP By pass Kenbo E71 ဖြင့် စမ်းသပ်ပေးထားပါတယ်။ Frp ဆိုတာကတော့ (Factory Rest Protection) လို့ခေါ်တဲ့ Lock တစ်မျိုးဖြစ်ပါတယ်။ မိမိဖုန်းက… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...