TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Odin Hidden.img Fail ပြသနာဖြေရှင်းနည်း 100% Solution

Odin Hidden.img Fail ပြသနာဖြေရှင်းနည်း 100% Solution ကို မိုဘိုင်းဖုန်းနည်းပညာပိုင်းကို စိတ်ဝင်စားကြတဲ့ သူတွေအတွက် www.droidview.com မှာ တွေ့မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီပိုစ့်က ကြာတော့ကြာနေပါပြီ၊ နည်းပညာ Page များတွင် ပြန်လည်မျှဝေပေးထားကြတာကို မတွေ့မိဘူး Odin Hidden.img Fail ပြသနာဖြေရှင်းနည်း Miracle Box ဖြင့် ဖြေရှင်းနည်းကိုတော့ ညီအကိုတစ်ယောက် မျှဝေပေထားတာကို တွေ့မိတယ်။
ဒီနည်းလမ်းကတော့ Box အဆင်မပြေကြတဲ့သူတွေအတွက် 100% အဆင်
ပြေစေမယ့် Solution ဖြစ်လို့ မူရင်းအတိုင်း ပြန်လည်ညွှန်းပေးလိုက်ပါတယ်။
အချို့သော Samaung ဖုန်းတွေမှာ Stock Rom Firmware ကို Odin ကနေ တင်ယူကြတဲ့အခါ Firmware မှန်သော်ငြားလည်း ပုံတွင်မြင်ရသည့်အတိုင်း Hidden.img Fail ဆိုပြီး Error တက်တတ်ပါတယ်။
Normal အားဖြင့် Odin Tool ကနေ Stock Rom Firmware ကိုရေးလိုက်ပြီဆိုရင်တော့ အောက်ပါတိုင်း Message များကို ပြပေးနေမှာပဲဖြစ်ပါတယ်။
Odin Tool Message
=============
<OSM> Enter CS for MD5..
<OSM> Check MD5.. Do not unplug the cable..
<OSM> Please wait..
<OSM> G920FXXU1AODE_G920FOXE1AODE_G920FXXU1AODE_HOME.tar .md5 is valid.
<OSM> Checking MD5 finished Sucessfully..
<OSM> Leave CS..
<ID:0/004> Added!!
<ID:0/004> Odin engine v(ID:3.1005)..
<ID:0/004> File analysis..
<ID:0/004> SetupConnection..
<ID:0/004> Initialzation..
<ID:0/004> Get PIT for mapping..
<ID:0/004> Firmware update start..
<ID:0/004> SingleDownload.
<ID:0/004> sboot.bin
<ID:0/004> NAND Write Start!!
<ID:0/004> cm.bin
<ID:0/004> boot.img
<ID:0/004> recovery.img
<ID:0/004> system.img
<ID:0/004> modem.bin
<ID:0/004> cache.img
<ID:0/004> hidden.img
<ID:0/004> FAIL!
<ID:0/004>
<ID:0/004> Complete(Write) operation failed.
<OSM> All threads completed. (succeed 0 / failed 1)The solution of firmware installation failure in Odin because of hidden.img is very easy and here’s how you can fix it.
လိုအပ်ချက်များ
=========

1. မိမိဖုန်းအတွက် Firmware File သည် .tar.md5 extension ဖြစ်နေရပါမည်။
2. ကွန်ပျူတာတွင် 7-Zip ကို Install ပြုလုပ်ထားရပါမည်။
Odin Hidden.img Fail ပြဿနာဖြေရှင်းနည်း 100% Solution
=================================
1. ဒေါင်းလော့ရယူထားတဲ့ Firmware Folder ကိုသွားလိုက်ပါ၊ ထို Folder သို့ရောက်သွားတဲ့အခါ အောက်ပါပုံအတိုင်း Windows Explorer menu တွင် View ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင် အနီရောင်ဖြင့် ၀ိုင်းပြထားသည့် File name extensions နေရာမှာ အမှန်ခြစ်ပေးလိုက်ပါ။
2. Firmware ကို zip ဖြည်လိုက်တဲ့အခါ Stock Rom ရဲ့ သင်္ကေတက
အောက်ပါပုံအတိုင်း .tar.md5 ဆိုပြီး မြင်နေရမှာပဲဖြစ်ပါတယ်။
အထပ်ပါ Firmware ကို Right-click တစ်ချက်ထောက်ပြီး
Rename ကိုနှိပ်ပြီး အောက်ပါပုံအတိုင်း .tar ဆိုပြီးပြောင်းပေးလိုက်ပါ။
3. .tar ဖိုင်အဖြစ်ပြောင်းပြီးတဲ့ Firmware file ကို Right-click တစ်ချက်ထောက်ပြီး အောက်ပါပုံအတိုင်း 7-Zip >> Extract to "Firmware File" ဆိုပြီး Firmware File ကို zip ထပ်ဖြည်လိုက်ပါ (Extract Here ဖြင့်လည်း ရပါတယ်။
4. အောက်ပါပုံအတိုင်း Firmware File ကို zip ဖြည်နေတုန်း အချိန်အနည်းငယ်
ကြာနိုင်ပါတယ် Process တစ်ခုပြီးဆုံးအောင် စောင့်နေလိုက်ပါ။
5. zip ဖြည်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း system.img file က Size နေရာမှာ
0 KB ဖြင့် ပြနေခဲ့ရင်တော့ အဆင်မပြေပါ၊ တစ်ခြား zip extractor (zip ဖြည်လို့
ရနိုင်တဲ့ ဆော့ဝဲများကို အသုံးပြုကြည့်ပြီး zip ထပ်ဖြည့်ကြည့်ပါ။
Firmware file ထဲတွင် system.img ဖိုင်သည် Size အကြီးဆုံးဖြစ်ပါတယ်
Firmware သာ File Size မှန်ခဲ့ရင်တော့ system.img ဖိုင်သည် အနည်းဆုံး
1.GB ကျော်ပါတယ်၊ အောက်ပါပုံကို လေ့လာကြည့်လိုက်ပါ။
6. zip ဖြည်လိုက်တဲ့ Firmware File ထဲတွင် Hindden.img ဖိုင်ဆိုတာပါ ပါတယ် အဲဒီဖိုင်ကို အောက်ပါပုံအတိုင်း Delete ပြုလုပ်ပေးလိုက်ပါ။
7. ဒီတစ်ခါ zip ဖြည်ထားတဲ့ boot.img စသည့်ဖိုင်အားလုံးကို
Ctrl + A ကီးများကို နှိပ်ပေးပြီး Select ပေးလိုက်ပါ။
8. Select မှတ်ထားတဲ့ Files များကို အောက်ပါပုံအတိုင်း 7-Zip ဖြင့်
Add to archive... ဆိုတာကို နှိပ်ပေးပြီး zip ထပ်ချုပ်လိုက်ပါ။
9. အောက်ပါပုံအတိုင်း နောက်ထပ် Window တစ်ခုတက်လာပါလိမ့်မယ်၊ Archive format နေရာတွင် အနီရောင်ဖြင့် ၀ိုင်းပြထားတဲ့ tar ဆိုတာကို ရွေးချယ်ပေးလိုက်ပါ၊ ပြီးရင် OK ကိုနှိပ်ပေးလိုက်ပါ။
10. 7-Zip က အောက်ပါပုံအတိုင်း သူ့အလိုလို zip ချုပ်နေပါလိမ့်မယ်၊
process ပြီးအောင် စောင့်ပေးလိုက်ပါ။
11. Firmware ကို zip ချုပ်လိုက်ပြီးတဲ့အခါ Firmware File က .tar extensios ဖြင့်မြင်နေရပါလိမ့်မယ် အဲဒီ Firmware.tar file ကို Righct-Click
တစ်ချက်ထောက်ပြီး အောက်ပါပုံအတိုင်း .md5 ဆိုပြီး ပေါင်းထည့်လိုက်ပါ။
မှတ်ချက်...။ Samsung Firmware file ရဲ့ သင်္ကေတသည်
.tar.md5 extension ဖြင့်ဖြစ်နေရပါမယ်။
12. Firmware File Name ကို ပြောင်းပေးလိုက်တဲ့အခါ အောက်ပါပုံအတိုင်း
နာမည်ပြောင်းမှာသေချာလား ဆိုပြီးပြနေခဲ့ရင်တော့ Yes ကိုသာ နှိပ်ပေးလိုက်ပါ။
13. အောင်မြင်စွာဖြင့် ပြီးဆုံးပါပြီ Odin ကနေ ပြန်လည် Flash ပေးယူနိုင်ပါပြီ။
Download here>>>http://www.zunite.org/…/odin-hiddenimg-fail-100-solution.ht…
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်
ဇူးနစ်(နည်းပညာ)

Related Posts:

  • Zawgyi-One Flipfont (For Galaxy Series) Zawgyi-one Filpfont ဆိုတာ ရိုးရိုး Zawgyi one TTF ကိုရိုးသွားသူအတွက်ဖောင့်ပြောင်းဖို့ပါ Root မလိုပါဘူး(Galaxy Series အတွက်ပဲနော်) Helvetica Font … Read More
  • Galaxy Grand GT-i9082 ကို Root လုပ်နည်း Samsung Galaxy Grand ကို Root ချင်ပါတတယ်ဆိုတဲ့အကိုနဲ့ အတူ အခြားသူများလည်းအဆင်ပြေအောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ .. Root ဖို့အတွက်ကိုအရင်ဆုံးလိုအပ်တ… Read More
  • How to Easy Root Samsung Korea SHV-E120S ကျွန်တော့်ထက် ဆရာတွေအတွက်တော့မဟုတ်ပါဘူးးးဗျာ ... တစ်ချို့ လေ့လာနေတဲ့ ကျွန်တော်တို့ လို လူတွေအတွက် Doc တင်ပေးလိုက်တာပါဗျာ ... သိပြီးသား နားလည်… Read More
  • NFC ဆိုသည်မှာ ( Near Field Communitcation) NFC ဆိုတာ ဘာလဲဆိုတာကို မသိသေးတဲ့သူများပါတယ် ။ NFC ဆိုသည်မှာ ( Near Field Communitcation  ဟု အရှည်ကောက်ခေါ်ဆိုပါတယ်။ Samsung S 3 & S 2 နှင်… Read More
  • Samsung ဖုန်းတွေ download mode ၀င်ရတာ အဆင်မပြေသူများ အဆင်ပြေစေရန်။ Samsung ဖုန်းတွေ download mode ၀င်ရတာ အဆင်မပြေသူများ အဆင်ပြေစေရန်။ အရင်ဦးဆုံးမိမိဆီမှာ 1 - Usb ကြိုး အဟောင်းလေး တခုရယ် (ကြိုးဟောင်းပဲသုံးပါ… Read More

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...