
အခုပြောပြတဲ့ နည်းကို အသုံးပြုရန် အတွက် အရင်ဆုံး BST Dongle လေးလိုပါတယ်။ BST Dongle နဲ့ Samsung FRP Lock ဖြည်ရာမှာ အဆင့် ( ၂ ) ဆင့်နဲ့ သွားပါတယ် ။ Step (1) အနေနဲ့ BST Dongle ကို PC မှာ ချိတ်ပြီး သူ့ရဲ့ Software ကို Run ပါ။ မိမိဖြည်ချင်တဲ့ SM-J120H/DS ကို Download Mode ၀င်ပြီး PC နှင့်ချိတ်ပါ။ PC မှာ ဖွင့်ထားတဲ့ BST ဆော့ဝဲ တွင် ပုံ-၁ မှာ ပြထားသလို Samsung >> Unlock ကိုသွားပြီး Device နေရာက Scan ဆိုတာလေးကိုနှိပ်ပေးလိုက်တာနဲ့ မိမိ ချိတ်ထားတဲ့ ဖုန်းအမျိုးအစားကို Auto သိပါတယ်။ ဒီနေရာမှာ အခုလုပ်မဲ့ SM-J120H/DS အမျိုးအစားက BST မှာ မပါပါဘူး ဒါကြောင့် Device နေရာ ကနေ SM-J500H ကို ကိုယ်တိုင် သွားရွှေးပေးပြီး Scan ကိုနှိပ်လိုက်တာနဲ့ Download mode ၀င်ပြီး PC နဲ့ချိတ်ထားတဲ့ ဖုန်းကို ဆော့ဝဲက သိသွားပြီ ဆိုရင် ( SM-J120H/DS ကို J500 အနေနဲ့ လိမ်ပြီးဖြည်တာပေါ့ဗျာ ဟိဟိ )

ပုံ-2 မှာပြထားတဲ့ အတိုင်း Reset FRP/EE ကိုနှိပ်ပေးလိုက်ပါ။ ဖုန်း Reboot ကျပြီးပြန်တက်လာလို့ FRP Lock မရှိတော့ဘူးဆိုရင် ပြီးပြီပေါ့ဗျာ အဲဒီအဆင့်မှာ မရသေးဘူးဆိုရင်တော့ Step (2) အဆင့်ကို ထပ်သွားရပါမယ်။ ဒီအဆင့်မှာတော့ BST Dongle ချိတ်ထားတဲ့ PC ကို Internet ချိတ်ပြီး BST ဆော့ဝဲ ကနေ

ပုံ-3 မှာပြထားတဲ့ အတိုင်း Home>>Support ကို နှိပ်လိုက်တာနဲ့ Blowser ပွင့်ပြီး BST Dongle ရဲ့ GSMBest download center ဆိုတဲ့အင်တာနက်စာမျက်နှာ ပွင့်လာပါမယ် အဲစာမျက်နှာက Samsung_SW ကိုသွား

( ပုံ-4 ) နောက်တစ်မျက်နှာရောက်ရင် !REPAIR_UNLOCK ကိုသွား

( ပုံ-5 ) အဲဒီမှာ COMBINATION ထဲကို ထပ်ဝင်ပြီး

( ပုံ-6) မိမိဖြည်ချင်တဲ့ SM-J120H ဖန်းဝဲကို ဒေါင်းလော့ဆွဲရပါမယ်။

( ပုံ-7 )ဒေါင်းလော့ဆွဲပြီးပြီဆိုရင် BST Dongle ဆော့ဝဲရဲ့ Samsung >> Flashing ကိုသွားပါ ဖုန်းကိုဒေါင်းလော့မုဒ် ၀င်ပြီး PC မှာချိတ် Scan ကိုနှိပ် ဖုန်းကိုသိပြီဆိုရင် PDA အကွက်မှာ ခုဏဒေါင်းထားတဲ့ ဖန်းဝဲ ကို ရွှေးပြီး Flash ကိုနှိပ်လိုက်ပါ ဖန်းဝဲတင်နေပါလိမ့်မယ်။

ပုံ-8ဖန်းဝဲ တင်လို့ ပြီးသွားရင် အပေါ်ဆုံးမှာ ပြောခဲ့ တဲ့ Step (1) အတိုင်းနောက်တစ်ခါပြန်လုပ်လိုက်ရင် FRP Lock ဖြည်ပြီးသွားတဲ့ ဖုန်းတစ်လုံးရပြီပေါ့ဗျာ။ BST Dongle နဲ့ ဖြည်တဲ့နောက်တစ်နည်းရှိပါသေးတယ် အချိန်မရလို့ ချန်ခဲ့ တာနော် ……………လိုအပ်တာနဲ့ မှားတာလေးများရှိရင် နားလည်ခွင့်လွှတ်ပေးပါအုံးနော်။ ………………လေးစားစွာဖြင့် Ko Nay La ။ PDF အနေနဲ့လိုချင်ရင်
ref - sri Nay La
0 comments:
Post a Comment
ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်