TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Meizu Flyme 6 မြန်မာဖောင့်ထည့်နည်း ( Command ဖြင့်မြန်မာဖောင့်ထည့်နည်း )

Meizu Flyme 6 မြန်မာဖောင့်ထည့်နည်း လေးရေးပေးလိုက်ပါတယ်
Flyme 5 တုန်းက root ရပြီးတာနဲ့ supersu app လေးဒေါင်းပြီး full root access ရယူပြီး fontchanger တွေနဲ့ချိန်းလိုက်လျှင်အဆင်ပြေပေမယ့် Flyme 6 မှာကျတော့ supersu app နဲ့ full root access ရယူလျှင် phone logo ရပ်တာမျိုးဖြစ်နေတဲ့အတွက် full root access မရနိုင်သောကြောင့် fontchanger တွေနဲ့အဆင်မပြေပဲ မြန်မာဖောင့်အဆင်မပြေတာမျိုးတွေကြုံနေရတာတွေ့လို့ ဒီ post လေးရေးပေးလိုက်ရခြင်းဖြစ်ပါတယ်

ပထမဆုံး root Access ရယူရန်
setting > Fingerprint and Security ကိုဝင်ပါ
Root permission ကိုဝင်ပြီးအမှန်ခြစ်ပေးပါ Flyme account မထည့်ထားပါကရိုက်ထည့်လိုက်ပါ
အင်တာနက်ဖွင့်ထားဖို့လိုပါမယ် အမှန်ခြစ်ပြီး ခဏနေ ဖုန်းပိတ်ပြီးပြန်ပွင့်လာလျှင်တော့ root access
ရရှိပြီပဲဖြစ်ပါတယ်။

Root ရပြီးလျှင် ဖောင့်ချိန်းမယ်
ဖောင့်ချိန်းတဲ့အခါမှာ ခုနကပြောသလိုပဲ full root access မရသလိုဖြစ်တဲ့အတွက် ဘာ fontchanger နဲ့မှအဆင်မပြေဖြစ်နေပါတယ်အဲဒါကြောင့်အောက်မှာ ကိုယ်တိုင် command ရိုက်ပြီးဖောင့်ချိန်းနိုင်အောင် Command လေးတွေဆက်လက်ဖော်ပြပေးသွားပါမယ် တခြားဖုန်းတွေလည်းဒီနည်းအတိုင်းဖောင့်ချိန်းနိုင်ပါတယ်။

အရင်ဆုံး ဒီဖောင့်လေးကိုဒေါင်းလိုက်ပါ > Download Font
ဒေါင်းပြီးရင် Desktop ပေါ်ကိုကူးထည့်ထားပါ

ပြီးလျှင် ဖုန်းကို USB Debugging On ပြီး ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ ချိတ်ပြီးလျှင် command box တွင် Command များစရိုက်နိုင်ပါပြီ။



၁။ ခုနကဒေါင်းထားတဲ့ဖောင့်ဖိုင်လေးကို ဖုန်းအတွင်းမှာ ရှိတယ် data အောက်ကိုရောက်အောင်ကူးထည့်ထားပေးရပါမယ်
adb push ( ဖောင့်ဖိုင် command box ထဲ ဆွဲထည့် ) data/local/tmp
လို့ရိုက်ပြီး ဖောင့်ဖိုင်ကို data/local/tmp အောက်ပို့ပါ

၂။ ဖောင့်ဖိုင် data အောက်ရောက်သွားလျှင် အဲဒီဖောင့်ကို system အောက်က ဖောင့်တွေနဲ့အစားထိုးရမှာဖြစ်ပါတယ် အစားထိုးဖို့ root command တွေရိုက်ပြီး အစားထိုးသွားမှာဖြစ်ပါတယ်။ root command များရိုက်နိုင်ရန်
adb shell လို့ရိုက်ပါ
$ ပေါ်လာလျှင် su လို့ထပ်ရိုက်ပေးပါ
(su လို့ရိုက်လိုက်လျှင် ဖုန်းမှာ root တောင်းတဲ့အကွက်ပေါ်လာမှာဖြစ်ပြီး allow or grant ပေးပါ)
# ပေါ်လာလျှင် root command များရိုက်လို့ရပါပြီ။

(အောက်ဖော်ပြပါ command များသည် root command များဖြစ်သဖြင့် # အနေအထားမှာရိုက်ရပါမယ်)

ဖောင့်ချိန်းချင်တာဖြစ်တဲ့အတွက် ဖောင့်တွေဟာ system အောက်က font ဖိုဒါထဲမှာရှိပါတယ် system ကြီးကိုရေးနိုင်ဖတ်နိုင်အောင် read write ဖြစ်အောင် mount လုပ်ရပါမယ်ဒါကြောင့်

mount -o rw,remount -t auto /system လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ

ဒါဆိုရင် system ကိုရေးနိုင်ဖတ်နိုင်သွားအောင်လုပ်လိုက်သလိုဖြစ်သွားတဲ့အတွက် system အတွင်းကမည်သည့်ဖိုင်မဆို ထုတ်ခွင့် သွင်းခွင့် read-write ရသွားပြီပဲဖြစ်ပါတယ်။

နောက်ပြီး ခုနက data/local/tmp အောက်ရောက်နေတဲ့ ot.ttf ဆိုတဲ့ဖိုင်ကို system ထဲက မြန်မာစာ မမှန်တဲ့ unicode ဖောင့်ဖိုင်တွေနေရာမှာ အစားထိုးလဲလှယ်ရမှာဖြစ်ပါတယ်။

မြန်မာ Unicode ဖောင့်ဖိုင်တွေနာမည်တွေကတော့
Android 5 to 8 မှာ
NotoSansMyanmar-Bold.ttf
NotoSansMyanmar-Regular.ttf
NotoSansMyanmarUI-Bold.ttf
NotoSansMyanmarUI-Regular.ttf
SamsungMyanmar.ttf
တို့ပါတတ်ပြီး

Android 4.2.2 ကနေ 4.4.4 ထိ
Padauk.ttf
Padauk-book.ttf
Padauk-bookbold.ttf
ပါတတ်ပါတယ်။
ls -l system/fonts လို့ရိုက်ပြီး မိမိချိန်းမယ့်ဖုန်းထဲက ဖောင့်ဖိုင်တွေကိုလည်း စစ်ကြည့်နိုင်ပါတယ်။

ဒါကြောင့်အဲဒီ unicode myanmar ဖောင့်တွေနေရာမှာ အခုဇော်ဂျီ ဖောင့်ဖိုင်လေးကို အစားထိုးလိုက်လျှင် မြန်မာစာ မှန်ပြီဖြစ်ပါတယ်။ အောက်က command တွေရိုက်ပြီးမြန်မာစာ ချိန်းပါမယ်။

dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmar-Bold.ttf

ပထမက ကျနော်တို့ push လုပ်ထားတဲ့ data/local/tmp အောက်က ot.ttf ကို system ဖောင့်အောက်က NotoSansMyanmar-Bold.ttf နဲ့ လဲထည့်လိုက်တာဖြစ်ပါတယ် ဒီတိုင်းပဲ ဖောင့်တွေကို ဆက်လဲထည့်သွားပါမယ်။

dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmar-Regular.ttf
dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmarUI-Bold.ttf
dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmarUI-Regular.ttf
dd if=/data/local/tmp/ot.ttf of=/system/fonts/Padauk.ttf

command တကြောင်းချင်းစီကို copy လုပ်ပြီး enter ခေါက်သွားပါ အားလုံးပြီးသွားရင်တော့ ခုနက unicode ဖောင့်တွေနေရာမှာ ot.ttf လို့နာမည်ပေးထားတဲ့ ဇော်ဂျီဖောင့်ဖိုင်လေးဝင်သွားပြီဖြစ်ပါတယ်။
ဝင်သွားသော်လည်းဖတ်ခွင့်မရသေးဖြစ်နေပါလိမ့်မယ် ဒါကြောင့်

chmod 644 system/fonts/*.ttf

လို့ရိုက်ပြီး ဖတ်ခွင့်ပေးလိုက်မှ ပိုပြည့်စုံသွားပါမယ်။

ပြီးလျှင်တော့ reboot လို့ရိုက်လိုက်ပါ ဖုန်းပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ် ပိတ်ပြီး ပြန်ပွင့်လာချိန်မှာတော့ မြန်မာစာ မှန်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

(command တွေကို အပြာရောင်လေးတွေချယ်ထားပေးပါတယ်  space ခြားရမယ့်နေရာမှာ ခြားပြီး ပြနထားသလိုသေချာရိုက်ပေးပါ အားလုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ်)

Post by Than Toe Aung

Related Posts:

  • Meizu M2 Factory Firmware (Sp Flash Tool) Meizu M2 ရဲ့ Factory Firmware လေးပါ။ Dead တောတွေ Flyme Account တွေအတွက်အဆင်ပြေမှာပါ။ အောက်မှာ Download ရယူလိုက်ပါ။ Meizu M2 … Read More
  • meizu all the flash file download link Link: http://pan.baidu.com/s/1boCsYeV Password : uo96 ‎Kyaw Zayya‎  … Read More
  • Meizu Note 2 (M2 Note) Sign Flashtool Firmware - MOF-ST အရမ်းတန်ဖိုးရှီတဲ့ Firmware လေးပါAccount Locked ဖြုတ်တာတွေPattern . pass locked ဖြုတ်တာတွေပီးတော့ Firmware တင်ပီးလိုင်း မတက်မှာ စိတ်မပူရတော့ပါဘူ… Read More
  • Meizu M2 Note Signed Sp Flash Tool Firmware Meizu M2 Note Flyme account ကျနေတာပဲဖြစ်ဖြစ် Dead နေတာပဲဖြစ်ဖြစ်အသုံးပြုနိုင်ပါတယ်။ Sp Flash Tool သုံးပြီး Flashing လုပ်နိုင်ပါတယ်။ UFI Box … Read More
  • Meizu ကို Fastboot မှ Model စစ်နည်း ( Cd -MRT ) Meizu ကို Fastboot မှ Model စစ်နည်း ( Cd -MRT )Meizu က Software မတက်ပဲ ရောက်လာမယ်။ Model ကလဲ မသိဘူးထား။စိတ်မပူပါနဲ့ Meizu Phone ကို Fastboot ၀င် ( V… Read More

2 comments:

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...