TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label Web Tools. Show all posts
Showing posts with label Web Tools. Show all posts

Onlineပေါ်က နေ့စဉ်သတင်းတွေ ကို ကွန်ပျူတာမှာ Online/Offline ဖတ်ရှုလို့ရအောင်လုပ်နည်း

နေ့စဉ်တက်လာသမျှ ပြည်တွင်း။ပြည်ပသတင်းတွေ၊သုတရသစာပေတွေ၊အားကစားသတင်းတွေ...
စသဖြင့်စသဖြင့် ..နေ့စဉ် အင်တာနက်ခနဖွင့်ထားရုံနဲ့...အင်တာနက်မရှိချိန်တွေမှာပါ ပြန်လည်ဖတ်ရှုနိုင်မယ့်  ကွန်ပျူတာ ဆော့ဝဲလေးလုပ်တဲ့နည်းပါ...Feed Daemon လို့ခေါ်ပါတယ်...သူကနောက်ကွယ်နေ run နေတာမို့လို့ အချိန်မကုန်ပါဘူး.ကိုယ် ဖေ့ဘုတ်လေးသုံးနေတုန်း ဒီကောင်လေးကို ဖွင့်ပေးထားလိုက်ပေါ့ဗျာ ..ကိုယ်အလုပ်လည်းပြီးရော့ .. အင်တာနက်ပိတ် ..ဒီကောင်လေးနဲ့သတင်းတွေဖတ်နိုင်တာပေါ့ဗျာ..ဟုတ်ကဲ့လိုအပ်တဲ့ဖိုင်လေးတေါကို အောက်မှာ ကလစ်နှိပ်ပြီးဒေါင်းလိုက်ပါ....



ပထမဆုံး ဒေါင်းလုပ်ဆွဲလို့ရတဲ့ ဖိုင် Feed demon ကို run လိုက်ပါ...
မှတ်ချက်- runလို့မရပါက.."The filename,directory name or volume label syntax is incorrect" လို့ပေါ်ရင် ဖိုင်ကို နာမည်ပြန်ပြောင်းပေးပါ ..မြန်မာလိုပါနေလို့ပါ... နာမည်ကို အင်္ဂလိပ်လိုပြန်ပေးလိုက်ပါ...ကျွန်တော်က Feed Daemon by ဆေးရိုးသည်  လို့တင်ထားလို့ပါ..အဲဒါကို Feed Daemon လို့ပဲ အမည်ပြန်ပြောင်းပြီး run လိုက်ပါ ရပါတယ်...ကဲ...run လိုက်ပြီဆိုပါစို့...

Express Setup မှာပဲ check လုပ်။
I have read and accept the license agreement ရဲ့ဘေးကအကွက်ကလေးမှာ အမှန်ခြစ် ကလေးခြစ်ပေးပြီး next ကိုနှိပ်ပါ...အင်စတောလုပ်ပါမယ်
ပြီးရင် Finish ကိုနှိပ်ပေးပါ... ဒါဆို Feed Daemon စတင်ပါလိမ့်မယ်..next ကိုနှိပ်ပါ...အောက်ပါပုံအတိုင်းမြင်ရပါမယ်  import my subscriptions from  ဘေးက အ၀ိုင်းလေးမှာအစက်ကလေးပေါ်အောင်နှိပ်လိုက်ပါ



ပြီးရင် Bloglines ဘေးက မျှားလေးကိုနှိပ် ပြီး  OPML file ကိုရွေးပေးပါ...OPML filename or URL ဆိုတဲ့အကွက် ကလေးဘေးက အကွက်ကို နှိပ်လိုက်ပါ....ဒီနေရာမှာ စောစောက နံပတ်နှစ်မှာဒေါင်းခိုင်းတဲ့ feed  resource ဆိုတာကိုရွေးပေးရမှာပါ မိမိဒေါင်းပြီး 
 
သိမ်းထားတဲ့နေရာကို ရွေးပေးလိုက်ပါ...ကျွန်တောကတော့ Desktop ပေါ်မှာပဲသိမ်းထားလို့ .. အလွယ်တကူ ရွေးပေးလိုက်ပါတယ်...ပြီးရင် Next ကိုနှိပ်လိုက်ပါ
ဒီနေရာမှာ အင်တာနက်ကော်နက်ရှင်လိုပါတယ်..ခဏပါ..ဖွင့်ပေးထားပါ...ဖွင့်ပေးပြီးမှ next နှိပ်ပါ...
ခနလေးစောင့်ပေးလိုက်တာနဲ့အိုကေပါပြီ

နေ့စဉ်သတင်းတွေ အားကစားတွေ သုတရသ စသဖြင့်တွေကို ဒိဆော့ဝဲလေးနဲ့တစ်နေရာတည်းမှာ အဆင်ပြေပြေဖတ်ရှုနိုင်ပါပြီ..မိမိ ကြိုက်တဲ့ ၀က်ဆိုဒ်ရဲ့ Feed ကို လည်း ထပ်ထည့်နိုင်သလို မကြိုက်တာတွေကို ဖြုတ်ချနိုင်ပါတယ်....အဆင်ပြေပါစေ

Hanwaillinn (ဆေးရိုးသည် Team)
http://www.mmithelper.com/2013/09/online-onlineoffline.html

Adobe Flash Player 11.7.700.224 offline installer


Adobe Flash Player 11.7.700.224 offline installer

Adobe Flash Player 11.7.700.224 Offline Installer for Firefox, Netscape, Opera 

FireFox ကိုအသုံးများတော့ Firefox အတွက် Flash Player လေး တင်ပေးလိုက်တယ်
နှစ်မျိုးရှိတယ် တစ်ခုက download လုပ်ပြီး online မှာ တစ်ခါ ပြန်ဒေါင်းရတယ်
အခုတင်ပေးလိုက်တာကတော့ ဘာမှ လုပ်စရာမလို အခုပေးလိုက်တာကိုဒေါင်းပြီး
install လုပ်ရုံပဲ offline install ပေါ့ ဖိုင်ဆိုဒ်လည်း နည်းပါတယ်
ဝင်းဒိုး ခဏခဏ ပြန်တင်နေရသူတွေ ဆောင်ထားသင့်တာပေါ့
File size:16MB

http://www.aungkyaw.net/2013/06/adobe-flash-player-117700224-offline.html

FACEBOOK ရဲ့အသစ်တိုးလာတဲ့ "TRUSTED CONTACTS" ဆိုတာ


Facebook ကအကောင့် လော့ကျသွားတဲ့ အခါ ကိုယ်အယုံကြည်ဆုံး၊ အခင်ဆုံး သူငယ်ချင်းတွေက ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ပေးမယ့် "Trusted Contacts" ဆိုတဲ့ feature ကိုထပ်တိုး လိုက်ပါပြီ။

Facebook ကကိုယ့် Account Security ကိုကိုယ့်သူငယ်ချင်းတွေ လက်ထဲကို ထည့်ပေး လိုက်ပါပြီ။ ကိုယ့်ရဲ့ Account လော့ကျ သွားတဲ့အခါ ကိုယ်အယုံဆုံး၊ အခင်ဆုံး သူငယ်ချင်း တွေက Account ကိုပြန်ရအောင် လုပ်ပေး နိုင်တော့မှာပါ။

ဒီနေ့မှာပဲ Facebook က "Trusted Contacts" လို့ခေါ်တဲ့ လုံခြုံရေး Feature တစ်ခုကို ထပ်တိုး လိုက်ပါပြီ။ ဒီ Feature ကအခင်ဆုံး သူငယ်ချင်း တွေဆီက အကူအညီနဲ့ ကိုယ့်ရဲ့ Passwords တွေကို ပြန်ပြင်လို့ ရအောင် လုပ်ဆောင် ပေးမှာပါ။ ဒီ Feature ကအသစ်တော့ မဟုတ်ပါဘူး။ ၂၀၁၁တုန်းက လုပ်ခဲ့တဲ့ Trusted Friends ကိုပြန်လည် ဆန်းသစ် ထားတာ ဖြစ်ပြီး ဒီနေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ပေး တော့မှာပါ။ နောက်ပိုင်း Facebook ကိုဝင်တဲ့အခါမှာ ပြဿနာ တက်နေရင်ဒီ Trusted Contacts ထဲမှာ ကိုယ်အယုံကြည်ဆုံး သူငယ်ချင်း သုံးယောက် ကနေ ငါးယောက် အထိကို ရွေးထား ပြီးတော့ သူတို့တွေက ကိုယ့်ရဲ့ အကောင့်ကို ပြန်ရအောင် ကူညီပေး မှာပါ။ 

 Lock ကျ သွားတဲ့ အခါမျိုး တွေမှာ ကိုယ်ရွေးထားတဲ့ သူငယ်ချင်း တွေဆီကို Security Codes တွေကို ပို့ပေးမှာ ဖြစ်ပြီး သူတို့တွေက ကိုယ့်ဆီကို အဲ့ Security Codes တွေပြန်ပို့ ပေးရမှာပါ။ ကိုယ့်အကောင့်ကို ပြန်ရဖို့ အတွက် Codes စုစုပေါင်း ၃ခု လိုပါမယ်။ ဒါတင်မက Trusted Contacts ကိုသုံးတာကြောင့် အရင်လို ကိုယ့်ရဲ့ Security Question တွေရဲ့ အဖြေကို မှတ်ထားစရာ မလိုတော့တဲ့ အပြင် ကိုယ်ဘယ်သူ ဘယ်ဝါ ဆိုတာ သက်သေ ပြရတဲ့ ဖောင်အရှည်ကြီး တွေလည်း ဖြေပေးစရာ မလိုတော့ ပါဘူးလို့ Facebook ကဆိုပါတယ်..

  1. On your Facebook profile Go To – Settings.
  2. Choose Security Settings and then ‘Trusted Contacts’.
  3. Click on ‘Choose Trusted Contacts’ and going forward you can add 3-5 friends whom you trust can help you in need.


Facebook's Trusted Contacts - Steps 

ဒီ feature ကိုသုံးမယ် ဆိုရင် security settings ထဲသွားပြီး ကိုယ်ယုံကြည် ရတဲ့ သူတွေကို ရွေးလိုက်ပါ။ ကိုယ်ရွေးလိုက်တဲ့ သူငယ်ချင်းတွေ ဆီကို notifications လေးတွေ ပို့ပြီး အကြောင်းကြား ပေးပါလိမ့်မယ်။ Facebook ကအမှန်တကယ် ယုံကြည်ရတဲ့ သူတွေကိုပဲ ရွေးချယ်ပါ ဆိုပြီး သတိပေး ထားပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အိမ်သော့ အပိုတွေကို ပွားပေးထား ရတာနဲ့ ဆင်တူပြီး လော့ကျ သွားတဲ့အခါ သူတို့ဆီက ကိုယ့်သော့ကို ပြန်တောင်း ရတာမျိုးပါ။ ဒီလုံခြုံရေး စနစ် အသစ်က ကြည့်ရတာ ထူးဆန်းပေမယ့် ခုခေတ်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှု ရှိပါတယ်။ အသုံးပြုသူတွေကို လွယ်လွယ်နဲ့ လုံလုံခြုံခြုံ ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ဆောင် ပေးထား ပါတယ်။ ဒီပုံစံ အသစ်ကို မကြိုက်တဲ့ သူတွေ အတွက်တော့ အရင်ပုံစံ security questions တွေဖြေ တာကို ပြန်သုံးလို့ ရပါတယ်။

Credit to: MYMC
http://www.winkabarkyaw.net/

Facebook ကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပြီ


Facebook တွင် ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထားအသုံးပြုကြပြီး အခြားဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ ရပါသည်။ ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင်ပါဝင်ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာသို့ ၁၀၀ရာခိုင်နှုန်းပြောင်းလဲမှုပြုလုပ်ပေးပြီးဖြစ်ပါသည်။ သို့ သော် တချို့ စကားစုမျ...ားမှာ voting စနစ်မပြီးသေး၍ ဖော်ပြနိုင်ခြင်းမရှိသေးပါ။ မြန်မာဘာသာအဖြစ်သို့ ပြောင်းလဲလိုလျှင် Facebook ညာဘက်ရှိ စက်သွားပုံ (setting) အောက်ရှိ account setting သို့ သွားပါ။ ထို့ နောက် General > Language တွင် edit ကို နှိပ်ပါ။ ထို့ နောက် မြန်မာဘာသာကို ရွေးချယ်ပါ။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။

Language တွင် မြန်မာဘာသာမပါရှိသူများ အနေဖြင့် https://www.facebook.com/translations သို့ သွားရောက်၍ ညာဘက်အောက်ခြေတွင် ရာခိုင်နှုန်းပြထားသော translation ခလုတ်ကို နှိပ်ပြီး turn on translation ကို နှိပ်၍ မြန်မာဘာသာသို့ ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ မြန်မာဘာသာ Unicode standard ရှိသည့် မြန်မာ font များရှိလျှင် မိမိ၏ Facebook ကို မြန်မာစာများဖြင့် မြင်တွေ့ နိုင်မည်ဖြစ်ပါသည်။

www.fb.com/FullPremiumNowFree မှ
Mspiral Creative Media တွင်ဖော် ပြထားသည် ကို ပြန်လည် မျှဝေ ပေးခြင်းဖြစ်ပါသည်။ အထူးပင် ကျေးဇူး တင် ရှိပါ သည်--
ref: http://www.khaingtoe.blogspot.com/

သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)

မင်္ဂလာပါ။ Tech in Blogging မှကြိုဆိုပါတယ်။ မပြောပြချင်တော့လည်းပြောရတော့မယ့်အနေထားပါ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင်ကြိုးစားပြီးရှင်းပြမယ်ဗျာ။ နားမလည်ရင် စာရေးသူညံ့တာထက် သင်တို့သေချာမဖတ်ကြလို့ပါ။ မသိသေးသူများအတွက်ပါ။ winkabarkyaw.net ကရေးတာမရှင်းလို့ဆိုလို့ပါ။ ကျွန်တော်လည်း လူပြိန်းပါပဲ။ ကျွန်တော် networkedblogs ကိုမနှစ်ကတည်းကသုံးနေတာပါ။ အလွန်အဆင်ပြေပါတယ်။





http://adf.ly/NUprJ ကိုဝင်လိုက်ပါ။ မရရင် {ဒီမှာကလစ်} ပါ။


ပြီးတာနဲ့ ကျွန်တော်ဝိုင်းထားတဲ့အတိုင်း Get Started Now ကိုဝင်ပါဗျာ။
Facebook အကောင့်ဖွင့်ထားရင်တော့ နောက်တစ်ဆင့်သွားပါ။ မဖွင့်ရသေးရင် ၀င်လိုက်ပါဗျာ။
Log in with Facebook ကိုကလစ်လိုက်ပါ။
Click here to continue  ကိုကလစ်လိုက်ပါ။
Register a Blog ကိုကလစ်ပါ။
ကျွန်တော်အနီရောင်နဲ့ဝိုင်းထားတဲ့နေရာမှာ သင့်ရဲ့ Blogger link ကိုထည့်ပါ။( ဥပမာ - http://techinblogging.blogspot.com ) ပြီးရင် Next ကိုကလစ်ပါ။
အကုန်ဖြည့်ပါ။ Terms of service* ရဲ့ညာဘက်က box ကိုအမှန်ခြစ်ပေးခဲ့ပါ။ Language* မှာ English လို့ပေးပါ။ ပြီးတာနဲ့ Next ကိုကလစ်ပါ။
Yes ကိုကလစ်လိုက်ပါ။
မေးလ်ဝင်လာတာနဲ့ အိုခေပါပြီ။ ကဲ။ ဆက်ဖတ်ရအောင်။
Blogger Dashboard ကိုကလစ်လိုက်ပါ။
Syndication ကိုကလစ်လိုက်ပါ။

Grant Permissons ကိုကလစ်ပါ။
New window အနေနဲ့ ပေါ်လာလိမ့်မယ်။ Allow ကိုကလစ်ပါဗျာ။
(1) Choose a blog to syndicate ရဲ့အောက်မှာ သင့်ရဲ့ Blog နာမည်ကိုရှာပြီးထည့်လိုက်ပါ။ ကျွန်တော့် ဘလော့နာမည်က Tech in Blogging ပါ ဒါကြောင့် အဲ့ဒါပဲရွေးလိုက်ပါတယ်။

Add Facebook Target ကိုကလစ်ပါဗျာ။
ကျွန်တော်ကတော့ Pyae Phyo ဆိုတဲ့ page မှာပဲ Add လိုက်ပါတယ်ဗျာ။ ပြီးရင် Already added ပြပြီးရင် အောင်မြင်ပြီးဆုံးသွားပါပြီ။ ကျွန်တော့်လိုနလပိန်းတုံးများ နားလည်စေအောင်လို့တင်ပေးတာပါ။
Tech in Blogging ကိုထောက်ပံ့တဲ့အနေနဲ့ credit ပေးပါ။ share ပါဗျာ။
ref: http://techinblogging.blogspot.com

Login form tutorial (HTML,CSS, jQuery) part I

မင်္ဂလာပါ..
ဒီတစ်ခေါက်တော့ form သင်ခန်းစာလေးတွေ series အလိုက် သင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ဒီသင်ခန်းစာက web design နဲ့ ဆိုင်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ တစ်ကယ်လို့ ခင်ဗျားဟာ web design ကို စိတ်မဝင်စားဘူး။ Website တစ်ခု ဘယ်လိုလုပ်လဲ မသိချင်ဘူးဆိုရင်တော့ ဒီသင်ခန်းစာက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျော်သွားပါ။ အဲလိုမှမဟုတ်ဘူး website တွေ ဘယ်လိုရေးရလဲဆိုတာ စိတ်ဝင်စားတယ်၊ web design ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီသင်ခန်းစာက professional web designer တစ်ယောက်ဖြစ်ဖို့အတွက် လုံးဝ အစပါပဲ။ အခုထိ ဖတ်မိနေပြီဆိုတော့ ခင်ဗျားစိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သင်ခန်းစာ ဆက်လေ့လာကြတာပေါ့။
သာမာန် web designer တစ်ယောက်ဖြစ်ဖို့ html နဲ့ css ကို သိရပါတယ်။ အခု ဒီသင်ခန်းစာမှာ form နဲ့ ပတ်သတ်တဲ့ html ကို သင်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ခေါက်မှာတော့ css ကို သင်ပေးပါမယ်။ html မသင်ခင် tag ဆိုတာကို သိရပါမယ်။ tag ဆိုတာက ထောင့်ကွင်းအဖွင့် “<” နဲ့ ထောင့်ကွင်းအပိတ် “>” ထဲ ထည့်ရေးထားတာမှန်သမျှကို tag လို့ ခေါ်ပါတယ်။ tag တွေတိုင်းမှာ အဖွင့်နဲ့ အပိတ်ရှိပါတယ်။ အပိတ် tag မှာ slash လို့ခေါ်တဲ့ မျဉ်းစောင်း “/” လေးပါ ပါတယ်။ ဥပမာ <html> ဆိုတာက အဖွင့် tag ဖြစ်ပြီးတော့ </html> က အပိတ် tag ဖြစ်ပါတယ်။ ကဲဒါဆို notepad++ ကိုဖွင့်လိုက်ပါ။ html စရေးဖို့ အရင်ဆုံး ရေးရမယ့် tag တွေက
1
2
3
4
5
<!doctype html>
<html>
<head></head>
<body></body>
</html>
ဖြစ်ပါတယ်။ ကျွန်တော်တို့ လူတွေက မြင်ရမယ့်အပိုင်းကိုတော့ body အဖွင့်နဲ့ အပိတ်ထဲမှာ ထည့်ပါတယ်။ <head> အပိုင်းကတော့ search engine (google, yahoo, bing, …) တွေနဲ့ အများဆုံး ဆိုင်ပါတယ်။ အများဆုံး လို့ ကျွန်တော်သုံးတာက လူတွေနဲ့ ဆိုင်တာတွေလဲ ရှိပါတယ်။ ဥပမာ website ခေါင်းစဉ်လိုမျိုးဆိုရင် လူတွေနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် <head> အဖွင့်နဲ့ အပိတ် ကြားမှာ အောက်ကအတိုင်း ထည့်ရေးလိုက်ပါ
1
<title>Form tutorial</title>
ပြီးရင် ကျွန်တော်တို့ web designer တွေဟာ အရင်တုန်းကတော့ table တွေနဲ့ design ဆွဲရပါတယ်။ အခုနောက်ပိုင်းတော့ နည်းပညာအသစ်တွေပေါ်လာတော့ div တွေသုံးပြီးတော့ design ဆွဲကြပါတယ်။ ခုနောက်ပိုင်း အမြင့်ဆုံးကတော့ html5 ပါ။ သူကတော့ <section> ဆိုတာတွေသုံးပါတယ်။ div နဲ့ အတူတူပါပဲ div ဆိုတာကတော့ division ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ဒီနေ့ သင်ခန်းစာမှာ ကျွန်တော်က ကျွန်တော်တို့ မြင်ဖူးနေကြ seo service website ရဲ့ slider ဘေးက form လိုမျိုး ခပ်ဆင်ဆင် form တစ်ခုကို ရေးမှာဖြစ်ပါတယ်။ အရင်ဆုံး SEO Service website ကို သွားကြည့်ပါဦး၊ home page က slider ဘေးမှာ form တစ်ခု၊ ဟိုးအောက်ဆုံးနားမှာ form တစ်ခု၊ ပြီးတော့ contact us စာမျက်နှာမှာ form နောက်တစ်ခု စုစုပေါင်း သုံးခုရှိပါတယ်။ အားလုံးကို မြင်ဖူးတယ်ရှိအောင် လိုက်လေ့လာကြည့်ပါ။ လေ့လာကြည့်ပြီးမှ ရေးတဲ့အပိုင်းကို ဆက်သွားပါ။ လေ့လာပြီးပြီဆိုရင် ကျွန်တော်တို့ ဆက်ရေးပါမယ်။ ကျွန်တော်တို့ ရေးမယ့် form အမျိုးအစားကတော့ website တွေမှာ login ဝင်ရင် သုံးရတဲ့ form အမျိုးအစားဖြစ်ပါတယ်။ အလွယ်ဆုံးထဲက တစ်ခုဆိုလည်း မမှားပါဘူး။ အောက်က ကုဒ်တွေကို <body> အဖွင့်နဲ့ အပိတ်ကြားမှာ ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးရင် ရှင်းပြပါမယ်။
1
2
3
4
5
6
7
8
<div id="form"><!-- form starts -->
        <h1>Login form</h1>
        <input placeholder="Enter your name" type="text" size="30"/>
        <div class="clear"></div>
        <input placeholder="Enter your password" type="password" size="30"/>
        <div class="clear"></div>
        <input type="submit" value="Login"/>
    </div><!-- end of form -->
အခုန ကျွန်တော်တို့ div တွေ သုံးမယ်လို့ ပြောခဲ့တဲ့အတိုင်း div တစ်ခုသုံးပါတယ်။ division (အပိုင်း၊ အကန့်) တစ်ခု ခွဲလိုက်တာပေါ့ဗျာ။ div မှာ id ပေးလည်းရတယ် မပေးလည်းရပါတယ်။ အခုက ပေးဖို့ လိုလို့ ပေးကို ပေးရပါမယ်။ နောက်ပိုင်း css သင်ရင် လိုပါလိမ့်မယ်။ id ကို form ဆိုတဲ့ နာမည်ပေးလို့ရပါတယ်။ id တွေကို html က ကန့်သတ်ထားတဲ့ နာမည်တစ်ချို့က လွဲလို့ ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ နားလည်အောင်ထက် သူများတွေ နားလည်အောင်ပေးတာ ပိုကောင်းပါတယ်။ တစ်ကယ့်တစ်ကယ် အလုပ်လုပ်ရတဲ့အခါ အဖွဲ့နဲ့ လုပ်ရမှာပါ။ အဲဒီအခါကျရင် ကိုယ်ရေးတဲ့ code ကို သူများနားမလည်ရင် ကိုယ်ညံ့တာပါ။ ဒါကြောင့် သူများနားလည်အောင် နာမည်တွေပေးရပါတယ်။ အဲဒီလို သူများနားလည်ဖို့အတွက် နောက်က <!– နဲ့ –> ကြားမှာ မှတ်ချက် အဖြစ်နဲ့ စာသား တစ်ခုခုရေးရပါတယ်။ ဥပမာ ဘယ်ဟာရဲ့ အစ၊ ဘယ်ဟာရဲ့အဆုံး စသဖြင့်ပေါ့။ မှတ်ချက်ဆိုတဲ့အတွက်ကြောင့် သူ့ကို comment လို့ခေါ်ပါတယ်။ comment တွေက website မှာ ပေါ်မှာမဟုတ်ပါဘူး။ website ရေးတဲ့လူတွေက ရှုပ်ယှက်ခတ်နေတဲ့ coding တွေကြားမှာ အမှတ်အသား အဖြစ်နဲ့ ရေးကြတာပါ။ ဒါမှ နောက်တစ်လ၊ တစ်နှစ်လောက်ကြာလို့ code ကို ပြန်ပြင်ရတော့မယ်ဆိုရင် ဘယ်နားဘာရှိတယ်ဆိုတာ ပြန်မှတ်မိနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ h1 tag ဖြစ်ပါတယ်။ h1 ကနေ h6 အထိ သုံးလို့ရပါတယ်။ h1 ကတော့ font size အကြီးဆုံးဖြစ်ပါတယ်။ heading တွေကို ရေးတဲ့အခါမှာ သုံးပါတယ်။
နောက်တစ်ခုက input, input မှာ အမျိုးအစား အမျိုးမျိုးရှိပါတယ်။ အခု ဒီသင်ခန်းစာမှာ ဖော်ပြပေးလိုက်တာကတော့ type=”text” နဲ့ type=”password” နှစ်ခု နဲ့ type=”submit” ဖြစ်ပါတယ်။ သာမာန်စာရိုက်ဖို့အတွက် text input type ကို သုံးပြီးတော့ password ရိုက်ဖို့နေရာအတွက် password input type ကိုသုံးပါတယ်။ placeholder ဆိုတာကတော့ name တို့ password တို့ရိုက်တဲ့အကွက်ထဲမှာ ကိုယ်က စာတစ်ခုခု မရိုက်ခင်အထိ ပေါ်နေမယ့် လမ်းညွှန်စာသားလေးဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ submit input type ဖြစ်ပါတယ်။ submit ဆိုတဲ့ သဘောတရားက form တိုင်းမှာ ပါပါတယ်။ google မှာ စာရိုက်ပြီး search ကိုနှိပ်လိုက်တာကလည်း search ဆိုတာ submit လုပ်လိုက်တာပါပဲ။ ဒါကြောင့် submit ဆိုတဲ့သဘောတရားက form ထဲမှာ “ဖြည့်စရာရှိတာ အကုန်ဖြည့်ပြီးပြီ၊ ရပြီ မင်းဆက်လုပ်တော့” လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ submit ကိုနှိပ်မှ form တွေက ကျန်တဲ့ သူတို့ လုပ်စရာရှိတဲ့အပိုင်းကို ဆက်လုပ်မှာဖြစ်ပါတယ်။ value မှာတော့ website မှာ ပေါ်စေချင်တဲ့ စာသားကို ထည့်ရေးပေးရပါတယ်။
ကိုယ်ရေးတဲ့ code ကို အမှားပါနေတယ်လို့ သံသယရှိသူတွေအတွက် ပြန်တိုက်စစ်ဖို့ code အပြည့်အစုံက အောက်ကအတိုင်းပါပဲ။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
<!doctype html>
<html>
<head>
<title>Form tutorial</title>
</head>
<body>
    <div id="form"><!-- form starts -->
        <h1>Login form</h1>
        <input placeholder="Enter your name" type="text" size="30"/>
        <div class="clear"></div>
        <input placeholder="Enter your password" type="password" size="30"/>
        <div class="clear"></div>
        <input type="submit" value="Login"/>
    </div><!-- end of form -->
</body>
</html>
ကဲ … ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်တစ်ခေါက် သင်ခန်းစာမှာ အခုရေးလိုက်တဲ့ form ကို css နဲ့ ချိတ်ပြီးတော့ လှလှပပ ဖြစ်အောင် ပြင်ဆင်မယ့်အပိုင်းပါ။
ref: http://itgroupmyanmar.com

BROWSER များအား NOTE PAD ကဲ့သို့ အသုံးပြုရန် နည်းလမ်း

အင်တာနက်ဆိုင်မျာ သုံးနေတုန်း စာအမြန် ရေးဖို့ လိုမယ်။
သို့တည်းမဟုတ် office word ရှာဖို့ ခက်နေမယ်။ Program တစ်ခု ထပ်ဖွင့်ဖို့ အလုပ်ရှုပ်မယ် ဆိုရင် ဒီနည်းလမ်း လေးကို အသုံးပြု နိုင်ပါတယ်။

အောက်ပါ စာကို Copy ကူးပြီး Browser URL မှာ Paste လုပ်လိုက် ရုံပဲ ဖြစ်ပါတယ်။

data:text/html, <html contenteditable>

ယင်းစာကို Copy ကူးပြီး Browser ရဲ့ Address Bar မှာ Paste လုပ်လိုက် ပြီးရင် စာအလွယ်တကူ ရိုက်လို့ ရပါပြီ။

Read Mroe == > http://myawady.com.mm/tech/globaltechnews/item/10672-2013-04-03-10-40-37
ref:မြ၀တီနည်းပညာ

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်

Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်


အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့ Facebook အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




ယူကျု ကနေကြည့်လိုပါက သည်မှာ http://www.youtube.com/watch?v=flqGTQNHFDE&feature=player_embedded သွားပြီးကြည့်နိုင်ပါတယ်.....

မောင်(စွယ်စုံကျမ်း)

How to make a simple slideshow with jQuery

မင်္ဂလာပါ …
ဒီတစ်ခေါက်တော့ seo service website မှာ လုပ်ထားတဲ့ slide show လိုမျိုး ပုံတွေ တစ်ပုံပြီးတစ်ပုံ မှိန်ပြီး ပျောက်ပျောက်သွားအောင် လုပ်တဲ့ သင်ခန်းစာကို သင်ပါမယ်။ ဒီသင်ခန်းစာကို မဖတ်ခင် အောက်ကလင့်ခ်တွေက post တွေကို ဖတ်ပြီး၊ လိုက်လုပ်ကြည့်ဖူးမှ၊ ဒီသင်ခန်းစာကို နားလည်ပါမယ်။
1. What is jQuery? Explained detail.
2. jQuery .hide() function
3. jQuery .slideToggle() tutorials
4. jQuery if else applicable tutorial
ဒါကြောင့် အရင်ဆုံးလုပ်ရမယ့် အလုပ်က desktop ပေါ်မှာ slideshow ဆိုတဲ့ နာမည်နဲ့ folder တစ်ခုဆောက်လိုက်ပါ။ ပြီးရင် အဲဒီ folder ထဲမှာ images ဆိုတဲ့ folder ကို ထပ်ဆောက်လိုက်ပါ။ သေချာအောင် အောက်က ပုံကိုကြည့်ပါ။

ပြီးရင် အဲဒီ SEO Service ကို သွားပြီးတော့ သူ့ slide show ပေါ်ကို pointer တင်၊ ပြီးရင် right click နှိပ်ပြီးတော့ save image as ကိုရွေးပြီး တစ်ပုံပြီး တစ်ပုံ desktop ပေါ်က ခုန slideshow folder ထဲက images folder ထဲကို ပထမ တစ်ပုံကို 01.jpg ၊ နောက်တစ်ပုံကို 02.jpg ဆိုပြီး နာမည်ပေးပြီး သိမ်းလိုက်ပါ။ အောက်က ပုံကိုကြည့်ပါ။
images
ပုံနှစ်ပုံရပြီဆိုရင် coding ဘက်ကို ဆက်သွားပါမယ်။ notepad++ ဖွင့်လိုက်ပါ။ ပြီးရင် new file ခေါ်ပြီးတော့
1
2
3
4
5
<!doctype html>
<html>
<head></head>
<body></body>
</html>
လို့ ရိုက်ထည့်ပြီးတော့ ခုနက desktop ပေါ်က slideshow folder ထဲမှာ index.html ဆိုတဲ့ နာမည်နဲ့ သိမ်းလိုက်ပါ။ ပြီးရင် အဲဒီ index မှာပဲ အဖွင့်နဲ့ အပိတ်ထဲမှာ code နည်းနည်း ထပ်ရေးရပါမယ်။
1
2
3
4
5
6
7
8
9
<body>
<div id="slideshow">
    <img src="images/01.jpg" alt="Slideshow Image 1" class="active" />
    <img src="images/02.jpg" alt="" />
</div>
</body>
ဒါက html တည်ဆောက်ပုံပါ။ id ကိုတော့ slideshow ပဲ ဖြစ်ရပါမယ်။ လွဲလို့မရပါဘူး။ ပုံတွေ ထပ်တိုးချင်တယ်ဆိုရင်တော့ ဒီ slideshow div ထဲမှာ ကြိုက်သလောက် ထပ်ထည့်လို့ရပါတယ်။ ပြီးရင် index.html ကို double click နှိပ်ပြီးတော့ ဖွင့်ကြည့်ပါ။ ပုံတွေ ပေါ်နေပါမယ်။ ပြီးရင် အဲဒီ index ဖိုင်ထဲမှာပဲ အဖွင့်နဲ့ အပိတ်ကြားမှာ CSS code တွေ ထည့်ပါမယ်။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
<head>
<style type="text/css">
#slideshow {
    position:relative;
    height:350px;
}
#slideshow img {
    position:absolute;
    top:0;
    left:0;
    z-index:8;
    opacity:0.0;
}
#slideshow img.active {
    z-index:10;
    opacity:1.0;
}
#slideshow img.last-active {
    z-index:9;
}
</style>
</head>
ဒါကတော့ css code ပါ။ CSS ဆိုတာကတော့ programming မဟုတ်သေးပါဘူး။ အခုန ထည့်ထားတဲ့ ပုံတွေကို style ပေးတာပါ။ ဒါပေမယ့် အခု slideshow ရေးတဲ့အပိုင်းမှာကျတော့ style ပေးရုံထက် jQuery နဲ့ အပြန်အလှန် အချိတ်အဆက်လုပ်တယ်ဆိုရင်လည်း မမှားပါဘူး။ CSS လွဲနေရင်လည်း slider က အလုပ်မှန်မှန် မလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။
နောက်ဆုံး ကျန်တဲ့အပိုင်းကတော့ jQuery file ကို link ချိတ်ဖို့ရယ်။ jQuery ရေးဖို့ရယ် ကျန်ပါတယ်။ link ချိတ်တာကို အရင်က download လုပ်နည်းသင်ပေးပြီး ချိတ်ခိုင်းပေမယ့် တစ်ချို့ download လုပ်ရတာ အဆင်မပြေလို့ online link နဲ့ သင်ပေးလိုက်ပါတယ်။ offline လုပ်ကြည့်ချင်တဲ့ သူတွေကလည်း What is jQuery မှာ download လုပ်နည်းကို ရှင်းပြထားပါတယ်။ ဒါဆို ကျွန်တော်တို့ jQuery စရေးပါတော့မယ်။ အဖွင့်နဲ့ အပိတ်ကြားမှာ ရေးထည့်ရမှာဖြစ်ပါတယ်။ စာလုံးပေါင်းတွေ space ခြားတာတွေ သေချာ ဂရုစိုက်ပါ။ နောက်ဆုံး ဘယ်လိုမှမရဘူးဆိုရင်တော့ ကူးထည့်လိုက်ပါ။ ကူးထည့်ပြီးမှ ဟိုနည်းနည်းဖျက်လိုက် browser မှာ refresh လုပ်လိုက် လုပ်ကြည့်ပါ။ လိုက်စမ်းကြည့်ပေါ့။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
<script type="text/javascript">
function slideSwitch() {
    var $active = $('#slideshow img.active');
    if ( $active.length == 0 ) $active = $('#slideshow img:last');
    // use this to pull the images in the order they appear in the markup
    var $next =  $active.next().length ? $active.next()
        : $('#slideshow img:first');
    // uncomment the 3 lines below to pull the images in random order
     
    // var $sibs  = $active.siblings();
    // var rndNum = Math.floor(Math.random() * $sibs.length );
    // var $next  = $( $sibs[ rndNum ] );
    $active.addClass('last-active');
    $next.css({opacity: 0.0})
        .addClass('active')
        .animate({opacity: 1.0}, 1000, function() {
            $active.removeClass('active last-active');
        });
}
$(function() {
    setInterval( "slideSwitch()", 5000 );
});
</script>
jQuery script ထည့်ပြီးပြီဆိုရင်တော့ browser မှာ refresh လုပ်ပြီးတော့ စမ်းကြည့်ပါတော့။ တစ်ပုံပြီး တစ်ပုံ မှိန်မှိန်ပြီး ပျောက်သွားတဲ့ slideshow လှလှလေးတစ်ခုကို ရမှာဖြစ်ပါတယ်။ အခက်အခဲနဲ့ အဆင်မပြေတာ နားမလည်တာရှိရင် comment ချန်ထားခဲ့နိုင်ပါတယ်။ နောက်ဆုံး code ကတော့ အောက်ပါအတိုင်း ရှိနေပါမယ်။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
<!DOCTYPE HTML>
<head>
<title>jQuery Slide Show Tutorial</title>
<script type="text/javascript">
function slideSwitch() {
    var $active = $('#slideshow img.active');
    if ( $active.length == 0 ) $active = $('#slideshow img:last');
    // use this to pull the images in the order they appear in the markup
    var $next =  $active.next().length ? $active.next()
        : $('#slideshow img:first');
    // uncomment the 3 lines below to pull the images in random order
     
    // var $sibs  = $active.siblings();
    // var rndNum = Math.floor(Math.random() * $sibs.length );
    // var $next  = $( $sibs[ rndNum ] );
    $active.addClass('last-active');
    $next.css({opacity: 0.0})
        .addClass('active')
        .animate({opacity: 1.0}, 1000, function() {
            $active.removeClass('active last-active');
        });
}
$(function() {
    setInterval( "slideSwitch()", 5000 );
});
</script>
<style type="text/css">
/*** set the width and height to match your images **/
#slideshow {
    position:relative;
    height:350px;
}
#slideshow img {
    position:absolute;
    top:0;
    left:0;
    z-index:8;
    opacity:0.0;
}
#slideshow img.active {
    z-index:10;
    opacity:1.0;
}
#slideshow img.last-active {
    z-index:9;
}
</style>
</head>
<body>
<div id="slideshow">
    <img src="images/01.jpg" alt="Slideshow Image 1" class="active" />
    <img src="images/02.jpg" alt="" />
</div>
</body>
</html>
ref: IT Group

Firefox extension xpi (Addon) structure

Firefox extension xpi (Addon) structure

Firefox addon extension ကို xpi နှင့် ဆုံးပါတယ်။
အဲဒီဖိုင်ကို notepad, notepad++ တွေလိုမျိုးဆော့ဝဲလ်တွေနဲ့ ဖွင့်လို့မရပါဘူး။
သူရဲ့လျှို့ဝှက်မှာက ဥပမာ test.xpi ကို  test.zip ဆိုပြီး ဖိုင်name လေးကို ပြောင်းပေးခြင်းဖြင့် zip ဖိုင်ရပါလိမ့်မယ်။ zip ဖိုင်ကို ဖြည်လိုက်လျှင် file တွေ ဖိုလ်ဒါ တွေ တွေ့ရမှာပါ။
အပေါ်ကပုံလေးက firefox file structure ပုံလေးပါ။ double click နှိပ်ပြီး ကြည့်နိုင်ပါတယ်။ Source code တွေကို ဖတ်လို့ရပါတယ်။ ပြီးရင် zip ဖိုင်ကို xpi ပြန်ပြောင်းလိုက်ပေးပါ :P။  Open Source team တွေနဲ့ချိတ်ဆက်ပြီး သင့်ရဲ့ skill ကို မြင့်တင်ပါ။
Eg. xpi ဖိုင်တွေ share ပေးလိုက်ပါတယ်
http://www.tusfiles.net/vctz1zmtuayy

http://www.tusfiles.net/qtot3npks1za

For Web Developer from IT Group

Facebook ပေါ်က Notification တွေ နှင့် Post တွေကိုဖုန်းထဲက Msg နဲ့သုံးမယ်..

FB ပေါ်ကနိုတီတွေ ကိုမက်ဆေ့ဖြင့်ပြန်ပို့ပေးပီး Post တွေကို Msg ပို့ပီးတင်မယ်…
ကိုယ်တင်ချင်တဲ့ status တွေကိုဘယ်အချိန်ဘယ်နေရာမှာမဆို ဟန်းဖုန်းရှိရုံနဲ့ 18880 ကို SMS စနစ်တွင်ပြုလုပ်နိုင်ပါတယ်..
Notification ကိုလဲ SMS နဲ့ဖရီး ပြန်ပို့ပေးပါတယ်…
Post တင်ရင်လဲရပါတယ်…
MPT က၁စောင်၂၅ကျပ် ကျသင့်ပါမယ်.. (Post တင်ခြင်းအတွက်)
အင်တာနက်မမိတဲ့နေရာမှာတော့အသုံးဝင်မယ်ထင်ပါတယ်…
အသုံးပြုချင်ရင်တော့ 18880 ကို ON MMFB ဆိုပီး Message ပို့ရပါမယ်…
18880 က ပြန်ပို့တဲ့မက်ဆေ့ထဲမှာ Link လေးပါပါတယ်…
အဲလင့်ကိုဖွင့်လိုက်ပါ(ဖုန်းနဲ့နော်)
Log In To Facebook ဆိုတာကိုနိုပ်လိုက်ပါ..
ကိုယ်အကောင့်နဲ့ဝင်လိုက်ပါ…
ပီးရင် Install ဆိုတာနိုပ်လိုက်ပါ…
ပီးရင် Allow All ဆိုတာနှိပ်လိုက်ပါ..
ပီးရင်ဖုန်းနံပါတ်ထည့်တဲ့နေရာရောက်ပါပီ
ဖုန်းနံပါတ်ထည့်မယ်ဆိုရင် ဥပမာ။   ။ 959——————
——–နေရာမှာကိုယ်ဖုန်းနံပါတ်ထည့်ပေါ့ 959421056773
အဲလိုမျိုးပေါ့
ပီးရင် Register ကိုနှိပ်လိုက်ပါ…
ဒါဆိုရပါပီ
Note: April 11 ရက်နေ့ထိပဲ Free ရမှာပါ ကျော်သွားချိန်တွင် ၁နေ့ကို ၃၅ ကျပ်ကောက်ပါမည်….
______________________________________________________________
ဒီတစ်ခေါက်တော့ ပို့ရမယ့်နည်းပြမယ်….
ကိုယ့်Wall ပေါ်ကို Post တင်ချင်ရင်..
Wall Your Message Here
Your Message နေရာမှာတင်ချင်တဲ့စာထည့်ပါ.. ပီးတော့ 18880 ကိုပို့ပါ
News Feed ကိုကြည့်ချင်ပါက FEED ဟူ၍ 18880 ကိုပို့လိုက်ပါ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အကယ်၍ ဤ၀န်ဆောင်မှုကိုအသုံးမပြုချင်တော့ပါက  STOP MMFB ကို 18880 ကိုပို့၍ ရပ်နိုင်ပါသည်..
________________________________________________________________
ကျန်သော Services များကို ကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ
MMSD

Domain အကြောင်းသိကောင်းစရာ

ကျွန်တော်ရေးထားတဲ့ စာအုပ်ပါးလေးတစ်အုပ်ပါ....
ကိုယ်မှတ်ထားသလောက်ပြန်ပြီး ရေးထားတာပါခင်ဗျာ.
ပျင်းရိငြီးငွေ့ဖွယ်ကောင်းလောက်အောင် အရှည်ကြီးတွေမရေးထားပါဘူး..

စာမျက်နှာလေးမျက်နှာလောက်ပဲ အသုံးပြုထားတာပါ.......
ဖတ်ချင်ရင်တော့ အောက်ကလင့်ခ်ကနေသာ ဒေါင်းပြီးဖတ်လိုက်ပါ.
ပြီးရင်တော့ ကျွန်တော့်ကို မလှောင်နဲ့နော် :D :D

Download Here>>>>>>>>http://goo.gl/vrw3i

IT Group

မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook )

မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook )

ဆရာ မင်းသော်ခိုင်ရေးသားတဲ့ မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook ) စာအုပ်လေးတင်ပေးလိုက်ပါတယ်ခင်မျာ...Download ရယူ
နိုင်ကြပါပြီ.. ပေးပို့လာသူ ဆရာ မင်းသော်ခိုင်ကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်ခင်မျာ...

>> Download Here << http://adf.ly/KXBTr
မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook )

ဆရာ မင်းသော်ခိုင်ရေးသားတဲ့ မိမိကိုယ်ပိုင် Website အတွက် Online / Offline Android Application ရေးသားနည်း ( မြန်မာလို Ebook ) စာအုပ်လေးတင်ပေးလိုက်ပါတယ်ခင်မျာ...Download ရယူ
နိုင်ကြပါပြီ.. ပေးပို့လာသူ ဆရာ မင်းသော်ခိုင်ကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်ခင်မျာ...

>> Download Here <<  http://adf.ly/KXBTr
ref: သန်းထိုက်ဇော်

Artisteer 3 မှဆွဲထားတဲ့ ဘလော့ Template ဒီဇိုင်းကို မိမိဘလော့သို့ တင်ခြင်း


ဒီပိုစ့်ကတော့ Artisteer 3 ကိုသုံးပြီးဘလော့ဒီဇိုင်းကို ... ကိုယ်တိုင်ဆွဲမယ်။ ပိုစ့်ရဲ့နောက်ဆက်တွဲ ဖြစ်ပါတယ်။

Artisteer 3 ကိုအသုံးပြုပြီး ဘလော့ Template ဒီဇိုင်းကိုဆွဲပြီးသွားပြီဆိုရင်
ကိုယ်ဆွဲထားတဲ့ ဒီဇိုင်းကို ဘလော့မှာ ပေါ်အောင် Upload လုပ်ရပါမယ်။
ဒါကြောင့် Image Hosting တစ်ခုဖြစ်တဲ့ ImageShank မှာ register လုပ်ရပါမယ်။
ဒီမှာ သွားပြီးလုပ်ပါ။ Upload လုပ်နည်းကိုအောက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ် .....

စကြရအောင် .....
 

Artisteer 3 နဲ့ ဆွဲထားတဲ့ဒီဇိုင်းကို ဘလော့သို့ Upload လုပ်မှာဖြစ်ပါတယ်။
ဒါကြောင့် ပုံပါအတိုင်း အနီနဲ့ပြထားတာကို ကလစ်ပါ။
အောက်ပါပုံအတိုင်တွေ့ရပါလိမ့်မယ်။

 Username နဲ့ Password နေရာမှာက မိမိဘလော့ရဲ့ Username နဲ့ Password
ကိထည့်ပေးရမှာဖြစ်ပါတယ်။ ခဏစောင့်ပါ။ Blog ဆိုတဲ့နေရာမှာ 
မိမိဘလော့နာမည်ပေါ်လာပါလိမ့်မယ်။ Publish မနှိပ်ပါနဲ့ဦး
ပြုပြင်စရာတွေကျန်သေးပါတယ်။ ဒါကြောင့် Options ကိုနှိပ်ပါ။
အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။

 Image Hosting ကိုရွေးပါ။ Hosting Provider နေရာမှာ ImageShack Image Hosting
ကိုရွေးပေးပါ။ Username နဲ့ Password နေရာမှာ ခုနက Sign up လုပ်ထားတဲ့
Username နဲ့ Password ကိုထည့်ပေးပါ။ ထို့နောက် Footnote ကိုကလစ်ပါ။
အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။


အမှန်ခြစ်ထားတာတွေကို ဖျောက်ပေးပါ။ ထို့နောက် ....
OK ကိုနှိပ်။ ပြီးရင် Publish နှိပ်။ ဒါဆိုရင် Upload လုပ်နေပါလိမ့်မယ်။
 Upload လုပ်နေတဲ့ပုံဖြစ်ပါတယ်။
Upload လုပ်တာပြီးသွားရင်တော့ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။
အထက်ပါကုဒ်တွေကိုကူးပါ။
ပြီးရင် ....


 ဘလော့ထဲကိုဝင် Template ကိုကလစ်။
အထက်ပါပုံပါအတိုင်းတွေ့ရပါလိမ့်မယ်။ ထို့နောက် ....
Edit HTML > Proceed ကိုကလစ်ပါ။
အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။


အဲဒိထဲက ကုဒ်တွေကို ဖျက်ပြီး ခုနကကူးထဲ့တဲ့ ကုဒ်တွေကိုထည့်ပါ။
Preview နဲ့အစမ်းကြည့်ကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် Save Template ကိုနှိပ်ပါ။
ဒါဆိုရင်တော့  Artisteer 3 မှဆွဲထားတဲ့ ဘလော့ Template ဒီဇိုင်းကို မိမိဘလော့သို့
တင်တာပြီးဆုံးသွားပါပြီ။
 အဆင်ပြေမယ်လို့ထင်ပါတယ် ....... IT-WARE (အိုင်တီဝဲ)
Admin - Wai Lin Htay
Re Sharing From IT_WARE
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...