TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



MPT Bill Check For Android


မြန်မာ့ဆက်သွယ်ရေးရဲ့ GSM/CDMA ဖုန်းတွေကို ကိုင်ဆောင်နေတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် အသုံးဝင်မယ့် Android ဖုန်းဆော့ဝဲလေးတစ်ခုထပ်မံထုတ်ဝေပေးလိုက်ပါတယ်။ ဒီ application ကိုတော့ MPT Bill Check လို့နာမည်ပေးထားပါတယ်။ ဖုန်း Bill ဘယ်လောက်ကျန်သေးလဲဆိုတာကိုစစ်ပေးမယ့် ဆော့ဝဲဖြစ်ပါတယ်။ အခြားသော ဖုန်း Bill စစ်တဲ့ဆော့ဝဲတွေနဲ့မတူတဲ့အချက်က ဒီဆော့ဝဲလေးရဲ့ icon ကိုနှိပ်လိုက်တာနဲ့ ဆော့ဝဲက ဖုန်း Bill ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုပြသပေးမှာဖြစ်ပါတယ်။ ဆော့ဝဲထဲတောင်ဝင်ပြီး ခလုတ်နှိပ်စရာမလိုပါဘူး ။ MPT Bill Check နဲ့ ဖုန်း Bill စစ်ပြီးသွားတာနဲ့ ဖုန်းရဲ့ Home Screen ပေါ်မှာလည်း နောင်အခါ Bill အလွယ်တကူစစ်လို့ရအောင် Shortcut icon လေးတစ်ခုပါတစ်ပါတည်းဖန်တီးပေးဦးမှာပါ ။ မြန်မာ့ဆက်သွယ်ရေးထုတ် GSM/CDMA တွေအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ Android version 2.2 နှင့်အထက်ဖုန်းတိုင်းမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ MPT Bill Check for Android ဆော့ဝဲကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားထားပြီး Myanmar Mobile App Store (www.myanmarmobileapp.com) ရဲ့ Software Product တစ်ခုဖြစ်ပါတယ်။ MPT Bill Check for Android ကိုအောက်က link များမှာရယူနိုင်ကြပါပြီ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

MMAS

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...