TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



MTK Flashtool တွင်ပါဝင်သောဖိုင်များ

Boot.img
- kernels နှင့် ramdisk ဖိုင်တွေကို boot img မှာတွေ့နိုင်မယ်။၎င်း kernel နှင့် ramdisk ဖိုင်တွေက ကျနော်တို့ရဲ့ဖုန်း boot တက်ရန်အတွက်လိုအပ်မယ်။ဒီ kernel နဲ့ ramdisk တွေပေါ်မှုတည်ပြီး root လုပ်လို့မရချင်း ၊ ရချင်းတွေဖြစ်ပေါ်ရတယ်။ Model မတူတဲ့ အခြား ဖုန်းမှ boot img ကိုမှားရွင်းပြီးရိုက်ခဲ့မယ်ဆိုရင် စက်ဟာ ပုံမှန်အတိုင်း တက်ပေးနိုင်မှာမဟုတ်ဘူး။
Cache img
-cache ဆိုတဲ့စကားရပ်အတိုင်း သူကတော့ ဖိုင်တွေ ယာယီ သိမ်းစည်းပေးတဲ့နေရာတခုပါ။ ဖုန်းအသုံးပြုသူတွေရဲ့ ကြိမ်ဖန်များစွာအသုံးပြုနေတဲ့ဖိုင်တွေရဲ့ data အခြို့ကို cache partitions မှာမှတ်တယ်။ဖိုင်အဖွင့်အပိတ်တွေမှာကြာမနေစေရန်အတွက်အသုံပြုတယ်။ကွန်ပျူတာမှာဆို %temp% လိုနေရာပါ။ Firmware တင်ရာမှာ အမှန်ခြစ်ဖြုတ်ထားခဲ့လဲရတယ်။သိပ်တော့အရေးမပါလှဘူး။
EBR1 And EBR2
-Extended Boot Record လို့အရှည်ခေါ်တယ်။EBR ဖိုင်တွေက ဖုန်းရဲ့ Partitions တွေကိုသက်မှတ်ပေးတယ်။
ယခုဖိုင်တွေက ပြင်ဆင်ခွင့်ရှိတယ်။User ရဲ့ Data Storage 1GB or 512MB စတာတွေက ယခုဖိုင်အတွင်းမှာသက်မှတ်ထားတယ်
MBR
-Master Boot Record လို့အရှည်ခေါ်တယ်။ဒီဖိုင်တွေကတော့ စက်ထဲမှာအမှန်တကယ်ရှိနေရမယ့် Partitions တွေကိုသက်မှတ်ပေးထားတယ်။MBR ဖိုင်ကိုပြင်ဆင်ခွင့်မရှိဘူး။
Scatter file
-Flashtool firmware ထဲမှာပါနေတဲ့ IMG တခုခြင်းစီဟာ eMMC ရဲ့ Address ဘယ်လောက်ကနေ ဘယ်လောက်အထိဘယ်ဖိုင်အတွက်ဆိုပြီးနေရာခြပေးတယ်။
Secro
- Secro ဖိုင်ထဲမှာတော့ baseband နှင့်ပက်သက်တဲ့ဖိုင်တွေနဲ့ imei အတွက်ဖိုင်တွေပါဝင်မယ်။
IMEI Invalid နဲ့ Null ဖြစ်ခြင်းတွေမဖြစ်ပေါ်စေရန် ယခုဖိုင်တွေကိုဖြုတ်ထားပြီးရေးသင့်တယ်။ IMEI Invalid error ဖြစ်နေတဲ့အလုံးတွေဆိုရင်တော့ ယခုဖိုင်တွေကထည့်ရေးပေးရမယ်။
by Ye Lin Aung

0 comments:

Post a Comment

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...