မိုဘိုင်းဖုန်းပေါ်မှ
Facebook အသုံးပြုသူများနဲ့ PC ပေါ်မှ Facebook သုံးစွဲသူများ Facebook ရဲ့
Video Autoplay ကို ကြိုက်နှစ်သက်ခြင်း မရှိတဲ့အခါမှာ အဆိုပါ Autoplay
Feature ကို disable ပြုလုပ်လိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း
ပြုလုပ်နိုင်ပါတယ်။
အဆိုပါ Video Autoplay Feature ကြောင့် Mobile Data သုံးစွဲမှုနှုန်း
မြင့်တက်လာနိုင်တာကြောင့် မိုဘိုင်းဖုန်းပေါ်ကနေ Facebook
သုံးစွဲသူများအနေနဲ့ Autoplay Feature ကို Disable ပြုလုပ်ချင်တယ်ဆိုရင်
Facebook app ကို ဖွင့်လိုက်ပါ။ Android အသုံးပြုသူများအတွက်ကတော့ Facebook
app ကို ဖွင့်ပြီးပြီဆိုရင် ညာဘက်ထောင့်နားမှာရှိတဲ့ App Menu ကို
နှိပ်လိုက်ပါ။

App Menu ကို နှိပ်ပြီးရင် အောက်ဘက်ထိဆင်းပြီး Help & Settings
ဆိုတဲ့နေရာထိသွားပြီး App Settings ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ App
Settings ထဲကိုရောက်ပြီဆိုရင် Videos play automatically ဆိုတဲ့နေရာမှာ Off
ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

iOS အသုံးပြုသူများ Videos play automatically feature ကို disable
ပြုလုပ်ချင်တယ်ဆိုရင် Settings ကို နှိပ်လိုက်ပါ။ ပြီးသွားရင်
အောက်ဘက်အထိဆင်းပြီး Facebook ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Facebook
ထဲကိုရောက်ပြီဆိုရင် Settings ဆိုတာကို နှိပ်လိုက်ပါ။

Settings ထဲကို ရောက်သွားပြီဆိုရင် Auto-play ဆိုတာကို ရှာဖွေလိုက်ပါ။
ပြီးသွားရင် Off ဆိုတာကို ရွေးချယ်ပြီး ထွက်လိုက်ရင် အဆိုပါ Video Autoplay
တဲ့ Feature ကို Disable ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

PC အသုံးပြုသူများအတွက်ကတော့ Facebook ရဲ့ Settings ဆိုတာကို
ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် Videos ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Auto
Play Videos ဆိုတဲ့ နေရာမှာ Default ကို ရွေးချယ်ထားတယ်ဆိုရင် Off
ပြုလုပ်ပေးလိုက်ပါ။ အဆိုပါ အဆင့်တွေ ပြီးပြီဆိုရင် PC ပေါ်မျာ Videos auto
play feature ကို disable ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။
.jpg)
Ref: CNET