TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ဈေးနှုန်း သက်သာကာ

မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ဈေးနှုန်း သက်သာကာ အင်တာနက် အသုံးပြု စနစ်ပိုင်း များတွင် ကောင်းမွန် မြန်ဆန်သော ThL မိုဘိုင်းဖုန်း ဟန်းဆက်များ
ဈေးကွက် ဝင်ရောက် လာခဲ့ကြောင်း  သိရသည်။ အဆိုပါ ThL ဟန်းဆက်များမှာ ဖုန်းတွင်း စနစ်ပိုင်းများနှင့် ဖုန်းတည်ဆောက်ပုံ ဒီဇိုင်းပိုင်းများ၊ CPU စနစ် များတွင် ကောင်းမွန် မြန်ဆန်သည့် အပြင် အင်တာနက် အသုံးပြုရာ၌လည်း မြန် ဆန်ကောင်း မွန်ကြောင်း သိရသည်။ ThL ဟန်းဆက်များထဲမှ ThL W7, ThL N7100, ThL N7300 ဖုန်းများမှာ လူကြိုက်များလျက်ရှိပြီး ဖုန်း၏ ပုံစံဒီဇိုင်းနှင့် အရည်အသွေး ပိုင်းများတွင် လည်း ကောင်းမွန် ပြည့်စုံကြောင်း သိရသည်။ ThL W7 ဖုန်းမှာ Dual Core CPU စနစ်ဖြစ်ပြီး ဖုန်း၏ Screen အရွယ်အစားမှာ ၅.၇ လက်မရှိသော ဖုန်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် N7100 မှာလည်း Dual Core CPU, Screen Size 5.5 လက်မရှိပြီး N7300 မှာ Dual Core CPU, Screen Size 5.7 လက်မ ရှိကြောင်း သိရသည်။
၎င်းဖုန်း သုံးမျိုးစလုံးမှာ Capacitive Touch Screen ဖုန်းများဖြစ်ပြီး High Defination HD Screen များဖြစ်ကြောင်း သိရသည်။ GSM 3G ကွန်ရက် စနစ်သုံး ဖုန်းများဖြစ်ပြီး GSM မိုဘိုင်းဖုန်း အင်တာနက် စနစ်အပြင် WiFi စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းတွင်း မှတ်ဉာဏ်စနစ် ပိုင်းများတွင်လည်း ဖုန်းသုံးခု စလုံးမှာ 1GB RAM နှင့် 4GB ROM စနစ်များ ဖြစ်သည့်အပြင် မှတ်ဉာဏ် ထပ်တိုး အသုံးပြုခြင်း အတွက်လည်း Micro SD Card 32 GB ထိ ထပ်တိုး အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ဖုန်းတွင်း Multimedia စနစ်ပိုင်းများနှင့် ကင်မရာစနစ်ပိုင်းများ၊ အခြားဖုန်းတွင်း အသုံးပြု စနစ်ပိုင်းများတွင်လည်း ပြည့်ပြည့်စုံစုံ ထည့်သွင်း ပါဝင်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများမှာ ဈေးနှုန်းအားဖြင့် ကျပ်တစ်သိန်း ကျော်သာ ဖြစ်သောကြောင့် အသုံးပြုသူများ အနေဖြင့်လည်း ဈေးနှုန်း သင့်တင့်စွာဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ဆယ်သွယ် စုံစမ်းလိုသူများ အနေဖြင့် 450 မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း 0973034433 တွင် ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။
From : Yatanarpon,မြ၀တီ

4 comments:

  1. Myanmar font can't be read in thl n7300. I don't know how to solve it.

    ReplyDelete
  2. Download:
    Root_with_Restore_by_Bin4ry_v21: Click [Brand New Rooting Mode (3) Xperia Z,ZL, V etc.]
    http://uploaded.net/file/aa18qpkh

    ReplyDelete
  3. May I know where I can buy that?

    ReplyDelete

ကျွန်တော်တို့က ပိုက်ဆံရှာဖို့ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ထောင်တာ မဟုတ်ပါဘူး။ အခမဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို တည်ဆောက်ဖို့ ပိုက်ဆံရှာတာ။ မာ့ခ်ဇက်ကာဘတ်

အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...