TTA Mobile Training မှအတန်းခွဲ အမှတ်စဉ် (၁၄) သင်တန်း ကို (၁) လပိုင်း (၂၄) ရက်နေ့ ၂၀၁၉ မှာစပါမယ်



Showing posts with label New. Show all posts
Showing posts with label New. Show all posts

AdBypasser တော်တော်မိုက်တယ် စိတ်ချမ်းသာချက်

Bro Soe Win AdBypasser တော်တော်မိုက်တယ် စိတ်ချမ်းသာချက်
Skip Ad ကျော်မယ် .
အရင်ဦးဆုံး Firefox Browser မှာ Greasemonkey Add-on ထည့်ပေးရမယ်။
Tools > Add-ons > Search all add-ons > greasemonkey လို့ ရိုက်ရှာပါ. Install လုပ်ပြီးရင် Firefox ကို Restart လုပ်ပါ။
AdsBypasser Script သွင်းဖို့ အတွက် ==>
https://adsbypasser.github.io/
အဲဒီ Website ကို ရောက်ရင် Install Full Edtion ကို နှိပ်ပါ။ အဲဒါဆိုရင် နာမည်ကြီး ကြေငြာ Skip Ad ဆိုက်မှန်သမျှ ၅ စက္ကန့် ထိုင်စောင့်နေရာမလိုသည့်အပြင် တစ်ခါတစ်လေမှာTrees , Store Front , Street Numbers တို့ လို ရွေးရတဲ့ Captcha မျိုးတွေက အစ ရွေးစရာမလိုအောင် Bypass လုပ်ပေးသွားပါလိမ့်မယ် .

iOS 10 Features များ


Lock Screen

iOS 10 မှာ lock screen က လုံးဝပြောင်းသွားပါတယ်။ slide to unlock လုပ်လို့ရမှာမဟုတ်တော့ပါဘူး။ home button ကိုတစ်ချက်နှိပ်မှ unlock လုပ်ပေးမှာဖြစ်ပါတယ်။ touch id ပါဝင်တဲ့ device တွေမှာတော့ setting >> accessibility >> home button မှာ rest finger to open ဆိုပြီး အရင်ကလို lock screen ကနေ finger print နဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်။ lock screen မှာ ဘယ်ဘက်ကို swipe လုပ်လိုက်ရင် widgets တွေကိုပြမှာဖြစ်ပါတယ်။ ညာဖက်ကို swipe လုပ်လိုက်ရင်တော့ camera ကိုပြမှာဖြစ်ပါတယ်။

Raise to wake

ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ wake ဖြစ်ပြီးlock screen ကိုပြမှာဖြစ်ပါတယ်။ Raise to wake setting ကို setting > display and brightness > raise to wake မှာ အဖွင့်အပိတ်ပြုလုပ်နိုင်ပါတယ်။

Hide, Remove stock apps

iOS 10 မှာ နဂိုပါဝင်လာတဲ့ app အချို့ဖျက်ခြင်း၊ ဖျောက်ခြင်းပြုလုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ app ကိုတွေကို App Store ကနေပြန် download ဆွဲနိုင်ပါတယ်။

Photos

Photos app ထဲမှာ အရင်က ဓာတ်ပုံတွေကို memories ဆိုပြီး collection လုပ်ပေးမှာဖြစ်ပါတယ်။

Control Center

Control Center မှာ Music Control တွေကိုကြည့်ချင်ရင် ညာဖက်ကို swipe လုပ်ပြီးကြည့်နိုင်ပါတယ်။ အောက်က app shortcut တွေကို 3D touch နဲ့ shortcut အသုံးပြုနိုင်မှာဖြစ်ပါတယ်။ flashlight ကို 3d touch နဲ့ low, medium, bright light အသုံးပြုနိုင်မှာဖြစ်ပါတယ်။

iMessage

iMessage ကိုတော်တော်လေး ပြောင်းထားတာတွေ့ရပါတယ်။ digital touch ဆိုတဲ့ ပုံဆွဲပြီး ပို့တာတွေ gesture တွေနဲ့ပို့တာတွေလုပ်နိုင်ပါတယ်။ တစ်ယောက်ပို့တဲ့ message ကိုတစ်ယောက်က reaction ပေးတာတွေလဲလုပ်နိုင်မှာဖြစ်ပါတယ်။ Third party app extension တွေလဲအသုံးပြုနိုင်မှာဖြစ်ပြီး messenger ကိုအမှီလိုက်လာတယ်လို့ဆိုနိုင်ပါတယ်။
Clock

Bedtime Reminders ဆိုပြီး အသစ်ပါဝင်လာပါတယ်။ ညအိပ်မဲ့အချိန်နဲ့ ထမဲ့အချိန်ကိုရွေးပြီး ပေးနိုင်ပါတယ်။ အိပ်ချိန်ရောက်ခါနီးရင် reminder ပြပြီး မနက်မိုးလင်းရင် alarm ပေးမှာဖြစ်ပါတယ်။ ကိုယ့် sleeping habit ကို health app ထဲမှာပြန်ကြည့်နိုင်ပါတယ်
Maps

Maps မှာ Find my car ဆိုပြီး နောက်ဆုံး ကိုယ် ကားရပ်ခဲ့တဲ့နေရာကိုပြမှာဖြစ်ပါတယ်။ ကားမောင်းတာ ရပ်တာကို အလိုလို detect လုပ်ပေးမှာဖြစ်ပါတယ်။ Avoid toll gate ဆိုပြီး toll gate ရှောင်တဲ့လမ်းတွေကို route လုပ်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာမရပါဘူး


Safari

Close all tabs - Tabs တွေကြည့်တဲ့ button ကိုဖိထားရင် close all tabs ပေါ်လာပြီး tabs အကုန်လုံးကိုတစ်ခါတည်းပိတ်နိုင်မှာဖြစ်ပါတယ်။



Calendar App

Calendar App မှာ Mail, Message ထဲက တွေ့တဲ့ event တွေကို Calendar ထဲတစ်ခါတည်း ထည့်နိုင်မှာဖြစ်ပါတယ်။

Camera

Camera ကိုဖွင့်လိုက်ရင် သီချင်းအရင်လိုရပ်သွားတော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ video, live photo ရိုက်ရင်တော့ music အလိုလို ရပ်သွားမှာပါ။

siri ကိုလဲ အဆင့်မြှင့်တင်ပေးထားတာပါသေးတယ်။ တစ်ခြား features တွေသိခဲ့ရင်လဲ comment ပေးသွားကြပါ

Post by - Myat Min Soe

ကီးပက်ဈေးသာသာရှိတဲ့အရမ်းတန်တဲ့ Android OS Smart Phone ♪ truemove True SMART 3.5 Touch ♪


ဈေးနှုန်းသင့်တော်ပြီး စွမ်ဆောင်ရည်မြင့် True SMART 3.5 Touch ဟာဆိုရင်ဖြင့် ကျစ်လစ်မာကျောပြီး မျက်နှာပြင်အကျယ် 3.5 လက်မ ရှိပါတယ် ကင်မရာ 2MP စွမ်းရည် ရှိ၍အရှေ့ကင်မရာကို 0.30 MP တို့ ပါဝင်ပြီး LED Flash လဲပါရှိတယ်လို့ သိရပါတယ်။

မှတ်ညဏ်အပိုင်းတွင် 512 MB RAM ၏ ပေါင်းစပ်ထားမှု ၊ Internal Storage 4 GB ပါဝင်၍ SIM Card (၂) ကဒ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM Smartphone အမျိုးအစား ဖြစ်ပြီး  3G ကွန်ယက် စနစ် အပြည့် အဝရရှိစေနိုင်တယ်လို့ သိရပါသည်။

<Specification>

OS : Android 4.4 KitKat
SIM : Micro SIM, Dual SIM
CPU : Dual Core 1 GHz
Internal Storage: 4GB
RAM : 512MB
External Storage: micro SD up to 32GB
Screen size: 3.5 inches
Camera: 2 MP Front camera: 0.3 MP
WiFi, GPS, Flash နားကြပ်ပါဝင်
ooredoo,mpt,telenor ကဒ်များထည့်ရသည်


++++++++++++++++++++++++++++++
လက်ကားဈေး - ၂၀၀၀၀
လက်လီဈေး - ၂၂၀၀၀

အထက်ပါအကြောင်းအရာများနှင့် ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း- 0941005703 ,09258854744 သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

့ xiaomi qualcomm jig နှင့် qdloader 9008 mode qualcomm ၀င်နည်း

ဒါကတော့ xiaomi qualcomm jig လို့ခေါ်ပါတယ်။ ဒီပစ္စည်းလေးက xiaomi
အတွက်ဆိုပေမယ့် အခြား qualcomm
ဖုန်းတွေမှာလည်း အသုံးပြုနိုင်တယ်လို့ instruction မှာပြောထားပါတယ်။
သူရဲ့အသုံးဝင်ပုံက qualcomm cpu တွေ ပုံမှန်အတိုင်း
firmware တင်မရရင် ဒီ jig လေးထိုးလိုက်ရင် qualcomm 9008 mode
ကိုဝင်ပေးပါတယ်။ ဒါဆို qualcomm တွေ test point
ထောက်ဖို့ စက်ဖွင့်ရတာမျိုးမလိုတော့ဘူးပေါ့။
support လုပ်တဲ့ model တွေကတော့ qualcomm သုံးဖြစ်တဲ့
mi 4s , 4c , 4i , redme note1 , redme note3 pro, နှင့်
အခြား qualcomm သုံးဖုန်းများမှာလည်းစမ်းသပ်အသုံးပြုနိုင်ပါတယ်။
အမျိုးအစားအားဖြင့် နှစ်မျိုးလာပါတယ်။ deluxe edition နဲ့ pro editon
ဆိုပြီးပါ။ သိပ်တော့မကွာပါဘူး။ quality အတူတူပါပဲ။ deluxe edition
ရဲ့ခလုတ်က ကြိုးရဲ့အလယ်ခေါင်မှာရှိပါတယ်။
အရောင်အားဖြင့်အနီရောင်နဲ့လာပါတယ်။ pro edition ရဲ့ခလုတ်က
usb ခေါင်းနေရာမှာရှိပါတယ်။ အရောင်အားဖြင့်အဖြူရောင်ပါ။
xiaomi အတွက်အသုံးပြုပုံ
ဖုန်းကို ပါဝါ အရင်ပိတ်ထားပါ။ volume down + power ကိုအသုံးပြုပြီး
fastboot mode ထဲဝင်ပါ။ jig cable ကိုထိုးပြီး
ကွန်ပျူတာဖြင့် ကြိုးထိုးထားပါ။ Power ခလုတ်ကို ဖိထားပါ။ ပါဝင်ပိတ်
သွားပြီး black screen ဖြစ်သွားပါက နိပ်ထားတာကို
လွှတ်ပြီး jig ပေါ်မှ ခလုတ်လေးကို 10 seconds လောက်ဖိထားပါ။
computer device manager ပေါ်တွင် qualcomm 9008
com port ပေါ်လာလျှင် ဖိထားတာလွှတ်လိုက်ပါ။ 9008 qualcomm
port ရောက်ပြီဆိုရင် mi flash tool ကိုအသုံးပြုပြီး
firmware တင်လို့ရပါပြီ။
ref - FONECLUB

Iphone firmware update cable မိတ်ဆက်ခြင်း

Fone Club ကို အားပေးကြတဲ့ i service ဆရာ များအတွက် အသုံးဝင် service tool လေးနဲ့မိတ်ဆက်ပေးပါရစေ။
iphone 6, 6plus , 6s , 6splus များအတွက် circuit ကြီးသီးသန့် ဖြုတ်ပြီး firmware တင်ပေးနိုင်တဲ့ iphone firmware update cable ပဲဖြစ်ပါတယ်။
ပုံမှန် firmware ရေးလို့ error တက်သည့်အခါ အခုလို circuit ဖြုတ်ပြီး firmware တင်မည်ဆိုပါကerrorအချို့ကိုဖြေရှင်းပေးနိုင်မှာပါ။
အသုံးဝင်ပုံ (၁)
iphone များကို body cover ချွတ်ပြီး circuit ကြီးသီးသန့် ဖြုတ်ပြီး firmware update ပြုလုပ်နိုင်ပါသည်။
အသုံးဝင်ပုံ (၂)
iphone battery ကို usb charging ခေါင်းဖြင့်သော်လည်းကောင်း၊ power supply ဖြင့်သော်လည်းကောင်းအလွယ်တကူအားပြန်သွင်းနိုင်ပါသည်။
အသုံးဝင်ပုံ (၃)
iphone circuit အလွတ်ကို power supply ဖြင့် တိုက်ရိုက်ချိတ်ပြီး စမ်းသပ်နိုင်ပါသည်။
-


Visa Card ရဲ့ မြန်မာပြည်ဆိုင်ရာရုံး ပထမဆုံး စတင်ဖွင့်လှစ်



ကမ္ဘာ့ထိပ်တန်း ငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Visa က မြန်မာနိုင်ငံမှာ ပထမဆုံး ရုံးခွဲဖွင့်လှစ်တာနဲ့ Visa Myanmar ရဲ့ Country Manager ခန့်အပ်တဲ့ အခမ်းအနားကို ဧပြီ ၁ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုလိုက်ပါတယ်။
ငွေသားအဓိကအသုံးပြု လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ကတ်ပြားအစားထိုး သုံးစွဲဖို့ အချိန်တော်တော်လေး ယူရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း Visa Cardကိုင်သူတွေ ငွေသားကိုကိုင်စရာမလိုဘဲ ငွေပေးချေနိုင်တော့မှာကြောင့် ဘေးကင်းမှု၊ တစ်ကမ္ဘာလုံးကို ငွေပေးချေမှုတွေလုပ်နိုင်မှာဖြစ်တယ်လို့ မြန်မာပြည်ရဲ့ Visa Country Manager က ပြောပါတယ်။
Visa Card ဟာ ဘယ်နေရာမဆို လူတိုင်းသုံးစွဲနိုင်ဖို့ဆိုတာကို ဦးတည်ပြီး အချိန်ယူဆောင်ရွက်ရမှာဖြစ်သလို မြန်မာပြည် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မှီခိုပြီးလုပ်ရာမှာ ဒီလိုကိစ္စမျိုးတွေက သူတို့ထိန်းချုပ်မှုရဲ့ အပြင်ဖက်မှာရှိနေလို့ အခက်အခဲတွေ ရှိနေပေမယ့် တဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။
Visa Card ဟာ မြန်မာပြည်ကို ၂ဝ၁၂မှာ စတင်ဝင်ရောက်ခဲ့ပြီး ငွေပေးချေရေးဝန်ဆောင်မှုဈေးကွက်ရဲ့ အလားအလာတွေကိုမြင်ခဲ့သလို အီလက်ထရောနစ်စနစ်အခြေခံ ငွေထုတ်ယူ၊ ငွေပေးသွင်းတဲ့ ပမာဏနဲ့ အသုံးပြုတဲ့ ကတ်အရေအတွက် ၃ဆမြင့်တက်ခဲ့တာကြောင့် နိုင်ငံတကာဈေးကွက်ထဲမှာ ကာလတိုအတွင်း အမြင့်မားဆုံး တိုးတက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ Visa Card ကိုလက်ခံတဲ့ လက်လီဆိုင်ပေါင်း ၁၈ဝဝကျော်၊ATM စက်ပေါင်း ၁၁၅ဝ ရှိနေပြီး နိုင်ငံခြားသားတွေ Visa Card ကနေ ငွေပေးချေတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်းက လိုင်စင်ရဘဏ် ၈ခုထဲက ၅ခုမှာ Visa ကတ်ရဲ့ နိုင်ငံတကာခရီးသွားငွေပေးချေမှု ဝန်ဆောင်မှုကို စတင်နေပြီလို့ ဆိုပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung Galaxy S6



Samsung Galaxy S6 ကိုလည်း ဘာစီလိုနာက WMC 2015 ပွဲမှာ မိတ်ဆက်လိုက်ပါပြီ။

၁) ကြီးမားတဲ့ ထူးခြားပြောင်းလဲချက်တွေထဲမှာဆိုရင် အရှေ့နဲ့ အနောက်ကို ဖန်သားနဲ့ ပြုလုပ်ခြင်း ဖြစ်ပြီး အနောက်ဘက်က အကြမ်းခံ ဖန်သား ဖြစ်ပါတယ်။ ပြီးတော့ ဘေးဘောင်က အလူမီနီယံ ဖြစ်ပြီး စပီကာကို အောက်မှာ ထားထားပြီး ယခင်ဖုန်းထပ် ၁.၅ ဆ ပိုကျယ်သတဲ့။

၂) အရွယ်အားကတော့ ၅.၁ လက်မရှိပြီး QHD (2560x1440) 577ppi Super AMOLED မျက်နှာပြင် ဖြစ်တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အရည်အသွေး အကောင်းဆုံး စမတ်ဖုန်းထဲ ပါဝင်လာပါအုံးမယ်။

၃) ကင်မရာကတော့ 13 MP ရှိပြီး ထုံးစံအတိုင်း Flash, IR Sensor နဲ့ နှလုံးခုန်မှု တိုင်းတဲ့ Heart Rate Sensor တို့ ပါဝင်လာပါ့မယ်။ ရှေ့ကင်မရာ ကလည်း 5 MP ဖြစ်ပြီး HDR ရိုက်လို့ရ ပါတယ်။

၎) အားသွင်းဖို့အတွက် Wireless charging ကြိုးမလို သွင်းလို့ရပြီး ကြိုးနဲ့ သွင်းမယ်ဆိုရင် နာရီဝက်အတွင်း အားပြည့်တဲ့ Fast charging ပေါက် ပါဝင်သတဲ့။

၅) Android OS 5.0.2 (Lollipop) ဗားရှင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

၆) RAM 3GB LPDDR4 ပါဝင်ပါတယ်။

၇) Octacore Processor ကို အသုံးပြုပြီး 64 bit Samsung ရဲ့ ကိုယ်တိုင်ထုတ် Processor ဖြစ်ပါတယ်။

၈) အရောင်ကတော့ ဖြူ၊ နက်၊ ရွှေ၊ ပြာ တို့မှာ ရနိုင်ပါတယ်။

၉) ၁၃၈ ဂရမ်လေးပြီး 0.27 inches သာ အထူ ရှိတာကြောင့် အတော်ပါးပြီး ပေါ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

၁၀) အမေရိကန်ဒေါ်လာ ၁ထောင်အထပ် စမတ်ဖုန်း ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၀ သိန်းအထပ်မှာ ရှိမှာ ဖြစ်ပါတယ်။

၁၁) 32 GB, 64 GB, 128 GB တို့ ထွက်ရှိပြီး microSD ကဒ် ထပ်စိုက်လို့ မရပါဘူး။

၁၂) လက်ဗွေစနစ်က ပွတ်ချစရာမလိုတော့ပဲ iPhone လို တို့ထိရုံနဲ့ ရပါပြီ။

ရိုးရာလေး မှတ်ချက်

Android စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး စမတ်ဖုန်းဖြစ်လာမယ့် စမတ်ဖုန်း ဖြစ်ပြီး premium ပစ္စည်းများ အသုံးပြုထားမှုကြောင့် သူ့ဈေးနဲ့သူကတော့ အနေတော်ပါပဲ။ ထိတွေ့ကိုင်တွယ်ရမှုကလည်း အရင် S5 တို့လို မဟုတ်ပဲ သိသိသာသာ ထူးခြားသွားသတဲ့။ ၁၀ သိန်းအထပ် တန်ဖိုးရှိဖုန်းထဲမှာဆိုရင်လောလောဆယ် Spec အမြင့်ဆုံး ဖြစ်တာကြောင့် ရွေးချယ်စရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။
ref:yoyarlay


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Xiaomi တံဆိပ် မိုဘိုင်းဖုန်းများ ဆားဗစ်ပြုလုပ်ခြင်းကို အာမခံ မပျက်စေဘဲ ပြုပြင်နိုင်မည်


Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ဆားဗစ် ပြုလုပ်ခြင်းကို မူရင်းအာမခံ မပျက်စေဘဲ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
Xiaomi တံဆိပ် မိုဘိုင်းဖုန်းများ၏ Touch screen ပျက်ခြင်း၊ Display ကွဲခြင်း၊ စပီကာလဲ လှယ်ခြင်း၊ USB port ပျက်ခြင်း၊ Motherboard အချပ် လိုက်လဲခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး အသစ်လဲလှယ် တပ်ဆင်လိုက်သည့် အစိတ်အပိုင်း (Spare parts) များအတွက်လည်း သီးခြားအာမခံဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။
"Xiaomi Brand နဲ့ ပတ်သက်တဲ့ Touch ကွဲတာတွေ၊ Display ကွဲတာတွေနဲ့ Motherboard အချပ်လိုက် လဲတာတွေအတွက် အထူးဈေးနှုန်းနဲ့ ပြင်ဆင်ပေးပါတယ်။ နောက်ပြီး USB port error တက်တာတွေ၊ စပီကာ လဲတာတွေကိုလည်း နဂိုအာမခံ မပျက်အောင် အထူးပြုပြင် ပေးပါတယ်။ ဆားဗစ်အာမခံ အနေနဲ့ကတော့ ကျွန်မတို့ဆိုင်မှာ ဆားဗစ်လုပ်ထားတဲ့ အပိုပစ္စည်းအတွက် အာမခံ ၇ ရက်ပေးပါတယ်။ ဆိုင်မှာ ဆားဗစ်လုပ်ပြီး လဲလှယ်ထားတဲ့ အစိတ်အပိုင်း တစ်ခုခုက သုံးစွဲသူကြောင့် မဟုတ်ဘဲ ပစ္စည်းက ပျက်စီးတာမျိုး၊ error တက်တာမျိုးဆိုရင် တစ်ပတ်အတွင်း လာပြရင် အသစ်ပြန်လဲ ပေးပါတယ်။ အဲဒီအတွက်လည်း ဘာအဖိုးအခမှ ထပ်ပေးစရာ မလိုဘူး" ဟု ပန်းဆိုးတန်းလမ်းရှိ T-Land Computer & Mobile အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ၏ ဆက်စပ်ပစ္စည်းများ ဖြစ်သော Book Cover, Flip Cover, Silicon Cover, Back Cover, သတ္တုဘောင် များကိုလည်း T-Land တွင်ဝယ်ယူ နိုင်သည်။ ပြည်တွင်းသို့ Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို စင်ကာပူ၊ တရုတ်နှင့် အွန်လိုင်းမှတစ်ဆင့် တင်သွင်းရောင်းချ လျက်ရှိပြီး တန်ဖိုးသက်သာခြင်း၊ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းနှင့် ဒီဇိုင်းလှပ ခြင်းတို့ကြောင့် Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ပြည်တွင်း၌ လူကြိုက်များ လျက်ရှိကြောင်း သိရသည်။
 
ref:http://internetjournal.media/
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို မကြာမီ အသုံးပြုနိုင်ဖွယ်ရှိ

 
ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပေးလာနိုင်ဖွယ် ရှိနေကြောင်း စုံစမ်းသိရသည်။
“Telenor က အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပေးဖို့ရှိတယ်လို့တော့ကြားတယ်။ အသေအချာတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားတာ မရှိသေးဘူး" ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပြည်တွင်း၌ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပါက နိုင်ငံတကာနှင့် ဆက်စပ် လုပ်ကိုင်ရသည့် Online Payment လုပ်ငန်းများ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်း လုပ်ကိုင်မှုများတွင် ယခုထက်ပိုမို အဆင်ပြေ လွယ်ကူလာမည်ဖြစ်ပြီး ယင်းအကျိုးဆက်ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများပါ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောကြား သည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ Telenor Myanmar မှ တာဝန်ရှိသူတစ်ဦးက "အခုလောလောဆယ်တော့ အသေးစိတ် ထုတ်ပြန်လို့မရသေးပါဘူး။ တရားဝင် မိတ်ဆက်ပေးတဲ့အချိန်မှာ ဝန်ဆောင်မှုတွေ အားလုံးကို အသိပေးသွားမှာပါ။ လောလောဆယ်တော့ Telenor ကွန်ရက်က စမ်းသပ်နေတာ ဖြစ်တဲ့အတွက် Facebook လို ဝန်ဆောင်မှုတွေမှာ Telenor ကို တွေ့နေရတာ ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားသည်။
ထို့အပြင် အဆိုပါ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပြည်တွင်း၌ အသုံးပြုလာနိုင်ပါက Google, Facebook ကဲ့သို့ ဝန်ဆောင်မှုများကို အသုံးပြုရာတွင်လည်း ပိုမိုလုံခြုံ စိတ်ချစွာဖြင့် အသုံးပြု လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ref:http://www.internetjournal.com.mm
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Xiaomi စမတ်ဖုန်း ဈေးကွက်ရှယ်ယာ မြင့်တက်လာရခြင်း၏ အကြောင်းအရင်း (၅) ချက်

 Xiaomi ကို အာရှနိုင်ငံများမှ လွဲ၍ လူသိများ ထင်ရှားခြင်း မရှိသေးသော်လည်း Strategy Analytics မှ ဖော်ပြခဲ့သည့် အစီရင်ခံစာအရ အဆိုပါ ဘေကျင်း အခြေစိုက် ကုမ္ပဏီသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Samsung, Apple, Huawei, Lenovo တို့၏နောက် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။

Xiaomi ၏ စမတ်ဖုန်း ဒီဇိုင်းသည် iPhone ဒီဇိုင်းနှင့် ဆင်တူသော်လည်း ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်များကို ငြင်းဆိုထားပြီး ကုမ္ပဏီ၏ ထုတ်ကုန်များတွင် ကိုယ်ပိုင်ဟန်အချို့ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။ Apple ထုတ်ကုန်များနှင့် ဆင်တူသော ဒီဇိုင်းများမှာ Mi Pad tablet နှင့် Xiaomi Mi 4 ဖုန်းတို့ဖြစ်သည်။

Xaiomi ၏ ထုတ်ကုန်အချို့သည် Apple ၏ ဒီဇိုင်းနှင့် ဆင်တူသောကြောင့် ငြင်းခုံမှုများ ဖြစ်ပွားနေသော်လည်း ကုမ္ပဏီ တိုးတက်မှုကို အဓိက ဖြစ်ပေါ်လာစေသည့် ထုတ်ကုန်များမှာ ဈေးသက်သာသည့် Redmi ဖုန်းနှင့် Redmi Note phablet တို့ဖြစ်သည်။

ထို့အပြင် Xiaomi ကုမ္ပဏီသည် လာမည့်နှစ်အနည်းငယ်အတွင်း များစွာ တိုးတက်လာဖွယ်ရှိနေသည်။ ထို့ကြောင့် Xiaomi ကုမ္ပဏီ တိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်း (၅) ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) အရည်အသွေးမြင့် ထုတ်ကုန်များ

Xiaomi ၏ ထုတ်ကုန်များသည် အလွန်ကောင်းမွန်သည့် ထုတ်ကုန်များကို ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များမှာ Mi 3 နှင့် Mi 4 တို့ဖြစ်ပြီး ဈေးနှုန်းမှာလည်း သက်သာသည်။ ဥပမာအားဖြင့် Redmi Note တွင် octa-core processor ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည် ကောင်းမွန်သော်လည်း ဈေးနှုန်းကြီးမြင့်ခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် router များနှင့် UHD TV ကဲ့သို့သော ထုတ်ကုန်များကိုလည်း ရောင်းချလျက်ရှိသည်။

(၂) ထိုက်သင့်သည့် ဈေးနှုန်းများ

Xiaomi ထုတ်ကုန်များ၏ ဈေးနှုန်းသင့်တင်ခြင်းကလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် Redmi Note သည် လက်လီရောင်းဈေး အမေရိကန်ဒေါ်လာ ၁၅၄ ဝန်းကျင်သာရှိသည်။ (နိုင်ငံအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်သည်)

ထို့အပြင် ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များ၏ ဈေးနှုန်းသည် အလယ်အလတ်တန်းစား ဖုန်းတစ်လုံး၏ ဈေးနှုန်းသာရှိသော်လည်း စွမ်းဆောင်ရည်အပိုင်းတွင် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များနှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည်။ တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော MiTV2 ဟုခေါ်သည် UHD TV သည် အမေရိကန်ဒေါ်လာ ၆၄၀ သာရှိသည်။ ၎င်းသည် Samsung, LG တို့ ရောင်းချသည့် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်သည်။

(၃) Mi ပရိသတ်များ

Apple နှင့် Samsung ပရိသတ်များ ကဲ့သို့ပင် Xiaomi တွင်လည်း ကုမ္ပဏီ၏ ထုတ်ကုန်များကို နှစ်သက်သူများရှိသည်။ အဆိုပါ Mi ပရိသတ်များသည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ကုမ္ပဏီ၏ ထုတ်ကုန် မိတ်ဆက်ပွဲများသို့ ပုံမှန်တက်ရောက်ကြသူများ ဖြစ်သည်။ သို့သော် Mi ပရိသတ်များကို ကန့်သတ်ထားခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် ကုမ္ပဏီ၏ အရေးပါဆုံး ထုတ်ကုန်ဖြစ်သည့် MIUI နှင့် ပတ်သက်၍ အခြားနိုင်ငံများရှိ ပရိသတ်များထံ ပုံမှန်ဖြန့်ဝေလျက်ရှိသည်။

(၄) MIUI

Xiaomi ထုတ်ကုန်များတွင် ပါဝင်သော MIUI (my UI) ဟုခေါ်သည့် ROM skin သည် Android ပေါ်တွင် အခြေခံထားပြီး ၎င်းကို ကုမ္ပဏီ၏ စမတ်ဖုန်းများနှင့် tablet များတွင် အသုံးပြုလျက်ရှိသည်။ MIUI တွင် Android နှင့် iOS များ၌ မတွေ့နိုင်သည့် feature အများအပြား ပါဝင်သည်။

MIUI သည် Xiaomi ကို အခြား စမတ်ဖုန်းများနှင့် နှိုင်းယှဉ်သည့်အခါ ထူးခြားဆန်းသစ်သည် အတွေ့အကြုံ ပေးစွမ်းနိုင်သည်။ အကောင်းဆုံးအချက်မှာ ၎င်းကို download ပြုလုပ်ပြီး အခြားသော Android ဖုန်းများတွင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် HTC One တွင် MIUI ကို အသုံးပြုလိုသည့်အခါ MIUI ဆိုက်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ROM ကို download ပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

(၅) Hugo Barra

Google အမှုဆောင်အရာရှိဟောင်း ဟူဂိုဘရာသည် Xiaomi ၏ အပြည်ပြည်ဆိုင်ရာဌာနကို ဦးဆောင်နေသူဖြစ်သည်။

ဘာရာ၏ Google Android ဌာန ဒုဥက္ကဋ္ဌ အဖြစ် ရရှိခဲ့သည့် အောင်မြင်မှုများက Xiaomi ကို စမတ်ဖုန်းကမ္ဘာတွင် ကြီးမားသည့် သြဇာသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သလို ပြိုင်ဆိုင်မှု ပြင်းထန်သည့် စမတ်ဖုန်းဈေးကွက်တွင် အောင်မြင်မှုများ ရရှိစေရန် အကူအညီဖြစ်စေခဲ့သည်။

ဘာရာ၏ လမ်းညွှန်မှုအောက်တွင် Xiaomi သည် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ဖုန်းများကို ရောင်းချရန် ရည်မှန်းထားသည်။ 
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iPhone 6 အကြောင်း စုစည်းမိသမျှ


iPhone နဲ့ ပက်သက်ပြီး ခန့်မှန်းထားတဲ့ သတင်းများအရ ဆိုရရင် iPhone 6 ထွက်လာဖို့ အချိန်ဟာ သုံးလလောက်ပဲ လိုပါတော့တယ်။
ဒါကြောင့်မို့ iPhone 6 နဲ့ ပက်သက်ပြီး ကြားသိခဲ့ရသမျှ ခန့်မှန်း သတင်းများကို ပြန်လည် စုစည်း၍ ဖော်ပြလိုက်ပါတယ်..



Phablet (phone + Tablet) ပေါင်းစည်းခြင်း သဏ္ဍန်

iPhone 6 ရဲ့ အရွယ်အစားဟာ လက်ရှိ iPhone size ထက် ကြီးလာမှာလားဆိုတာကို ဇဝေဇဝါ ဖြစ်နေဖို့ မလိုတော့ပဲ ဘယ်အရွယ်လောက် ဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါလိမ့်မယ်။
သတင်းများအရ iPhone 6 ကို Size (4.7inch) နှင့် (5.7inch) model နှစ်မျိုး ထုတ်လာမယ်လို့ သိရှိထားပါတယ်။

Android Smartphone တွေ တစ်နေ့တစ်ခြား အရွယ်အစား ကြီးမားလာမှုက iPhone ရဲ့ ဈေးကွက်ကို ထိခိုက်စေနိုင်တာကြောင့် ယခု iPhone ရဲ့ အရွယ်အစား (4inch Display) အပေါ် ငြိုငြင်နေတဲ့ customer များကို ရွေးချယ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

2013 ခုနှစ် အစောပိုင်းတုန်းက iPhone 5s နဲ့ iPhone 6 (5-inch Display) တို့ အတူတူ ထွက်လာမယ်လို့ ခန့်မှန်း သတင်းထွက်ခဲ့ပေမယ့် အဲဒီခန့်မှန်းချက် မှားယွင်းခဲ့ပါတယ်။
2013 စက်တင်ဘာလောက်မှာတော့ Apple က screen size ကို 4.8-inch ကနေ 6-inch လောက်ထိ ချဲ့ဖို့ သုတေသန လုပ်နေတယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
ယခုနှစ် အစောပိုင်းမှာတော့ screen size ကြီးလာဖို့ အတည်ဖြစ်ကြောင်း သတင်းနဲ့အတူ ထုတ်လုပ်မှုပိုင်း ပြဿနာအချို့ကြောင့် iPhone 6 model နှစ်ခုမှာ screen size ပိုကြီးတဲ့ iPhone 6 model က အနည်းငယ် နောက်ကျပြီးမှ ထွက်လာလိမ့်မယ် ဆိုတဲ့ သတင်းများ ထွက်လာပါတယ်။


ပိုမိုပါးလွှာခြင်း

ထွက်ခဲ့ပြီးတဲ့ iPhone model တော်တော်များများမှာ Apple က အပြင်ပိုင်းထက် အတွင်းပိုင်း မြှင့်တင်မှုများကိုသာ ပိုမို အားစိုက် လုပ်ဆောင်ခဲ့ပါတယ်။
iPad Air ရဲ့ အောင်မြင်မှုကို မူတည်ပြီး "iPhone Air" concept ကို ဖန်တီးကာ ပိုမိုပါးလွှာတဲ့ iPhone ကို Apple က ထုတ်ချင်နေပါတယ်။ ဒီဆန္ဒကို ယခု iPhone 6 မှာ အကောင်အထည် ဖော်နိုင်ပါပြီ..

iPhone 6 ရဲ့ အထူဟာ 7mm သာရှိပြီး iPad Air ထက် 0.5mm ပိုပါးပြီး၊ iPhone 5s ထက် 0.6mm ပိုမို ပါးလွှာပါတယ်။ Screen size ပိုကြီးတဲ့ iPhone 6 မှာ 'On/Off' button ကို နေရာ ပြောင်းထားပြီး Volume button နှစ်ခုကို တစ်သားထဲ တွဲလျှက် ပေါင်းစည်းလိုက်ပါတယ်။


လက်လက်ထနေမယ့် Apple Logo

iPhone 6 ကိုယ်ထည်ရဲ့ နောက်ကျောဖက်မှာ ပါရှိမယ့် Apple logo ဟာ Mac computer ရဲ့ အဖုံးပေါ်က Apple logo လေးကဲ့သို့ ဝင်းဝင်းပပ ဖြစ်လာဖို့ ရှိပါတယ်။
ဖော်ပြပါပုံမှာ မြင်တွေ့ရတဲ့အတိုင်း iPhone 6 back panel ကို ပန်းသီးပုံ အတိုင်း ထွင်းဖေါက် ထားပါတယ် ဒါ့အပြင် Antenna breaks လို့ ယူဆရတဲ့ အရာအချို့ကိုလည်း iPhone 6 ရဲ့ back panel မှာ တွေ့ရပါတယ်။


အကြမ်းခံ စဖိုင်းယားမှန်

အစင်းရာ အခြစ်ရာ လုံးဝ မထင်စေနိုင်တဲ့ စဖိုင်းယားမှန်နဲ့ ပြုလုပ်မယ့် Touch screen ကတော့ iPhone 6 မှာ အခမ်းနားဆုံး အစိတ်အပိုင်း တစ်ခုဖြစ်လာပါလိမ့်မယ်။

2013 ခုနှစ်ကုန်ပိုင်းလောက်က Arizona မှာ Sapphire glass ထုတ်လုပ်ဖို့ စက်ရုံ ဖွင့်လှစ်နေပြီး တစ်နှစ် တစ်နှစ်မှာ iPhone display သန်း(၁၀၀) ကနေ သန်း(၂၀၀) ကြား ထုတ်လုပ်နိုင်ဖို့ လုပ်သား (၇၀၀) ကိုလည်း ခန့်အပ်နေပါတယ်လို့ Apple က ကြေငြာထားခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့ April လမှာ Arizona က ရလာတဲ့ သတင်းကတော့ Sapphire glass တွေကို April အကုန်ကစလို့ တရုပ်နိုင်ငံကို iPhone cover တွေထုတ်လုပ်နိုင်ဖို့ တင်ပို့နေပြီလို့ ဖော်ပြခဲ့ပါတယ်။


ဘောင်အပြည့် ဖြစ်နိုင်မလား...?

အစောပိုင်း သတင်းများအရ iPhone 6 ရဲ့ display screen ဟာ ဟိုဖက်ထိပ် ဒီဖက်ထိပ် အပြည့်နဲ့ ဘောင်ပျောက် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ phone ရဲ့ ကိုယ်ထည်ကို မချဲ့ပဲ display ကို ကြီးအောင် ပြုလုပ်ဖို့ဆိုရင်တော့ ဘောင်အပြည့် ထားပေးရမှာဖြစ်ပါတယ်။

မည်သို့ဖြစ်ပါစေ iPhone 6 ရဲ့ ဘောင်နှုတ်ခမ်းသားဟာ လက်ရှိ iPhone များထက်ပိုမို ကျဉ်းမြောင်းလာမယ် ဆိုတာကိုတော့ နောက်ဆုံးရ leak photo ကို ကြည့်ရင် သိနိုင်ပါတယ်။
အဆိုပါ ဓါတ်ပုံကို ကြည့်ရင် Touch ID Home button နဲ့ screen ဟာလည်း အလွန် နီးကပ်နေတာကို မြင်ကြရမှာပါ။


Button အပြောင်းအလဲများ

iPhone 6 (အကြီး) မှာ အခြားဖုန်းများနဲ့ မတူတာ တစ်ခုကတော့ အဖွင့် အပိတ် (On/Off switch) ကို အပေါ်ဖက်ကနေ ဘေးဖက်သို့ အသုံးပြုရ လွယ်ကူစေရန် ပြောင်းထားလိုက်ပြီး Volume button နှစ်ခုကိုလည်း တစ်သားထဲ ဖြစ်အောင် ပြုပြင်လိုက်တာကို ဖ်ာပြပါပုံအရ တွေ့နိုင်ပါတယ်။


ကိုယ်ထည် လုံးဝန်းလာမှာလား..?

iPhone 6 ရဲ့ ပုံသဏ္ဍန်ကို လက်ထဲမှာ ကိုင်တွယ်ရတာ ပိုမိုလွယ်ကူမြဲမြံတဲ့ iPodTouch ကဲ့သို့ လုံးလုံးပြည့်ပြည့်လေး ဖြစ်လာဖို့ကို တော်တော်များများက မျှော်လင့်ထားကြပါတယ်..


အဆင့်မြင့် ကင်မရာ

iPhone 6 မှာ ပါဝင်လာမယ့် နောက်ထပ် ထူးခြားမူ တစ်ခုကတော့ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာပဲဖြစ်ပါတယ်။ Apple ဟာ Nokia ရဲ့ 'PureView' ကိုဦးဆောင်တဲ့ camera engineer " Ari Partinen" ကိုလည်း စည်းရုံးနိုင်ခဲ့တဲ့အပြင်၊ ပုံရိပ်တွေကို ငြိမ်အောင် စွမ်းဆောင်တဲ့နေရာမှာ Optical အစား electronic image-stabilization system နည်းပညာကိုလည်း လက်ရှိမှာ ပိုင်ဆိုင်ထားပါပြီ။

ဒါကြောင့် iPhone 6 ရဲ့ ကင်မရာဟာ Pixels 1.75 ပါရှိမယ်လို့ မျှော်လင့်ထားပါတယ်၊ လက်ရှိ iPhone 5s ရဲ့ ကင်မရာကတော့ pixels 1.5um ရှိနေပါတယ်။


အထက်ဖော်ပြပါ အချက်အလက်များထဲက မည်သည့် အချက်တွေက အမှန်တစ်ကယ် ဖြစ်လာလိမ့်မလဲ ဆိုတာကိုတော့ iPhone 6 ထွက်လာတဲ့အခါမှသာ အဖြေညှိနိုင်ပါတော့မယ်.. 
(C) moethagyar
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

iOS 8 တွင် Zawgyi Font ကို မြန်မာလို ရေးဖတ်နိုင်ပြီ


iOS 8 beta 2 version တွင် Zawgyi Font ကို မြန်မာလို ရေးဖတ်နိုင်ပြီဖြစ်ကြောင်း အဆိုပါ application ကိုရေးသားနေသည့် developer ကိုထိန်လင်းရွှေက ၎င်း၏ Facebook စာမျက်နှာတွင် ပြီးခဲ့သည့် နာရီပိုင်းက ရေးသားဖော်ပြထားသည်။

မြန်မာလိုရိုက်နိုင်ပြီး မြန်မာလိုပါ မြင်နိုင်သည့် အဆိုပါ Zawgyi Keyboard ကို iOS 8 beta 2 version တွင် အသုံးပြုသည့်အ ခါ ယခင် iOS 7.1, iOS 7.1.1 များကကဲ့သို့ Zawgyi Font Profile ကို အကြိမ်ကြိမ် ပြန်သွင်းရန်မလိုဘဲ တစ်ကြိမ်သွင်းထားရုံနှင့် အသုံးပြု၍ ရနိုင်ပြီဖြစ်သည်။ Apple က ယခုနှစ် စက်တင်ဘာလတွင် ဖြန့်ချိမည့် iOS 8 တွင် အသုံးပြုနိုင်သော ဇော်ဂျီမြန်မာကီးဘုတ်ကို အွန်လိုင်းပေါ်မှ အခမဲ့ download ရယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း developer ကိုထိန်လင်းရွှေက ဆိုထားသည်။

ထို့အပြင် Android ကဲ့သို့ နှစ်သက်ရာ မြန်မာစာကီးဘုတ်ကို ထည့်သွင်းအသုံးပြုနိုင်မည့် iOS 8 တွင် iPhone 5C ဖုန်းများ၌ ဖုန်းအရောင်နှင့် လိုက်ဖက်သည့် နှစ်သက်ရာ အရောင်ရွေးချယ်နိုင်မည့် မြန်မာ keyboard များကိုလည်း အသုံးပြုနိုင်ရန် developer ကိုထိန်လင်းရွှေက လုပ်ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ - Saturngod Blog’s News Facebook page
 (C) Internet Journal
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Apple ကiOS 8 ကိုစတင်ဖြန့်ချိသည်နှင့် ဇော်ဂျီကီးဘုတ်ကို App Store ပေါ်တွင် Download ရယူသုံးစွဲနိုင်မည်

 

Apple ကiOS 8 ကိုစတင်ဖြန့်ချိသည်နှင့် ဇော်ဂျီကီးဘုတ်ကို App Store ပေါ်တွင် Download ရယူသုံးစွဲနိုင်မည် iOS 8 ကို Apple ကုမ္ပဏီက တရားဝင်ဖြန့်ချိသည်နှင့်တပြိုင်နက် ဇော်ဂျီကီးဘုတ်ကို App Store ပေါ်မှ download လုပ်ကာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါ application ကိုရေးသားနေသည့် developer ကိုထိန်လင်းရွှေက ပြောကြားသည်။ ပြီးခဲ့သည့်ရက်ပိုင်းကမှ Apple ကမိတ်ဆက်ပေးခဲ့သည့် iOS 8 ထွက်ရှိလာချိန်မှစတင်ကာ အဆိုပါ မြန်မာစာကီးဘုတ် application ကိုစမ်းသပ်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Android မှာကဲ့သို့ မိမိနှစ်သက်ရာ မြန်မာစာကီးဘုတ်ကို ထည့်သွင်းအသုံးပြုနိုင်တော့မည်ဖြစ်သည်။ ယခုလတ်တလောတွင် ဇော်ဂျီကီးဘုတ်ကို iOS 8 အတွက် App Store ပေါ်တင်နိုင်ရန် ကြိုးစားနေကြောင်းသိရသည်။
ref:မြဝတီ နည်းပညာ
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Apple's iCloud Activation Lock ကိုကျော်လွှားနိုင်သော Tool မကြာခင်ထွက်ရှိတော့မည်


iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။  ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple's iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။


doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၂ ကြောင်းကို "Magic Line" လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို  USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ မကြာခင် users တွေအသုံးပြုနိုင်တော့မယ်လို့သိရပါတယ်။ iCloud မိနေတဲ့ users တွေအဆင်ပြေတော့မယ့်အချိန်ကိုရောက်ရှိလာတော့မှာပါ။ အားလုံးပဲအဆင်ပြေကြပါစေ။ 


MMAS
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ အချိန်အကန့်အသတ်မရှိ ဖုန်းခေါ်နိုင်မည့်အစီအစဉ်ကို Skype စတင်နေ


မြန်မာနှစ်သစ်ကူး အစီအစဉ်အဖြစ် နိုင်ငံပေါင်း ၇၁ နိုင်ငံသို့ ရက်ပေါင်း ၃၀ ကြာ အချိန်အကန့် အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ရပ်ကို Skype စတင်လိုက်ကြောင်း ပြည်တွင်း၌ Skype အကောင့် ငွေဖြည့်ဆားဗစ် ဝန်ဆောင်မှုပေးလျက်ရှိသော APS Technology မှ သိရသည်။



အဆိုပါအစီအစဉ်အရ  Skype Unlimited World (USD 13.99$) Plan ကို မြန်မာကျပ်ငွေ ၁၂,၀၀၀ ကျပ်ဖြင့် ၂၀၁၄ ခုနှစ်၊  ဧပြီလ ၂၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း Topup ပြုလုပ်နိုင်မည့်အပြင် စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်စသည့် နိုင်ငံများအပါအဝင် မိုဘိုင်းဖုန်းခေါ်ဆိုမှု ၈ နိုင်ငံနှင့် ကြိုးဖုန်းကိုခေါ်ဆိုမှု ၆၃ နိုင်ငံစုစုပေါင်း ၇၁ နိုင်ငံသို့ မိနစ်အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်မည်ဖြစ်သည်။



Skype Unlimited တွင်  Unlimited World နှင့် Unlimited One Country ဟူ၍နှစ်မျိုးရှိ ကြောင်းကို “Skype Unlimited ဆိုတာ ကိုယ်ရဲ့ Skype အကောင့်ထဲကို ပိုက်ဆံထည့်တဲ့နေ့ကနေစပြီး တစ်လလုံးစာ မိနစ်အကန့်အသတ်မရှိ ပြောနိုင်တာမျိုးပါ။ Unlimited မှာ Unlimited World နဲ့ Unlimited One Country ဆိုပြီးနှစ်မျိုးရှိပါတယ်။ Unlimited u Skype ဝန်ဆောင်မှုပေးတဲ့ နိုင်ငံအားလုံးကို ဖုန်းခေါ်နိုင်ပါတယ်။ Unlimited One Country ကတော့ နိုင်ငံအားလုံးထဲကမှ မိမိဖုန်းခေါ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံတည်းအတွက်ကိုသာ ခေါ်နိုင်တာမျိုးပါ” ဟု APS Technology မှ ပြောသည်။



Skype Unlimited ဖြင့် ကနေဒါ၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဂူအန်၊ ပူအတိုရီကို (Puerto Rico) စသည့် နိုင်ငံ ၈ နိုင်ငံကို မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကျန်နိုင်ငံများတွင် ကြိုးဖုန်းသာခေါ်ဆိုနိုင်ဦးမည် ဖြစ်သည်။ ထို့ ပြင် Unlimited ဝန်ဆောင်မှုမရသော နိုင်ငံများသို့ ဖုန်းခေါ်ဆိုလိုပါက နိုင်ငံအလိုက်ကို မိနစ်ဖြင့် ဝယ်ယူအသုံးပြုခေါ်ဆိုနိုင်မည်ဖြစ်ပြီး ၎င်းမိနစ်ဖြင့် အသုံးပြုခြင်းသည် Credit နှင့် ခေါ်ဆိုခြင်းထက် ထက်ဝက်နီးပါးသက်သာကြောင်း သိရသည်။



Skype Unlimited World အကောင့်တစ်လစာကို ၁၂,၅၀၀ ကျပ်နှင့် Unlimited One Country အကောင့် တစ်လ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအလိုက်ကို Credit (သို့မဟုတ်) မိနစ်ဖြင့်လည်း ဝယ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။ တစ်နိုင်ငံချင်းစီအလိုက် ဈေးနှုန်းများနှင့် Skype အကောင့်အသစ်ဖွင့်ခြင်း၊ ဆော့ဖ်ဝဲသွင်းခြင်း၊ ဆော့ဖ်ဝဲ Update ပြုလုပ်ခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက ဖုန်း- ၀၉-၅၀၉၁၈၂၀ နှင့် ၀၉-၂၅၀၀၈၀၃၂၄ တို့တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။



ရဲထွဋ်ဝင်း

Internet Journal
ygnnews
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

SAMSUNG GALAXY GEAR နာရီထွက်ပြီ

Samsung ရဲ့  ပထမဆံး စမတ်နာရီ မျိုးဆက် Galaxy Gear ကို ဘာလင်မှာ မိတ်ဆက်ပြသ လိုက်ပါပြီ။ Samsung Galaxy Gear ဆိုတာ စမတ်နာရီပါ။
ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းနဲ့ပါ။ ဒီတော့ ဒီဇိုင်းအရကတော့ လှတယ်လို့ သိပ်ပြီးတော့ မပြောနိုင်ပါဘူး။ လေးထောင်ကျကျ ခပ်ရှည်ရှည်ပုံစံနဲ့ ထွက်ရှိလာတဲ့ နာရီ ဖြစ်ပါတယ်။ ပထမဆုံး မျိုးဆက် ဆိုတော့ သိပ်တော့ မျော်လင့်ထားလို့မရဘူးလေ။ သို့ပေမယ် ပထမဆုံး မျိုးဆက်မှာ တင် ထူးခြားတာတွေ အများကြီး ရှိပါတယ်။
မျက်နှာပြင်အရွယ် ၁.၆၃ လက်မ ရှိတဲ့ Super AMOLED Display နဲ့ ဖြစ်ပြီး ကင်မရာ 1.9 megapixel တောင် ပါဝင်လိုက်ပါသေးတယ်။ ဗီဒီရိုရိုက် လို့ရမယ်။ ဓာတ်ပုံ ရိုက်လို့ရမယ်။ ဗီဒီယိုချက်တင်လည်း ရအုံးမယ် ဆိုပါတယ်။ စမတ်နာရီရဲ့  အဓိက ရည်ရွယ်ချက်က Hand Free ပါ။ ကိုင်နေကျ စမတ်ဖုန်းကို လက်နဲ့ ကိုင်စရာ မလိုပဲ အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်ဆိုတော့ ဘာတွေ လုပ်လို့ရမလဲဆိုတာ ခန့်မှန်း ကြည့်နိုင် ပါတယ်။ ဖုန်းပြောလို့ ရမယ်။ စာပို့လို့ ရမယ်။ တို့အပြင် အခြားသော ဖုန်းကနေ လုပ်စရာမလိုတဲ့ မြေပုံကြည့်တာ၊ လမ်းရှာဖွေတာ တို့အပြင် Social Network လည်း သုံးနိုင်ဖို့ ရည်ရွယ် ပါတယ်။ အခြား သော Feature တွေလည်း ပါဝင်သေးတယ်။
ဒီတော့ စမတ်နာရီက နာရီကြည့်ဖို့ပဲ မဟုတ်တော့ပါဘူး။ အခြား အသုံးပြုနိုင်တာတွေလည်း များပါတယ်။ ဈေးနှုန်းတော့ မသိရသေးပါဘူး။ စက်တင်ဘာလ ၂၄ ရက်နေ့ နောက်ပိုင်း ဈေး ကွက်ဖြန့်ချိမယ့် နာရီ ဖြစ်ကြောင်း သိရပါတယ်။
Ref:masable
Aung Kham (TSJ team)
ref: မြ၀တီ နည်းပညာ



ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင် ရွက်ပေး မည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ
Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
Yatanarpon Call Center
Source

Samsung က နောက်ဆုံး ထုတ်လိုက်တဲ့ Activ One 5 All-in-one-touched-screen PC (Desktop Review)

Ativ One 5 Style ဟာ Samsung က နောက်ဆုံး  ထုတ်လုပ် လိုက်တဲ့ All-in-one-touch-screen PC ဖြစ်ပါတယ်။ TV, Media Center, Office တွေမှာ အသုံး ပြုဖို့ ရည်ရွယ်ပြီး ထုတ်ထား တာပါ။ Galaxy Tablet Range နဲ့ တူညီပြီး Full HD Touch-enabled 21.5-inch Display နဲ့ Quad-core Processor တို့ ပါဝင် ပါတယ်။

အရှေ့က ကြည့်ရင်တော့ Galaxy Tab အကြီးစားလို့ ထင်ရ မှာပါ။ အရောင် ကတော့ အဖြူရောင် ဖြစ်ပြီး တောက်တောက် ပြောင်ပြောင်နဲ့ လှပ ပါတယ်။ အစွန်းဖက် မှာတော့ Galaxy Tablet နဲ့ Phone တွေမှာ လိုပဲ တူညီတဲ့ Chrome-effect Band ကို သုံးထား ပါတယ်။ အဖြူရောင်ဟာ ဆွဲဆောင်မှု ရှိပေမယ့် ဖုန်ထူတဲ့ ရုံးခန်းလို နေရာ မျိုးမှာ ထားဖို့တော့ အဆင် ပြေမယ် မထင် ပါဘူး။ သူ့ရဲ့ Stand ကလည်း အဖြူရောင်ပဲ ဖြစ်ပါတယ်။ အနောက်ဖက် မှာတော့ တောက်ပြောင်တဲ့ အဖြူရောင် ပလပ်စတစ်နဲ့ ပြုလုပ် ထားပါတယ်။ အဲဒီ အနောက်ဖက် မှာတော့ Two USB 2.0 Ports, Two USB 3.0 Ports, Audio Jack, SD Card Slot, Ethernet Port, HDMI Output တို့ ပါရှိ ပါတယ်။

Touch-screen Display 21.5-inch ရှိပြီး Resolution ကတော့ 1,920 x 1,080 Pixels Full HD ဖြစ်ပါတယ်။ YouTube ဒါမှ မဟုတ် Blu-ray Player ကနေ Full HD Video တွေကို ကြည့်တဲ့ အခါမှာ တကယ့်ကို ကြည်လင် ပြတ်သားပြီး ရုပ်ထွက် ကောင်းပါတယ်။ Windows 8 Interface ကို ကြည့်ရ တာလည်း ရှင်းရှင်း လင်းလင်း ရှိပြီး Icons, Text တွေ ကလည်း ပြတ်သားမှု ရှိပါတယ်။

Windows 8 Full Version ကို သုံးထားပြီး တခြား သာမန် Desktop Software တွေ ကိုလည်း အသုံး ပြုခွင့် ပေးထားလို့ App Store က ရှာပြီး သုံးတာတွေ ကိုလည်း အသုံး ပြုလို့ ရပါတယ်။ Quad-core Processor Courtesy of AMD ကို အသုံး ပြုထား ပါတယ်။ Galaxy Tab Styling နဲ့ ဆင်တူပြီး ကျစ်ကျစ် လျစ်လျစ်နဲ့ သုံးလို့ အဆင် ပြေမယ့် All-in-one PC တစ်ခု ဖြစ်ပါတယ်။

Reference: Cnet.com
http://itnews.credowave.com/index.php/main/news_detail/200#.UeBHOt34I85

ဆမ်ဆောင်းဖုန်းများ မြန်မာစာစနစ် ပြန်ပြင်နေ



တချို့ကို၊ တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၀၄ မိနစ်

လူသုံးများ ဆမ်ဆောင်းမိုဘိုင်းဖုန်းများအတွင်း မြန်မာစာစနစ်ထည့်သွင်းရာတွင် ဖောင့်အခက်အခဲ အနည်းငယ်ရှိနေသောကြောင့် ပြန်လည်ပြုပြင်နေပြီး မကြာမီအတွင်း ပြုပြင်ပေးနိုင်မည်ဖြစ်သည်ဟု Samsung Brand ၏ ပြည်တွင်းကိုယ်စားလှယ်တစ်ခုဖြစ်
သော Mobitel Distribution မှ ကိုကောင်းဆက်က ပြောသည်။

ကိုကောင်းဆက်က “လောလောဆယ်တော့ နည်းနည်းပြင်ဖို့အပိုင်းလေးတွေရှိတယ်။ မြန်မာစာဖောင့်မှာ စာလုံးပေါင်းသတ်ပုံအလွဲ အမှားလေးတွေရှိတယ်။ အကုန်လုံး အပြည့်အစုံမရသေးဘူး။ အဲဒါတွေ ပြင်နေတယ်။ နောက်ထပ် ၁၅ရက်လောက်ဆို အားလုံး အကုန်ပြီးစီးသွားလောက်ပါပြီ” ဟု ဇူလိုင် ၇ရက် က ပြောသည်။

ဆမ်ဆောင်း ဟန်းဆက်များတွင် မြန်မာစာစနစ် တစ်ပါတည်းပါရှိမှု ကို Samsung Galaxy S4 စတင်ထွက်ရှိသည့် ဧပြီလကုန်ပိုင်းက
ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် Samsung Galaxy S4 နှင့် Samsung Grand ဟန်းဆက်များတွင်သာ မြန်မာစာစနစ် ထည့်
သွင်းပေးထားသည်ဟု ဆမ်ဆောင်းကုမ္ပဏီ၏ မြန်မာနိုင်ငံရုံးခွဲမှ အထွေထွေမန်နေဂျာ ကိုဇော်ကိုက ပြောသည်။

၎င်းက “Galaxy S4 စထွက်ကတည်းက Local Language (ပြည်တွင်းဘာသာစကား) ဖြစ်တဲ့ မြန်မာဘာသာစကား ထည့်သွင်းဖို့
လုပ်နေတယ်။ ဆမ်ဆောင်းဟန်းဆက်မော်ဒယ် အကုန်လုံးမှာ ထည့်သွင်းပေးသွားဖို့ရှိတယ်။ လောလောဆယ်တော့ အရောင်းများတဲ့မော
ဒယ်တွေမှာပဲ အရင်ထည့်သွင်းပေးသွားဦးမယ်ီ”ဟု ပြောသည်။

ယင်းသို့ ဟန်းဆက်အတွင်း မြန်မာစာ ဖောင့် တစ်ပါတည်းပါဝင်လာခြင်းကြောင့် မြန်မာစာအသုံးပြုလို၍ Root ဖောက်သည့်
အတွက် ဆမ်ဆောင်းမှပေးထားသော အာမခံချက်မရတော့သည့်အခက်အခဲများ ပြေလည်သွားမည်ဖြစ်သည်။

ကိုကောင်းဆက်က “International Warranty ထဲမှာပါတဲ့ အာမခံချက်တွေထဲ Root ဖောက်လို့ရှိရင် အာမခံချက်မရနိုင်
တော့ဘူး။ ဒီမှာလည်း အဲဒီပြဿနာကို တော်တော်ရှင်းရပါတယ်။ အခု ကျွန်တော်တို့ ရောင်းလိုက်တဲ့ကုမ္ပဏီတွေမှာ ဒီနေ့ရောင်းလိုက်ပြီ
ဆိုတာနဲ့ Root ဖောက်လိုက်ကြတယ်။ တကယ် တကယ် Serivce Centre ကို ပြန်သွားမယ်၊ ပြန်ပြမယ်ဆိုရင် ဒီဟာက အကျုံးမဝင်တော့
ပါဘူး။ အခုလို မြန်မာစာစနစ် တစ်ပါတည်း ပါရှိတဲ့အခါ Root ဖောက်ထားခြင်းမရှိတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ Service ပေးတဲ့
အခါ ဖြစ်လာတဲ့ပြဿနာတွေကို သေချာ ဖြေရှင်းပေးနိုင်ပါတယ်”ဟု ပြောသည်။

ဆမ်ဆောင်းအမှတ်တံဆိပ် ဟန်းဆက်များမှာ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများစုရရှိထားပြီး ယင်းသို့ မြန်မာစာစနစ် တစ်ပါတည်းပါရှိခြင်းသည် ပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားတက်သွားနိုင်ကြောင်း ပြည်တွင်းဟန်းဆက်အရောင်းဆိုင် အများစု က သုံးသပ်ကြသည်။

Mizzima - News in Burmese ဆီမှကူးယူဖော်ပြပါသည်

ကမ္ဘာ့အကောင်းဆုံး အစစ်မှန်ဆုံး Android ဖုန်းများ

Pure Android: Samsung Galaxy S4
www.theverge.com
စမတ်ဖုန်းတွေကို နှိုင်းယှဉ်တဲ့အခါမှာ စမတ်ဖုန်းလောကထဲမှာ အကောင်းဆုံးဟုဆိုရမည့် Android ဖုန်းကို ဖော်ပြလိုက်ပါသည်။ Android ဖုန်းတွေ နှိုင်းယှဉ်တဲ့ နေရာမှာ Googleမှ Update ကျတဲ့ Softwareတွေ ဘယ်လောက်လက်ခံနိုင်သလဲ ဆိုတာကလည်း အချက်အချာကျပါတယ်၊ Android ဖုန်းတစ်လုံးမှာ ပါဝင်နေတဲ့ Softwareတွေ ၊Third Party App တွေက တစ်ခုနှင့်တစ်ခု မတူညီအောင် ပိုမိုကောင်းမွန်တဲ့ ခံစားချက်တွေကို ပေးစွမ်းနေကျပါတယ်။ မည်သို့ပင်ဖြစ်စေ Android ဖုန်းတွေဟာ ဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ၀င်လာနေပြီ ဖြစ်ပါတယ်။
HTC One Google Play Edition
HTC Oneဟာ အရောင်းရဆုံး ဖုန်းဖြစ်နေတဲ့အတွက် Android ဖုန်းဈေးကွက်ထဲမှာ လက်ရှိအချိန်တွင် ဘုရင်တစ်ပါး ဖြစ်နေပါတယ်။ Google Nexus နည်းပညာကို လက်ဆင့်ကမ်း သယ်လာသူလည်း ဖြစ်သည်။ HTC One မှာဆိုရင် Google Playမှ ပေါင်းစပ်မှုတွေပါဝင်ပြီး အလူမီနီယံဖြင့် ပြုလုပ်ထားသည့် ဒီဇိုင်းဖြစ်သည်။ Android 4.2.2 Jelly Bean ဖြစ်ပြီး Processor 1.7GHz quad-core ၊ 2 GB Ramဖြင့် အလုပ်လုပ်သည်၊ အရွယ်အစား 4.7 လက်မရှိပြီး စပီကာအထူး ကောင်းမွန်ပါသည်။
Samsung Galaxy  S 4
S 4ဟာဆိုရင် အခြားသော Android Phoneများထက်  စွမ်းဆောင်ရည်ပြည့်ဝတဲ့ Hardware များ ထည့်သွင်းရန် နေရာကျယ်ပြန့်သည်။ Jelly Bean လုပ်ဆောင်ချက် ပါဝင်ပြီး ဖြုတ်တပ်ရ လွယ်ကူသည့် ဘတ္ထရီ အမျိုးအစားမျိုးဖြစ်ပြီး SD Card ကတ်အပိုပေါက် ပါဝင်ပါသည်။
LG Nexus 4
LG Nexusမှာ အသုံးပြုထားတဲ့ ချစ်စရာ မှန်ဒီဇိုင်းနှင့် Android 4.2.2 Jelly Beanတို့က စမတ်ဖုန်းချစ်သူတွေကို ဆွဲဆောင်နိုင်စေခဲ့ပါသည်။ Nexus 4ဟာ 1.5 GZ quad-core Snap Dragon CPU စနစ်ကို အသုံးပြုထားပြီး Android သုံး Update ကျတဲ့ နည်းပညာတွေကို အစဉ်မပြတ် ရရှိနေမှာပဲ ဖြစ်ပါသည်။ Nesxs 4ဟာ 4G LTE ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။
Samsung Galaxy Nexus
Samsung Galaxy Nexusကတော့ လက်မလွှတ်ချင်လောက်အောင် ကောင်းမွန်တဲ့ Android ဖုန်းတစ်မျိုးပဲ ဖြစ်ပါသည်။ ၂၀၁၁ခုနှစ်က ထုတ်လုပ်ခဲ့ပြီး  စမတ်ဖုန်းတွေထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့ပါသည်။ Ice Cream Sandwich OSဖြင့် ထုတ်လုပ်ခဲ့ပြီး သူရဲ့မူရင်းဈေးနီးပါး ရောင်းချခဲ့မှုကြောင့် ၀ယ်သူများခဲ့ခြင်း ဖြစ်ပါသည်။
www.cnet.com
http://www.myanmarict.com/whats-on/news-whats-on/the-best-pure-android-phones-right-now/
အမှန်တကယ်တတ်မြောက်လိုသူများအတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းဆိုင်ရာ Software ပိုင်းကို အခြေခံမှစတင်သင်ကြားမယ့် (၁) လပြတ် သင်တန်း ကို ဆရာ Than Toe Aung ( TTA ) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ် စာရင်းပေးသွင်းလိုသူများ 09250248011 , 0941005703 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ...